Digital Marketing

Digital Marketing

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Digital Marketing, Yangon.

Reporting in SQL 06/07/2019

Reporting in SQL Learn to apply all the SQL concepts and functions you have learned in previous courses to build out your very own dashboard

ကိုယ်သဘောကျတဲ့အရာတွေကိုပဲ စွန့််ဦးတီထွင်ပါ 05/07/2019

ကိုယ်သဘောကျတဲ့အရာတွေကိုပဲ စွန့််ဦးတီထွင်ပါ ယနေ့ခေတ်ကြီးမှာ အလုပ်အကိုင်အခွင့်အလမ်းတွေဟာ အရမ်းကိုများလာပါပြီ။

27/03/2019

Apple ၏ CEO ဟောင်း John Sculley ကပြောပြသော လုပ်ငန်းတိုးတက်ရန်နှင့် ကြော်ငြာနိုင်ရန် အဓိက မဟာဗျူဟာ ၄ ရပ်
(အပိုင်း ၁)
-------------------------------------------------------------------------

သူဟာ PepsiCo ရဲ့ဥက္ကဋ္ဌ၊ Apple ရဲ့ CEO နဲ့ MetroPCS ကို တည်ထောင်သူအဖွဲ့ဝင်တစ်ယောက်ဖြစ် ခဲ့ပါတယ်။ အခုအချိန်မှာတော့ သူဟာ ဆေးဝါးလုပ်ငန်းတစ်ခုဖြစ်တဲ့ RxAdvance ကုမ္ပဏီရဲ့ ကြော်ငြာပိုင်းဆိုင် ရာအရာရှိချုပ် (CMO) ဖြစ်ပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေနဲ့ ၈၀ ပြည့်လွန်နှစ်တွေရဲ့ စောစောပိုင်းမှာ စကာလီရဲ့ ခေါင်းဆောင်မှုနဲ့ PepsiCo ရဲ့ ကြော်ငြာလှုပ်ရှားမှုဟာ အဲဒီကုမ္ပဏီရဲ့ ဈေးကွက်အရွယ်အစားကို Coca-Cola ရရှိထားတဲ့ ပုံမှန်ဈေးကွက်အရွယ်အစားနားကို ရောက်သွားစေခဲ့ပါတယ်။ အဲဒီနောက်မှာ သူဟာ MetroPCS ကုမ္ပဏီ ကို T-Mobile ကုမ္ပဏီကိုမရောင်းခင် ဒေါ်လာကိုးဘီလီယံ တန်ဖိုးရှိတဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်လာအောင် တည်ဆောက်ရာမှာကူညီပေးခဲ့ပါတယ်။ အဲဒါကြောင့် လူသိများခဲ့တဲ့ သူနဲ့စတိဗ်ဂျော့ဘ်ရဲ့ ဆက်ဆံရေးအားနည်းမှုဟာ သူ Apple မှာရှိနေတဲ့ ဆယ်နှစ်တာကာလအတွင်း စတိဗ်ဂျော့ဘ်ကို သူ့ရဲ့ကိုယ်ပိုင်ကုမ္ပဏီက ယာယီထွက်သွားမှု ကိုဖြစ်ပေါ်စေပေမယ့် ကုမ္ပဏီရဲ့တိုးတက်မှုကတော့ ရာခိုင်နှုန်း ၁၀၀၀ ကျော်အောင် မြင့်တက်ခဲ့ပါတယ်လို့ သူကပြောပါတယ်။

စီးပွားရေးလောကထဲမှာနေခဲ့တဲ့ ဆယ်စုနှစ်ငါးခုကျော်က စကယ်လီကို တိုးတက်ရေးမဟာဗျူဟာနဲ့ ကြော်ငြာ မဟာဗျူဟာတွေကို သင်ကြားပေးခဲ့ပြီး အဲဒီ မဟာဗျူဟာတွေကို သူကဒီနေ့ထက်တိုင် မှတ်ကျောက်တွေအဖြစ် အသုံးပြုနေပါတယ်။

