Zan Taw Win

Zan Taw Win

Share

Mental Health Hospital

28/12/2020

📌📌📌"2020 ရဲ့နောက်ဆုံးနှစ်ကူးအားလပ်ရက်ရာသီမှာ သင့်စိတ်ကျန်းမာရေး ပိုမိုတက်ကြွပြီးရွှင်လန်းဖို့
လုပ်ဆောင်သင့်တဲ့ အချက်များ " 📌📌📌

မင်္ဂလာပါ ကျွန်တော်ကတော့ Admin စျာန် ပါ...
ကျွန်တော်ကတော့ ဒီနေ့မှာ 2020 ရဲ့ နောက်ဆုံးနှစ်ကူးအားလပ်ရက်ရာသီမှာ သင့်စိတ်ကျန်းမာရေး ပိုမိုတက်ကြွပြီးရွှင်လန်းဖို့ လုပ်ဆောင်သင့်တဲ့ အချက်များကိုပြောပြပေးသွားမှာဖြစ်ပါတယ် ခင်ဗျာ....။

ကျွန်တော်တို့တွေမှာ နှစ်တစ်နှစ်ရဲ့အကောင်းဆုံးအပျော်ဆုံးအချိန်တွေဆိုတာရှိကြစမြဲပါ။ဒါဆို အခု 2020 ကျတော့ရော??? 🤔

ဟုတ်ကဲ့ အားလုံးလည်းသိပြီးသားဖြစ်တဲ့
တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားနေတဲ့ Covid 19 ကြောင့် အခုဆိုရင် ကျွန်တော်တို့ ဆင်နွှဲနေကြ ပွဲတော်ချိန်ခါတွေဟာ အရင်နှစ်တွေ အရင်အချိန်တွေကလို မဟုတ်တော့တာအသေချာပါပဲခင်ဗျာ။
အဲ့ဒါကြောင့် အခုလိုနှစ်သစ်ကူးပြောင်း ကာလလေး အေးချမ်းတဲ့ဒီဇင်ဘာလလေးမှာ ကျန်းမာရေးလည်းဂရုစိုက်ပြီး စိတ်ကျန်းမာပျော်ရွှင်စွာနဲ့ ဒီအချိန်အခါလေးကို ဘယ်လိုအဖိုးတန်စွာ ဖြတ်သန်းသွားကြမလဲဆိုတာကို
ပြောပြပေးသွားပါမယ်ခင်ဗျာ။

1. ဒီနှစ်ဟာ အခြားနှစ်တွေလိုမဟုတ်တာကို အသိမှတ်ပြုလက်ခံပါ။ 🙂🙂🙂
2020 ကာလဟာ အရင်နှစ်တွေလိုပဲ ကုန်ဆုံးတော့မှာပါ။ ဒါပေမယ့် မတူညီတဲ့ အပြောင်းလဲများနှင့်မိမိဖြတ်ကျော်နိုင်ခဲ့တယ် ဆိုတာကိုအသိအမှတ်ပြုလက်ခံပါ။ ဖြစ်ပျက်နေတဲ့ အမှန်တရားကိုလက်ခံပြီး အကောင်းဆုံးပြောင်းလဲနေထိုင်ခြင်းဟာ ဖြစ်ပေါ်လာတဲ့ အခုလို covidကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေကိုလက်ခံနိုင်လာတယ်လို့ "Kroska and Colleagues" ကပြုလုပ်တဲ့စစ်တမ်းတွေအရသိရပါတယ်ခင်ဗျာ။
ကိုယ်ထင်ထားသလိုပျော်ရွှင်မှုတွေ ဒီနှစ်မှာ အကောင်ထညိမဖော်လိုက်ရပေမယ့် အခြားရွေးချယ်စရာတွေရှိနေသေးတာပဲလို့ အသိမှတ်ပြုပါ။ ဥပမာ- နှစ်ကူးပိတ်ရက်မှာ မိသားစုနဲ့ခရီးအတူတူထွက်ဖို့ အဆင်မပြေပေမယ့် အိမ်မှာမိသားစုနဲ့အတူတူနေထိုင်ပြီး အချိန်ပိုပေးလိုက်တာမျိုးလေးတွေကိုလုပ်လို့ရသေးကြောင်း လက်ခံပေးပါ။ဒီလိုလက်ခံအသိမှတ်ပြုလိုက်ခြင်းဖြင့် သင်လည်း ချစ်ခင်ရသူတွေအတွက် လုပ်ဆောင်ပေးနိုင်မယ့် စိတ်ကူးအသစ်တွေရလာနိုင်မှာဖြစ်ပါတယ်။

