Champion Language School
School
29/05/2023
ငွေကြေးကိုဦးစားပေးဖို့လိုသလို ကလေးတွေကိုလဲအချိန်ပေးဖို့လိုအပ်ပါတယ်။တစ်နေ့ကိုနာရီ၀က်လောက်အိပ်ရာမ၀င်ခင်စာဖတ်ပြတာ၊ ပိတ်ရက်မှာလျှောက်လည်ကြတာ၊အတူတူကစားပေးတာတွေဟာကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေအတွက် မဖြစ်မနေလိုအပ်ပါတယ်။ဒါတွေဟာ မိခင်တွေထပ် ဖခင်တွေဂရုပြုရမဲ့အရာတွေပါ။မိခင်တွေကတော့တစ်နေကုန်ကလေးနဲ့အတူရှိနေတတ်ပေမဲ့ ဖခင်တွေကတော့အလုပ်ကြောင့်ကလေးနဲ့အတူရှိချိန်နည်းပါတယ်။ဒါကြောင့် အလုပ်နဲ့ငွေကိုပဲ ဦးစားပေးပြီးကလေးအတွက်အချိန်မပေးရင် ကလေးနဲ့ကိုယ့်ကြားကရင်းနှီးမှုဟာနည်းလာပါလိမ့်မယ်။
25/05/2023
ရေကူးခြင်းကို 2နှစ်သားအရွယ်ထဲကပင် စတင်သင်ယူနိုင်ပါတယ်။ရေကူးခြင်းဟာ ကလေးတွေရဲ့နှလုံးနဲ့အဆုတ်တွေကို အားကောင်းလာစေပြီး လက်မောင်း၊ခြေထောက်နဲ့ လည်ပင်းကြွက်သားတွေကိုသန်မာစေပါတယ်။ရေထဲမှာခုန်ခြင်း၊ပက်ခြင်းတို့ဟာ ကလေးတွေရဲ့ရင်သားတွေကိုဟန်ချက်ညီစေရန်ကူညီပေးပြီး နားအတွင်းပိုင်းရှိ vestibular system ကိုလဲလှုံ့ဆော်ပေးပါတယ်။ဒါ့အပြင် အစာစားခြင်းနှင့်အိပ်စက်ခြင်းပုံစံများကို အထောက်အကူဖြစ်စေပါတယ်။ရေကူးခြင်းဖြင့်ကလေးတွေဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိလာခြင်း၊အာရုံစူးစိုက်မှုပိုကောင်းလာခြင်း၊သိမြင်မှုစွမ်းရည်ပိုမိုမြင့်မားလာခြင်း၊ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုတိုးတက်လာခြင်း၊စိတ်ခံစားချက်များကောင်းလာခြင်းစတဲ့ အကျိုးကျေးဇူးပေါင်းများစွာကိုရရှိစေမှာဖြစ်ပါတယ်။
19/05/2023
ကလေးတွေအပေါ်ကို ငါပြောသလိုပဲလုပ် ပြန်မပြောနဲ့ ဆိုပြီးအာဏာသွားသုံးပြီးဖြေရှင်းလို့မရပါဘူး။ဒီလိုလုပ်ခြင်းဟာ သူတို့ကိုကြောက်စေတဲ့အပြင် ကိုယ့်ကိုယ်ကိုယုံကြည်မှုပါနဲလာစေနိုင်ပါတယ်။ဒါကြောင့်မို့လို့ အာဏာသုံးပြီးဆူမဲ့အစား တစ်ခုခုလုပ်တော့မယ်ဆိုရင်ဖြစ်လာနိုင်မဲ့အကျိုးဆက်နဲ့အမှားအမှန်ကို သိလာအောင်ရှင်းပြပါ။ဒီလိုပြောခြင်းဟာ သူတို့ကိုယ်တိုင်စဉ်းစားတတ်သွားတဲ့အပြင် အမှားအမှန်ခွဲခြားတတ်လာပြီး ဆုံးဖြတ်ချက်များကိုလဲရဲရဲတင်းတင်းချတတ်လာပါလိမ့်မယ်။
Click here to claim your Sponsored Listing.
Category
Contact the school
Website
Address
ခြံအမှတ် (88)၊ လှိုင်မြင့်မို လမ်းသွယ် (1)၊ လှိုင်မြို့နယ်
Yangon