Vision 23

Vision 23

Share

One Stop specialist center for Eyes, Ear , Nose , Throat , Dental and Asthetic

Photos from Vision 23's post 21/05/2026

ဒီcase လေးက ညနေပဲ ကျွန်တော့်ရဲ့ တူလေး ဖြစ်သွားတာပါ
ကိုယ့်အသားပေါ်မှာတွေ့ရင် လုံးဝမရိုက်ရမယ့် အင်းဆက်တကောင် သို့ မီးပိုးကောင်

ကိုယ်ထည်လေးက သေးသေးလေး၊ အရောင်ကလည်း လိမ္မော်ရောင်နဲ့ အမည်းရောင် ကျားကွက်လေးနဲ့မို့ ကြည့်လိုက်ရင် တကယ့်ကို ဆွဲဆောင်မှုရှိပြီး ချစ်စရာ ကောင်လေးတစ်ကောင်လိုပါပဲ။
ဒါပေမဲ့ သတိထားပါ… သူဟာ သင့်အရေပြားကို ရက်ရက်စက်စက် အလှဖျက်ဆီးပစ်မယ့် "မီးပိုးကောင်" (Rove Beetle) ပဲ ဖြစ်ပါတယ်။

သူ့အကြောင်းနဲ့ပတ်သက်ပြီး သင်မသိသေးတဲ့ စိတ်ဝင်စားစရာ အချက် (၅) ချက်ကို မျှဝေပေးချင်ပါတယ်။
၁။ သူက အကိုက်လို့ အနာဖြစ်တာ မဟုတ်ဘူး
လူအများစုက ဒီအကောင် ကိုက်လို့၊ တုပ်လို့ အနာဖြစ်တယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ သူက လူကို လုံးဝမကိုက်ပါဘူး။ သူ့ခန္ဓာကိုယ်ထဲမှာ ‘ပက်ဒရင်’ (Pederin) လို့ခေါ်တဲ့ ပြင်းထန်တဲ့ ဓာတုအဆိပ်ရည်တွေ ရှိနေတာပါ။ သူ့ကို အရေပြားပေါ်မှာ ရိုက်မိလိုက်တာ၊ ပွတ်ခြေပစ်လိုက်တာမျိုး လုပ်မိတဲ့အခါ အဆိပ်ရည်တွေ ထွက်လာပြီး အရေပြားကို ဓာတုဗေဒနည်းအရ မီးလောင်ကျွမ်းသလို ဖြစ်သွားစေတာပါ။

၂။ နောက်ကျမှ သိရတဲ့ လျှို့ဝှက်ချက်
ဒီအဆိပ်က အရေပြားပေါ် ပေကျံသွားတဲ့အချိန်မှာ ချက်ချင်း မနာပါဘူး၊ မယားပါဘူး။ အချိန် (၁၂ နာရီကနေ ၃၆ နာရီ) ခန့် ကြာမှသာ သိသာတဲ့ လက္ခဏာပြတာမို့ လူအများစုဟာ ညဘက်အိပ်ပျော်နေရင်း သတိမဲ့ ပွတ်မိကြပြီး မနက်နိုးလာမှ “ငါ ဘာဖြစ်တာလဲ" ဆိုပြီး လန့်ဖျပ်သွားတတ်ကြပါတယ်။

၃။ မီးလောင်ပြင်လို မျဉ်းကြောင်းများ
သူ့ရဲ့ ထူးခြားချက်က အဆိပ်ရည်ကို လက်နဲ့ ပွတ်ဆွဲမိတဲ့ လမ်းကြောင်းအတိုင်း မျဉ်းကြောင်းလိုက် (Linear) နီရဲလာပြီး အရည်ကြည်ဖုတွေ ထွက်လာတာပါ။ ပိုဆိုးတာက အဲဒီအဆိပ်ပေနေတဲ့ လက်နဲ့ မျက်လုံးကို သွားပွတ်မိရင် မျက်လုံးအိမ်တစ်ခုလုံး ရောင်ကိုင်းပြီး မျက်စိကွယ်လုနီးပါးအထိ ဖြစ်တတ်ပါတယ်။