2.ကျန်းမာရေးအတွက် ပိုရင်းနှီးမြုပ်နှံမယ်။ 🥗⛹️‍♂️🏊‍♂️🚴‍♀️
ငါကတော့ ဒီနှစ်ကူးပိတ်ရက်မှာ ဘာလုပ်မယ် ဘယ်သွားမယ်ဆိုတာတွေဟာ သင့် calendar ပေါ်မှာပြည့်နေခဲ့ဖူးမှာပါ။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ သင့်ရဲ့လူမှုရေးဆိုင်ရာ ချိန်းဆိုမှုတွေ ၊ စျေးဝယ်ထွက်တာတွေ ၊ ခရီးသွားတာတွေဟာ ပြက္ခဒိန်ပေါ်မှာ လျော့နည်းသွားပြီဖြစ်ပါတယ်။ အစားထိုးအနေနဲ့ ကျွန်တော်တို့ ပိတ်ရက်လေးတွေမှာ မိမိခန္ဓာကိုယ်နှင့် စိတ်လေးကို ပိုဂရုစိုက်ကြမယ်။ မိသားစုနဲ့ချစ်ခင်ရသူတွေကို အာဟာရရှိတာတွေ ချက်ပြုတ်ကျွေးမယ် ။ ကိုယ်ကာယလေ့ကျင့်ခန်းတွေလုပ်ပြီး ကျန်းမာအောင်နေမယ်။ နှစ်သစ်မှာ အရင်ထက်ပိုပီး Fit and Healthy ဖြစ်အောင်နေမယ်လို့ goal လေးထားပြီး လုပ်ဆောင်ကြည့်ကြမယ်ဆိုရင်ရောဂါဆိုးတွေကို ခုခံကာကွယ်ဖို့အတွက် ကျန်းမာတဲ့ စိတ်နဲ့ခန္ဓာကိုယ်ကသင်နဲ့အတူ ရယ်ဒီဖြစ်နေမှာပါ ခင်ဗျာ။

3. ပျော်ရွှင်မှုဆိုတာ တစ်သတ်မှတ်တည်းမဟုတ်ပါ။🕺🏼👨‍👩‍👧‍👦🏡
ဒီနှစ်ထဲမှာ ကျွန်တော်တို့တွေသာမက ကမ္ဘာအနှံ့အပြားမှာ ကိုဗစ် ကြောင့် အဖက်ဖက်က ဆုံးရှုံးမှုတွေကို ခံစားခဲ့ကြရပြီးဖြစ်ပါတယ်။ ဒါကြောင့် အခုလိုနှစ်သစ်ကူးပွဲတော်ကာလလေးမှာတော့ စိတ်ညစ်ညူးမနေဘဲ မိမိစိတ်ကိုပျော်ရွှင်လန်းဆန်းစေမယ့် အရာတွေက်ုရှာဖွေရင်း နှစ်သစ်ကိုကူးပြောင်းပါ။ တကယ်လို့ သင်ဟာ လူအများကြီးနဲ့ပွဲတော်ပါတီတွေဆင်နွှဲရတာ ကြိုက်တဲ့သူဆိုရင် မိမိအိမ်မှာပဲ မိသားစုဝင်တွေ ချစ်ရသူတွေနဲ့ အသေးစားပါတီလေးတွေနွေးထွေးစွာပြုလုပ်နိုင်ပါသေးတယ်။ခင်မင်ရင်းနှီးတဲ့မိတ်ဆွေအနည်းကျဉ်းလောက်နဲ့ ချက်ပြုတ်စားသောက်လို့ရပါသေးတယ်။ ဒီနှစ်ကူးလေးမှာ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူတူ မကဲရ မပျော်ရရင်တောင်မှ ကိုယ်နိုင်သလောက်လေးတွေစုပြီး လိုအပ်တဲ့နေရာလေးတွေကို လှူဒါန်းပြီး အမှတ်တရလေးတွေကိုပြုလုပ်နိုင်ပါသေးတယ်။ ဒါကြောင့် မှိုင်တွေမနေပါနဲ့...ပျော်ရွှင်ခြင်းဟာ သင့်အနီးနားမှာ ပုံံစံအမျိုးမျိုးနဲ့ရှိနေပါတယ်။စိတ်နှလုံးသားကိုပျော်ရွှင်ခွင့်ပေးလိုက်ပါ။

4. အခုချိန်ဟာ နည်းပညာတွေကိုအသုံးချရမယ့် အချိန်ကောင်းပါ။📱📲💻⌨️🖥📞☎️
မိမိချစ်ရတဲ့သူတွေဟာ ရပ်ဝေးရောက်နေပေမယ့် နှစ်ကူးအချိန်ဆို အိမ်ရောက်အောင်ပြန်လာကြ မိသားစုတွေစုံလင်ရတာပျော်စရာအလေ့အထလေးပါပဲ။ အခုလိုအခြေနေမှာ ပြန်လာဖို့ခက်ခဲလို့ အတူတူမရှိရလို့ စိတ်ညစ်နေမယ့်အစား နည်းပညာတွေကို အသုံးချပြီး Quality Time လေးတွေဖန်တီးကြရအောင်ပါ။ "Center for Humane Technology “ website ကထုတ်ပြန်ချက်အရ က်ုဗစ်ကာလတွေမှာ လူသားတွေ ခံစားရတဲ့ စိတ်ဖိစီးမှုတွေနဲ့ အထီးကျန်မှုတွေကို Technology လို့ခေါ်တဲ့ နည်းပညာတွေအသုံးပြုပီး ရင်းနှီးဆက်သွယ်မှုတွေပြုလုပ်ကြခြင်းဖြင့် ထိုစိတ်ဖိစီးမှုတွေကို လျော့နည်းလျော့ကျစေနိုင်ခဲ့တယ်လို့ ကြားသိရပါတယ်။

နှစ်ကူးညလေးမှာ ....
ချစ်ရသူတွေနှင့်အတူတူမရှိနိုင်ရင်တောင်မှ
ညစာအတူတူစားဖို့ ဗီဒီယိုကော(video call) လေးဖြစ်ဖြစ် ၊ New Year ဆုတောင်းလေးတွေပြောဖို့ ဖုန်းခေါ်ဆိုမှုလေးတွေဖြစ်ဖြစ်လုပ်ဖို့ မမေ့ကြဖို့ ပြောချင်ပါတယ်ခင်ဗျာ။

☝️☝️☝️အပေါ်မှာပြောပြပေးသွားတဲ့ အချက်လေးတွေကို ကျွန်တော်တို့အတူ လိုက်ပါလုပ်ဆောင်ရင်းနဲ့ 2021 ကိုကူးပြောင်းတော့မယ့် နှစ်သစ်အချိန်ခါကာလလေးမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာနှင့် ပျော်စရာအချိန်လေးများကို ဖြတ်သန်းပိုင်ဆိုင်နိုင်ကြပါစေလို့
စျာန်တော်ဝင်ဆေးရုံ မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ...။

❤️Hope , Recovery , Well being ❤️

26/08/2019

Dementia. သူငယ်ပြန်ရောဂါ

**********

Dementia. သူငယ်ပြန်ရောဂါ ဆိုသည်မှာ အကြမ်းအားဖြင့် စိတ်ပိုင်းဆိုင်ရာနှင့် ဦးနှောက်အာရုံကြောများ၏ စွမ်းဆောင်ရည်ကျဆင်းပြီး နေ့စဉ် လုပ်ငန်းဆောင်တာများတွင် အရည်သွေးကျဆင်းခြင်းကို ခေါ်ခြင်းဖြစ်ပါသည်။ သူငယ်ပြန်ရောဂါသည် ရောဂါ လက္ခဏာ ပေါင်းများစွာ စုစီးနေသော ဝေဒနာစုကြီး တစ်ရပ်ဖြစ်သည်။ အထင်ရှားဆုံး လက္ခဏာမှာ မှတ်ဥာဏ်ချွတ်ယွင်းခြင်းဖြစ်သည်။ အစပိုင်းတွင် လတ်တလော မှတ်ဥာဏ်များ အရင်ဆုံးရှုံးသော်လည်းကာလကြာရှည် က မှတ်ထားသော မှတ်ဥာဏ်များ အကောင်းတိုင်းရှိနေတတ်သည်။ ဥပမာ ထမင်းစားပီး ရေချိုးပီးသည်ကိုမေ့နေတတ်သော်လည်း ငယ်စဉ်က အဖြစ်ပျက်များကို မှတ်မိနေတတ်သည်။ ရောဂါပိုဆိုးလာသောအခါ မှတ်ဥာဏ် များ ပို၍ချွတ်ယွင်းလာပြီး ဘာမှ မမှတ်မိပဲ ဖြစ်သွားတတ်သည်။ စဉ်းစား ဆင်ခြင်မှု ၊ ကိုယ်ရည်ကိုယ်သွေးတို့ကိုလဲ ထိခိုက်စေ တတ်သည်။ နေ့စဉ်လုပ်ငန်းဆောင်တာများကိုမဆောင်ရွက်နိုင်တော့သည်အထိပြင်းထန်လာတတ်သည်။ အမူအရာများ.ပြောင်းလဲလာသည်၊ တစ်ခါတစ်ရံတွင် ဒေါသအကြိးကျယ်ပေါက်ကွဲလာတတ်သည်။ နောက်ပိုင်းတွင် စကားပြောရာတွင်အခက်ခဲဖစ်လာခြင်း တို့်ပါဖြစ်လာနိုင်သည်။ ကိုယ်ရည်ကိုယ်သွေးပါ ပြောင်းလဲ လာတတ်သည်။ စိတ်မတည်ငြိမ်ပဲ ခနခန ပြောင်းလဲလာတတ်သည်။ မရှိသည့်အရာများမြင်ခြင်း အသံများ ကြားနေခြင်း၊ တို့လဲ ဖြစ်တတ်သည်။

အထက်ပါကဲ့သို့ လက္ခဏာ များဖြစ်ပေါ်နေပါကျွမ်းကျင်သော အထူးကုဆရာဝန်များ နှင့်သေချာစွာ ကုသ သင့်ပါသည်။
#သင်နှင့် မိတ်ဆွေ အသိုင်းအဝိုင်း များတွင် မူးယစ်ဆေးစွဲ ၊ အရက်စွဲ ၊ စိတ်ရောဂါ အမျိုးမျိုး ခံစားနေရလျှင် ခံစားရသည်ဟု သံသယ ရှိလျှင် ၊ ကျွမ်းကျင်သော အထူးကုဆရာဝန်များ ဦးစီးကုသပေးနေသော ဈာန်တော်ဝင်ဆေးခန်းသို့ ကြွလှမ်းခဲ့ကြပါ။

