Mahar Phyo Car Rental
ခရီးစဉ်တိုင်းအတွက် ပြီးပြည့်စုံသော တာဝန်ခံမှု တာဝန်ယူမှုများဖြင့် ဝန်ဆောင်မှု ပေးခွင့်ပြုပါ ခင်ဗျာ🙏
01/12/2021
အညာမြေမှာ အရမ်းလှနေတဲ့ အကြီးကောင်လေး 😍
14/09/2021
မင်္ဂလာရှိသော နံနက်ခင်းလေးပါ ခင်ဗျာ
ယခုတစ်ခါမှာတော့ ကျောက်ဆည်မြို့တွင်ရှိသော မဟာသိမ်တော် ကြီး ဘုရားအကြာင်းလေးကို ပြောပြပေးလိုက်ပါတယ်...... 🙏🙏🙏
ကျောက်ဆည်မြို့ အနီးမဟာ ရွှေသိမ်တော်မြတ်စွာဘုရားသည်၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၏ မြောက်ဘက် နှစ်မိုင်ခန့် အကွာသင်တောင်းကြီးရွာ၌ တည်ရှိပါသည်။ မန္တလေး-ကျောက်ဆည် ၊ရန်ကုန်-မန္တလေးမော်တော်ကားလမ်းနှင့် မီးရထားလမ်းတို့၏ အရှေ့ဘက်၊ မင်းရဲမြောင်း၏ အရှေ့ဘက်၊ သင်တောင်းကြီးရွာ၏ အနောက်ဘက်၊ ရွှေတောင်ထီးတောင်၏ တောင်ဘက် တောင်ခြေရင်းတွင် တည်ရှိပါသည်။ရွှေသိမ်တော်နှင့် မဟာရွှေသိမ်တော်မှာတစ်ဆူတည်းပင်ဖြစ်ပါသည်။
မဟာရွှေသိမ်တော်ဘုရားကိုပုဂံခေတ်ကတည်းကအနော်ရထာမင်းကြီးကတည်ထားကိုးကွယ်ခဲ့ပါသည်။ ရွှေသိမ်တော်မြတ်စွာဘုရားမှာဘုန်းတန်ခိုးကြီးမြတ်လှ ပြီးမင်းကြီးကိုးကွယ်ခဲ့သောရှင်အရဟံ မှ သိမ် သမုတ်တော်မူခဲ့ပါ သည်။အနော်ရထာမင်းဆက်ကပ်ခဲ့သောဘွဲ့တော်မှာရွှေသိမ်တော်ဖြစ်ပြီးယခုအခါ ဂေါပကအဖွဲ့မှ မဟာရွှေသိမ်တော်ဟုမဟာဘွဲ့ ထပ်မံကပ်လှူခဲ့ခြင်းဖြစ်ပါတယ်။
မဟာရွှေသိမ်တော်မြတ်စွာဘုရားစေတီတော်ကိုအနော်ရထာမင်းကြီးတည်ထားခဲ့စဉ်ကဉာဏ်တော် ၉တောင် မျှသာရှိသည်။ ၁၃၀၉ခုနှစ်တွင် ရွာသူရွာသားများကောင်းမှုဖြင့် ဉာဏ်တော် ကိုးတောင်ကိုငုံကာဉာဏ်တော် ၁၃ တောင် မြင့်တင်ကာဒုတိယအကြိမ် တည်ထားကိုးကွယ်ကြပါသည်။ သက္ကရာဇ် ၁၃၅၆ခုနှစ် တွင် သင်တောင်းရွာသူရွာသားများကျောက်ဆည်နယ်သူနယ်သားများအခြားဒေသမှ ပုဂ္ဂိုလ်များအပါအဝင် အများကောင်းမှု ဖြင့် ဉာဏ်တော် ၁၅-တောင်ကိုငုံကာ ဉာဏ်တော် ၃၄တောင်အမြင့် သို့ မြင့်ကာပူဇော်ခဲ့ ကြပါသည်။ ဖိနပ်တော် ကုလားကျောင်းခံ ၄ပေမြင့်ပါသည်။
သစ္စာကြီးမားတော်မူသောအနော်ရထာမင်းကြီးသည် သာသနာတော် ကိုပြန့်ပွားစေရန်ကြိုးပမ်းခဲ့သည်။ ထို့ကြောင့်ပင် ဤရွှေသိမ်တော်ကိုတည်ထားကိုးကွယ်စေခဲ့သည်။ အတုမရှိသောဘုရားရှင်၏ တန်ခိုးတော်၊ သီလ၊ သမာဓိ၊ ပညာအားကြီးတော်မူသောအရှင်အရဟံ၏ သိက္ခာတော်တို့နှင့် အားဖြည့်လိုက်သောအခါ မင်းကြီး၏ စေတနာမှာပိုမိုပီပြင်လာသည်။ ရွှေ သိမ်တော် ဘုရားမှာ လျှမ်းလျှမ်းတောက် တန်ခိုးထက်မြက်တော်မူသည်။