၄။ မီးအလင်းရောင်ကို အရူးအမူး ကြိုက်သူ
ဒီပိုးကောင်တွေဟာ မိုးရာသီနဲ့ မိုးအကုန်ဆောင်းအကူး ရာသီဥတုမျိုးမှာ အထွက်များပြီး၊ ညဘက်ဆိုရင် အဖြူရောင် မီးချောင်း (Fluorescent light) တွေကို အလွန်နှစ်သက်ကြပါတယ်။ မီးရောင်ရှိတဲ့ ပြတင်းပေါက်တွေကနေတစ်ဆင့် အခန်းထဲကို တိုးဝင်လာတတ်ကြတာပါ။
💡 ကာကွယ်ဖို့ သိထားရမယ့် First Aid (ရှေးဦးသူနာပြု)
ခါထုတ်ပါ: အသားပေါ်တက်လာရင် လုံးဝမရိုက်ပါနဲ့။ လေနဲ့မှုတ်ထုတ်တာ ဒါမှမဟုတ် စာရွက်တစ်ရွက်ပေါ် အသာအယာ တက်ခိုင်းပြီး ဖယ်ရှားပါ။

ရေဆေးချပါ: အကယ်၍ ရိုက်မိ၊ ခြေမိသွားပြီဆိုရင် စက္ကန့်မဆိုင်းဘဲ ၎င်းနေရာကို ရေနဲ့ ဆပ်ပြာသုံးပြီး ချက်ချင်း စင်ကြယ်အောင် ဆေးချပါ။ ဒါမှ အဆိပ်ဓာတ် အာနိသင် လျော့သွားမှာပါ။

ဆေးမြီးတို ရှောင်ပါ: အနာဖြစ်လာရင် ရေမွှေးဆွတ်တာ၊ သွားတိုက်ဆေးလိမ်းတာ၊ အပင်တွေထောင်းကပ်တာ လုံးဝမလုပ်ပါနဲ့။ ပိုးဝင်ပြီး အနာပိုကြီးသွားတတ်ပါတယ်။

လိမ်းဆေး အနေနဲ့ 1% Hydrocortisone cream လေးကို ပါးပါးလေးလိမ်းနိုင်ပါတယ် ၊ အရေပြားပွန်းပြီး ပိုးဝင် ပြည်တည်လာရင်တော့ Mupirocin လို့ခေါ်တဲ့ လိမ်းဆေးပါလိုအပ်နိုင်ပါတယ် ၊ နာတတ်ယားတတ်တာကြောင့် paracetamol နဲ့ cetrine လေးတွေလည်း လိုအပ်ရင် တိုက်ရပါတယ်( မီးပိုးကောင်ကြောင့်လို့ မသေချာရင်တော့ ကိုယ့်သဘောနဲ့ ကိုယ် မလိမ်းသင့် မကုသင့်ပါဘူး ၊ နီးစပ်ရာ ဆရာဝန် နဲ့ ပြသတိုင်ပင်သင့်ပါတယ် )

P.S ကျန်းမာရေးနဲ့ဆိုင်တဲ့ မေးစရာလေးတွေကို ဆေးခန်းရဲ့ page ( https://www.facebook.com/share/T2miaNGY1kijryop/?mibextid=WC7FNe ) လေးမှာ အခမဲ့မေးမြန်းနိုင်ပါတယ် ဆရာဝန်တယောက်မဟုတ်တယောက် ဖြေပေးပါတယ်
#မီးပိုးကောင်

04/05/2026

မျက်စိပါဝါသမားတွေအတွက် ရေကူးမျက်မှန်လေးတွေ ပြန်ရောက်ပါပြီ

ပါဝါ ၂၀၀ မှ ၆၀၀ အထိ ရပါမယ်
#ပါဝါရေကူးမျက်မှန်

27/03/2026

💉 လေးမျိုးစပ်ရာသီတုပ်ကွေး ကာကွယ်ဆေး ဆေးကမ္ဘာ ဆေးခန်းတွင် ထိုးနိုင်ပါပြီ!!!

