HD Computer Group

HD Computer Group

Share

High Dream Computer Group. Since 1996. Microsoft Office, Graphic Design, Auto CAD) and repairing of computer hardware (e.g. Now, U Tin Htun Aung is in charge.

29/11/2022

မြန်မာ‌ဖောင့်၏ ထူးခြားသည့် စာလုံးတွဲရိုက်အစီအစဉ်အချို့ ...
ပွဲ = ပ + ွ + ဲ
စဉ် = စ + ဉ + ်
ဈေး = ‌ေ + ဈ + း
သင်္ဘော = သ + င + ် + ္ + ‌ေ+ ဘ + ာ
မင်္ဂလာ = မ + င + ် + ္ + ဂ + လ + ာ
ပဋ္ဌာန်း = ပ + ဋ + ္ + ဌ + ာ + န + ် + း
သဏ္ဍာန် = သ + ဏ + ္ + ဍ + ာ + န + ်

စာပြင်‌လျှင်တွေ့ကြုံရတတ်သည့် ကြည့်ရအဆင်မပြေသော သဝေထိုးပါစာလုံးများဖြည့်ခြင်းနှင့်အလားတူပြဿနာ‌ဖြေရှင်းနည်း...

ဥပမာ 'အမေးများ' ဆိုသောစာစုကိုရိုက်သည်တွင်
'အများ' ကိုစာစီပြီးမှ သဝေထိုးနဲ့စသော 'မေး' ကျန်နေသဖြင့် ကြားတွင် ပြန်ဖြည့်လိုက်သည့်အခါ ယခုလို 'အ‌ေမးများ' ဖြစ်သွားတတ်တာကြုံဘူးကြပါလိမ့်မည်။
ထိုသို့ သဝေထိုးပါသော 'မေး' ကိုကြားပြန်ဖြည့်လိုလျှင်
ဖြည့်လိုသောနေရာမှာ Enter နှိပ်ပြီး ဖြည့်လိုသော 'မေး' ကိုရိုက်ပါ။ ပြီးလျှင် စာတဆက်ထဲဖြစ်စေရန် Enter ကို ပြန်ဖျက်ပေးလိုက်လျှင် စာအမှန်ကို မြင်ရမည်ဖြစ်သည်။

Photos from HD Computer Group's post 30/05/2020

သင်တန်းဖွင့်ရက် ကြေညာခြင်း
=============================

HD Computer Group မှ သင်တန်းများအားလုံးကို ဇွန်လ (၂) ရက်နေ့၊ ၂၀၂၀ ခုနှစ်တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်မည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ HD Computer Group သည် ကျန်းမာရေးလုံခြုံစိတ်ချမှုရှိစေရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အောက်ပါတို့ကို ပြင်ဆင်ဆောင်ရွက်ထားပါသည်။

- Social Distancing ဖြစ်စေရန် ကွန်ပျူတာ စာသင်ခုံများကို တလုံးချင်းစီ ချဲထားခြင်း၊
- စာသင်ကြားမည့် ဆရာ/မ များကို မျက်နှာအကာ (Face Shield)၊ Mask နှင့် လက်အိတ်များစွတ်ကာ စာသင်ကြားစေခြင်း၊
- စာသင်ချိန်များကို ယခင်ကထက် နာရီဝက်လျှော့ထားကာ ထိုနာရီဝက်အချိန်တွင် Keyboard များ၊ Mouse များ၊ ထိုင်ခုံများနှင့် စားပွဲများ စသည်တို့ကို စနစ်တကျပိုးသန့်စင်ခြင်း၊
- ရေမလို လက်သန့်ဆေးရည်များ ထားရှိပေးထားခြင်း စသည်တို့ကို ပြင်ဆင်ဆောင်ရွက်ထားပါသည်။

ကျောင်းသား/သူများအနေဖြင့်လည်း သင်တန်းသို့ မဝင်မှီ...
(၁) လက်ဆေးခြင်း၊
(၂) Mask ဝတ်ဆင်ပြီးမှသာလျှင် ဝင်ရောက်စေခြင်း၊
(၃) မိမိတကိုယ်ရည်သုံးရန် သောက်ရေသန့်ဘူးများ ယူဆောင်လာစေခြင်း၊
(၄) နေမကောင်း၊ ချောင်းဆိုး/ နှာချေလျှင် သင်တန်းသို့မလာရပါ။

====================
HD Computer Group မှ သင်ကြားပေးလျှက်ရှိသော သင်တန်းများကို အောက်ပါ Link တွင် လေ့လာနိုင်ပါသည်။
https://www.facebook.com/HDComputerGroup/posts/2196117957155257

====================
အသေးစိတ်သိရှိလိုပါက
HD Computer Group
တိုက်အမှတ် (၁)၊ အခန်း (၂၄)၊ လှည်းတန်းလမ်းဆုံ၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။
ဖုန်း 09 443 225916, 09 73 225916, 09 43 026937
www.hdcomputergroup.com

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Room No. (24), Building (1), Insein Road , (Hledan Junction)
Yangon

Opening Hours

Monday 07:00 - 20:30
Tuesday 07:00 - 20:30
Wednesday 07:00 - 20:30
Thursday 07:00 - 20:30
Saturday 07:00 - 19:00
Sunday 07:00 - 19:00