K Store
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from K Store, 23 Street, Yangon.
Passport PV သက်တမ်းတိုးအတွေ့အကြုံလေး sharing လုပ်ပေးချင်လို့ပါ ( သိပြီးသားလူတွေကတော့ ကျော်သွားပေးနော် )
✅ Appointment letter (QR code) ယူရန်
- QR ယူရတာ ခက်တော့ မခက်ပါဘူး ၊ အချိန်က ၂မိနစ်လောက်ပဲရတာမလို့ လက်မြန်ပြီး စိတ်ရှည်ဖို့တော့လိုပါတယ် ၊ သူ့မှာပါတဲ့ ၂၇ ချက်လုံးဖြည့်စရာ မလိုပါဘူး ၊ အရေးကြီးတဲ့အချက် တွေကိုပဲ မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန်ဖြည့်ရင်ရပါပြီ ၊ အချက်အလက်မှားခဲ့ရင် ရုံးရောက်တဲ့အခါ အမှားပြင်ကောင်တာမှာ သွားပြင်ရတာမလို့ အလုပ်ပိုပြီး အချိန်ပိုကုန် ပိုက်ဆံပိုကုန်ပါတယ် ( 5000 လား မသိ)
📌 နေရပ်လိပ်စာလို စာလုံးရေများတဲ့ဟာမျိုးကို Note မှာရေးပြီး copy paste လုပ်ရင် ပိုမြန်ပါတယ်
📌 E mail ရှိရင် ထည့်ပေးပါ ၊ Appointment letter ကို mail ထဲ ပို့ပေးတာမလို့ ပြန်ရှာစရာမလိုပါ ၊ အသေးစိတ်ကို comment မှာ link ချပေးထားပါတယ်
📌 အင်ဂျင်နီယာ ၊ ဆရာဝန်ဆို ဘွဲ့ထည့်မရေးပါနဲ့ ၊ အစိုးရဝန်ထမ်းမဟုတ်ကြောင်း ထောက်ခံစာယူနေရမယ် ၊ တခြားဘွဲ့တွေကတော့ ပြဿနာမရှိ
📌 ဖုန်းနဲ့လုပ်မယ်ဆို dark mode on မထားမိစေနဲ့နော် ၊ ပိုက်ဆံသွင်းဖို့ K pay QR scan ဖတ်မရဘဲ တိုင်ပတ်တတ်လို့🥴
✅ စာရွက်စာတမ်းပြင်ဆင်ရန်
- Appointment letter ၃ စုံ ( QR ပါတဲ့စာမျက်နှာပဲ ကွက်မထုတ်ဘဲ သူ့မှာပါတဲ့ ၂၇ ချက်လုံးပါအောင် print ထုတ်ပါ ၊ ရစ်ချင်ရစ်တယ် မရစ်ချင်မရစ်ဘူး ၊ သူတို့သဘော🙄 ဖုန်းထဲမှာလည်း ဆောင်သွားပါ )
- မှတ်ပုံတင်မူရင်း / မိတ္တူ ၂စောင်
- အိမ်ထောင်စုစာရင်းမူရင်း / မိတ္တူ ၂ စောင်
- ကိုယ်ရေးမှတ်တမ်းဖောင် ၁ စုံ
( လက်ရေးနဲ့ဖြည့်ရန် ၊ တို့ကတော့ အိမ်ကနေဖြည့်သွားပါတယ် ၊ ရုံးရောက်မှ ဖောင်ဝယ်ပြီးဖြည့်လို့လည်း ရပါတယ် )
- passport စာအုပ်အဟာင်း / မိတ္တူ ၂ စောင် ( (ဓာတ်ပုံပါတဲ့စာမျက်နှာ )
📌 မိတ္တူတွေကို အပိုတစ်စုံစီယူသွားနိုင်ရင် ပိုကောင်းပါတယ် ၊ ရုံးထဲမှာမိတ္တူဆွဲရင် တစ်ရွက် 1000
✅ ရက်ချိန်းနေ့ ရုံးဝင်ရန်
🌐 တန်းစီလို့ ကိုယ့်အလှည့်ရောက်ခါနီးရင် Appointment letter တစ်စောင်နဲ့ မှတ်ပုံတင်မူရင်းကို ထုတ်ထားပါ ၊ တာဝန်ကျ ရော်ကဲက QR scan ဖတ်ပြီး eye scan ဖတ်ပါလိမ့်မယ် ၊ ကျားသပ်သပ် မသပ်သပ်
ခွဲဝင်ရပါမယ် ၊ body check up လုပ်ပါမယ်
