YGN Car Modifying Parts

YGN Car Modifying Parts

Share

Car service

23/11/2023

(ပေါ့လစ် ဆေးသွင်း paint correction လုပ်တဲ့ စက်)တွေမှာ
RPM (Revolution per minute) graph ပါဖို့ လိုပါတယ်.......
လက်ရှိ နိူင်ငံအတွင်း polisher အရောင်း
ဈေးကွက်ထဲမှာ နိူင်ငံပေါင်းစုံက ထုတ်တဲ့ အမျိုးအစား ပေါင်းစုံသောစက်တွေရှိပါတယ်.......
polisherစက်ရယ်လိုပြောလိုက်ရင် အမျိုးစားကတော့အများကြီးရှိကြပါတယ်
အိမ်တွင်းမှု့အလှဆင်လုပ်ငန်းသုံးအတွက် polisher
ဆောက်လုပ်ရေးလုပ်ငန်းသုံး polisher
သံထည်လုပ်ငန်တွေအတွက် polisher
ကားလုပ်ငန်းသုံး polisher
ဆိုင်ကယ်လုပ်ငန်းသုံး polisher
ကျောက်မျက်ရတနာ လုပ်ငန်းသုံး polisher
လက်သည်း အလှပြင် လုပ်ငန်းသုံး polisher
အစရှိသဖြင့် polisher တွေ ပုံစံပေါင်းစုံ အမျိုးအစား တံဆိပ်ပေါင်းစုံကို ကုမ္ပဏီပေါင်းစုံ မှ နိူင်ငံ ပေါင်းစုံကနေ တင်သွင်းရောင်းချနေကြပါတယ်.......
အများစုသော ဈေးကွက်ဝေစုကို တရုတ်ပြည်ကပြုလုပ်တဲ့ စက်ပစ္စည်းတွေက နေရာယူထားပါတယ်.......
Polisher တွေထဲမှာလဲ branded အဖြစ် QC pass ဖြစ်ထားပြီး international rule စံစနစ်နဲ့ ထုတ်လုပ်ရောင်းချထားတဲ့ ကုန်ပစ္စည်းတွေရှိသလို
အိမ်နီးချင်းနိုင်ငံတွေက အိမ်တွင်းမှုစက်ရုံ အလုပ်ရုံတွေက ထွက်တဲ့ စံစနစ်လိုက်နာမှုမရှိတဲ့ polisher တွေကို တစ်ပိုင်တစ်နိူင် တင်သွင်းရောင်းချနေတဲ့ လုပ်ငန်းရှင်တွေရဲ့ ဈေးကွက်ကလဲရှိနေပြန်ပါတယ်.......
မည်သို့ပင် ဖြစ်ပါစေ ကျွန်တော်တို့ polisher စက်တစ်လုံးကို ကျွန်တော်တို့အလုပ်အတွက် အသုံးပြုဖို့ ဝယ်ရတော့မယ်ဆိုရင်
အလုပ်ဖြစ်ဖို့ အဓိကကျကျ စဉ်းစား ရွေးချယ်ဝယ်ယူရမှာဖြစ်ပါတယ်
အဲ့ဒီအကြောင်းရာတွေအများကြီး ထဲကမှ အရေးကြီတဲ့အချက်တစ်ချက်ကို ဒီနေရာမှာပြောပြချင်ပါတယ်......
RPM (Revolution per minute) Graph ပါတဲ့ polisher စက်တွေကို ဝယ်ယူသင့်ပါတယ်
မိမိဝယ်ယူမယ့် polisher က ကားအတွက်ဆို ကားလုပ်ငန်းသုံး polisher ဖြစ်သင့်ပါတယ်
စက်တွေရဲ့ စွမ်းဆောင်ရည်တွေက တစ်မျိုးနဲ့တစ်မျိုးလုံးဝမတူညီကြပါဘူး
မီးအားသုံးစွဲမှုပမာဏ
အလေးချိန်
လက်ကိုင်အနေအထား စက်အနေအထား
တုန်ခါမှုနှင့် တည်ငြိမ်မှု
ဆူညံမှုနှင့် ညက်ညောမှု
အသွင်အပြင်နှင့် အဆင်အယဉ်
အစရှိသဖြင့် မတူကြပါဘူး
ဘယ်လိုပင်ဆိုစေကာမှု စက်တွေမှာ အရေးကြီးတဲ့ တစ်ချက် တူညီစေရမှုကတော့ RPM (Revolution per minute)ပါပဲ အဲ့ဒီ rpm ဖေါ်ပြမှု graph ကတော့ စက်တိုင်းမှာ ပုံစံတစ်မျိုးမျိုးဖြင့်ပါဝင်နေသင့်ပါတယ်