ခေတ်အဆက်ဆက် ကိုးကွယ်လာခဲ့ကြသော်လည်းသက္ကရာဇ် ၁၂၈၀ ပြည့်မတိုင်မီ ရွာသူရွာသားများမေ့လျော့ပေါ့ဆမှုကြောင့် ချုံနွယ်တို့ဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ ထိုနှစ်တွင် သင်တောင်းကြီးရွာတွင် ကပ်ရောဂါများကျရောက်သည်။ ရွာသူရွာသားများထွက်ပြေးကြရာရှေးမီနောက်မီလူကြီးများကမိမိအစုနှင့်မိမိရောက်ရာအရပ်မှ ချုံနွယ်ပိတ်ပေါင်းများရှင်းကြရန် ပြောကြရာမှ တစ်စုနှင့်တစ်စုဆက်သွယ်ကာဘုရားဘေးမှ ချုံနွယ်ပိတ်ပေါင်းများရှင်းကြပါသည်။ ထိုအချိန်မှ စကာ ရွှေသိမ်တော် မြတ်စွာဘုရားမှာသန့်ရှင်းသပ္ပါယ်စွာသီတင်းသုံးရပါသည်။ ရွာမှာလည်းရောဂါဘယများကင်းရှင်းသန့်ရှင်းသွားခဲ့ပါတယ်။ ချုံနွယ်များရှင်းပြီးနောက် သူကြီးဦးသင်လက်ထက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရန် ဆွမ်းတော်ကြီး ၀တ်အသင်းမှ ရွာနီးချုပ်စပ်များနှင့် စဉ့်ကိုင်မြို့၊ ကျောက်ဆည်မြို့တို့အထိလှည့်လည်အပူဇော်ခံကာပွဲတော်ကျင်းပခဲ့ပါသည်။ ယခုအခါ တစ်နှစ်လေးကြိမ် ကျင်းပကြောင်းသိရှိရပါသည်။
ဝါဆိုလပြည့်ကျော် (၁)ရက်နေ့တွင် မြတ်စွာဘုရားအားဝါဆိုသင်္ကန်းကပ်လှူခြင်း။
ကဆုန်လပြည့်နေ့တွင် ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် မဟာသံဃိကဆွမ်းလောင်းလှူပွဲကျင်းပခြင်း။
တန်ဆောင်မုန်းလဆန်း(၁၀)ရက်နှင့် (၁၁)ရက်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သောဗုဒ္ဓပူဇနိယပွဲတော်ကိုကျင်းပကာစတုဒီသာကျွေးခြင်း။
တပို့တွဲလတွင် ထမင်းနဲထိုးပွဲကိုကျင်းပကာဆွမ်းတော်ကပ်ခြင်း၊
ရွှေသိမ်တော်ဘုရားဟာသစ္စာအဓိဌာန် ပြင်းထန်သောကြောင့် နာမည်ကျော်ကြားခြင်းလည်း ဖြစ်ပါသည်။ ဤဒေသမှ ပုဂ္ဂိုလ်တို့သည် “ရွှေသိမ်တော် စူးပါစေ” ဟူသောကျိန်ဆိုချက်ကို သတိ ထားရှောင် ရှားကြ သည်။ ဤဒေသတွင် ရှေးကတည်းကယခုအထိ တစ်ဦးနှင့် တစ်ဦးစွပ်စွဲစရာ ဖြစ်လာပါကအများအားဖြင့် တရားရုံးမှာတရားပြိုင်ခြင်းထက် ရွှေသိမ်တော်ကိုသွားကာ တရားပြိုင်ကြပါသည်။ ဤသည်ကို ရွှေသိမ်တော်ဝင်သည် ဟုခေါ်ပါသည်။ တရားရုံး၌ တရားစရိတ် အကုန်အကျ များသော်လည်း ရွှေသိမ်တော်တွင် တရားလိုတရားခံဖယောင်းတိုင် တစ်ယောက်တစ်ချောင်းစီ၊ သို့မဟုတ် ပန်းတစ်ပွင့်စီသာကုန်ပါသည်။ အလွန်အမင်းချဲ့ထွင်လိုပါကကန်တော့ပွဲတစ်ပွဲသာ ဖြစ်ပါသည်။ တရားပြိုင်သူအားလုံးမှာဘုရားမြောက်ဘက် စောင်းတန်းမှ ၀င်ရပါသည်။ အခြားစောင်းတန်းမှ မဝင်ရပါ။