မကြာခင် မိုးဦးကျ ကာလ ရောက်ရှိတော့မှာ ဖြစ်လို့ ကမ္ဘာတဝန်းမှာ ရာသီတုပ်ကွေး ရောဂါ အဖြစ်များလာတော့မှာပဲ ဖြစ်ပါတယ်။
ဒီ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရာသီတုပ်ကွေးကိုကာကွယ်ဖို့ အထိရောက်ဆုံးနည်းလမ်းကတော့ ကာကွယ်ဆေးထိုးခြင်းပဲ ဖြစ်ပါတယ် ။

လေးမျိုးစပ် ရာသီတုပ်ကွေးကာကွယ်ဆေးဟာ
✅ Influenza virus မျိုးစိတ် (၄) မျိုးကို ကာကွယ်နိုင်တယ်
✅ ကိုယ်ခံအားကို မြှင့်တင်ပေးပြီး တုပ်ကွေးဖြစ်ခဲ့လျှင်လည်း ရောဂါ ပြင်းထန်မှု လျော့ချပေးနိုင်ပါတယ်
✅ ကလေးငယ်များ ၊ သက်ကြီးရွယ်အိုများ ၊ ကိုယ်ဝန်ဆောင်မိခင်များ အတွက် အထူး သင့်တော်ပြီး
✅လူတိုင်း နှစ်စဉ် ထိုးသင့်သော ကာကွယ်ဆေး ဖြစ်ပါတယ်
📌 အထူးသဖြင့် —
ကျောင်းသား/ကျောင်းသူများ
အလုပ်များပြီး လူစုလူဝေးထဲတွင် နေထိုင်သူများ
အသက်ကြီးသူများ
နာတာရှည်ရောဂါရှိသူများ မဖြစ်မနေ ထိုးထားသင့်ပါတယ်

👉 မဖြစ်ခင်ကာကွယ်ပါ — ကျန်းမာရေးက အရေးကြီးဆုံးပါ။

🕕 ဆေးခန်းဖွင့်ချိန် - နေ့စဉ် မနက် (၉:၀၀) မှ ညနေ (၆:၀၀) အထိ ပိတ်ရက်မရှိ
🏥 Address - အမှတ် (၂၃) လမ်းသစ်လမ်း ၊ နံ့သာကုန်းရပ်ကွက် ၊ အင်းစိန် ပန်းခြံမှတ်တိုင်အနီး။
☎️ Phone - 09 767297971
#ရာသီတုပ်ကွေးကာကွယ်ဆေး

#ဆေးကမ္ဘာအထူးကုဆေးခန်း

26/03/2026

Heat Stroke ကာကွယ်ရေး – နွေရာသီမှာ အရေးကြီးဆုံး သိထားသင့်တဲ့အချက်များ

Heat stroke (အပူလွန်ခြင်း) ဆိုတာ ကိုယ်အပူချိန် 40°C ကျော်တက်ပြီး ခန္ဓာကိုယ်ရဲ့ အပူထိန်းညှိစနစ် ပျက်စီးသွားတဲ့ အရေးပေါ်အခြေအနေတစ်ခု ဖြစ်ပါတယ်။ အချိန်မီမကုသရင် ဦးနှောက်၊ နှလုံး၊ ကျောက်ကပ် ပျက်စီးနိုင်ပြီး အသက်အန္တရာယ်ရှိနိုင်ပါတယ်။
World Health Organization နဲ့ Centers for Disease Control and Prevention တို့အဆိုအရ နွေရာသီမှာ အထူးသတိထားရန်လိုပါတယ်။



Heat Stroke ဖြစ်ရခြင်းအကြောင်းရင်း

အပူလွန်ခြင်းဖြစ်စေတဲ့ အကြောင်းရင်းများမှာ —
• အပူချိန်မြင့်တဲ့နေရာမှာ ကြာကြာနေခြင်း
• နေရောင်အောက်မှာ အလုပ်လုပ်ခြင်း / လေ့ကျင့်ခန်းလုပ်ခြင်း
• ရေမလုံလောက်ခြင်း (Dehydration)
• အလုံပိတ်ကားထဲမှာ နေခြင်း
• အသက်ကြီးသူ၊ ကလေးငယ်၊ ရောဂါရှိသူများ