''စွန့်ဦးတီထွင်သူတွေဟာ တခြားလူတွေနဲ့ မတူပါဘူး။ သူတို့ရဲ့ သိချင်တတ်ချင်စိတ်ဟာ ဘယ်တော့မှ ရောင့်ရဲတင်းတိမ်တယ်လို့ မရှိပါဘူး။ သူတို့ ဟာ စွန့်စားတဲ့သူတွေဖြစ်ပါတယ်။ စွန့်ဦးတီထွင်သူတွေဟာ အထဲကိုဝင်လာပြီး 'ဒီနေရာမှာ ပိုပြီးကောင်းတဲ့ နည်းလမ်းတစ်ခုရှိရမယ်' လို့ ပြောတဲ့သူတွေဖြစ်ပါတယ်'' လို့ သူကပြောပါတယ်။

ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းလုပ်မယ့် စိတ်ကူးကို ကြီးထွားလာစေဖို့နဲ့ အောင်မြင်မှုဆီကိုသွားမယ့် သင့်ရဲ့လမ်းကို ဖော်ဆောင်နိုင်ဖို့ စကာလီရဲ့ ထိပ်တန်းအကြံပြု ချက်လေးခုကို အောက်မှာဖော်ပြလိုက်ပါတယ်။

၁။ ကိုယ်သတိထားမိတဲ့ အားနည်းချက်တွေကို ကိုယ့်အတွက် အကျိုးရှိအောင်အသုံးပြုပါ'
ကိုလာစစ်ပွဲ' တွေ အရှိန်မြင့်တက်နေတဲ့ကာလမှာ စကာလီဟာ Pepsi ကုမ္ပဏီရဲ့ ကြော်ငြာလုပ်ငန်းကြိုးပမ်းမှုတွေမှာ အကြီးအကဲဖြစ်ပါတယ်။ ကိုလာစစ်ပွဲဆိုတာကတော့ ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက PepsiCo နဲ့ Coca-Cola ကုမ္ပဏီနှစ်ခုကြားမှာ ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ စည်းရုံးလှုပ်ရှားမှုတိုက်ပွဲတွေပဲ ဖြစ်ပါတယ်။
''အဲဒီအချိန်က Coke ဟာ ကမ္ဘာပေါ်မှာ တန်ဖိုးအမြင့်ဆုံး Brand တစ်ခုဖြစ်ပါတယ်။ သူတို့ဟာ လက်တွေ့ဘ၀ကို ပိုင်ဆိုင်ထားပြီး လူတိုင်းက သူတို့ကိုပဲ ရှေ့ကဦးဆောင်သူအဖြစ်မြင်ခဲ့ကြပါတယ်'' လို့ စကာလီက ပြောပါတယ်။ အဲဒီလိုဖြစ်ခဲ့တာကြောင့် တကယ်လို့ လူတွေက အတူတူရောပြီး စီထားတဲ့ ပုလင်းတွေပေါ်မှာ Brand နာမည်တွေကို မြင်နေရရင် လူကြိုက်များတဲ့ Coca-Cola ကိုပဲ ရွေးချယ်ဖို့ အလားအလာရှိတယ်ဆိုတာကို သူကသိခဲ့ပါတယ်။