25/08/2019

Specific Phobia အကြောက်လွန်စိတ်ရောဂါ

အမေရိကန်နိုင်ငံ၏ လူဦးရေ ဆယ်ပုံတစ်ပုံခန့်တွင် အကြောက်လွန်ရောဂါ စွဲကပ်နေတတ်သည်။
သင်နှင့် သင့်ပတ်ဝန်းကျင်ရှိ လူများတွင်လဲ ဤ ဝေဒနာရှိနေနိုင်ပါသည်။
အကြောက်လွန်စိတ်ရောဂါဆိုသည်မှာ
အခြေနေတခုသို့မဟုတ်၊ သက်ရှိအရာတစ်ခုခု ၊ သက်မဲ့ပစ္စည်းတစ်ခုခုကို ကြောက်သင့်သည်ထက်ပို၍ အလွန်အကြူးကြောက်နေခြင်း ဖြစ်သည်။ ဥပမာ အားဖြင့်
ပင့်ကူ၊ ကြောင် ၊ လေယာဉ် စီးခြင်း၊ အမြင့်ကြောက်ခြင်း အစရှိသည်တို့ဖြစ်သည်။
ထိုအရာသို့အဟုတ်အခြေနေကို အမြဲကြောက်နေခြင်း
တတ်နိုင်သမျှရှောင်ကြဉ်သွားခြင်း၊
အကြောက်လွန်နေသော အရာ.သည်အမှန်တကယ်တွင် ကြောက်နေသလောက် အန္တရာယ်မရှိခြင်း၊ သို့မဟုတ် ကြောက်သင့်သည်ထက် လွန်ကျူးစွာ ကြောက်နေမိတတ်ခြင်း။
ဝေဒနာရှင်သည် ကြောက်သင့်သည့်အရာမဟုတ်ပဲ လွန်ကျူးစွာကြောက်နေမိလျှင် မိမိ၏ လုပ်ငန်းများကို အနှောင့်အယှက် ဖြစ်လာနိုင်သဖြင့် ကုသမှု ရယူရန် လိုအပ်ပါသည်။

#သင်နှင့် မိတ်ဆွေ အသိုင်းအဝိုင်း များတွင် မူးယစ်ဆေးစွဲ ၊ အရက်စွဲ ၊ စိတ်ရောဂါ အမျိုးမျိုး ခံစားနေရလျှင် ခံစားရသည်ဟု သံသယ ရှိလျှင် ၊ ကျွမ်းကျင်သော အထူးကုဆရာဝန်များ ဦးစီးကုသပေးနေသော ဈာန်တော်ဝင်ဆေးခန်းသို့ ကြွလှမ်းခဲ့ကြပါ။

Photos from Zan Taw Win's post 25/08/2019

ဆေးခြောက်သုံးစွဲခြင်းကြောင့်ဖြစ်လာနိုင်သော ဆိုးကျိုးဆက်များ စိတ်ရောဂါများ

ဆေးခြောကိသုံးစွဲခြင်းဖြင့် ဆိုးရွားသော စိတ်ရောဂါအမျိုးမျိုးကိုဖြစ်ပေါ်စေသည်။.ဖြစ်ပေါ်လာသော စိတ်ရောဂါများ တွင် လက္ခဏာပေါင်း မြောက်မြားစွာရှိနေတတ်သည် ။ အဓိက အားဖြင့် ဆေးခြောက်သုံးသူများသည် ပြင်ပ အစစ်အမှန်လောကနှင့် တဖြည်းဖြည်းနဲ့ ကင်းကွာလာတတ်သည်။ပြင်ပလောက အစစ်အမှန်ကို လက်မခံနိုင်ပဲ စိတ်ကူးအစစ်အမှန်မဟုတ်သော အရာများထဲ နစ်မွန်းလာတတ်သည်။

