Su Pyae Online Store

Su Pyae Online Store

Share

Online Shop / Yangon / Myanmar

06/10/2023

♦ အုန်းထမင်းချက်နည်းလေးမျှဝေပါရစေ♦

ပါ၀င်ပစ္စည်းများ
°°°°°°°°°°°°°°

ဆန်လုံးရှည်ကောင်းကောင်း......၄ခွက်
အုန်းနိူ့...............................၁ဗူး(250ml)
ရေ......................................၃ခွက်ခွဲ
သကြား...............................၂ဇွန်း
ဆား...................................အနည်းငယ်
ကြက်သွန်နီ.........................၂ လုံး
ချင်းပါးပါးလှီး.........................၄ ချပ်
အုန်းဆီကောင်းကောင်း(သို့)ဆီသန့််...၂ ဇွန်း

အခုဖော်ပြထားတာကအုန်းနိူ့ကို(အသင့်သုံး)သံဗူးအသုံးပြုသူများအတွက်ဖြစ်ပါတယ်။

မိမိကိုယ်တိုင်ညှစ်ယူပြီးအသုံးပြု
သူများကအုန်းမှုန့်ကိုရေနှင့်ညှစ်ယူရမှာဖြစ်တဲ့အတွက်ဒီပမာဏနဲ့တူတဲ့ရေကိုအသုံးပြုပြီး
အုန်းနို့ညှစ်ယူပါ။

ပထမဆုံးဆန်တွေကိုရေဆေးပြီးဇကာတစ်ခုနှင့်စစ်ယူထားပါ။

အုန်းနိူ့ကိုလည်းအရံသင့်ပြင်ဆင်ပါ။

ကြက်သွန်နီနှင့်ချင်းကို အုန်းဆီ(သို့) ဆီတစ်မျိုးမျိုးဖြင့်မွှေးရုံလေးဆီသတ်ပါ။

ပါ၀င်ပစ္စည်းအားလုံးကိုအိုးတစ်လုံးမှာစုထည့်ပြီးမီးပြင်းပြင်းမှာစတင်အပူပေးပါ။

ဆူပွက်လာပြီးရေခမ်းစပြုလာလျှင်မီးလျှော့ချပြီးအဖုံးပိတ်နှပ်ပါ။

Rice cooker အသုံးပြုသူများတိုက်ရိုက်ခလုတ်နှိပ်ပြီးမီးတက်သွားမှသစ်သားယောင်းမလေးနှင့်မွှေပေးပါ။

အလှဆင်လိုသူများသီပိာုဠ်စေ့ကြော်၊မြေပဲဆံကြော်လေးများဖြင့်အလှဆင်ပါ။

အုန်းထမင်းကိုကြက်သားကြော်(သို့) ကြက်သားနှပ်၊ ဘာလချောင်ကြော်၊သရက်ချဉ်သုပ်တို့နှင့်တွဲဖက်စားသုံးနိူင်ပါသည်။

➡ခွက်=လက်ဖက်ရည်ပန်းကန်
➡ဇွန်း =ထမင်းစားဇွန်း

ကြက်သားကြော်အတွက်ကတော့ဗမာကြက်(၄၀)ကျပ်သားကောင်လောက်ကိုဝယ်ပြီး
၈ပိုင်းခုတ်ပါတယ်။နနွင်းမှုန့်၊ချင်း၊ကြက်သွန်ဖြူ ရည်၊အရသာနယ်ပြီးဆီပူပူမှာကြော်ရုံပါပဲ။

မန္တလေးသရက်ချဉ်ကိုချေပြီးရေဆေးပါ။
ကြက်သွန်နီ၊ငရုတ်သီးစိမ်း၊နံနံပင်လေးပါးပါးလှီးပြီးဆီစိမ်းလေးဆမ်းပြီးသုပ်ပါတယ်။

Credit ဟင်းချက်နည်းများ Page

04/10/2023

🔺မုန်ညှင်းချဥ် ( ခေါ် )
🔺အစိမ်းချဥ်( ခေါ် )
🔺မုန်ညှင်းစိမ်းချဉ် ( ခေါ် )
🔺မုန်ညှင်းချဥ် အဖြူ ( ခေါ် )
🔺ကြံမဆိုင်လုပ်နည်း

ဒေသအလိုက် အခေါ် အဝေါ်လေးတွေ
ကွဲပြားခြားနားတတ်တာမို့
ဘယ်လိုပဲခေါ်ခေါ် အတူတူပါပဲ။

မုန်လာဥဖြူ, မုန်လာဥနီ , ဂျူးမျှစ်, ပဲပိုးတီ စသဖြင့်
မိမိ နှစ်သက်ရာကို မုန်ညှင်းချဉ်နဲ့အတူ
ထည့်စိမ်လို့ ရပါတယ်။

