Toe Tet Yae - Success Club
Book Store & Book Selling
လူတစ်ချို့က
လွယ်လွယ်နဲ့ရရင်
ကျေးဇူးတင်ရမှန်း
မသိသလို
တန်ဖိုးထားရမှန်းလည်း
မသိကြဘူး
ဒါကြောင့်
လွယ်လွယ်လေးနဲ့
ဘယ်အရာကိုမှ
အလကား
မပေးမိပါစေနဲ့။
ှင်ဇဝန(ရွှေကုန်းမြေ)
#စာပေ #စာအုပ်
#တိုးတက်ရေး
ဥပေက္ခာ နှင့် တန်ဖိုး
သင်...အကောင်ဆုံးတွေ လုပ်ပေးခဲ့တာတောင်မှ
ကိုယ့်ကို အကောင်းမမြင်တဲ့ သူကို
ဥပေက္ခာဆိုတဲ့ အရသာ ပေးခဲ့လိုက်ပါ။
ကိုယ့်လောက် ဘယ်သူမှကောင်းဖို့မလွယ်အောင်
အစွမ်းကုန်ကောင်းခဲ့တာကို တန်ဖိုးမထားဘူးဆိုရင်
ဝမ်းနည်းနေမယ့်အစား မေ့ပျောက်နိုင်အောင်
ကြိုးစားပါ။
ကိုယ့်လောက် သူ့အပေါ်ကို အကောင်းဆုံး
နားလည်ပေးပြီး တန်ဖိုးထားပေးခဲ့တာတောင်မှ
တန်ဖိုးမထားတတ်ဘူးဆိုရင် ဖက်တွယ်မနေသင့်ပါ။
တစ်ခါတလေမှာ ကိုယ်က ဘယ်လောက်ပဲ
ကောင်းတာတွေပေးပေး တန်ဖိုးသိသူနဲ့သာ
တန်ဖိုးမြင့်မားလာတာမျိုးပါ။
တစ်ခါတလေကျတော့လည်း
သူတောင်းစားဆိုတာ နန်းတော်မှာမပျော်တတ်သလို
ဝက်မြှီးဆိုတာကလည်း မရရအောင်ဖြောင့်နေလို့
ရတဲ့ အရာမျိုးမဟုတ်ဘူးလေ
သင်...အကောင်းဆုံး ၊ အတတ်နိုင်ဆုံး
တန်ဖိုးထားပြီး နားလည်မှုတွေ ပေးနေပါလျက်နဲ့
တန်ဖိုးမထားသူကို " ဥပေက္ခာ " ပြုနိုင်အောင်
ကြိုးစားပါ။
အကယ်၍...
မပြတ်သားနိုင်ဘူးဆိုရင် သေချာပါတယ်
သင့်တန်ဖိုးလည်း အလကားဖြစ်သွားနိုင်သလို
နာကျင်မှုကလည်း အဆမတန်ပါပဲ။
စာပေချစ်သူများသို့....
အောင်မြင်မှုဟာ အလွယ်တကူ ရတဲ့ အရာမဟုတ်ပါဘူး။
စနစ်တကျ သေချာ ကြိုးစားမှ ရရှိနိုင်တဲ့ အရာပဲ ဖြစ်ပါတယ်။
Click here to claim your Sponsored Listing.
Category
Website
Address
Laydaungkan Road , Thingangyun Township
Yangon
1234
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |