Shwe Kyee Bakery Yangon
1960, U Swel and Daw Than Ngwe founded, In 1975, opened a wholesale shop at Myatpar quarter in Mandalay.
07/04/2026
တန်ခူး ဂါရ၀လက်ဆောင်မွန် ရွှေကျီး သင်္ကြန်လက်ဆောင်မုန့်ဘူး 🎁
တန်ခူးလ ဘုန်းကြီးကျောင်းတက်ကြမည့် လူကြီးသူမများ၊
ဂါရ၀တရားနှင့် ထုံလွမ်းသည့်လဖြစ်တာကြောင့် လက်ဆောင်ပေးကြမည့်သူများအတွက်
ရုံးသမားများ နှစ်သစ်လက်ဆောင်အဖြစ် ပေးကြမလား …
💦 သင်္ကြန်အငွေ့အသက်များဖြင့် အမြင်လှ တင့်တယ်သည့်
🎁 ရွှေကျီး သကြန်မုန့်လက်ဆောင်များကို အခုပဲ ၀ယ်ယူလို့ရပြီဖြစ်ပါတယ်။
အသက်အရွယ်မျိုးစုံကြိုက်နှစ်သက်သည့် မုန့်အမျိူးအစားပေါင်း ၇ မျိုးတိိတိပါ၀င်ကာ အရေအတွက် ၃၂ ခုထိ ပါ၀င်တာကြောင့် 🍪 အကြိုက််တွေ့မှာ အသေအချာဖြစ်ပါတယ်။
အဆင့်အတန်းမြင့် 🎊 သေသပ်လှပသည့်
ထုပ်ပိုးမှုပုံစံရှိတာကြောင့် 🙏 ဂါရ၀ပြုလက်ဆောင်အဖြစ် မျက်နှာပန်းလှစေပါတယ်။
အရသာရှိကာ သန့်ရှင်းလတ်ဆတ်သည့် ရွှေကျီး သင်္ကြန်မုန့်များဖြင့် ရိုးရာသင်္ကြန်ကာလမှာ ဂါရဝပြုဖို့ အခုပဲ အော်ဒါတင်လိုက်တော့နော် 🙏
21/03/2026
ရွှေကျီးမုန့်တိုက်ရဲ့ နာမည်ကျော် ရွှေကျီးမုန့်ကြွပ်ဘယ်နှစ်မျိုးရှိလဲ ❓
ရွှေကျီးမုန့်တိုက်ဆိုတာနဲ့ လူအများမြင်မိစေတာ ရွှေးကျီး မုန့်ကြွပ်ဖြစ်သည်ထိ စားသုံးသူများ သဘောကျ နှစ်ခြိုက်ကြပါတယ်။
🫖 လက်ဖက်ရည်နှင့် တို့စားမလား …
☕️ ကော်ဖီနှင့် အတူတူ စားမလား …
🥛 နွားနို့နဲ့ သောက်မလား … အစပ်အဟပ်မိသည့် အရသာရှိ ကြွပ်ကြွပ်ရွရွ အဆာပြေမုန့်ဖြစ်ပါတယ်။
မြန်မာလူမျိုးလူကြီးပိုင်းများအတွက် ရိုးရာ အဆာပြေမုန့်ဖြစ်သလို
လူငယ််များအတွက် အဆာခံ အရသာရှိသည့် ရွှေကျီး မုန့်ကြွပ်တွေကို သင့်အနေဖြင့် အရသာအမျိုးမျိုး ရွေးချယ်၀ယ်ယူနိုင်တာသိပြီးပြီလား …
ရွှေကျီးထောပတ်မုန့်ကြွပ်ဝိုင်း 🧈
၂၀၀ ဂရမ်ပါ၀င်ပြီး အထားခံ အစားခံသည့် မုန့်ကြွပ်ဖြစ်ပါတယ်။ 🧈 ထောပတ်ရနံ့သင်းသင်းနှင့် အရသာအလွန်ရှိတာကြောင့် မိသားစုများအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။
သဲတောမုန့်ကြွပ် 🥠
နာမည်ကျော် သဲတောမုန့်ကြွပ်ဖြစ်ပါတယ်။ လူကြီးသူမများအကြိုက်ဖြစ်ပြီး အစားခံကာ ရိုးရာအရသာကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပါတယ်။
ရွှေလုံးမုန့်ကြွပ် 🥠
လက်ဆောင်ပေး မျက်နှာပန်းလှသလို ခပ်စိမ့်စိမ့်အရသာကြောင့် စားသုံးသူတိုင်းကို သဘောကျ နှစ်ခြိုက်စေပါတယ်။
ရွှေကျီး ထောပတ်မုန့်ကြွပ် 🧈
မနက်စာအတွက် အသင့်တော်ဆုံးပါ။
အဆာခံသလို ထောပတ်အရသာကဲထားတာ
ကြောင့် စားမြိန်စေပြီး မိသားစုဝင်တိုင်း ကြိုက်နှစ်သက်စေမှာ အသေအချာပါ။