ရောင်းဖို့အတွက် အများကြီး လုပ်မယ်ဆိုရင်တော့
ပလတ်စတစ် အထူကြီးထဲကို
မုန်ညှင်းထည့် , ဆားနဲ့ ထမင်းရည် လောင်းထည့်
ပလတ်စတစ်အိတ် ထိပ်ကို စုစည်းထားပြီး
အချဥ်ခံပါ။

ထမင်းရည်ငှဲ့ဖို့ အဆင်မပြေရင်
ဆန်ဆေးရည် အချဥ်ခံပြီး လုပ်ရင်လဲ ရပါတယ်။

အရောင်ဝါတာကြိုက်ရင်တော့
အချဥ်စိမ်တဲ့အခါ နနွင်းထည့်စိမ်နိုင်ပါတယ်။
ကျမကတော့ နနွင်း မထည့်ပါဘူး။

မုန်ညှင်းကတော့ စျေးမှာ အလွယ်တကူ ဝယ်လို့ရတာမို့
မုန်ညှင်းချဥ်ကို မိမိအိမ်မှာပဲ အလွယ်တကူ လုပ်စားနိုင်ပါပြီ။

Credit: ပဲခူး ဒေါ်ထွေးရီ
Photo credit

04/10/2023

မလိုင်ကျောက်ကျော

ပါ၀င်သောပစ္စည်းများ
၁။ နွားနို့- ၁ လီတာ (သို့) ၄ ခွက်
၂။ သကြား - ၁ ခွက်
၃။ သံပုရာသီး (သို့) သံပုယိုသီး - အသေး ၁ လုံး
၄။ အာဂါး အာဂါး ကျောက်ကျောမှုန့် (အပြာရောင်) - တထုပ်

(၁ ခွက် = 240 ml= ရိုးရိုးကော်ဖီခွက် ၁ ခွက်= ထမင်းစားဇွန်း ၁၆ ဇွန်း)

ပြုလုပ်နည်း
၁။ သကြားနှင့် ကျောက်ကျောမှုန့်ကို ေ၇ာရ်ျ သမအောင်လုပ်ပါ။
၂။ နွားနို့ကို မီးဖို ပေါ်တင်ရ်ျ ဆူအောင်တည်ပါ။ ဆူလာလျှင် မီးဖိုကိုပိတ်ပြီး သံပုရာသီး (သို့) သံပုယိုသီးမှ အ၇ည်ကို နွားနို့အိုးအနှံ့ညှစ်ချပါ။ ၁၅ မိနစ် (သို့) နာရီ ၀က်ခန့်အအေးခံထားပါ။ (နွားနို့များ ပျက်သလို မလိုင်ဖတ်နှင့် အရည်သတ်သတ်ဖြစ်လာပါလ်ိမ့်မည်။ လုံးဝအေးသွားအောင်အအေးခံစ၇ာမလိုပါ။)
၃။ အအေးခံထားသော နွားနို့ကို မီးဖိုပေါ်တင်ရ်ျ ပွက်အောင် ပြန်တည်ပါ။ နွားနို့ပွက်လာလျှင် ရောထားသော သကြားနှင့် ကျောက်ကျောမှုန့်ကို ထည့်ပြီးမွှေပါ။ သကြားနှင့် ကျောက်ကျောမှုန့်များအရည်ပျော်လျှင် အအေးခံမည့် ဗန်းထဲကို ထည့်ရ်ျ အအေးခံပါ။
၄။ အအေးခံထားသော မလိုင်ကျောက်ကျောကို ကြိုက်နှစ်သက်ရာ အ၇ွယ် လှီးပါ။ စိမ့်စိမ့်လေးနဲ့ စားလို့ကောင်းတဲ့မလိုင်ကျောက်ကျောကိုသုံးဆောင်နိုင်ပါပြီ။

Credit - မူရင်းရေးသားသူ

03/10/2023

#ပဲပေါက်ဆီလုပ်နည်း
#ပဲပေါက်ဆီ ( ၁၂ ) လုံးစာ

အဓိကပါဝင်ပစ္စည်းများ

သကြား ၃၀ ဂရမ်

Dry Yeast 1½ tsp လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ

အုန်းဆီ ထမင်းစားဇွန်း ၁ ဇွန်း

ရေနွေး ၁၈၀ မီလီလီတာ + နွားနို့နွေးနွေး လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဘက်စုံသုံးဂျုံမှုန့် ၃၀၀ ဂရမ်