ဆေးခြောက်သုံးစွဲသော သူတွင် စိတ်ရောဂါများ.ဖြစ်ပေါ်လာပါက အောက်ပါ လက္ခဏာများ ရှိနေနိုင်ပါသည်။ စိတ်နေမြင့်ခြင်း၊ ဘဝင်မြင့်ခြင်း၊ မိမိကိုယ်သာ အရေးပါသည်ဟုထင်နေခြင်း ၊ မိမိ စွမ်းဆောင်ရည်ကို အလွန်ကျူး ပိုတွက်ခြင်း၊ တို့ကြောင့် ဘဝင်မြင့်လွန်စိတ်ရောဂါပုံမျိုးတွေ့ရတတ်သည်။ ထိုမျှသာမကပဲ သံသယလွန်ကဲလာခြင်း၊ မိမိကို အန္တရာယ်ပြုမည့်သူများရှိနေသည်ဟူ ထင်မြင်ခြင်းများလဲရှိတတ်သည်။.မရှိသောအရာများကိုမြင်ခြင်း တကယ်မရှိသော အသံများ ကြားခြင်းတို့လဲ ဖြစ်တတ်ပါသည်။ ဆေးခြောက်သည် စိတ်ကစဥ့်ကလျားရောဂါ schizophrenia ဖြစ်ရန်လဲအားပေးသည်၊ ထို့ကြောင့် ဆေးခြောက် စွဲနေလျှင်အမြန်ဖြတ်ရန် လိုအပ်ပါသည်။

#သင်နှင့် မိတ်ဆွေ အသိုင်းအဝိုင်း များတွင် မူးယစ်ဆေးစွဲ ၊ အရက်စွဲ ၊ စိတ်ရောဂါ အမျိုးမျိုး ခံစားနေရလျှင် ခံစားရသည်ဟု သံသယ ရှိလျှင် ၊ ကျွမ်းကျင်သော အထူးကုဆရာဝန်များ ဦးစီးကုသပေးနေသော ဈာန်တော်ဝင်ဆေးခန်းသို့ ကြွလှမ်းခဲ့ကြပါ။

Photos from Zan Taw Win's post 23/08/2019

သင်မူးယစ်ဆေး သို့ အရက် စွဲနေပြီလား ????

သင်.သို့မဟုတ် သင်ချစ်သော ဆွေမျိုး မိတ်ဆွေ တစ်ဦးဦး အရက် မူးယစ်ဆေး စသည်များကို စွဲလမ်းနေပြီလား????

သို့မဟုတ် ငါကပျင်းလို့ သုံးတာ သောက်တာပါ ဖြတ်ချင်ရင် အချိန်မရွေးပါပဲ လို့ ကို့ကိုယ်ကို ဆင်ခြေပေးပီး ဆက်သုံးနေမိလား????

