Rangoon College - RC

Rangoon College - RC

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Rangoon College - RC, Investing Service, No. 180, Botahtaung Pagoda Road, Yangon.

23/05/2026

မိုးကုတ်ကျောက်မျက်နှင့်အတူ ဈေးကွက်အကြောင်းပါ တပါးတည်းတွဲလေ့လာ့ချင်တယ်ဆိုရင် ဒီပိုစ့်ကို ဖတ်ပါ။

ဈေးကွက်ထဲက ကျောက်မျက်လုပ်ငန်းရှင် တစ်ယောက်ဖြစ်ပြီး၊ Social Media ပေါ်တွင် ကျောက်မျက် နှင့် ဈေးကွက်ဆိုင်ရာ ဗဟုသုတများကို မျှေဝေပေးနေတဲ့ Trainer Hoshi @ Ma Htet မှ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

ဒီ”ကျောက်မျက်ပညာမှသည် ဈေးကွက်ပညာဆီသို့ သင်တန်းကြီး”ကို ဘယ်လိုလူတွေ တတ်သင့်လဲ။

“ကျောက်ဝိုင်းထဲဝင်ပြီး အလုပ်လုပ်ချင်တယ်။
ဈေးကွက် အခြေအနေဘယ်လိုလဲ မသိဘူး။”
“ ကျောက်ပညာတော့ တတ်တယ်၊ ဈေးကွက်အတွင်း သိသင့် သိထိုက်တဲ့ ပညာရပ်တွေတော့ နားမလည်ဘူး။”
“ ကျောက်မျက်ရတနာတွေ အထည်ခတ်ပြီး ဆိုင်ဖွင့်ရောင်းချင်တယ်။”
“ကျောက်မျက်လုပ်မယ့် ငွေအရင်းအနှီးတော့ရှိတယ်၊ ဈေးကွက်အချိတ်အဆက်မရှိဘူး။ “…. ဆိုတဲ့ လူတွေ ဒီသင်တန်းကို စာရင်းသွင်းအပ်နှံပါ။

ဘာတွေသင်မလဲ။
အပိုင်း (၄) ပိုင်းနဲ့ သင်ပါမယ်။
1. မိုးကုတ်ကျောက်မျက်များရဲ့ သီအိုရိ
2. Gems tools များ စနစ်တကျ အသုံးပြုပုံ
3. ဈေးကွက်ပညာရပ်
4. လက်တွေ့ သင်ခန်းစာများ ကို စာတွေ့ ၊ လက်တွေ့ မျှတစွာ သင်ကြားပေးသွားပါမယ်။

သင်တန်းပြီးဆုံးလျှင် Certificate ပေးအပ်ပါမယ်။
သင်တန်းပြီးသွားရင် ကျွမ်းကျင်သွားမှာလားမေးရင် ရက်တိုတို နဲ့တော့ ဘယ်သူမှ expert gems trader တစ်ယောက်မဖြစ်လာပါဘူး။

ဒါဆို ဘာတွေသိသွားမလဲ။
ကျောက်ကြည့်နည်းများ၊ ကျောက်မျက်ပညာအခြေခံသဘောတရားများ၊ gems tools များအသုံးပြုနည်း၊ ဈေးကွက်တွင်း အခေါ်အဝေါ်များ ၊ ကျောက်အရောင်းအဝယ်ပြုလုပ်နည်းများ၊ ကျောက်ဈေးကွက်တွင်း ဆောင်ရန်၊ ရှောင်ရန်များ တတ်မြောက်ပါမယ်။

သင်တန်းကြေး - “ ၅ “ သိန်း

သင်တန်းကာလ - (၄) ရက်

နေ့ရက် - June 4/5/6/7

သင်တန်းအချိန် - နံနက် (၁၀) - ညနေ (၄)

နေရာ: Rangoon College
PPM Business Center, Zen Campus,
ဗဟိုလမ်း , စမ်းချောင်း။
Ph : 09 880 20 10 20

01/05/2026

💎လက်ရှိမှာ သဘာဝစိန် ဈေးနှုန်းတွေဟာ နှစ်၁၀၀ အတွင်း အနိမ့်ဆုံးအဆင့်အထိ စံချိန်တင် ထိုးဆင်းသွားခဲ့ပါတယ်။

အကြောင်းရင်းကတော့ ဓာတ်ခွဲခန်းထုတ်စိန်တွေဟာ အရည်အသွေးပိုင်းမှာ သဘာဝစိန်နဲ့ ခွဲမရအောင် ကောင်းမွန်လာပြီး ဈေးနှုန်းကလည်း ၇၀% ကျော်အထိ သက်သာနေတာကြောင့် ဝယ်လိုအား အကြီးအကျယ် ပြောင်းလဲသွားပါတယ်။

သဘာဝစိန် ရောင်းလိုအား များပြားလာပြီး ဝယ်လိုအား ကျဆင်းနေတဲ့အတွက် စိန်ဈေးနှုန်းတွေဟာ ဆက်တိုက်ဆိုသလို ကျဆင်းနေရတာပါ။

​ ဒီအခြေအနေဟာ စိန်ကို ဇိမ်ခံပစ္စည်းအဖြစ် ဝယ်ယူချင်သူတွေအတွက် အခွင့်အရေးဖြစ်နိုင်ပေမယ့်၊ ရင်းနှီးမြှုပ်နှံမှုအနေနဲ့ ကိုင်ထားသူတွေအတွက်တော့ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခု ဖြစ်နေပါတယ်။

14/04/2026

မြန်မာ့ရိုးရာ နှစ်ကူးအတာသင်္ကြန် အချိန်အခါသမယတွင် Rangoon College - RC ၏ သင်တန်းသူ/သားများနှင့်တကွ မြန်မာပြည်သူ/သားအပေါင်း အေးချမ်းသာယာရှိကြပါစေ

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Address


No. 180, Botahtaung Pagoda Road
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00