ChuChu

ChuChu

Share

ChuChu is a Myanmar social enterprise re-designing waste material into beautifully handcrafted house Our aim is to transform waste into beautiful new products.

28/08/2025

ပလတ်စတစ်ပိုက်ကနေ အသည်းပုံ သော့ချိတ်လုပ်နည်း💚
ချစ်စရာကောင်းပြီး ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ လက်မှုအနုပညာတစ်ခု လုပ်ကြည့်ကြမလား။
ဒီတစ်ပတ်မှာ တစ်ခါသုံး ပလတ်စတစ်ပိုက်တွေကို အသည်းပုံ သော့ချိတ်အဖြစ် ပြောင်းလဲလုပ်ဆောင်နည်းကို ပြသပေးသွားမှာပါ။
- ပျော်စရာကောင်းပြီး တီထွင်ဖန်တီးဉာဏ်သုံးရတဲ့ စွန့်ပစ်ပစ္စည်းပြန်လည်အသုံးချခြင်း နည်းလမ်းတစ်ခုဖြစ်ပါတယ်
- ကလေးများ၊ ကျောင်းသားများ နှင့် လက်မှုပစ္စည်းကို နှစ်သက်သူတိုင်းအတွက် လိုက်လုပ်ကြည့်လို့ရပါတယ်။
⚠️ သင်သိပါသလား?
တစ်ခါသုံးပလတ်စတစ်ပိုက် ကို မိနစ် ၁၅-၃၀ လောက်ပဲ သုံးပြီး 🥤
ဆွေးမြည့်ဖို့အတွက် နှစ်ပေါင်း ၂၀၀ ကျော်အထိ ပြန်ကြာသွားပါတယ်
ဒီ့အပြင် ၄င်းတို့ဟာ သမုဒ္ဒရာများ၊ မြစ်များနဲ့ ရေနေသတ္တဝါတွေကို ထိခိုက်နစ်နာစေပါတယ်
ဒါကြောင့်မို့လို့ တိုက်တွန်းချင်တာက -
✅ တစ်ခါသုံး ပလတ်စတစ်ပိုက်တွေကို မသုံးပါနဲ့ – ရေ/အအေးသောက်တဲ့အခါ ဖန်ခွက်နဲ့ပဲမော့သောက်လိုက်ပါ ဒါမှမဟုတ် ပြန်သုံးလို့ရတဲ့ (သတ္တု၊ ဝါး၊ ဖန်) ပိုက် တွေကို ရွေးချယ်ပါ။
✅ မဖြစ်မနေ သုံးလိုက်ရတယ်ဆိုရင်၊ သုံးပြီး လွှင့်ပစ်မယ့်အစား ဒီဗီဒီယိုမှာ လုပ်ပြထားသလို အသည်းပုံသော့ချိတ်အဖြစ် အသုံးဝင်တဲ့အရာဖြစ်အောင်ဖန်တီးပြီး ပြန်လည်အသုံးချပါ!

English Version

How to Make a Heart-Shaped Keychain from a Plastic Straw 💚

Would you like to try a cute, eco-friendly craft?
This week, we will show you how to transform disposable single-use plastic straws into a heart-shaped keychain.

-This is a fun and creative way to upcycle waste materials.
-It's perfect for kids, students, and anyone who loves to do crafts.

⚠️ Did you know?

A disposable single-use plastic straw is used for only 15-30 minutes, but it takes more than 200 years to decompose. Additionally, these straws harm our oceans, rivers, and marine life.

Therefore, we encourage you to:

✅ Avoid using disposable single-use plastic straws. When you drink, use the cups directly or choose a reusable straw made from materials like metal, bamboo, or glass.
✅ If you do have to use one, don't throw it away. Instead, reuse it to create something useful, like the heart-shaped keychain shown in this video!

12/08/2025

ကြွပ်ကြွပ်စတင်ခဲ့ပုံ💚

၂၀၁၄ ခုနှစ်တုန်းက ကြွပ်ကြွပ် ကို ရိုးရှင်းပေမယ့် ကောင်းမွန်တဲ့ မေးခွန်းတစ်ခုနဲ့ စတင်ခဲ့ပါတယ် -
"အမှိုက်တွေက​နေ လှပပြီးအသုံး၀င်တဲ့အရာ​တွေအဖြစ် ပြောင်းလဲနိုင်မယ်ဆိုရင်ကော?"

ဒီအတွေးနဲ့ပဲ စိတ်အားထက်သန်တဲ့ လူအနည်းငယ်စုစည်းပြီး အမှိုက်တွေနဲ့ စမ်းသပ်လုပ်ကိုင်ခဲ့ကြတယ်။ ပလတ်စတစ်တွေ၊ အထည်စတွေ၊ ထီးရွက်အဟောင်းတွေစတဲ့ အမှိုက်တွေကနေတဆင့် လက်လုပ်ပစ္စည်းတွေကို ကြွပ်ကြွပ်အဖွဲ့ရဲ့ ရပ်ရွာအတွင်းကနေပဲ စတင်ဖန်တီးခဲ့ကြတယ်။

၂၀၁၆ မှာတော့ ကြွပ်ကြွပ်ရဲ့ ခရီးကို ရုပ်ရှင်တိုတစ်ခုအ​နေနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အဲဒီမှာ အမှိုက်တွေကို တန်ဖိုးရှိအောင် ပြောင်းလဲဖို့ ကြွပ်ကြွပ်အဖွဲ့ရဲ့ ကြိုးပမ်းမှု၊ အိပ်မက်တွေနဲ့ ဇွဲလုံ့လတွေကို မြင်တွေ့ရမှာပါ။

မီးဘေး၊ COVID-19 ကပ်ရောဂါ၊ နိုင်ငံရေးအကြပ်အတည်းတွေစတဲ့ အခက်အခဲများစွာကို ကျော်လွှားခဲ့ရပေမယ့် သဘာ၀ပတ်၀န်းကျင်ကိုချစ်မြတ်နိုးသူတို့ရဲ့ချစ်ခြင်းမေတ္တာနဲ့ အားပေးမှုတွေကြောင့် ကြွပ်ကြွပ်ဟာ ဒီနေ့အထိ ဆက်လက်ရှင်သန်နေပါတယ်။

💚 အခုလက်ရှိမှာတော့ ကြွပ်ကြွပ်ရဲ့ ရည်မှန်းချက်တွေဖြစ်တဲ့
✔️ အမှိုက်လျှော့ချဖို့
✔️ ဒေသခံ လက်မှုပညာရှင်များကို အားပေးဖို့
✔️ သဘာဝနဲ့အညီ ရေရှည်တည်တံ့တဲ့ နေထိုင်မှုပုံစံကို မြှင့်တင်ဖို့ စတာတွေကို ဆက်လက်အကောင်အထည်ဖော်နေပါတယ်

ကြွပ်ကြွပ်ရဲ့စတင်ပုံခရီးလမ်းကို အောက်ကဗီဒီယိုလေးမှာကြည့်နိုင်ပါတယ်

How ChuChu Started!?

Back in 2014, ChuChu began with a simple but powerful question:
What if waste could become something beautiful?

With that idea, a small group of passionate people came together to experiment with waste materials. We started creating handmade products from plastic, fabric scraps, old umbrellas, and more — right from our community in Myanmar.
By 2016, our journey was featured in a short documentary. It shows our early efforts, dreams, and determination to turn waste into value. Since then, we’ve faced many challenges — a fire, the COVID-19 pandemic, and political difficulties — but ChuChu continues to grow with your love and support.

💚 Today, we are proud to still stand by our mission:
To reduce waste, empower local makers, and promote sustainable living.
You can watch our story below...

18/06/2025

SheCreates' Bus tours နဲ့အတူ 21ရက်နေ့ကြရင် လာလည်လို့ရပါတယ်လို့ 😊

( Burmese Below )

Join 𝐒𝐡𝐞𝐂𝐫𝐞𝐚𝐭𝐞𝐬' 𝐁𝐮𝐬 𝐓𝐨𝐮𝐫 over the weekend!

Participate in this cultural experience as you'll tour various artisan workshops across Yangon. On 21st and 22nd of June we'll start off our trip at 8:30 am in the morning from the SheCreates Showroom in Sanchaung and have multiple stops per day before ending the trip at the Gallery Ohmar of Yangon for our SCW25 weekend community market.

Do note that the last stop of the tour will be at the SheCreates Community market at the Gallery Ohmar! However a bus will return to SheCreates showroom, 2 hours after arriving at the Gallery. This is arranged for the convenience of those travelling in their own cars to Sanchaung.

𝐒𝐜𝐡𝐞𝐝𝐮𝐥𝐞𝐬:
𝐉𝐮𝐧𝐞 21, 𝐒𝐚𝐭𝐮𝐫𝐝𝐚𝐲
𝟖:𝟑𝟎 𝐚𝐦 Gather & leave from SheCreates Showroom in Sanchaung
𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 𝟏) HLA PA
𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 𝟐) ChuChu
𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 𝟑) Pann Nann Ein
𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 4) Amazing Grace
𝟏𝟐:𝟎𝟎 𝐩𝐦 𝐧𝐨𝐨𝐧 arrive at Gallery Ohnmar for SheCreates Community Market
* Bus will return to SheCreates Showroom 2 hours after a short stop at market.