ဒါပေမဲ့ မျက်စိပိတ်ထားပြီး စမ်းသပ်တဲ့ အရသာစမ်းသပ်မှုတွေ တသီကြီးလုပ်ပြီး အဲဒီအထဲ က Pepsi ကို ပိုကြိုက်တဲ့လူတွေ ပေါ်ထွက်လာတဲ့အခါ ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီး မတူကွဲပြားတဲ့နည်းနဲ့ စဉ်းစားအောင် လူတွေကို တိုက်တွန်းအားပေးဖို့ စကာလီက ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီနောက် Coca-Cola က အဖျော်ယမကာတွေ ကို ၁၂ ဆ အသာစီးနဲ့ရောင်းနေတဲ့ ဈေးကွက်တစ်ခုဖြစ်တဲ့ တက္ကဆက်ပြည်နယ်၊ စန်အန်တိုနီယိုမြို့မှာ 'Pepsi ရဲ့ စိန်ခေါ်မှု' လို့ခေါ်တဲ့ လှုပ်ရှားမှုတစ်ခုကို စပြီးလုပ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုမှာ မျက်စိပိတ်ထားပြီး အရသာစမ်းသပ် စစ်ဆေးနေတဲ့လူတွေကို ရုပ်ရှင်ရိုက်ပြီး Pepsi ကို ရွေးချယ်တဲ့လူတွေကို အသားပေးဖော်ပြတဲ့ ကြော်ငြာတွေကို ဖန်တီးပြီးအသုံးချခဲ့ပါတယ်။ ''အဲဒီလုပ်ရပ်အပေါ်မှာ Coca-Cola က မကျေနပ်မှုတွေ ပိုဖြစ်လေ ကျွန်တော်တို့မှာ ရောင်းအားပိုကောင်းလာလေပါပဲ'' လို့စကာလီက ပြောပါတယ်။

ကိုယ့်ရဲ့လုပ်ငန်းစိတ်ကူး ဘာကြောင့်အလုပ်ဖြစ်သလဲဆိုတာနဲ့ပတ်သက်ပြီး မိမိလက်ခံထားတဲ့ စိုးရိမ်ပူပန်မှုတွေကို စာရင်းတစ်ခုလုပ်လိုက်ပါ။ ပြီးရင် အဲဒီစိုးရိမ် ပူပန်မှုတွေကို အားသာချက်တွေဖြစ်အောင် ပြောင်းလဲဖို့ နည်းလမ်းတွေကို အပြင်းအထန်စဉ်းစားဖော်ထုတ်ဖို့ အချိန်တွေပေးပါ။

ကိုယ့်ရဲ့ကုန်ပစ္စည်း၊ ဒါမှမဟုတ် ၀န်ဆောင်မှုဟာ ယှဉ်ပြိုင်မှုမှာ နောက်ကကျန်နေခဲ့မှာကို ကိုယ်စိတ်ပူရင် အဲဒီပူနေတဲ့စိတ်ကို လုပ်ငန်းဆိုင်ရာ တိတ်တိတ်ပုန်း အရည်အသွေးတစ်ခုဖြစ်လာအောင် ပြောင်းလဲပစ်နိုင်မယ့် နည်းလမ်းတွေကို စဉ်းစားပါ။

ကိုယ့်ဆီမှာ ကိုယ်ကြိုက်တဲ့ အရွယ်အစားလောက်ကြီးမားတဲ့ အဖွဲ့တစ်ဖွဲ့မရှိဘူးဆိုရင် ကိုယ်ကြိုးပမ်းအားထုတ်နေတဲ့ အလုပ်ဟာ ဈေးဝယ်သူတစ်ယောက်ချင်းစီကို ပုဂ္ဂိုလ်ရေးအရတုံ့ပြန်ပေးတဲ့ ရင်းရင်းနှီးနှီး လုပ်ကိုင်တဲ့လုပ်ငန်း တစ်ခုဖြစ်တယ်လို့ သတ်မှတ်ကြေညာလိုက်ပါ။ ကိုယ့်ရဲ့အတွေးအခေါ်ကို ပြောင်းလဲခြင်းဟာ ကိုယ့်ရဲ့လုပ်ငန်းရလဒ်ကို ကောင်းကောင်းကြီး ပြောင်းလဲပေးနိုင်ပါတယ်။

ကျန်ရှိသော အပိုင်းများကို အပတ်စဉ် တင်ပေးသွားပါမည်။

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Yangon
951