Digital LAB
We offer digial marketing services for businesses and help them grow by providing digital solutions.
29/10/2021
သင်တို့ရော စကားဝှက်ပေးရင် ဘာတွေအရေးတကြီး ဂရုစိုက်ဖို့လိုတယ်လို့ထင်လဲ ?
တစ်ခြားသူတွေနဲ့ ဘယ်တော့မှ မမျှဝေသင့်တဲ့အရာတွေ အများကြီးရှိတဲ့အထဲမှာ ကိုယ့်ရဲ့ စကားဝှက်လည်း တစ်ခုအပါအဝင်ပါပဲ။ ဒါ့ကြောင့် တစ်ခြားသူတွေအတွက် ခန့်မှန်းရခက်ပြီး ထူးခြားတဲ့ စကားဝှက်တစ်ခုကို အသုံးပြုဖို့ အရေးကြီးပါတယ်။ ကိုယ့်ရဲ့ အကောင့်ကို လုံခြုံစေဖို့အတွက် စိတ်ချရတဲ့ စကားဝှက်တစ်ခု ဘယ်လိုဖန်တီးနိုင်မလဲဆိုတာ ကြည့်ကြည့်လိုက်ရအောင်။
29/10/2021
က ဒီနေ့ သူ့ရဲ့ ကုမ္ပဏီနာမည်ကို ဆိုပြီး ပြောင်းလိုက်ပါပြီ။ ဒါပေမယ့် ဒါက Facebook app ကတော့ နဂိုအတိုင်းပဲ ဆက်ရှိနေမှာဖြစ်ပါတယ်။ ကုမ္ပဏီနာမည်သာ ပြောင်းသွားခြင်း ဖြစ်ပါတယ်။ ဒီကုမ္ပဏီအောက်မှာ Facebook, WhatsApp, Instagram တို့ ရှိနေမှာ ဖြစ်ပါတယ်။
တကယ်တော့ မာ့က်ဇူကာဘဂ်ဟာ အကြံကြီးစွာနဲ့
Metaverse စနစ်ကို သိမ်းသွင်းယူနေခြင်းဖြစ်ပါတယ်...
သူဘာတွေ ပြင်ဆင်ထားပြီးပြီလဲ မသိသေးပါဘူး....
ဒါပေမဲ့ ဆိုတာကို ဗဟုသုတလောက်တော့သိထားသင့်တယ်လို့ ထင်ပါတယ်....
နည်းပညာတော်လှန်ရေးဟာ အဆင့်တိုးတက်လာလေလေ metaverse ဟာ ပိုပြီးလွှမ်းမိုးလာလေလေဖြစ်လာပါလိမ့်မယ်....ကျွမ်းကျင်သူတွေကတော့ Metaverse ဆိုတာဟာ အင်တာနက်ရဲ့အနာဂတ်လို့ယုံကြည်ကြပါတယ်
ဒီတော့ Metaverse ဆိုတာ ဘာပါလိမ့်လို့ သိဖို့ လိုလာပါတယ်......
မက်တာဗာ့စ် ဆိုတာဟာ အစစ်နီးပါးဖြစ်တဲ့အွန်လိုင်းပေါ်က အနေအထားတွေကို စုပေါင်းထားတာပါ
Virtual meeting လုပ်ကြတဲ့အခါ လူကိုယ်တိုင်အစည်းအဝေးဖိတ်ကြားသူရဲ့နိုင်ငံကိုသွားစရာမလိုဘူးလေ အွန်လိုင်းကနေ လူတွေစုဝေးကြတယ်...
မက်တာဗာ့စ်ကျတော့ အဲ့သည်အစည်းအဝေးထဲကို အားလုံးစုထိုင်ပြီး ရောက်နေကြသလိုဖြစ်လာမယ် ဆိုတာမျိုးပါပဲ....
ဒစ်ဂျစ်တယ်ကမ္ဘာနဲ့ အွန်လိုင်းကြောင့်အစစ်နီးပါးဖြစ်စေတဲ့ Virtual နည်းပညာကမ္ဘာ၂ခုကို အလုံးစုံအကြွင်းမဲ့
ပေါင်းစပ်ထားတဲ့ နည်းပညာအခေါ်အဝေါ်လို့ပဲ
Metaverse ကိုခေါ်ရမှာပါ......