𝐉𝐮𝐧𝐞 22nd , 𝐒𝐮𝐧𝐝𝐚𝐲
𝟖:𝟑𝟎 𝐚𝐦 Gather & leave from SheCreates Showroom in Sanchaung

𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 𝟏) Pochisilk
𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 𝟐) Handmade by Theint
𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 𝟑) Kokkoya Organics
𝟏𝟐:𝟎𝟎 𝐩𝐦 𝐧𝐨𝐨𝐧 arrive at Gallery Ohmar for SheCreates Community Market
* Bus will return to SheCreates Showroom 2 hours after a short stop at market.

We look forward to your presence so make sure to register right away for the Bus Tour! Use QR code or click here to reserve your spot.

https://docs.google.com/forms/d/e/1FAIpQLSeHqBAaX5L9dhmuLI18pL7gXEhL1VX6brWsTyKc_wdBe2llFQ/viewform?usp=header

The SheCreates Community Market at the Gallery Ohmar has some workshops by SheCreates members of its own.

-------------------------------------------------

𝐒𝐡𝐞𝐂𝐫𝐞𝐚𝐭𝐞𝐬’ 𝐁𝐮𝐬 𝐓𝐨𝐮𝐫 အကြောင်း

" ရဲ့ စိတ်ဝင်စားဖွယ် အစီအစဉ်တစ်ခုဖြစ်တဲ့ "SheCreates Bus Tours" ကို နောက်တစ်ပတ် စနေ၊ တနင်္ဂနွေ တွေမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ လက်မှုပညာအလုပ်ရုံနေရာတွေကို သွားရောက်လေ့လာကြည့်ရှုပြီး ဖန်တီးသူတို့ရဲ့ လုပ်ငန်းခွင်နဲ့ဆိုင်တဲ့ အတွေအကြုံတွေ၊ ဗဟုသုတတွေအများကြီးကို ရရှိမှာဖြစ်လို့ ပါဝင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။

ဒီခရီစဉ်ကို ဇွန်လ (၂၁) ရက် နှင့် ဇွန်လ (၂၂)ရက်နေ့ နှစ်ရက်တိုင်တိုင် စမ်းချောင်းမြို့နယ်မှာရှိတဲ့ SheCreates Showroom ကနေ မနက် (၈)နာရီခွဲမှာ စတင်ထွက်ခွာမှာဖြစ်ပြီး လက်မှုအလုပ်ရုံတွေကို သွားရောက်လေ့လာပါမယ်။ SCW25 Weekend pop-up Market ရှိတဲ့ Gallery Ohmar မှာ ခရီးစဉ်ကို အဆုံးသတ်မှာဖြစ်ပါတယ်။

(သို့သော်လည်း (၂ နာရီ ) အကြာတွင် Gallery Ohmar - SheCreates Community Market မှ SheCreates Showroom သို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ ကိုယ်ပိုင်ကားဖြင့်လာရောက်မည့်သူများအဆင်ပြေနိုင်စေရန် စီစဉ်ပေးထားခြင်းဖြစ်ပါသည်။)

အချိန်ဇယား

ဇွန်လ ( 21)ရက် စနေနေ့

နံနက် ၈း၃၀ အချိန်တွင် စမ်းချောင်းမြို့နယ်ရှိ SheCreates ပြခန်း မှ စတင်ထွက်ခွာပါမည်။

ပြည်တွင်းဖြစ်ချည်ထည်များကို အသုံးပြုပြီး ခေတ်မီဖက်ရှင်ကျလှပသည့် လက်ကိုင်အိတ်များထုတ်လုပ်လျက်ရှိသော Hla Pa အလုပ်ရုံ၊

သဘာ၀ပတ်၀န်းကျင်ကို ချစ်မြတ်နိုးစိတ်ဖြင့် စွန့်ပစ်ပစ္စည်းများအသုံးပြုပြီး eco-friendly products များ ထုတ်လုပ်နေသော ChuChu လက်မှု့အလုပ်ရုံ၊