🥖 မုန့်ချောင်းကြီး ( Roti- kok )
ရွှေကျီးမုန့်တိုက်ရဲ့ မုန့်ချောင်းကြီးကိုဝါးလိုက်ချိန်ထွက်လာသည့် ကြွပ်ရွမှုဟာ ဘာနဲ့မှ မလဲနိုင်ပါဘူး။ အဆာပြေသလို အစားခံပါတယ်။ အချိုလုံး၀မပါတာကြောင့် ဝိတ်လျော့နေသူများအတွက် အလွန်သင့်တော်ပါတယ်။
🧀 အစေ့စုံ ထောပတ်မုန့်ချောင်း
အခြားသောအစေ့အဆံ မုန့်ကြွပ်များဟာ ထောပတ်ဆီရွှဲနေပေမဲ့ ရွှေကျီးထောပတ်မုန့်ချောင်းကတော့ အချိုပေါ့ပါတယ််။ အရသာဆန်းဆန်း ရရှိစေရန် အစေ့စုံပါ၀င်သည့်အပြင် ထူးခြားချက်အနေဖြင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာသာလျင် ရရှိနိုင်သည့် “ငါးပေါက်ဆံ” ပါ၀င်ပါတယ်။ နှလုံး။ သွေးတိုး၊ ဆီးချိုသမားတွေပါ စားသုံးလို့ရသည့် ကိုယ်ခံအား စနစ်ကောင်းမွန်စေသည့် အခွံမာသီးဖြစ်ပါတယ်။ ဆိမ့်ဆိမ့် ကြွပ်ကြွပ်အရသာအပြင် ကျန်းမာရေးနှင့် သင့်တော်သည့် အစေ့အဆံများ ပါ၀င်သဖြင့် ကျန်းမာရေးလိုက်စားသူများ သဘောကျမှာ အသေအချာဖြစ်ပါတယ်။
သင့်အိမ်မှာ မိသားစု အဆာပြေမုန့်အဖြစ်ထားမလား။
🎊 လက်ဆောင်ပေးမလား။
ဧည်သည်များအတွက် တည်ခင်းဧည့်ခံဖို့လား …
အစားခံ ကြာကြာအထားခံတဲ့ ရွှေကျီးမုန့်ကြွပ်များကို ကြိုက်နှစ်သက်ရာ ရွေးချယ်လိုက်ပါနော်။
02/03/2026
"Romantic Packaging Contest" ရဲ့ ကံထူးရှင်တွေ ထွက်ပေါ်လာပါပြီ! 🎉💖
ရွှေကျီးမုန့်လေးတွေကို Packaging လှလှလေးတွေနဲ့ ဖန်တီးပုံဖော်ပေးခဲ့ကြတဲ့ တစ်ဦးချင်းစီတိုင်းကို "Shwe Kyee Bakery" မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။
🎉 စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ ယှဉ်ပြိုင်ခဲ့ကြတဲ့ထဲကမှ ကံထူးရှင် (၄)ဦးရွေးချယ်ပေးလိုက်ပါတယ်ရှင် ....
🏆 ပထမဆု (၁ သိန်းကျပ်) - Honey Honey
🥈 နှစ်သိမ့်ဆု (၅ သောင်းကျပ်) - Hnin Yu Shwe, Yadanar Thu, Ma A Khine Aye.
📌 ကံထူးရှင်များအနေနဲ့ မိမိတို့ရဲ့ ဆုငွေတွေကို ထုတ်ယူနိုင်ဖို့အတွက် Page Messenger မှာ အမည်၊ ဖုန်းနံပါတ်နဲ့အတူ အကြောင်းကြားပေးဖို့ မမေ့ပါနဲ့ဦးနော်။ 📌
ရှေ့ဆက်ပြီးတော့လည်း Shwe Kyee Bakery ရဲ့ အစီအစဉ်ကောင်းလေးတွေမှာ ပါဝင်ဖို့ စောင့်မျှော်ပေးကြပါဦးရှင်။ 🥨✨
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
No 89 , Ka Naung Prince Street , Ward 116, East Dagon Township
Yangon
095
Opening Hours
| Monday | 10:00 - 18:00 |
| Tuesday | 10:00 - 18:00 |
| Wednesday | 10:00 - 18:00 |
| Thursday | 10:00 - 18:00 |
| Friday | 10:00 - 18:00 |
| Saturday | 11:00 - 17:00 |