🌐 ဝင်ဝင်ချင်းတွေ့တဲ့စားပွဲမှာ အိမ်ကဖြည့်လာတဲ့ကိုယ်ရေးဖောင် တုံးသွားထုပါမယ် ( 1000 ပါ 🙄)
🌐 လဝကမှာတန်းစီပါမယ် ၊ သက်တမ်းတိုးတွေက counter 1 မှာပဲ စီရမှာပါ ၊ counter မှားစီမိရင် အစကပြန်စီရမှာမလို့ သတိထားနော် ( သွေးနှောတွေကတော့ counter 11 ဘေးက မှန်ခန်း ရှေ့မှာစီတာ တွေ့ပါတယ် )
ကိုယ့်အလှည့်ရောက်ရင်
- Appointment letter ၁ စုံ
- မှတ်ပုံတင်မူရင်း / မိတ္တူ ၂စောင်
- အိမ်ထောင်စုစာရင်းမူရင်း / မိတ္တူ ၂ စောင်
- ကိုယ်ရေးမှတ်တမ်းဖောင် ၁ စုံ
- passport အဟောင်းမိတ္တူ ၁ စောင် ပြပါ
သူတို့ computer ထဲက data တွေနဲ့ တိုက်စစ်ပါလိမ့်မယ် ၊ ပြီးရင် သူ့ဘေးမှာ ဘယ်ဘက်လက်မ လက်ဗွေနှိပ်ပါ ၊ စာရွက်စာတမ်းတွေ အကုန်ပြန်ပေးပါလိမ့်မယ် ၊ အဲဒီ counter အနောက်ဘက်ကိုသွားပြီး မှတ်ပုံတင်မိတ္တူ ၂စောင် ၊ အိမ်ထောင်စုစာရင်းမိတ္တူ ၂ စောင် ပေးလိုက်ပါ ၊ စလစ်စာရွက်တစ်ရွက်ထုတ်ပေးပြီး ကိုယ့်မိတ္တူစာရွက်တွေနဲ့ ပြန်တွဲပေးပါတယ် (စလစ်က ကိုယ့်နာမည်ဟုတ် မဟုတ်စစ်ပါ ၊ လူများတော့ မှားတတ်ပါတယ် )
အဲဒီနေရာမှာ 5000 ပါ 🙄
🌐 အထဲဝင်ပြီး ဓာတ်ပုံခန်းကို သွားပါ ၊ အရင်ကတော့ PV ဆို အပေါ်ထပ် ၊ PJ ဆို အောက်ထပ်ခွဲထားပေမဲ့ အခုတော့ ကြိုက်တဲ့နေရာရိုက်လို့ရပါတယ် ၊ လူနည်းတဲ့အခန်းရှေ့ဝင်တန်းစီပါ (တို့ကတော့ အပေါ်မှာပဲရိုက်ခဲ့ပါတယ် ) ကိုယ့်အလှည့်ရောက်ရင် ခုနကစာရွက်စာတမ်းတွေအားလုံးနဲ့ passport စာအုပ်အဟောင်း ပေးလိုက်ပါ ၊
( စာအုပ်အဟောင်းမှာ အစွန်းအထင်းတွေပါရင် ဒဏ်ကြေး ၄၁၀၀၀ ဆောင်ရပါတယ်၊ တို့တော့ဆောင်ခဲ့ရတယ် 🥹)
သူတို့မေးတာ နည်းနည်းပါးပါးဖြေပေးလိုက်ပါ ၊ ပြီးရင် အပြင်ပြန်ထွက်ပြီး ခဏစောင့်ပါ ၊ ကိုယ့်နာမည်ခေါ်ရင် ဓာတ်ပုံဝင်ရိုက်လို့ရပါပြီ ၊ လက်ဗွေနှိပ် ၊ eye scan ဖတ် ၊ လက်မှတ်ထိုးပြီးရင် စာအုပ်ထုတ်ဖို့ စလစ်ရပါပြီ ( 5000 ပါ 🙄 )
📌 စလစ်ရရချင်း ပြန်မလာပါနဲ့ဦးနော်
စလစ်ထဲကနာမည်စာလုံးပေါင်း ၊ မွေးနေ့ ၊ မှတ်ပုံတင်နံပါတ်တွေ သေချာစစ်ပါ ၊ မှားနေရင် ချက်ချင်းပြန်သွားပြင်ခိုင်းပါ ( စာအုပ်ထွက်မှပြင်ရင် ရေလောင်းရပါမယ် 🥹) စလစ်ကို မိတ္တူကူးထားပါ ၊ ဖုန်းနဲ့လည်း ဓာတ်ပုံရိုက်ယူထားပါ ၊ စလစ်ပျောက်ရင် ဘာမှလုပ်မရပါ
📌 Appointment letter က အချိန်အတိုင်းသွားရင် ရပါတယ် ၊ စောသွားစရာမလိုပါ ၊ စောသွားလည်း ပေးမဝင်ပါ
