Mahar Sarpay

Mahar Sarpay

Share

ရသစာပေအတွက် သဲတပွင့်လောက် ပါဝင်ခွင့်ရရင်တောင် ကျေနပ်ပါပြီ

28/05/2026

မဟာစာပေအနေနဲ့ စာပေအနုပညာရှင် ကလောင်သစ်တွေနဲ့ လက်တွဲ အလုပ် လုပ်ခဲ့တာ နှစ်တွေလည်း ကြာခဲ့ပါပြီ။ မဟာစာပေနဲ့မှ စာပေအသိုင်းအဝိုင်းထဲ စတင် ဝင်ရောက်ခဲ့ပြီး အောင်မြင်တဲ့ စာရေးသူတစ်‌ယောက်အဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့တဲ့ စာရေးဆရာတွေလည်း ရှိနေခဲ့ပါပြီ။

လူသစ်တန်းစာရေးသူတွေရဲ့ စာအုပ်တွေကို ထုတ်ဝေပေးတတ်တယ်ဆိုတာကို သိကြတဲ့ ကလောင်သစ် စာရေးသူအချို့ဟာ မဟာစာပေကို စာမူ ပေးပို့လေ့ ရှိကြပါတယ်။ တချို့လည်း တကယ်ကို ကောင်းမွန်တဲ့ စာမူတစ်ခုအဖြစ် လက်ခံရရှိပါတယ်။
အဲ့ဒီလို ကောင်းမွန်တဲ့စာမူအဆင့်ကနေ မဟာစာပေနဲ့ လက်တွဲပြီး အလုပ် လုပ်နေကြတဲ့ စာရေးသူတွေ အခုချိန်ထိ ရှိနေကြဆဲပါ။
စာရေးဖို့ ဝါသနာပါသူတစ်ယောက်ကို မဟာစာပေအနေနဲ့ အကြုံပြုချင်တာကို ကိုယ့်စာမူကို ဖတ်ပေးမယ့် အယ်ဒီတာအတွက်တော့ ကိုယ့်စာမူလေးကို သေသေသပ်သပ်လေး စာစီပြီး ပေးပို့စေချင်မိတယ်။

ဘာလို့ဆိုတော့ စာမူကို ဖတ်ရမယ့် အယ်ဒီတာတစ်ယောက်ဟာ လူသစ်တန်းစာရေးသူတစ်ယောက်ရဲ့ စာပေလက်ရာကို ဖတ်ဖို့အတွက်မှာ စာမူရဲ့ ပြင်ဆင်မှုပိုင်း အားနည်းနေခဲ့ရင် စာမူတစ်ခုလုံး ပြီးအောင်ဖတ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ တခြားသူအတွက်တော့ မသိဘူး။ မဟာစာပေရဲ့ အယ်ဒီတာအနေနဲ့တော့ အဆင်မပြေပါ။
တချို့စာပေကလောင်ရှင် အသစ်တွေက စာမူကို ဖုန်းနဲ့ရိုက်တော့ စာပုဒ်ခွဲရမယ့်ဟာတွေ၊ စာလုံးတွေ တွဲရမယ့်စာသား၊ ခွဲရမယ့်စာသားတွေကို သေသေသပ်သပ်မလုပ်ပဲ ဖြစ်သလိုပို့တဲ့ စာမူတွေကိုတော့ မဟာစာပေရဲ့ အယ်ဒီတာအဖွဲ့မှ စာမူရောက်ရှိကြောင်း အကြောင်းပြန်စာ ပြန်လည် ပေးပို့တော့မှာမဟုတ်ပါ။

မဟာစာပေကို စိတ်ဝင်တစားရှိပေးကြတဲ့ စာပေဝါသနာပါသူတို့အား အထူးပင် ကျေးဇူးတင်ပါတယ်

22/04/2026

📖 ငန်းရိုင်းများ
📖 Wild Swans
🖊 ကျော်အောင်
🖊 Jung Chang
🗒 စာမျက်နှာ - ၅၉၁
💸 တန်ဖိုး ၃၂၀၀၀ ကျပ်
🛒 အိမ်အရောက်ပို့ (Door To Door ) စနစ်ဖြင့်မှာယူလိုသူများအတွက်
ဆက်သွယ်ရန် - 09450623383 ၊ 09450623384
📌 မြို့နယ်အလိုက် ပို့ဆောင်ခ ကွာခြားနိုင်ပါသည်။ 📌
လူတစ်ဦးချင်းစီရဲ့ ဘဝတွေဟာ သမိုင်းရဲ့ လှိုင်းတံပိုးအောက်မှာ ဘယ်လိုမျိုး ရိုက်ခတ်နစ်မြုပ်ခဲ့ရသလဲ ...

ဆရာကျော်အောင် ဘာသာပြန်တဲ့ ငန်းရိုင်းများဟာ တရုတ်ပြည်ရဲ့ ၂၀ ရာစု သမိုင်းအလှည့်အပြောင်းကို မိသားစုမျိုးဆက် သုံးဆက်ရဲ့ ရင်နင့်ဖွယ်ရာ ဖြစ်ရပ်မှန်တွေကနေ ပုံဖော်ထားတဲ့ စာအုပ်တစ်အုပ်ပါ။ ဆွေစဉ်မျိုးဆက် ဖြတ်သန်းခဲ့ရတဲ့ ခေတ်တစ်ခေတ်ရဲ့ အမှောင်ထုနဲ့ လူသားတို့ရဲ့ ရှင်သန်လိုစိတ်ကို အကောင်းဆုံး ထင်ဟပ်စေတဲ့ စာအုပ်တအုပ်ဆိုရင်လည်း မမှားပါဘူး။