အမှုသွားအမှုလာကို နှစ်ဘက်စလုံးမှ ဂေါပကအဖွဲ့သို့ သွားရောက်တင်ပြကြရပါသည်။ ဂေါပကလူကြီးများကပထမဦးစွာကျေအေးကြရန် တောင်းပန်ပါသည်။ တရားလိုတရားခံ နှစ်ဘက်စလုံးအားတတ်နိုင်သမျှ ဖျောင်းဖျကြပါသည်။ ဖျောင်းဖျမရပါကဘုရားရှေ့တွင် ဖယောင်းတိုင်နှစ်တိုင်ထွန်း၍လည်းကောင်းပန်းနှစ်ပွင့်စိုက်၍လည်းကောင်းသစ္စာဆိုကြရပါသည်။ သစ္စာမဆိုမီ နှစ်ဦးစလုံးသို့မဟုတ် နှစ်ဘက်စလုံးငါးပါးသီလခံယူကြရပါသည်။ မမှန်ကန်သူဘက်မှ ဖယောင်းတိုင်ငြိမ်းခြင်းပန်းညိုးခြင်း ဖြစ်ပါသည်။ ရှေးကတည်းကယခုမျက်မှောက်ခေတ်အထိ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာပေါင်းအမြောက်အများကိုမှတ်တမ်းတင်ထားပါသည်။
မဟာရွှေသိမ်တော်မြတ်စွာဘုရားမှာအဓိဋ္ဌာန်ပြုဆုတောင်းတဲ့အခါ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးအခက်အခဲတွေကိုပြေလည်စေနိုင်ပြီးအဓိဋ္ဌာန်ပြီးလို့ အဓိဋ္ဌာန်ထားတာကိုဖျက်ရင် စီးပွားရေး၊ ကျန်းမာရေးထိခိုက်တယ်လို့ ဘုရားမှာအဓိဌာန်ပြုသူအချို့ကဆိုကြပါသည်။
Crd
03/08/2020
🙏🙏🙏မင်္ဂလာရှိသော နံနက်ခင်းလေးပါ ခင်ဗျာ🙏🙏🙏
🌧️🌧️🌧️ မိုးရာသီ အထူးဈေးနှုန်းများဖြင့် ကားငှားရမ်း အသုံးပြုနိုင်ပါသည် 🌧️🌧️🌧️
🚙🚙 ပုဂံ ပုပ္ပါး ညောင်ဦး ခရီးစဉ်
🚙🚙 ဘားအံ တောင်ဝိုင်း ကြာအင်းတောင် ခရီးစဉ်
🚙🚙 မော်လမြိုင် ကျိုက်ခမီ ခရီးစဉ်
🚙🚙 မန်းလေး စစ်ကိုင်း ပြင်ဦးလွင် ခရီးစဉ်
🚙🚙 တောင်ကြီး အင်းလေး ကလော ခရီးစဉ် အပြင်
အခြား လူကြီးမင်းတို့ သွားလိုသော ခရီးစဉ်များကို
အထူးဈေးနှုန်းများဖြင့် ကားငှားရမ်း အသုံးပြုနိုင်သည်
လူကြီးမင်းတို့ရဲ့ ခရီးစဉ်တိုင်းအတွက် လိုအပ်သည့်ကားများကို လူကြီးမင်းတို့ စိတ်တိုင်းကျစေရန်အတွက် ကျွန်တော်များ Mahar Phyo Car Rental Sevice ကနေ
(24 Hour) တာဝန်ယူမှု တာဝန်ခံမှုများဖြင့် ဝန်ဆောင်မှုပေးပါစေ 🙏🙏🙏
🚙🚙 ယာဉ်မောင်းအပါသာ ကားငှားပါသည် 🚙🚙
Phyo Si Thu
( Mahar Phyo Car Rental Service)
No. 502, ShweSin (7) Street, 44 Block,
North Dagon Myothit, Yangon, Myanmar.
