Myanmar Yellow Pages - IMEX Myanmar

Myanmar Yellow Pages - IMEX Myanmar

Share

IMEX Myanmar Co., Ltd. is the owner and sole proprietor of the Myanmar Yellow Pages and service mark

Photos from Myanmar Yellow Pages - IMEX Myanmar's post 09/12/2019

ဂျပန်နိုင်ငံ ပညာရေး၊ အားကစားနှင့် သိပ္ပံနည်းပညာဝန်ကြီးဌာန (MEXT) မှ အားပေးကူညီမှုဖြင့် IMEX (Myanmar) Co., Ltd. (Original founder of Myanmar Yellow Pages) နှင့် Okayama Institute of Science & Technology ၏ ကိုယ်စားပြု Giant Leap International Inc. တို့ပူပေါင်းစီစဉ်ခဲ့သည့် ဂျပန်နိုင်ငံတွင် အဆင့်မြင့် အသက်မွေးဝမ်းကြောင်း ပညာသင်ယူခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာဟောပြောပွဲ (SENMON GAKKO) ပွဲကို (၇.၁၂.၂၀၁၉) ရက် စနေနေ့တွင် Myanmar Engineering Council တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီး ဖြစ်ပါသည်။ ဤဟောပွဲသို့ တက်ရောက်ချီးမြင့်ပေးခဲ့ပါသော ပညာရေးဝန်ကြီးဌာန Dept. of Technical and Vocational Education and Training Deputy Director General နှင့်တကွ ဌာနမှူးဆရာ၊ဆရာမများ၊ ကျောင်းသားလူငယ်များနှင့် မိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။


ဂ်ပန္နိုင္ငံ ပညာေရး၊ အားကစားႏွင့္ သိပၸံနည္းပညာ၀န္ႀကီးဌာန (MEXT) မွ အားေပးကူညီမႈျဖင့္ IMEX (Myanmar) Co., Ltd. (Original founder of Myanmar Yellow Pages) ႏွင့္ Okayama Institute of Science & Technology ၏ ကိုယ္စားျပဳ Giant Leap International Inc. တို႔ပူေပါင္းစီစဥ္ခဲ့သည့္ ဂ်ပန္ႏိုင္ငံတြင္ အဆင့္ျမင့္ အသက္ေမြး၀မ္းေၾကာင္း ပညာသင္ယူျခင္းႏွင့္ အလုပ္အကိုင္အခြင့္အလမ္းဆိုင္ရာေဟာေျပာပြဲ (SENMON GAKKO) ပြဲကို (၇.၁၂.၂၀၁၉) ရက္ စေနေန႔တြင္ Myanmar Engineering Council တြင္ ေအာင္ျမင္စြာက်င္းပၿပီးစီးခဲ့ၿပီး ျဖစ္ပါသည္။ ဤေဟာပြဲသို႔ တက္ေရာက္ခ်ီးျမင့္ေပးခဲ့ပါေသာ ပညာေရး၀န္ႀကီးဌာန Dept. of Technical and Vocational Education and Training Deputy Director General ႏွင့္တကြ ဌာနမွဴးဆရာ၊ဆရာမမ်ား၊ ေက်ာင္းသားလူငယ္မ်ားႏွင့္ မိတ္ေဆြမ်ားအားလံုးကို အထူးေက်းဇူးတင္ရွိပါသည္။

09/11/2019

တန္ေဆာင္မုန္း လျပည့္ေန႕တြင္ ျမတ္စြာဘုရားက အဇာတသတ္မင္းအား သာမည ဖလသုတၲန္ကို ေဟာၾကားေတာ္ မူေသာေန႔ျဖစ္ပါသည္။