အခုလက်ရှိအချိန်မှာ ပရောဂျက်အတော်များများဟာ ဒစ်ဂျစ်တယ်ကမ္ဘာမှာ အပလီကေးရှင်းတွေအများအပြား ဖန်တီးပြီး အွန်လိုင်းပေါ်မှာ တွင်ကျယ်ဖို့ လုပ်ကြပါတယ်..
Metaverse နည်းပညာရဲ့ Virtual ကမ္ဘာ ကိုဖန်ဆင်းသူ တီထွင်သူတွေကတော့ Virtual ကမ္ဘာထဲကို
အားလုံးရောက်လာအောင် လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ တကယ့်ကမ္ဘာလောကတခုလုံးကို ဒစ်ဂျစ်တယ် ပလက်ဖောင်းပေါ်တင်ခဲ့ကြပါတယ်....
တစ်ကမ္ဘာလုံးရဲ့ အချက်အလက်တွေအကုန်လုံးကို ဒစ်ဂျစ်တယ်အဖြစ်ပြောင်းလဲပြီး တကယ့်ကမ္ဘာအစစ်နောက်တခုကို ဒစ်ဂျစ်တယ်နည်းနဲ့ဖန်ဆင်းလိုက်ကြပါတယ်...
တကယ့်ကမ္ဘာကြီးကို Metaverse ကဘယ်လို ရိုက်ခတ်ပြီးအကျိုးသက်ရောက်မှုဖြစ်စေမှာလဲ?
ကျွန်တော်တို့ဟာ ဒစ်ဂျစ်တယ်ဆင့်ကဲတိုးတက်ပြောင်းလဲမှု စင်မြင့်ပေါ်ရောက်နေပါပြီ...လူတိုင်းမှာ Virtual world (အစစ်နီးပါးကမ္ဘာ) နဲ့ပတ်သက်ပြီး စိတ်ကူးအကြံအစည် ရှိကြပါတယ်....
ကျွန်တော်တို့အားလုံးဟာ Virtual world ရဲ့အကူအညီအားဖြင့် တကယ့်ကမ္ဘာကြီးမှာ တကယ်ရနေတဲ့ လက်ရှိဘဝတွေကနေ မတူညီတဲ့ဘဝတွေကို ပြောင်းလဲရယူ နေထိုင်နိုင်ပါတယ်.....
ကျွန်တော်တို့ ဟာ metaverse အယူအဆအားဖြင့် virtual world မှာ ကျွန်တော်တို့ရဲ့ လူနေမှုအဆင့်အတန်းကို မြှင့်တင်ယူလို့ရပါတယ်.....တားဆီးပိတ်ပင်နေတာတွေကို ဖယ်ရှားနိုင်လာပါမယ်....
Metaverse ရဲ့ အကျိုးတွေကတော့.....
၁။ Metaverse သုံးစွဲသူတွေဟာ ပစ္စည်းတစ်ခုကို မဝယ်ခင် စမ်းသပ်ကြည့်လို့ ရစေပါလိမ့်မယ်
Headset ကို သုံးပြီးတော့ တကယ့်အရောင်းပစ္စည်းတွေကို အိမ်ကနေမခွာပဲ မဝယ်ယူခင်မှာ စမ်းသပ်စစ်ဆေး နိုင်ပါမယ်.....ဝယ်မယ့်ပစ္စည်းရဲ့အကြောင်းကို မဝယ်ခင်တကယ်ကို သိသွားစေမှာပါ.....လက်လီအရောင်းသမားတွေဟာလည်း တကမ္ဘာလုံးက အဝယ်သမားတွေနဲ့ တိုက်ရိုက်ထိတွေ့နိုင်စေမယ်ဖြစ်ပြီး ကိုယ့်အရောင်းကုန်ကို ဘာအတားအဆီးမှမရှိပဲ ဝယ်သူကိုစမ်းသပ်ကိုင်တွယ်ကြည့်ခွင့်ရစေမှာဖြစ်ပါတယ်.....