📞📞 09456876875, 09954470077,
📞📞 09751700956
Viber 09456876875
25/06/2020
🙏🙏🙏မင်္ဂလာရှိသော နံနက်ခင်းလေးပါ ခင်ဗျာ🙏🙏🙏
🤝 မင်္ဂလာအပေါင်းနှင့် ပြည်စုံတဲ့နေရက်လေးကို ပိုင်ဆိုင်
နိုင်ပါစေလို့ Mahar Phyo Car Rental Service မှ ဆုမွန်
ကောင်းပြုအပ်ပါသည် 🤝
ခရီးစဉ်တိုင်းအတွက် Mahar Phyo Car Rental Service ကနေ ပြီးပြည့်စုံသော တာဝန်ခံမှု တာဝန်ယူမှု ဝန်ဆောင်မှု များဖြင့် လူကြီးမင်းတို့ အသုံးပြုလိုသော
🌉 မြို့တွင်း / နယ်ဝေး
🙏 ဘုရားဖူးခရီးစဉ်/
🏝 အပန်းဖြေခရီးစဉ်/ ကမ်းခြေခရီးစဉ်
🎓 မြို့တွင်း ဘွဲ့ယူ
💝💍မင်္ဂလာဆောင်
✈ ✈ လေဆိပ် ကြို့\ပို့
Business Tour/ NGO Tour
ရက်တို / ရက်ရှည် အစရှိသည့်
ခရီးစဉ်တိုင်းအတွက် အပြီးအစီးဖြစ်စေ တရက်ချင်းဖြစ်စေ သွားမည့်ခရီးပေါ်မူတည်၍ စျေးနှုန်းညှိနှိုင်း
ငှါးရမ်းနိုင်ပါသည် ....... ခင်ဗျာ 🙏🙏🙏
မိတ်ဆွေတို့ရဲ့ခရီးစဉ်တိုင်းမှာ
🚐 ကား
👮 ယာဉ်မောင်း
⛽ ဆီ
💸 လမ်း/တံတားကြေး အပြီးအစီး ဝန်ဆောင်မှုဖြင့် လူကြီးမင်းတို့ ရွေးချယ်ထားသော ခရီးစဉ်များကို
အသက်သာဆုံးစျေးနှုန်းများဖြင့် ကျွန်တော်များ
Mahar Phyo Car Rental Service မှ တာဝန်ယူ၍ အကောင်းဆုံး ဝန်ဆောင်မှုပေးခွင့်ပြုပါ ခင်ဗျာ 🙏🙏🙏
ခရီးစဉ်တစ်လျောက်
Full Round Air-Con ၊
ရေသန့်ဘူး/ စနိုးတာဝါ
Medical Box/ Fire Box အပြည့်အစုံဖြင့်
ကျွမ်းကျင်၍ ခရီးစဉ်တစ်လျောက် လူကြီးမင်းတို့အား
ဂရုစိုက်မူ အပြည့်ပေးပြီး ဆေးလိပ် ကွမ်း အသောက်စား
ကင်းစင်သော ယာဉ်မောင်းများဖြင့် ဝန်ဆောင်မှုပေးရန်
အောက်ပါကားအမျိုးစားများကို မှန်ကန်သောစျေးနှုန်းတို့ဖြင့် ငှါးရမ်းဝန်ဆောင်မှု ပေးနေပါတယ် ... ခင်ဗျာ🙏🙏🙏
Crown/Mark 2 / Belta ( 3/4 Seater)
Alphard ( 6/7 Seater)
Hiace (14 Seater)
လူကြီးမင်းတို့ရဲ့ ခရီးစဉ်တိုင်းအတွက် လိုအပ်သည့်ကားများကို လူကြီးမင်းတို့ စိတ်တိုင်းကျစေရန်အတွက် ကျွန်တော်များ Mahar Phyo Car Rental Sevice ကနေ
(24 Hour) ဝန်ဆောင်မှုပေးပါစေ....ခင်ဗျာ 🙏🙏🙏
လူကြီးမင်းတို့၏ သွားလိုရာခရီးများကို သာယာငြိမ့်ညောင်းစွာသွားလာဖို့ ဖုန်းလေးသာ ကြိုဆက်လိုက်ပါ ခင်ဗျာ။
Phyo Si Thu
( Mahar Phyo Car Rental Service Yangon)
No. 502, ShweSin (7) Street, 44 Block,
North Dagon Myothit, Yangon, Myanmar.
📞📞 09456876875, 09954470077,
📞📞 09751700956
Viber 09456876875
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
No-502, Shwe Zin (7) Street, 44 Block, North Dagon Myothit
Yangon
95