📌စာရွက်စာတမ်းထည့်ထားတဲ့ဖိုင်အကြည် ၊ ပိုက်ဆံအိတ်အသေး ၊ ဘောပင် ၊ ဖုန်းကလွဲပြီး အထဲကို ဘာမှယူလို့မရပါ ၊ correction pen တောင် ပေးမယူပါ ၊ နေပူရင် ထီး ၊ ဦးထုပ်ယူသွားလို့ရပေမဲ့ အပြင်မှာထားခဲ့ရတာမလို့ အစုတ်ပဲယူသွားပါ ၊ အသစ်ဆို ပျောက်တတ်ပါတယ် 🙄
📌 အဝတ်အစားကို သက်တောင့်သက်သာရှိတာမျိုးပဲ ဝတ်သွားပါ ၊ ဓာတ်ပုံက လည်ပင်းအထိပဲပါတာပါ 🥹 ၊ အဖြူလိုအရောင်နုတွေကိုတော့ ရှောင်ပါ ၊ ဓာတ်ပုံထဲအလင်းပြန်တတ်လို့ပါ
✅စာအုပ်ထုတ်ရန်
စာအုပ်ထုတ်တာက တန်းစီစရာမလိုပါ ၊ စာအုပ်ထုတ်ရန်ဆိုတဲ့ဆိုင်းဘုတ်အတိုင်း ရုံးဘေးလမ်းကြားအဆုံးထိဝင်သွားပါ
📌 မှတ်ပုံတင်မူရင်းနဲ့စလစ်စာရွက်လိုပါတယ် ၊ ကိုယ်စားထုတ်မယ့်သူဆို အိမ်ထောင်စုစာရင်းမူရင်းပါ လိုပါတယ် ၊ Monday နဲ့ Friday က လူများတတ်ပြီး ကြားရက်တွေက လူပိုရှင်းပါတယ်
စလစ်နောက်ကျောမှာ နာမည် ၊ မှတ်ပုံတင်နံပါတ် ၊ ဖုန်းနံပါတ် ၊ လက်မှတ်ထိုး ( အိမ်ကနေ ရေးသွားလည်းရ ) စလစ်စာရွက်ထပ်ထားပြီး စောင့်နေပါ
ကိုယ့်နာမည်ခေါ်ရင် မှတ်ပုံတင်မူရင်းပြ စာအုပ်ယူ အနောက်ကအခန်းထဲဝင်ပါ ၊ စာအုပ်အဟောင်းမှာ oversea ထွက်ဖူးထားရင် Cancelled တုံး ထုပြီး ပြန်ပေးပါတယ် ၊ စာအုပ်အသစ်မှာ observation တုံးထုပေးပါတယ် ၊ စာအုပ်အဖုံး 3000 ဝယ်ခိုင်းပါတယ် ၊ တို့တော့ ဝယ်မလာပါဘူး ၊ ကိုယ့်လက်ထဲစာအုပ်ရောက်ပြီဆိုတော့ ကိုယ့်သဘော 😌
အားလုံးပဲ အဆင်ပြေကြပါစေရှင့် ❤️
P.S ပိုက်ဆံကတော့ ပေးချင်လည်းရ မပေးချင်လည်းရ ၊ တော်တော်များများကတော့ အာရုံနောက်မခံနိုင်လို့ ပေးကြတာများပါတယ် ၊ တို့ကတော့ လဝက မှာ မပေးခဲ့ဘူး 🤭
01/11/2022
အပေါ်အောက်အခွဲလေးကလွဲလို့ကြိုက်တာယူ13000ပါရှင့်
နှစ်ထည်ယူ1000လျော့သုံးနဲ့နဲ့အထက်ဆို3000လျော့ပေးပါတယ်
ဒီထဲကပဲရမယ်ရှင့်ကျန်တာလေးတွေကုန်ပြီနော်😍
ချုပ်ရိုးချုပ်သားကတော့ပြောနေကျအတိုင်းအာမခံပါတယ်နော်မတန်ရင်မင်မင်ကိုပြန်လာပြောပါနော်😊
local brand to wear
30/10/2022
ဒါလေးတအားလှတာနော်😍
အပေါ်အောက်ခွဲဝတ်လို့ရတာဆိုတော့တအားတန်
စကပ်ကိုဗြောင်crop top နဲ့ဝတ်ဝတ်
အကျီကိုတခြားစကပ်စတိုင်ပန်ဂျင်းလေးတွေနဲ့ပဲတွဲတွဲလှနေရောပဲ
နှစ်ထည်ကိုတသ်ထည်စျေးနဲရတာနော်
😊
price 14500
instockပါရှင့်
Click here to claim your Sponsored Listing.
Website
Address
23 Street
Yangon
Opening Hours
| Monday | 09:00 - 00:00 |
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 21:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 21:00 |
| Saturday | 09:00 - 21:00 |
| Sunday | 09:00 - 21:00 |