၂။ လူနာတွေကို စမ်းသပ်စစ်ဆေးကုသရာမှာ ဆေးကုသပါရဂူတွေဟာ ပိုထိရောက်တဲ့ ကုသနည်းတွေ လုပ်လာနိုင်ပါမယ်
ဆေးပညာတွေ နည်းစနစ်တိုးတက်လာပေမဲ့ ဆေးတွေနဲ့ခွဲစိတ်ကရိယာတွေ ကိုစမ်းသပ်ဖို့ ကတော့ မိုင်ကုန်မလုပ်နိုင်သေးပါဘူး .....အစစ်နီးပါးနည်းပညာကမ္ဘာ Virtual reality ကြောင့် ပါရဂူတွေဟာ သူတို့ရဲ့သုတေသနဆိုင်ရာအချက်အလက်တွေကို ပိုမိုကောက်နှုတ်ထုတ်ယူလာနိုင်ခဲ့ပါတယ်.....ခေတ်မီတဲ့ virtual realityနည်းပညာတွေနဲ့ထုတ်လုပ်ထားတဲ့ ဆေးပစ္စည်းကရိယာတွေနဲ့ ပေါင်းစပ်ထားတဲ့ Metaverse နည်းပညာကတော့ ပိုလို့ တစ်ဆင့်ဆင့် မြင့်တက်လာနေပါတယ်.....ဆရာဝန်တွေဟာ ကျန်းမာရေးရောဂါပြဿနာတွေကို စစ်ဆေးရှာဖွေဖြေရှင်းခြင်း ( Diagnose ) လုပ်ရာမှာ အစောဆုံး နဲ့အမြန်ဆုံး အဖြေရှာနိုင်လာမှာဖြစ်ပါတယ်…..
၃။ ဂိမ်းတွေကစားရာမှာ ပိုပြီးအစစ်နဲ့တူလာပါမယ်
ဂိမ်းကစားနည်းတွေဟာကပ်ရောဂါကြောင့်အပြင်ထွက်ဖို့ ကန့်သတ်ချက်တွေ ရှိနေချိန်မှာ ပေါ်ပြူလာပိုဖြစ်လာပါတယ်.....လူတွေ အပျင်းဖြေဖို့က ဂိမ်းကစားတာပါ.....Metaverse နဲ့ ဂိမ်းကစားကြည့်ရင် သိသွားမှာပါ.....
၄။ အိမ်ကမခွာဘဲ နိုင်ငံခြားကိုသွားမယ်
ခရီးသွားလုပ်ငန်းတွေဟာ ကပ်ရောဂါနဲ့ ရပ်သွားခဲ့ရပါတယ်.....ကပ်ရောဂါအပြီးမှာ ခရီးပိုသွားကြပါလိမ့်မယ်.....တကယ်သွားကြမှာတွေရှိသလို Metaverse ကနေ headset နဲ့သွားလို့ရပါတယ်....တစ်ကမ္ဘာလုံးကို ဘယ်နေရာသွားချင်ပါသလဲ....VR headset ပဲလိုပါမယ်.....
ယနေ့ခေတ်မှာလူတွေဟာ သူတို့ သွားချင်တဲ့နေရာကို Metaverse နဲ့ အရင် မြည်းကြည့်ပြီးမှ လေယာဉ်လက်မှတ်နဲ့ ဟော်တယ် ဘွတ်ကင်လုပ်လာကြပါလိမ့်မယ်.....မယုံရင် စောင့်သာကြည့်ပါ.....
ဒါ့အပြင် လူတချို့ဟာ ကျန်းမာရေး အခြေအနေတွေအရ ဘယ်လိုနေရာတွေကိုဖြင့် သွားလို့မဖြစ်ဖူးဆိုတာတွေ ရှိပါတယ်.....သူတို့မသေခင် သူတို့သွားချင်တဲ့နေရာတွေကို
ဆေးရုံကုတင်ပေါ်ကနေ ပို့ပေးနိုင်တာ metaverse ဖြစ်လာပါမယ်......
Metaverse ဟာ အစစ်နီးပါး Virtual ကို ရုပ်ပိုင်းဆိုင်ရာ နေရာတွေနဲ့ပေါင်းစပ်ပေးထားမှာပါ....တကယ့်အပြင်လောကမှာကြုံရမယ့် ကန့်သတ်ချက်တွေကို metaverse ကကျော်လွှားပေးထားပါတယ်......