***********
အောက်ပါ အချက်များနှင့် မိမိဘာသာ တိုက်ဆိုင်စစ်ဆေးကြည့်ပီး စွဲလမ်းမှု ဖြစ်နေလား.မဖြစ်ဘူးလား ဆုံးဖြတ်နိုင်သည်။

အောက်ပါ အချက်များ တော်တော်များများက မိမိနှင့်တူနေပြီဆိုလျှင် ဆေး/အရက် စွဲလမ်းနေပြီဖြစ်သဖြင့် အမြန်ကုသမှု ခံယူရန် လို အပ်ပါသည်။
မူးယစ်ဆေး သို့မဟုတ် ဆေးဝါးများကို စွဲခြင်း မှားယွင်းစွာ သုံးစွဲခြင်းတို့သည် ယနေ့ခေတ်တွင် အလွန် များပြားစွာ.ဖြစ်လာသော လူမှုရေး ပြသနာတစ်ခုဖြစ်သည်။ မိမိကိုယ်တိုင် သို့မဟုတ် မိမိဆွေမျိုးသားချင်းတို့တွင် ဆေးစွဲသော လက္ခဏာများ ရှိမရှိ အမြဲ စစ်ဆေးနေရန်လို အပ်သည်၊ အထူးသဖြင့် မိသားစုဝင် လူငယ်များ အနေဖြင့် မူးယစ်ဆေးစွဲ နေသည်ဟု ထင်မြင် ယူဆပါက ဆေးရုံဆေးခန်းများတွင် တတ်ကျွမ်းသော စိတ်ကျန်းမာရေး ဆရာဝန်များနှင့် အမြန်ဆုံးကုသရန်လိုအပ်သည်။ မူးယစ်ဆေး စွဲသော လက္ခဏာများအနက် အောက်ပါ လက္ခဏာများ ရှိမရှိ စစ်ဆေးကြည့်ရန်လိုအပ်ပါသည်။

မူးယစ်ဆေး သို့မဟုတ် တားမြစ်ဆေးဝါးများကို ထပ်တလဲလဲ အသုံးပြုလိုနေခြင်း
မူးယစ်ဆေး သို့မဟုတ် တားမြစ်ဆေးဝါးများကို မသုံးစွဲမိစေရန် မထိန်းချုပ်နိုင်တော့ခြင်း
ဆေးမသုံးရလျှင် ယင်းထသည့် လက္ခဏာများ ဖြစ်ပေါ်လာတတ်ခြင်း
သုံးနေကျ ဆေးပမာဏထက် တစ်စတစ်စ ပိုများပြားသော ဆေးများ လိုအပ်လာတတ်ခြင်း
တခြားအရာများကို စိတ်မဝင်စားတော့ပဲ မူးယစ်ဆေးကိုသာ စိတ်ဝင်စားနေခြင်း
အန္တရာယ်ရှိလာမှန်း မိမိဘာသာ သိလာသည့်တိုင်အောင် မူးယစ်ဆေးကို ဆက်လက် သုံးမိနေတတ်ခြင်း

အရက်သောက်သုံးသူများတွင်မနက်မိုးလင်းက စသောက်နေတတ်ခြင်း
ညကလွန်သွား၍ မနက်တွင်ပြန်ဖြေတတ်ရခြင်း
အရက်ဖြတ်ရန်လို လာပြီဟု မိမိဘာသာ ထင်မြင်လာတတ်ခြင်း
အရက်သောက်နေခြင်းကို အပြစ်တစ်ခုဟု ခံစားလာရခြင်း
အရက်ကြောင့်ကျန်လူမှုရေးကိစ္စများ လစ်ဟင်းလာခြင်း
အရက်ကိုသာ စိတ်ဝင်စားနေခြင်း
အရက်ကြောင့် ကျန်းမာ ရေးထိခိုက်လာခြင်း

အထက်ပါ အခြေအနေများ ဖြစ်ပေါ်တွေ့ရှိပါက အမြန်ဆုံးကု သမှူ ရယူရန်လိုအပ်ပါသည်။

#သင်နှင့် မိတ်ဆွေ အသိုင်းအဝိုင်း များတွင် မူးယစ်ဆေးစွဲ ၊ အရက်စွဲ ၊ စိတ်ရောဂါ အမျိုးမျိုး ခံစားနေရလျှင် ခံစားရသည်ဟု သံသယ ရှိလျှင် ၊ ကျွမ်းကျင်သော အထူးကုဆရာဝန်များ ဦးစီးကုသပေးနေသော ဈာန်တော်ဝင်ဆေးခန်းသို့ ကြွလှမ်းခဲ့ကြပါ။

Photos from Zan Taw Win's post 23/08/2019

မူးယစ်ဆေးဆိုသည်မှာ အပိုင်းခြောက်
မူးယစ်ဆေးနှင့် စိတ်ရောဂါအမျိုးမျိုး

စိတ်ကြွ ရူးသွတ်ဆေးပြား ခေါ် အသီး ခေါ် WY ခေါ် Amphetamine သုံးစွဲရာမှ ဖြစ်ပေါ်လာနိုင်သော စိတ်ရောဂါများ

