Jungle Walk
A nice camping site for nature lover....
04/08/2023
အကောင်ထိန်းလုပ်ချင်သူ တစ်ယောက်အလုပ်ခေါ်နေပါတယ်ခင်ဗျာ။
ဝါသနာပါပြီး အမှန်တကယ် အကောင်လေးတွေကိုတာဝန်ယူမှု ရှိပီး ချစ်တတ်သူဖြစ်ရပါမယ်။ ( အကောင်လေးတွေထိန်းသိမ်းမှုနှင့်လက်တွေ့စစ်ဆေးမှု Practical exam ကျွန်တော်နှငိ့အတူ ခြံထဲမှာ တစ်ပတ်နေပီး Exam ရှိပါမယ်)
ချစ်လို့မွေးထားတာဖြစ်တဲ့အတွက် အမှန်တကယ် အကောင်လေးတွေနဲ့နေနိုင်ပီး စောင့်ရှောက်နိုင်သူဖြစ်ဖို့အရေးကြီးပါတယ်။
ကိုယ်တိုင်စီမန်ခန့်ခွဲနိုင်ပီး လိုအပ်ချက်များကို အချိန်နှင့်တပြေးညီ အကြောင်းကြားနိုင်ရပါမည်။ ( အမြဲလိုက်ပြောနေမှာမဟုတ်တဲ့အတွက် ကိုယ်တိုင် တာဝန်ယူတတ်သူဖြစ်ဖို့လိုပါမယ်။)
Jungle Walk မှာ နေထိုင်နိုင်သူဖြစ်ရမည်။ ခွင့်ရက်များကိုကြိုတင်အကြောင်းကြားပီး Admin နှင့်လူချိန်းစောင့်ရှောက်ရမှာဖြစ်တဲ့အတွက် ခွင့်ခနခနယူ၍မရပါ။
အရက်သေစာ နေစဥ် သောက်စားသူမဖြစ်ရပါ။
နေစရိတ်စားစရိတ်ငြိမ်းစီစဥ်ပေးပါမည်။ ( နေစရာ တိုင်ခန်းတစ်ခန်း 2 ယောက်နေရမှာဖြစ်ပီး စားစရိတ်အတွက် ကုန်ကျစရိတ် တင်ပြပီး ကြိုက်ရာ ဝယ်ယူနိုင်အောင်စီစဥ်ပေးထားပါမည်)
အခြေခံလစာ တစ်ခု ရှိမှာဖြစ်ပီး မိမိလုပ်ဆောင်ချက်အတိုင်း Bonus အနေဖြင့်ရမှာဖြစ်ပါတယ်။ ( အမှန်တကယ် စွမ်းဆောင်နိုင်သူဖြစ်ပါက Jungle Farm Share တစ်ခုအနေနှင့်ပေးထားမှာပါ)
ခြံထဲတွင်အလုပ်လုပ်စဥ် ကျန်းမာရေး လိုအပ်ချက်များ အတွက် ချိတ်ဆက်ထားသောဆရာဝန်ဆီတွင်အခမဲ့ ဆေးကုသစရိတ်ပေးထားမှာဖြစ်ပါတယ်။
***
အကောင်လေးတွေအသက်နှင့်သက်ဆိုင်သောကြောင့် အမှန်တကယ် ဝါသနာပါပြီး စောင့်ရှောက်နိုင်မှ လျှောက်ထားစေလိုပါတယ်ခင်ဗျာ။
***
09771419401 Viber or CB မှ CV လေးပို့ပီး ခံစားခွင့်များ စိတ်ကူးများ တာဝန်ယူနိုင်မှုများအတွက် အသေးစိတ်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။
Edit: လူရသွားပါပြီခင်ဗျာ စိတ်ဝင်စားသူများအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။
Powerline ကို မြေကြီးပေါ်ကသွားမိတာ လူတွေကိစ္စ ဆော့ဖို့ကမျောက်မျောက်တို့အလုပ် 😒
Under Water က Bro Mone Chang နဲ့ခပ်ချောချောအကိုကြီးတွေ တစ်ဖွဲ့လုံးကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ အချိန်ရရင်လာခဲ့ဦးနော် လမ်းလျောက်ဖို့တွေကျန်သေးတယ် 😁
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
32. 6 Miles
Yangon
C9CC+87