ဥပမာဆိုရရင်.....
ကိုဗစ်ကာကွယ်ဆေးအသစ်ကို စမ်းချင်တယ်....စမ်းလိုက်တဲ့အခါ လူ့ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ ဆိုတာမျိုးမှာ ဆိုရင် အန္တရာယ်တွေဖြစ်လာနိုင်တာရှိပါတယ်.....
metaverse ရဲ့နည်းပညာ အကူအညီနဲ့ဆိုရင်လူတစ်ယောက်ကို Virtual world မှာဖန်တီးလိုက်မယ်....သူ့ကိုပဲ ဆေးစမ်းတော့မယ်ပေါ့
ဒါဟာ ဥပမာတစ်ခုသာပါ.....
Metaverse နည်းပညာ တကယ်ဖြစ်ထွန်းလာပြီဆိုရင်တော့ ကမ္ဘာပေါ်က လုပ်ငန်းရပ်တွေအားလုံးဟာ....နောက်တဆင့်ဆီကို ကူးကိုကူးပြောင်းကြရမှာဖြစ်ပါတယ်.....
Metaverse နဲ့ချိတ်ထားတဲ့ လုပ်ငန်းတွေချည်းပဲ ဖြစ်လာကြပါလိမ့်မယ် လို့ ခန့်မှန်းထားကြပါတယ်။
Facebook ကို သုံးရင်း ကိုယ်တွေရဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းအတွက် ကူညီထောက်ပံ့နေတာတွေကို မြင်တွေ့နေရတာ စိတ်အားတက်ရင်း၊ အားကျစရာတစ်ခုပါ။ ဒီလို အားထုတ်မှုတွေ ပိုပြီးကျယ်ပြန့်နိုင်စေဖို ကိုယ်တွေရဲ့အနီးပတ်ဝန်းကျင်မှာ ကိုဗစ် ၁၉ ကြောင့် အကူအညီလိုနေတဲ့ အိမ်နီးချင်း မိတ်ဆွေတွေကို ကူညီဖို့ တည်နေရာကို အခြေခံပြီး အသုံးပြုနိုင်မယ့် အကူအညီရပ်ဝန်းကို မိတ်ဆက်လိုက်ပါတယ်။
အကူအညီရပ်ဝန်းမှာဆိုရင်တော့ လှူဒါန်းမှုတွေ ဒါမှမဟုတ် အိမ်နီးနားချင်းတွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ပို့ပေးတာ စတဲ့ အကူအညီတွေ ဒါမှမဟုတ် အနီးအနားမှာ အကူအညီလိုအပ်နေသူရဲ့ ပိုစ့်တွေရှာဖွေတာတွေကို ပြုလုပ်နိုင်ပါတယ်။ ကိုယ်ရဲ့ ကြင်နာမှု အပြုအမူလေးတွေကနေ ပျော်ရွှင်မှုတွေ နဲ့ အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်လေးတွေမျှဝေနိုင်ပါတယ်။ အကူအညီရပ်ဝန်းကို အသုံးပြုပြီး အကူအညီပေးရန်ကမ်းလှမ်းခြင်း ဒါမှမဟုတ် အကူအညီတောင်းခံခြင်းတွေကို ဘယ်လို လုပ်ဆောင်နိုင်တယ်ဆိုတာ ဗီဒီယိုလေးမှာ ကြည့်ကြည့်လိုက်ပါ။
02/10/2021
🤔 Facebook က ကြော်ငြာတွေကို ဘယ်လိုပြလေ့ရှိလဲ ❓❓❓
ဒီနေ့မှာတော့ Facebook က ကျွန်တော်တို့ Boost လုပ်လိုက်တဲ့ကြော်ငြာတွေကို ပြတဲ့နည်းလမ်းလေးတွေအကြောင်းပြောပြပေးပါမယ်။