polisher စက်တွေမှာ စက်အရှိန်ကို adjust လုပ်လို့ရမယ့် လက်ညှစ် ခလုပ်တွေ ပါဝင်သလို့ RPM အနိမ့်အမြင့်ကို ချိန်လို့ရမယ့် manual control switch တွေလဲ ပါဝင်ရမှာဖြစ်ပါတယ်
ခုနောက်ပိုင်းမှာ အရမ်း update ဖြစ်တဲ့ polisher စက်တွေမှာ Digital control unit တွေ အဖြစ် LED display နဲ့ပါ ပါဝင်လာကြပါပြီ
ကျွန်တော်တို့ ကားလုပ်ငန်းမှာဆို paint correction လုပ်ကြတဲ့အခါမှာ ကားဆေးသားမျက်နှာပြင်တွေရဲ့ ယေဘူယျ အခြေနေတွေက မတူညီနိုင်ကြသလို လုပ်ငန်စဉ်ရဲ့ လုပ်ကွက် theory တွေကလဲ လုံးဝမတူညီကြပါဘူး
ဘယ်အရာကိုမှ ပုံသေမှတ်ယူ လုပ်ကိုင်လို့မရပေမယ့်
သုံးစွဲးရတဲ့ ဆေးပစ္စည်းတွေ ရဲ့ ပါဝင်မှု စံတွေကတော့ ပုံသေလာပါတယ်.......
စက်တွေရဲ့ စံတွေကတော့ ပုံသေလာပါတယ်
ထူးခြားရောစပ်ပြီး ထုတ်လုပ်ထားတဲ့ဆေးတွေမှာဆိုလဲ စံစနစ်တွေ အခြေအနေ အချိုးအစားတွေ ရေးသားဖေါ်ပြထားကြပါတယ်......
ဘယ်ဆေးအမျိုးအစားမှာ စက်ရဲ့ RPM ဘယ်လောက်နူန်းဖြင့် paint correction လုပ်ပါရန် နှင့် ဆောင်ရန်ရှောင်ရန်များ ပါရှိကြပါတယ်
(ဒါကတော့ polish ဆေးတွေရဲ့အခြေခံပါဝင်မှု အကြောင်းအရာတွေကို သီးသန့်ရှင်းပြပါဦးမယ်.......)
အဲ့ဒီတော့ polisher စက်တွေမှာ RPM graph နဲ့ RPM (Revolution per minute) ချိန်ညှိနိုင်မှု တွေ လိုကိုလိုအပ်ပါတယ်
ဆေးတွေအလိုက် ဖိအား စက်လည်ပါတ်နူန်း အရှိန်အနှေးအမြန် လက်အယူအစ မျက်နှာပြင်ပေါ် အပူချိန် အစရှိသဖြင့် အရေးကြီးပါတယ်
ဒါကြောင့် polisher စက်တွေကို စိတ်ဝင်စားရင်ဖြစ်ဖြစ်
ဝယ်ယူဖို့ စဉ်းစားနေရရင်ပဲ ဖြစ်ဖြစ် ကျွန်တော်မျှဝေပေးခဲ့တဲ့အကြောင်းအရာလေးဖြင့် စဉ်စားချင့်ချိန် ကြည့်စေချင်ပါတယ်
ကျွန်တော်တို့ဟာ ကျွန်တော်တို့ paint correction လုပ်နေတဲ့ လုပ်ငန်းစဉ်ရဲ့ အဓိက player tools တစ်ခု့ဖြစ်တဲ့ polisher ရဲ့ စွမ်းဆောင်ရည်ကိုတော့ သိထားသင့်တယ်လို့ ထင်ပါတယ်
အဲ့ဒါကြောင့် ကျွန်တော် သိသလောက် အသိလေးဖြင့် မျှဝေ လိုက်ရခြင်း ဖြစ်ပါတယ်

Zaw phyo wai

Photos from Vinylfrog's post 11/08/2021
Photos from Jdm cars's post 02/05/2020
Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 1213. Yadanar Street . South Okkalapa Township
Yangon

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00