Wy ခေါ် မြင်းဆေး ခေါ် ရာမညခေါ် စိတ်ကြွရူးသွတ်ဆေးပြားများသည် စိတ်ရောဂါဝေဒနာများစွာဖြင့် စပ်ဆက်နေပါသည်။ ဆေးစတင်သုံးစွဲချိန်တွင် တက်ကြွ၍ အလုပ်လုပ်ချင်စိတ်များခြင်း၊ ညမအိပ်ချင်ပဲ မိုးလင်းပေါက်နေခြင်း၊.အစာ စားချင်စိတ်မရှိခြင်းတို့ တွေ့ရသည်။ ထို့အပြင် စိတ်နေမြင့်ခြင်း၊ မိမိဘာလုပ်လုပ် အောင်မြင်ဖို့ သေချာတယ်ဟု ထင်နေခြင်းများလဲရှိလာတတ်သည်၊ နောက်ပိုင်းတွင် စိတ်ရောဂါများ စတင်ဖြစ်ပေါ်လာတတ်သည်။ ဖြစ်ပေါ်ချိန်သည် တစ်ဦးနဲ့တစ်ဦး မသိမသာ ကွာတတ်သည်။ အစပိုင်းတွင် စိတ်နေစိတ်ထား ကိုယ် အမူအရာ ကြမ်းတမ်းခြင်း၊ သံသယစိတ်များခြင်း ၊ ညမအိပ်ခြင်းတို့ ဖြစ်နေတတ်သည်။ စိတ်ဝေဒနာများ စတင်ခံစားလာရပါက အာရုံမှားများ မြင်ခြင်း ကြားခြင်း မရှိသော.အရာများ သရဲတစ္ဆေတို့ကို တွေ့ခြင်း၊ မရှိသော အသံများ ကြားခြင်း ၊ မကောင်းသော အသံများကြားခြင်း တို့ဖြစ်ပေါ်လာသည်။ ထိုမျှသာမကပဲ သံသယလွန်ကဲသော စိတ်ရောဂါလဲ ဖြစ်လာတတ်သည်။ ထိုအခါတွင် မိမိကို တခြား လူက မကောင်းကြံနေသည်ဟု ထင်မြင်ယူဆတတ်သည်။ ထိုမျှသာမကပဲ မိမိ၏ ဇနီး ၊ လင်၊ ချစ်သူ သည်ဖောက်ပြန်နေသည် ဟု ထင်မှားတတ်သည်။ ထိုသို့သော အထင်မှားခြင်းတို့သည် မည်မျှသက်သေ ခိုင်လုံစွာရှင်းပြစေကာမှူဝေဒနာရှင်သည် လက်မခံတတ် မယုံတတ်ပေ။ပိုမို ဆိုးဝါးကြမ်းတမ်းလာသည်နှင့်အမျှ အခြားသူများကိုရန်ရှာခြင်း ၊ မိမိကိုယ်ကို ဒဏ်ရာရစေခြင်း ပစ္စည်းများ.ဖျက်ဆီးခြင်း တို့ပြုတတ်ပါသည်။

#သင်နှင့် မိတ်ဆွေ အသိုင်းအဝိုင်း များတွင် မူးယစ်ဆေးစွဲ ၊ အရက်စွဲ ၊ စိတ်ရောဂါ အမျိုးမျိုး ခံစားနေရလျှင် ခံစားရသည်ဟု သံသယ ရှိလျှင် ၊ ကျွမ်းကျင်သော အထူးကုဆရာဝန်များ ဦးစီးကုသပေးနေသော ဈာန်တော်ဝင်ဆေးခန်းသို့ ကြွလှမ်းခဲ့ကြပါ။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon
11451