1️⃣ ကြော်ငြာချင်တဲ့ Post ကို ကိုယ့်ဘက်က Boost နှိပ်ပြီးတာနဲ့ Facebook က အရင်ဆုံး သူတို့ရဲ့ ads policy နဲ့ ကိုက်ညီမှုရှိ၊ မရှိ review လုပ်ပါတယ်။ ကြော်ငြာတဲ့နေရာမှာ မူးယစ်ဆေးဝါးရောင်းတာ၊ လက်နက်ရောင်းတာ၊ ညစ်ညမ်းတဲ့ Content တွေကြော်ငြာတာကို Facebook က ခွင့်မပြုပါဘူး။ နောက်ပြီး Covid 19 ကာလတုန်းက စျေးတင်ရောင်းတဲ့ Masks တွေ၊ Hand Sanitizer တွေကြော်ငြာလို့မရပါဘူး။ နာမည်ကြီး Brand တွေကို ယူသုံးပြီးကြော်ငြာတာမျိုးလည်း တားမြစ်ထားပါသေးတယ်။ Review လုပ်တဲ့အခါ ဒီတားမြစ်ချက်တွေနဲ့ လွတ်ကင်းရင်တော့ ads approved ပေးပါတယ်။
2️⃣ ပြီးတဲ့အခါ ကြော်ငြာဖို့ခွင့်ပြုလိုက်ပြီဆိုတာနဲ့ ကိုယ်ကြော်ငြာဖို့ target ရွေးထားတဲ့လူတွေကိုပြပေးပါတယ်။ ပုံမှန်အားဖြင့် Audience target နဲ့ ကိုယ့် Objective အပေါ်မူတည်ပြီး ပြပေးလေ့ရှိပါတယ်။ Engagement များများလိုချင်တဲ့အခါ Like, Comments, Share လုပ်တတ်တဲ့လူတွေကိုဦးစားပေးပြပေးသလို message များများ လိုချင်ရင်လည်း message ပို့မယ့်လူတွေဆီကို ပြသပေးပါတယ်။
3️⃣ အရေးကြီးတာကတော့ ကိုယ့်ကြော်ငြာနဲ့ ကိုယ်ရွေးတဲ့ Objective, Targeting ကိုက်ညီဖို့လိုပါတယ်။ ကိုယ့်ပစ္စည်းကိုအမှန်တကယ်စိတ်ဝင်စားတဲ့လူတွေ၊ သူတို့နေတဲ့နေရာ၊ အလုပ်အကိုင်နဲ့ စိတ်ဝင်စားမှုတွေကို သေချာရွေးနိုင်မှ ကြော်ငြာကထိရောက်ပါတယ်။ နောက်ပြီး ကိုယ်ရေးတဲ့ Content ကလည်း ဆန်းသစ်ပြီးဆွဲဆောင်မှုရှိဖို့လိုပါတယ်။ ဒါမှ ကိုယ့်ကြော်ငြာကိုမြင်တဲ့အခါ လူတွေစိတ်ဝင်စားမှာဖြစ်ပါတယ်။ စိတ်ဝင်စားတဲ့လူများလေလေ၊ ကြော်ငြာခသက်သာလေလေလည်းဖြစ်ပါတယ်။
4️⃣ (Ads placements) ကြော်ငြာပြတဲ့နေရာလေးတွေကအများကြီးရှိပါတယ်။ News feed, Story, Marketplace, Messenger Inbox, Messenger Story, Instagram, In stream Video စသဖြင့် ကိုယ်ပြစေချင်တဲ့နေရာတွေကို Facebook ကပြပေးပါတယ်။ အနှစ်ချုပ်လိုက်ရင် Facebook ကကြော်ငြာပြတဲ့အခါ ကိုယ့်ရဲ့ targeting လုပ်ထားတဲ့အတိုင်း relevant အဖြစ်ဆုံးလူတွေကို ပြသပေးသွားတာပဲဖြစ်ပါတယ်။ ဒီအချက်ကိုသိပြီဆိုရင် ကိုယ့်ကြော်ငြာနဲ့လိုက်ဖက်မယ့်လူတွေကိုရွေးပြီး ကြော်ငြာတတ်အောင်လေ့လာထားဖို့လည်းလိုအပ်ပါတယ်။ ဒါမှသာထိရောက်ပြီးအကျိုးရှိတဲ့ Boosting တစ်ခုကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Aung Myittar Street
Yangon
11041
Opening Hours
| Monday | 09:00 - 21:00 |
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 21:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 21:00 |
| Saturday | 09:00 - 21:00 |
| Sunday | 09:00 - 21:00 |