မုန့်ဖုတ်ဆော်ဒါလက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပဲနီငါးပိ (ပဲနီးလေးပြုတ်ပြီး အနှစ်ကျနေအောင်နယ်ထားတာ
၊ အချိုကြိုက်လျှင် ထန်းညက်ကိုကျေညက်အောင်ထု၍ ထည့်နယ်ပါ) ၄၀၀ ဂရမ်

#ကြိုတင်ပြင်ဆင်ရန်

( ၁ )
ပန်းကန်လုံးတစ်လုံးထဲတွင်သကြား၊ တဆေး၊ ဆီနှင့်ရေနွေးနွေးတို့ကိုရောကာညင်သာစွာရောမွှေပေးပါ။ တစေးပွလာစေရန်
၁၀ မိနစ် ခန့် နှပ်ထားပါ။

ဂျုံမှုန့်နှင့် မုန့်ဖုတ်ဆော်ဒါမှုန့် တို့ကိုသီးခြားပန်းကန်လုံးထဲတွင်ရောပါ။ ဇကာချပါ။

တစေးဖျော်ထားပြီးသားကို ဂျုံမှုန့် ထည့်ထားသောပန်းကန်လုံးထဲသို့လောင်းထည့်ပြီး နယ်ပါမယ်။
မုန့်သားတွေနူးညံ့​ပြီး လက်မှာမကပ်သည်အထိနယ်ပါမယ်။

မွှေစက်သုံး၍ နယ်လျှင် ၅ မိနစ်ခန့်ကြာလိမ့်မည်၊

လက်ဖြင့်နယ်လျှင် ၁၀ မိနစ်ခန့်ကြာပါမယ်။

Oven ကို အပူချိန် ၁၂၀ ခန့်ချိန်ပြီး ကြိုတင်အပူပေးထားပါမယ်။

ဂျုုလုံးနဲ့ ဇလုံမျက်နှာပြင်ကို ဆီပါးပါးသုတ်ပါမယ်။ ပြီးရင် ရေစိုဝတ် ပါးပါး ( ရေစင်အောင်ညှစ်ပြီးသား) အုပ်ပြီး ကြိုတင်အပူပေးထားတဲ့ Oven ထဲ ထည့်၍ ၁ နာရီခန့် နှပ်ထားပါမယ်။ မထည့်ခင် Oven. power off ရပါမယ်။

( ၂ )
ပဲနီငါးပိကို ၁၂ ပိုင်း ခွဲ၍ ဘောလုံးကဲ့သို့ အလုံးလေးတွေ ပုံသွင်းပြီး လင်ပန်းအပြန့်ထဲမှာ ထည့်ထားပါ။

( ၃ )
ဂျုံများပွလာပြီမို့ လက်မှာဂျုံမှုန့် သုတ်ပြီး ထပ်နယ်ပါမယ်။ လေဝင်နေတာတွေ မရှိတော့ပဲ ပိုမိုနူးညံ့လာသည်အထိ နယ်ပါမယ်။

သစ်သားပြား သို့မဟုတ် ဆီလီကွန်အခင်းပေါ်မှာ ဂျုံမှုန့်အနည်းငယ်ကို ပါးပါးဖြူးပြီး ဂျုံလုံးကိုတင်ပြီး roller နဲ့ လှိမ့်ပါမယ်။ နယ်နိုင်လေ နူးညံ့လေပါ။
ဂျုံသားကိုဆွဲကြည့်လို့ ရှည်ထွက်ပြီးပါလာပြီဆို ရပါပြီ။ ဂျုံသားကို လှိမ့်လုံးနှင့် ပြား၍ ဖြတ်ဓားဖြင့် ခြောက်ပိုင်းပိုင်းပါမယ်။

ရလာတဲ့ ခြောက်ပိုင်းကို အလည်မှနေ ၁၂ လုံးစာမို့ ၁၂ ပိုင်းရအောင်ပိုင်းပြီး။

တပိုင်းချင်းကို အလုံးလေးတွေ လုံးပါမယ်။

ပြီးရင် ဆီလီကွန်းအခင်းပေါ် ဂျုံမှုန့်အနည်းငယ်ကို ဖြူး၍ အလုံးလေးတွေတင်ပြီး ရေညှစ်ထားတဲ့ ရေစိုဝတ်နဲ့အုပ်ထားပါ။

