Chaw Su
ကိုယ် ကြိုက်တာ ကိုယ်ချက်
11/03/2026
မနက်ဖြန် ကျရင် အကောင်းဆုံးရလဒ် ကို ချ စား ပြပါ့မယ် 🥢🍽
#ဝက်ခေါက်ကင်
07/01/2026
မုန်ညင်း မဆောတဆော နဲ့ ငါးပေါင်းထုပ် မယောင်တယောင်
မုန်ညင်းဆောက ရှမ်းပြည်ဒေသစာပေါ့။ မုန်ညင်းကို အချဥ်ဟင်းအရည်သောက်ချက်တာပါ။ အောက်ပြည်အောက်ရွာနဲ့မတူတာက အချဥ်ကိုသတ်ဖို့ ငါးပိမသုံးတာပါ။ ကြံသကာ သို့မဟုတ် ထန်းလျက်ခဲ သို့မဟုတ် သကြား ကိုသုံးပါတယ်။ အချဥ် အတွက်က ချဥ်စော်ကားသီး တို့ မန်ကျည်းသီးတို့ခတ်ပါတယ်။ သက်သတ်လွတ် ချက်လို့ရသလို အသား ငါး ကြိုက်ရာ ထည့်လို့ရပါတယ်။
ငါးပေါင်းထုပ်လို့ပြောရင် ငယ်ငယ်ကတော့ မွန်/မော်လမြိုင်ငါးပေါင်းထုပ်ပဲသိခဲ့တာ။ နေရာစုံရောက်ဖူးပြီးမှ ကချင်တို့ ရှမ်းတို့မှာလဲ ငါးကိုဖက်နဲ့ထုပ်ပြီးပေါင်းတာသိရတာ။ ဒေသကွာတော့ဟင်းခတ်အမွေးအကြိုင်ထည့်တာကွာပြီး တောင်ပေါ် က ငါးပေါင်းထုပ်လို့ဆိုတာထက် ငါးအုံးလို့ခေါ်တာပိုတွေ့ရတယ်။ မွန်/မော်လမြိုင်ဟင်းထုပ်ကိုပိုကြိုက်တယ်။ ငါးပုဇွန် အမယ်စုံသလို မျှစ် စသဖြင့်ဟင်းသီးဟင်းရွက်စုံလဲပါတယ်။ ရှမ်းငါးအုံးကအမွေးနံ့လဲပြင်းပြီးတခါတလေ အစပ်များတယ်။ ခုဟင်းကတော့ မွန် ငါးပေါင်းထုပ်ယောင်ပေါ့။ ငါးပေါင်းထုပ် အစစ်မဟုတ်ပဲ အယောင်ပြလေးပေါ့ 😁
ပရိတ်သတ်ကြီးရဲ့ ချက်နည်းလေးတွေ လဲပြောပြခဲ့ပါဦး
Click here to claim your Sponsored Listing.
Category
Website
Address
Mayangone
Yangon
11091