Heat Stroke လက္ခဏာများ

အောက်ပါလက္ခဏာတွေတွေ့ရင် အရေးပေါ် အကူအညီလိုအပ်ပါတယ် —
• ကိုယ်အပူချိန် > 40°C
• ခေါင်းမူး၊ စိတ်ရှုပ်ထွေး၊ မူးဝေ
• ချွေးမထွက်တော့ခြင်း (အရေပြားပူခြောက်)
• နှလုံးခုန်မြန်
• အန်ခြင်း / မူးမေ့ခြင်း / အဖျားတက်ခြင်း

👉 Heat exhaustion နဲ့ မတူဘဲ Heat stroke သည် အရေးပေါ်အသက်အန္တရာယ် ဖြစ်ပါတယ်။



Heat Stroke ကာကွယ်ရန် အရေးကြီးဆုံး 10 ချက်

1️⃣ ရေများများသောက်ပါ
• တစ်နေ့ 2–3 လီတာ သောက်ရန်
• မဆာလည်း သောက်ပါ
• အရက်၊ ကော်ဖီ များများ မသောက်ရန်

2️⃣ နေပူချိန် Peak Hours ရှောင်ပါ
• 11am – 4pm အချိန်အတွင်း နေရောင်ထဲမနေရ

3️⃣ အဝတ်အစားမှန်ကန်ရွေးပါ
• အရောင်ဖျော့ဖျော့အဝတ်အစား
• ချောင်ချိပြီး လေဝင်လေထွက်ကောင်းသော
• Cotton ချည်သား

4️⃣ Sunscreen + Hat + Umbrella

UV exposure လျော့ချရန်

5️⃣ Outdoor Exercise မလုပ်ပါနဲ့ (နေ့လယ်)
• မနက်အစော / ညနေသာ လေ့ကျင့်ပါ

6️⃣ ကားထဲမှာ မနေရ

ကားအတွင်းအပူချိန် 10–15 မိနစ်အတွင်း 60°C ကျော် တက်နိုင်ပါတယ်။

7️⃣ အပူလှိုင်းနေ့တွေ သတိထားပါ

Heat wave = heat stroke risk အမြင့်ဆုံး

8️⃣ Electrolyte ပြန်ဖြည့်ပါ
• ORS
• Coconut water
• Sports drink (low sugar)

9️⃣ ထိခိုက်နိုင်တဲ့ အသက်အရွယ်တွေကို ကာကွယ်ပါ
• ကလေးများ
• အသက်ကြီးသူများ
• နှလုံး / ဆီးချို / သွေးတိုးရှိသူများ

🔟 အိမ်အပူချိန်ထိန်းပါ
• Fan / Aircon ဖွင့်ထားခြင်း
• Ventilation ကောင်းအောင် ပြတင်းတံခါးဖွင့်ထားပါ



Heat Stroke ဖြစ်သွားပါက First Aid

⚠️ Emergency!
1. လူကို အေးမြတဲ့နေရာသို့ ချက်ချင်းရွှေ့ပါ
2. အဝတ်ချွတ်၍ ရေအေးဖြင့် ခန္ဓာကိုယ်ကို သုတ်ပါ
3. Ice pack (လည်ပင်း၊ လက်မောင်း၊ ခါးအောက်)ကပ်ပါ
4. သတိရှိလျှင် ရေအေးသောက်စေပါ
5. Ambulance ခေါ်ပါ 🚑

“Cool first, transport fast” ဆိုတာ အရေးကြီးဆုံး rule ဖြစ်ပါတယ်။

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 23, Lanthit Road, Insein, Ground Floor Of Dermatique Asthetic & Laser And A&A Fitness Center
Yangon
11011

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00