( ၄ )
ဂျုံလုံးတစ်လုံးကိုယူပြီး
လှိမ့်တံ (သို့) လက်ဖဝါးကို သုံး၍
ပြားအောင်လုပ်ပါ။ မုန့်စိမ်း၏အလယ်ဗဟိုသည်အနည်းငယ်ပိုထူပြီး ​ဘေးသားလေးတွေကို ပါးလွှာအောင်လှိမ့်ရပါမယ်။

လက်ဝါးပေါ်မှာ ဂျုံပြားလေးရပြီဆို ပဲနီလေးငပိ တလုံးကိုယူ၍
မုန့်စိမ်းရဲ့အလယ်မှာထားပြီး ပေါက်ဆီလုံးနည်းအတိုင်းလုံးရပါမယ်။

ပဲအားလုံး ထာပနာထည့်ပြီးလျှင်
အေဖိုး စက္ကူကို အနေတော်လေးတွေညှပ်၍ မုန့်လုံးအောင်ခြေကို စက္ကူကပ်ပါမယ်။ ပြီးရင် အဝတ်ပါးပါးပြန်အုပ်ပြီး ၁၅ မိနစ်ခန့် နှပ်ထားပါမယ်။

ပြီးတာနဲ့ အပြင် ဂျုံသားလေးတွေ ပွလာပြီးဆို ပေါင်းရန် အသင့်ဖြစ်နေပါပြီ။

#ပေါင်းရန်ပြင်ဆင်နည်း

ပေါင်းမည့်အိုးကို ရေနွေးငွေ့ထောင်းထောင်းထနေအောင်ကြိုတင်အပူပေးထားပါ။

ပေါက်ဆီပေါင်းမယ့် ပေါင်းအိုးရဲ့ ဇကာခွက်ပေါ် အဝတ်ပါးပါး အသန့်လေးကို ခင်းပါမယ်။
ပြီးလျှင် ဆယ်မိနစ်ခန့် အပူပေး
ထားပေးပါ။

အဝတ်စခင်းထားတဲ့ ဇကာလေးပေါ်မှာ မုန့်လုံးတွေကို တစ်လုံးချင်း ခပ်ခွာခွာလေးထည့်ပါမယ်။

ပြီးလျှင် ပိတ်စပါးပါးလေးယူ၍ ပေါင်းအိုးအဖုံးကို ထည့်ပြီး ထိပ်စတွေကို စုချည်ပါမယ်။ ရေမဆွတ်ရပါ။ အိုးစလောင်းဖုံးမှ ချွေးကျပြီး မုန့်လုံးကို မထိစေဖို့ပါ။

ပြီးတာနဲ့ နာရီဝက်ခန့် ပေါင်းပေးရင်ရပါပြီ။

နာရီဝက်ပြည့်တာနဲ့ ပေါင်းအိုးကို မီးဖိုပေါ်မှချပြီး တန်းမဖွင့်ပါနဲ့အူး။ ၅ မိနစ်ခန့် ရေနွေးငွေ့အပူချိန်နဲ့ ထားပြီးမှ ထုတ်ယူ၍ အအေးခံပြီး စားလို့ရပါပြီ။

အအေးခံပြီးသား ပေါက်ဆီတွေကို ပလပ်စတစ်အိတ်နဲ့ လေလုံအောင်ထုပ်ပြီး ရေခဲသေတ္တာ ရိုးရိုးခန်းထဲမှာထားစားရင်လည်းရပါတယ်။

စားခါနီးကျ အဝတ်သန့်သန့်လေးနဲ့ ထုပ်ပြီး ထမင်းပေါင်းအိုးထဲမှာ ရေခမ်းချိန် ထမင်းနှပ်နေတဲ့ အချိန်လေး ထည့်အပူပေးပြီးမှ စားပါ။ ပူပူနွေးနွေးလေးပြန်ရပါတယ်နော်။

အားလုံးကျန်းမာချမ်းသာကြပါစေ

#ကိုသက်

Reference: asiam Inspiration
Photos: Credit

03/10/2023

#လက်ဖက်နှပ်နည်းမေးထားတဲ့ညီမလေးတွေအတွက်

#လက်ဖက်အညွန့်နှပ်နည်း

ပါဝင်တာလေးတွေက
လက်ဖက်အညွန့်
ငရုတ်သီးစိမ်း
ကြက်သွန်ဖြူ
သံပုရာသီး
ရှာလကာရည်
ငံပြာရည်
ပုစွန်ခြောက်မှုန့်
ပုစွန်ခြောက်အကောင်
ဆီ
ဆားနဲနဲ
အချိုမှုန့်