10/10/2019

သီတင်းကျွတ် သည် မြန်မာပြက္ခဒိန်၏ ခုနစ်လမြောက် သန်တူ (သီတင်းကျွတ်)မှာ စက်တင်ဘာလ- အောက်တိုဘာလတွင် ကျရောက်ပါသည်။ သီတင်းကျွတ်လတွင် ၂၉ ရက်ရှိသည်။ ရက်မစုံသောလ ဖြစ်သည်။ 'သန်' သည် 'စပါးပင်' ကို ရည်ညွှန်းကာ 'တူ' သည် 'ထူ' ဖြစ်ပြီး “စပါးပင်များ ထူထူထောင်ထောင် ပေါက်ရောက်လျက် ရှိပြီ ”ဟုဆိုလိုပါသည်။ ထိုကဲ့သို့ အပင်များ အောင်မြင်သည့်အနေဖြင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပပြန်သည်။ ယခု သီတင်းကျွတ် ဟူသည့်အခေါ်အဝေါ်မှာ “ရဟန်းသံဃာများ ဝါဆိုကြခြင်းမှ ပြီးဆုံးပြီ” ဟူသောအဓိပ္ပာယ်ဖြင့် ပြောင်းလဲခေါ်ဝေါ်လာကြခြင်းဖြစ်သည်။ အထိမ်းအမှတ် ပန်းမှာ ကြာဖြူပန်း (Nymphaea lotus) ဖြစ်သည်။

သီတင်းကျွတ် ပွဲတော်သည် မြန်မာတို့၏ ရိုးရာပွဲတော်များတွင် ထူးခြားလေး နက်သောပွဲတော်ဖြစ် ၏။
သီတင်းကျွတ်လပြည့်နေ့သည် မြန်မာဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ် ဖြစ်ရခြင်းတွင် အကြောင်းရှိပါသည်။

ဗုဒ္ဓမြတ်စွာဘုရားသခင်သည် သက်တော်ထင်ရှား ရှိစဉ်က မယ်တော်ဖြစ်ခဲ့ဖူးသော နတ်သား ကို မွေးကျေး ဇူး ဆပ်သောအနေဖြင့် တရား ဟောရန် မယ်တော်နတ် သားရှိရာ တာဝတိံသာ နတ်ပြည်သို့တက်၍ ဝါတွင်းသုံးလပတ်လုံး မယ်တော်နတ်သား အမှူးပြုသော နတ်ဗြဟ္မာအပေါင်းအား အဘိဓမ္မာခုနစ် ကျမ်း ကို ဟော ကြားတော် မူသည်။

ထို့နောက် သီတင်းကျွတ်လပြည့်နေ့တွင် နတ်ပြည်မှ လူ့ပြည်သို့ ပြန် လည်ကြွချီတော်မူမည်ဟု မိန့်ကြားရာ သိကြားမင်း က ရွှေစောင်းတန်း ၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်း ဟူသော စောင်းတန်းသုံး သွယ် ဖန်ဆင်းပေး သည်။

မြတ်စွာဘုရားအား လူ့ပြည်ဖြစ်သော သင်္ကဿ နဂိုရ် ပြည်သူပြည်သားများသာမက သာဝတ္ထိပြည်၊ ဝေ သာလီပြည်၊ ရာဇဂြိုဟ်ပြည်၊ ဗာရာဏသီပြည်များ က တိုင်းသူပြည်သားများကပါ စုရုံးကြိုဆိုပူဇော်ကြသည်။

ဆွမ်း၊ ပန်း၊ ရေချမ်းများကပ်လှူသည့်အပြင် မီးရှူးမီးပန်းများ၊ ဆီမီးများထွန်းညှိပူဇော်ကြသည်။

ဤသည်ကို အကြောင်း ပြု၍ ဗုဒ္ဓဘာသာဝင်များသည် သီတင်းကျွတ်လပြည့်နေ့တွင် မီးထွန်းသဘင်ဆင်ယင်ကြခြင်းဖြစ်သည်။



သီတင္းကြ်တ္ သည္ ျမန္မာျပကၡဒိန္၏ ခုနစ္လေျမာက္ သန္တူ (သီတင္းကြ်တ္)မွာ စက္တင္ဘာလ- ေအာက္တိုဘာလတြင္ က်ေရာက္ပါသည္။ သီတင္းကြ်တ္လတြင္ ၂၉ ရက္ရွိသည္။ ရက္မစံုေသာလ ျဖစ္သည္။ 'သန္' သည္ 'စပါးပင္' ကို ရည္ညွြန္းကာ 'တူ' သည္ 'ထူ' ျဖစ္ျပီး “စပါးပင္မ်ား ထူထူေထာင္ေထာင္ ေပါက္ေရာက္လ်က္ ရွိျပီ ”ဟုဆိုလိုပါသည္။ ထိုကဲ့သို့ အပင္မ်ား ေအာင္ျမင္သည့္အေနျဖင့္ ေပ်ာ္ပြဲရွြင္ပြဲမ်ား က်င္းပျပန္သည္။ ယခု သီတင္းကြ်တ္ ဟူသည့္အေခၚအေဝၚမွာ “ရဟန္းသံဃာမ်ား ဝါဆိုျကျခင္းမွ ျပီးဆံုးျပီ” ဟူေသာအဓိပၸာယ္ျဖင့္ ေျပာင္းလဲေခၚေဝၚလာျကျခင္းျဖစ္သည္။ အထိမ္းအမွတ္ ပန္းမွာ ျကာျဖူပန္း (Nymphaea lotus) ျဖစ္သည္။

သီတင္းကၽြတ္ ပြဲေတာ္သည္ ျမန္မာတို႔၏ ရိုးရာပြဲေတာ္မ်ားတြင္ ထူးျခားေလး နက္ေသာပြဲေတာ္ျဖစ္ ၏။
သီတင္းကၽြတ္လျပည့္ေန႔သည္ ျမန္မာဗုဒၶဘာသာဝင္တို႔အတြက္ ေန႔ထူးေန႔ျမတ္ ျဖစ္ရျခင္းတြင္ အေၾကာင္းရွိပါသည္။

ဗုဒၶျမတ္စြာဘုရားသခင္သည္ သက္ေတာ္ထင္ရွား ရွိစဥ္က မယ္ေတာ္ျဖစ္ခဲ့ဖူးေသာ နတ္သား ကို ေမြးေက်း ဇူး ဆပ္ေသာအေနျဖင့္ တရား ေဟာရန္ မယ္ေတာ္နတ္ သားရွိရာ တာဝတႎသာ နတ္ျပည္သို႔တက္၍ ဝါတြင္းသုံးလပတ္လုံး မယ္ေတာ္နတ္သား အမႉးျပဳေသာ နတ္ျဗဟၼာအေပါင္းအား အဘိဓမၼာခုနစ္ က်မ္း ကို ေဟာ ၾကားေတာ္ မူသည္။

ထို႔ေနာက္ သီတင္းကၽြတ္လျပည့္ေန႔တြင္ နတ္ျပည္မွ လူ႔ျပည္သို႔ ျပန္ လည္ႂကြခ်ီေတာ္မူမည္ဟု မိန႔္ၾကားရာ သိၾကားမင္း က ေရႊေစာင္းတန္း ၊ ေငြေစာင္းတန္း၊ ပတၱျမားေစာင္းတန္း ဟူေသာ ေစာင္းတန္းသုံး သြယ္ ဖန္ဆင္းေပး သည္။

ျမတ္စြာဘုရားအား လူ႔ျပည္ျဖစ္ေသာ သကၤႆ နဂိုရ္ ျပည္သူျပည္သားမ်ားသာမက သာဝတၳိျပည္၊ ေဝ သာလီျပည္၊ ရာဇၿဂိဳဟ္ျပည္၊ ဗာရာဏသီျပည္မ်ား က တိုင္းသူျပည္သားမ်ားကပါ စု႐ုံးႀကိဳဆိုပူေဇာ္ၾကသည္။

ဆြမ္း၊ ပန္း၊ ေရခ်မ္းမ်ားကပ္လႉသည့္အျပင္ မီးရႉးမီးပန္းမ်ား၊ ဆီမီးမ်ားထြန္းညႇိပူေဇာ္ၾကသည္။

ဤသည္ကို အေၾကာင္း ျပဳ၍ ဗုဒၶဘာသာဝင္မ်ားသည္ သီတင္းကၽြတ္လျပည့္ေန႔တြင္ မီးထြန္းသဘင္ဆင္ယင္ၾကျခင္းျဖစ္သည္။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


365-367, 2nd Floor, Bogyoke Aung San Road, Top Of Bo Sun Pat Road, Pabedan Township
Yangon
11141

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 14:00