မသန်စွမ်းလက်မှုပညာရှင်များနဲ့ ပို့စ်ကဒ်၊ ဂျာနယ်စာအုပ်၊ ပုံနှိပ်အိတ်၊ တီရှပ်စတဲ့ ဖန်တီးမှုတွေကို ပြည်တွင်းဖြစ် တိုင်းရင်းသားရိုးရာရက်ကန်းထည်‌တွေကို အသုံးပြုကာ ဖန်တီးနေကြတဲ့ ပြည်တွင်းလူမှုစီးပွားအဖွဲ့တခုဖြစ်တဲ့ ပန်းနန်းအိမ် Pann Nann Ein အလုပ်ရုံ၊

သတင်းစာစက္ကူ၊ မဂ္ဂဇင်းစက္ကူ၊ အချိုရည်ဘူးခွံအဖုံးနှင့် လုံချည်စများကို ပုတီးလုံးပုံစံလေးတွေ ပြုလုပ်ပြီး ဆွဲကြိုး၊ နားကပ်၊ လက်ပတ်၊ ကီးချိန်းများ ဖန်တီးထုတ်လုပ်နေသော Amazing Grace Crafts and workshop လက်မှု့အလုပ်ရုံတို့ကိုသွားရောက်လည်ပတ်မည်ဖြစ်သည်။

နေ့လည် ၁၂ နာရီတွင် SheCreates Community Market ရှိသည့် Gallery Ohmar သို့ရောက်ရှိမည်ဖြစ်ပြီး ( ၂ နာရီ ) အကြာတွင် SheCreates ပြခန်းသို့ ပြန်လည်ထွက်ခွာပြီး ခရီးစဉ်ကို အဆုံးသတ်မည်ဖြစ်သည်။

ဇွန်လ (၂၂)ရက် တနင်္ဂနွေနေ့

နံနက် ၈း၃၀ အချိန်တွင် စမ်းချောင်းမြို့နယ်ရှိ SheCreates ပြခန်း မှ စတင်ထွက်ခွာပါမည်။

ရှေးဟောင်းမြန်မာ့လက်ရက်ကန်းပညာဖြင့် ပိုးသားစစ်စစ် ဖန်တီးရက်လုပ်မှု၊ ပိုးနှင့် ချည် ရောစပ်ရက်လုပ်မှု၊ ပိုးနှင့် ငှက်ပျောပင်မှရရှိသော ချည်မျှင် ပေါင်းစပ်ရက်လုပ်မှုများဖြင့် အသုံးအဆောင်ပစ္စည်းများဖန်တီးနေတဲ့ PoChiSilk

အုန်းသားများအသုံးပြုပြီး ကျန်ခဲ့သော အုန်းခွံများနဲ့ အုန်းခွံသားကြယ်သီးလေးတွေ၊ နားဆွဲလေးတွေကို ကိုယ်တိုင်ထုတ်လုပ်ရောင်းချနေတဲ့ Handmade by Theint အလုပ်ရုံ၊

သဘာဝတရားကြီးနှင့် လိုက်လျောညီထွေစွာ ဟန်ချက်မပျက်လည်ပတ်နိုင်ရန်၊ သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေရန် စသောရည်ရွယ်ချက်များနှင့် တည်ထောင်ထား‌သော Urban Farm တစ်ခုဖြစ်သည့် ကုက္ကိုယာ မြို့ပြစိုက်ခင်းတို့ကို သွားရောက်လည်ပတ်မည်ဖြစ်သည်။

နေ့လည် ၁၂ နာရီတွင် SheCreates Community Market ရှိသည့် Gallery Ohmar သို့ရောက်ရှိမည်ဖြစ်ပြီး ( ၂ နာရီ ) အကြာတွင် SheCreates ပြခန်းသို့ ပြန်လည်ထွက်ခွာပြီး ခရီးစဉ်ကို အဆုံးသတ်မည်ဖြစ်သည်။

Bus Tour ပါဝင်ဖို့ အားလုံးကို တိုက်တွန်းရင်း QR ကုဒ် သို့မဟုတ် ဒီလင့်ကတစ်ဆင့် ကြိုတင်စာရင်းပေးသွင်းနိုင်မှာ ဖြစ်ပါတယ်။

https://docs.google.com/forms/d/e/1FAIpQLSeHqBAaX5L9dhmuLI18pL7gXEhL1VX6brWsTyKc_wdBe2llFQ/viewform?usp=header

Gallery Ohmar မှာ ပြုလုပ်မယ့် SheCreates Community Market မှာလဲ အနုပညာပစ္စည်းတွေကို အတူဖန်တီးနိုင်မယ့် workshop အစီအစဉ်တွေလဲ ရှိပါဦးမယ်။

24/05/2025

Recycle plastic Weaving products.

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Room No. 101, Building 7, Sein Yatanar Street, 65 Quarter, South Dagon Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 18:00