#ပြုလုပ်နည်း
လက်ဖက်အညွန့်ကို ရေနွေးဖျောပြီး ညှစ်ပြီပါ
၃ခါလောက်ရေနွေးဖျောပြီး ရေလုံးဝမကျန်အောင်ညှစ်ပစ်ပါ ရေကျန်ရင် မှိုတက်တက်လို့ပါ

ငရုတ်သီးစိမ်းနဲ့ကြက်သွန်ဖြူကို ထောင်းထားပါ
အာလုံးပြီးရင်တော့ ဇလုံထဲမှာ လက်ဖက်၊ထောင်းထားတဲ့ ငရုတ်သီးစိမ်း၊ပုစွန်ခြောက်မှုန့်၊ဆား၊အချို
မှုန့်၊ငံပြာရည်၊ရှာလကာရည်၊သံပုရာသီး၊တို့ကို ထည့်နယ်ပါ

နယ်တဲ့အခါ အရသာဝင်အောင် ပယ်ပယ်နယ်နယ်နယ်ပါ အရသာကတော့ ကိုယ့်စိတ်ကြိုက် ချဉ်ငံစပ်ထည့်ပါ

အားလုံးနယ်ပြီးရင် ဆီကိုမြှပ်နေအောင် ထည့်ပြီးမွှေပါ
ပုလင်းအသန့်ထဲ ဆီမြှပ်အောင်ထည့်ပြီး သိမ်းနိုင်ပါတယ်

တကယ်လို့ ပုစွန်ခြောက်အကောင်လေးတွေကြိုက်ရင် ပုလင်းထဲကို တခါတည်းထည့်နိုင်ပါတယ်
ပုစွန်ခြောက်လေးတွေက အရသာဝင်ပြီး ပိုစားကောင်းပါတယ်

အားလုံးပြီးရင် ဘူးကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားနိုင်ပါတယ်နော်

ဆီကတော့ ပဲဆီမစစ်ရင် ရေခဲသေတ္တာထဲမှာ ခဲသွားပါတယ်

ကျွန်မကတော့ Sunarနေကြာဆီကိုသုံးပါတယ်
သူက မခဲပါဘူး ရေခဲသေတ္တာထဲက စားခါနီးမှထုတ်လဲ မခဲတာမို့ အဆင်ပြေပါတယ်

အာလုံးပဲ အဆင်ပြေကြပါစေရှင့်
ချစ်တဲ့
မိုး

Credit November Moe
Foodie

03/10/2023

ထမင်းခြောက်ကြော်

ထမင်းကြမ်းကို နေပူပူမှာ ပါးပါးဖြန့်ပြီး ကြွပ်နေတဲ့အထိခြောက်သွားအောင်နေလှမ်းပြီး ဆီပူပူခပ်များများမှာလိုသလိုအရောင်ရဲရုံလေးထည့်ကြော်ပါ ခပ်လေးလေးအရသာစားလိုရင်ကြော်ပြီးသားထမင်းခြောက်အပေါ်မှဆားဖြူးကာဆားပါ အချိုလေးနဲ့မှစားချင်ရင် ထန်းလျက်+ရေနည်းနည်းကိုညောင်စေးကျတဲ့ထိကျိုပြီးဆမ်းစားပါ

Credit photo Phyo phyo

#ထမင်းခြောက်ကြော်

03/10/2023

#လယ်သမားဟင်း လို့လူသိများတဲ့ဟင်းလေးပါ။
ရေနွေးကိုတည်ပါ။
မျှင်ငပိအနည်းငယ်ထည့်ပါ။
ပုဇွန်အသေးတွေလည်းထည့်ပါ။
ပွက်ပွက်ဆူလာရင် မျှစ် ကောက်ရိုးမှို ကြွက်နားရွက်မှို ကြာရိုး ဆူးပုတ် စွယ်တော်ရွက်တို့ကိုထည့်ပါ။
ငရုတ်သီးစိမ်းထောင်း သို့ ညှပ်ထည့်ပါ။
ဆား အရသာမှုန့် အနည်းငယ်ထည့်ပါ။
ဟင်းအိုးဆူပြီး အနံမွှေးပြီဆိုမှ ရှမ်းနံနံ ပင်စိမ်း နှစ်သက်ရာထည့်ပြီး အရသာရှိသော တောစာ လယ်သမားဟင်းလေးစားလို့ရပါပြီ။ နှစ်သက်ရာအသီးရွက်ထည့်နနိုင်ပါတယ်။

:photo

Want your business to be the top-listed Food & Beverage Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon