Min Myanmar Creative & Design
Design & Smart Card Printing Services
22/11/2021
၀၂၃ ခုနှစ်အတွက် အမေရိကန် DV lottery လျှောက်လွှာတွေကို မကြာခင်မှာပဲ စခေါ်တော့မှာနော်။ လျှောက်ထားခြင်တဲ့သူတွေ မေ့နေမှာစိုးလို့ အသိပေးတာ။ အမေရိကန် သံရုံးက တရားဝင်ကြေငြာတဲ့အချိန်ကျရင် နေ့ရက်တွေကို အတိအကျ ပြန်တင်ပေးမှာပါ။ ကိုယ်တိုင် လျှောက်လွှာတင်တတ်တဲ့သူများလည်း မိမိကိုယ်တိုင် အခမဲ့လျှောက်လွှာတင်လို့ရပါတယ်။ ဒါပေမဲ့ တင်ဖို့အခက်အခဲရှိတဲ့ မိတ်ဆွေတွေအတွက်ကတော့ လျှောက်လွှာ (၁) စောင် (တစ်ယောက်ခြင်း ဒါမှမဟုတ် မိသားစုလိုက်အတွက်) ကို ဝန်ဆောင်ခ အပြီးအစီး မြန်မာကျပ်ငွေ ၁၀,၀၀၀ နဲ့ အွန်လိုင်းကတဆင့် လျှောက်ထားပေးပါမယ်။ ဝန်ဆောင်ခကိုတော့ လိုအပ်တဲ့အချက်အလက်တွေ အကုန်လုံး စစ်ဆေးပြီးမှ ပြည့်စုံတဲ့အခါ စတင်လျှောက်လွှာတင်တဲ့အချိန်မှ ပေးချေရမှာဖြစ်ပါတယ်။ K Pay (သို့မဟုတ်) Wave Pay ကနေပေးချေလို့ရပါတယ်။
လျှောက်လွှာတင်ရမယ့်ရက်ကို တရားဝင်မကြေငြာသေးပေမဲ့လည်း လိုအပ်တဲ့အချက်အလက်တွေကို ကြိုတင်ပြင်ဆင်ထားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။
၁။ ၂” x ၂” (၂ လက်မ ပါတ်လည်) ရောင်စုံ ပါတ်စပို့ဓါတ်ပုံ
၂။ သက်တမ်းကျန်ရှိသေးတဲ့ နိုင်ငံကူးလက်မှတ် (ပါတ်စပို့) မိတ္တူ
၃။ မွေးဖွားရာ ဇာတိ
၎။ အိမ်ထောင်ရေးအခြေအနေ
၅။ ပညာအရည်အချင်း
၆။ အလုပ်အကိုင် (မရှိလည်းရပါတယ်)
၇။ ဆက်သွယ်ရန် ဖုန်းနံပါတ် နဲ့ အီးမေးလ် လိပ်စာ
၈။ လက်ရှိနေရပ်လိပ်စာ
(မိသားစုလိုက်လျှောက်ထားလိုသူများအတွက်ကတော့)
ဇနီး/ခင်ပွန်း၊ ၂၁ နှစ်အောက် သားသမီး (အရင်းများ) တစ်ဦးခြင်းစီရဲ့
၉။ နာမည်များ
၁၀။ မွေးသက္ကရာဇ်များ
၁၁။ မွေးဖွားရာဇာတိ
၁၂။ ဓါတ်ပုံများ
အစရှိတာတွေလိုပါတယ်နော်။
အသေးစိတ်သိလိုတာရှိရင် CB ဒါမှမဟုတ် viber ကနေလည်း တိုင်ပင်ဆွေးနွေးလို့ရပါတယ်။
Viber - +95 95063114
email - [email protected]
15/07/2021
အောက်စီဂျင်အိုး မရခင်စပ်ကြား ဒါမျိုးလေးတွေ လိုက်နာကျရင် အသက်ဆုံးရှုံးမှု နည်းသွားစေလို၍ ရေးလိုက်တာဖြစ်ပါတယ်။
Q; ရုတ်တရက် အောက်စီဂျင်ကျသွားရင် ဘာလုပ်ရမလဲ?
A; မှောက်လျက်နေပါ။ (ခေါင်းအုံးတွေကို ခေါင်းအောက်တစ်လုံး၊ ရင်ဘတ်အောက်နှစ်လုံး၊ ဆီးခုံအောက်နှစ်လုံး ၊ ခြေထောက်အောက်တစ်လုံး)
ဝမ်းလျားမှောက်တာက အောက်စီဂျင်လိုအပ်မှုကိုလျှော့ချပြီး အရေးပေါ်ဆေးရုံတက်ရခြင်းကိုလည်း လျော့ကျစေပါတယ်။
Q; မှောက်လျက်ဘာကြောင့်နေရသလဲ?
A; အသက်ရှူရလွယ်စေပြီး သက်သောင့်သက်သာရှိတဲ့အပြင် အောက်စီဂျင်ပမာဏကို ပြန်တက်စေပါတယ်။ လေအိတ်တွေကိုပွင့်စေပြီး အဆုတ်ရဲ့ အောက်ခြေနှင့်ကျောဘက်ပိုင်းတွေမှာ အောက်စီဂျင်ပြည့်လာစေပါတယ်။ ပက်လက်နေခြင်းက နှလုံးနှင့် ရင်ဝမ်းခြားကြွက်သားများရဲ့ ပိအားတွေရှိနေနိုင်တာကြောင့် အောက်စီဂျင် အရေးပေါ်လိုပြီဆိုရင် မှောက်လျက်နေပေးပါ။
(ARDS-Acute Respiratory Distress Syndrome မှာကော Covid-19 မှာကော မှောက်လျက်နေတာက effective ဖြစ်စေပါတယ်)
Q; ဘယ်လောက်ကြာအောင် မှောက်ရမလဲ?
A; မှောက်လျက် (၄)နာရီအိပ်နိုင်ပြီး (၁)နာရီနားနိုင်ပါတယ်။ တစ်နေ့လျှင် (၁၆)နာရီမှ (၁၈)နာရီ မှောက်ရင် အောက်စီဂျင် level သိသိသာသာတက်လာကြောင်း စာတမ်းတွေမှာ ဖော်ပြထားပါတယ်။
နိုးနေတဲ့အချိန်ဆိုရင် အောက်ပါလေးမျိုးကို ပြုလုပ်နိုင်သည်။
၁။ မှောက်ပါ။
၂။ ပြီးရင် ညာဘက်ကိုဘေးစောင်းပါ။
၃။ ပြီးရင် ၆၀°(သို့) ၉၀° မှီပြီးထိုင်ပါ။ (Fowler position)
၄။ ဘယ်ဘက်ကို စောင်းပါ။
ပုံစံတစ်မျိုးကို အနည်းဆုံးမိနစ် (၃၀) မှ အများဆုံး (၂)နာရီကြာပြုလုပ်နိုင်ပါတယ်။
Q;မှောက်လျက်နေစဉ် ဘာတွေသတိထားရမလဲ?
A; မှောက်နေစဉ် လေပြွန်တွေ ဖိမမိနေစေဖို့ သတိထားရပါမယ်။
တပ်ထားတဲ့ အောက်စီဂျင်ပိုက်သော်လည်းကောင်း၊ အခြားပိုက်များ ပြုတ်ထွက်မနေဖို့နှင့် ဖိမိ၊ ခေါက်မိ မနေဖို့ သတိထားရပါမယ်။
အချိန်ကြာစွာ မှောက်နေလျှင် ဖိမိနေသော အရေပြားများ နီခြင်း၊ ပြဲခြင်း ရှိမရှိ သတိထားဖို့လိုပါတယ်။
နှလုံးခုန်နှုန်းမမှန်တာတွေ၊ နှလုံးခုန်သံ ကမောက်ကမ ဖြစ်ရင် မှောက်နေတာမှ ရပ်ဖို့ လိုပါတယ်။
မျက်နှာနှင့် လေပြွန်များ ယောင်ယမ်းလာတာရှိမရှိ သတိထားဖို့လိုပါတယ်။
Q; ဘယ်သူတွေ မမှောက်သင့်ဘူးလဲ?
A; ၁။ ကိုယ်ဝန်ဆောင်များ (၂၄ပတ်ကျော်သော)၊
၂။ သွေးပြန်ကြော သွေးခဲတတ်သောရောဂါရှိသူများ (DVT)၊
၃။ နှလုံးရောဂါအခံရှိသူများ (major cardiac conditions)၊
၄။ အရိုးကျိုးထားပြီး တည်ငြိမ်မှုမရှိသေးဘဲ အဆင့်သင့်မဖြစ်သေးသူများ(လည်ပင်းရိုး၊ နံရိုး၊ ခါးရိုး၊ ပေါင်ရိုး၊ တင်ပဆုံရိုး)
တခြားအောက်စီဂျင်တက်စေနိုင်တဲ့ နည်းလမ်းများကတော့-
အသက်ရှူလေ့ကျင့်ခန်း (Deep Breathing exercise)၊
Yoga pranayama၊
လေကောင်းလေသန့်များများရှူခြင်း၊
ရေသောက်ခြင်း၊
Iron ဓာတ်ပေါကြွယ်သော အစားအသောက်များစားခြင်း၊
ပေါ့ပါးတဲ့လေ့ကျင့်ခန်းများလုပ်ခြင်း(light exercises) တို့ပဲဖြစ်ပါတယ်။
(Volunteer သွားဖူးသော Physiotherapist များရဲ့အကြံပြုချက်ရယ်၊ ကျွန်တော်လေ့လာထားသလောက်ရယ် တင်ပြတာဖြစ်လို့ လိုအပ်တယ်ဆိုရင် နားလည်ပေးကြပါ)
အောက်က link တွေမှာ တခြား Physiotherapist တွေရဲ့ ဆွေးနွေးချက်တွေရှိပါတယ်။ ဝင်ရောက်ကြည့်ရှုပေးပါဦး
https://m.facebook.com/story.php?story_fbid=2947505338801226&id=100006253658706
https://m.facebook.com/story.php?story_fbid=4091685140920563&id=100002373531764
https://m.facebook.com/story.php?story_fbid=525881435223080&id=100034036854167
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Tha Main Bayan Road
Yangon
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 18:00 |
| Sunday | 09:00 - 18:00 |