ယခု မဟာစာပေကနေ ဒုတိယအကြိမ်အဖြစ် ထုတ်ဝေလိုက်တဲ့ 'ငန်းရိုင်းများ' ဟာ ပိုမိုပြည့်စုံတဲ့ မူအဖြစ် ရောက်ရှိလာပါပြီ။ ဆရာကျော်အောင်ရဲ့ သမီးဖြစ်သူ ဒေါက်တာစီစီအောင်ရဲ့ ခွင့်ပြုချက်နဲ့အတူ ပထမအကြိမ်ထုတ်ဝေစဉ်က စာရေးသူကိုယ်တိုင် ပြန်လည်မစစ်ဆေးနိုင်ခဲ့တဲ့ အချက်အလက်တွေကို ဘာသာပြန်စာရေးဆရာ ကိုနေ (YIE) က မူရင်းအင်္ဂလိပ်စာအုပ်နဲ့ တိုက်ဆိုင်တည်းဖြတ်ပြီး အသေအချာ ဖြည့်စွက်ပေးထားပါတယ်။ ဒါ့အပြင် ယခင်အကြိမ်မူမှာ မပါဝင်ခဲ့တဲ့ သမိုင်းဝင်ဖြစ်ရပ်မှန် ဓာတ်ပုံတွေကိုပါ ရှာဖွေထည့်သွင်းပေးထားလို့ စာဖတ်ပရိတ်တို့အနေနဲ့ သမိုင်းရဲ့ ပုံရိပ်တွေကို မျက်ဝါးထင်ထင် မြင်တွေ့ခံစားရမှာပါ။

စာရေးဆရာမ ယန်းကျန်း ရဲ့ ဝိုင်းဆွမ်းစ် စာအုပ်ရဲ့နာမည်ခွဲ Three Daughters of China ဆိုတဲ့အတိုင်း ဒီဇာတ်လမ်းမှာ အမျိုးသမီး သုံးဦးရဲ့ မတူညီတဲ့ ခေတ်သုံးခေတ်ကို ရင်တထိတ်ထိတ်နဲ့ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ စစ်ဘုရင်တဦးရဲ့ မယားငယ်အဖြစ် သိမ်းပိုက်ခံခဲ့ရပြီး 'ခြေစည်း' တဲ့ ဓလေ့ဆိုးအောက်မှာ ဘဝကို အံတုခဲ့ရသူ အဘွား၊ ကွန်မြူနစ်ဝါဒရဲ့ စိတ်ဓာတ်တက်ကြွတဲ့ ပါတီဝင်တဦး ဖြစ်ခဲ့ပေမဲ့ နိုင်ငံရေးမုန်တိုင်းကြားမှာ နာကျင်စွာ မြေစာပင်ဖြစ်ခဲ့ရတဲ့ အမေ နဲ့ ယဉ်ကျေးမှုတော်လှန်ရေးရဲ့ ကြမ်းတမ်းတဲ့ ဒဏ်ချက်တွေကို ကိုယ်တိုင်ဖြတ်သန်းခဲ့ရတဲ့ စာရေးသူ ယန်းကျန်း တို့ရဲ့ ဘဝခရီးလမ်းတို့ဟာ ကမ္ဘာ့ဘယ်နေရာက စာဖတ်သူတို့ကိုမဆို အံ့သြတုန်လှုပ်စေခဲ့တဲ့အထိ ဝိုင်းဆွမ်းစ် ရဲ့ အောင်မြင်မှုဟာ ကြီးမားခဲ့ပါတယ်။

ဒီစာအုပ်ဟာ သာမန်အတ္ထုပ္ပတ္တိတစ်ခုထက် ပိုပါတယ်။ မော်စီတုန်းခေတ် တရုတ်ပြည်ရဲ့ မှောင်မိုက်တဲ့ နိုင်ငံရေးနောက်ကွယ်က အမှန်တရားတွေ၊ လူသားတွေရဲ့ ရုန်းကန်ရှင်သန်မှုတွေကို ပွင့်ပွင့်လင်းလင်း ဖော်ပြထားတာကြောင့် တရုတ်နိုင်ငံမှာ ပိတ်ပင်ခံထားရဆဲပါ။ သမိုင်းရဲ့ ဒဏ်ရာဒဏ်ချက်တွေကြားကနေ မိသားစုမေတ္တာနဲ့ အသက်ရှင်လိုစိတ်ကို ဘယ်လိုမျိုး အားမာန်ပါပါ တည်ဆောက်ခဲ့ရသလဲဆိုတာကို ဒီစာအုပ်က သက်သေပြနေပါတယ်။

ခေတ်တစ်ခေတ်ရဲ့ ရိုက်ခတ်မှုအောက်မှာ မိသားစုဘဝတွေ ဘယ်လိုပြိုလဲပျက်စီးခဲ့ရပြီး ပြန်လည်ရုန်းထခဲ့သလဲဆိုတာကို စိတ်ဝင်စားဖွယ် ဖြစ်ရပ်တွေနဲ့အတူ ဖတ်ရှုရမှာဖြစ်လို့ ဆရာကျော်အောင် ရဲ့ ငန်းရိုင်းများဟာ ဘာသာပြန်စာချစ်သူတို့ စာအုပ်စင်မှာ ဂုဏ်ယူစွာနဲ့ ခန့်ခန့်ထည်ထည် ထားရှိရမဲ့ စာအုပ်ကောင်းတစ်အုပ်လို့ ဆိုလိုက်ပါရစေ။
Sarpay
#ကျော်အောင်
#ငန်းရိုင်းများ
မဟာစာ​ပေ တိုက်ထုတ်စာအုပ်လေးများကို ဝယ်ယူဖတ်ရှုဖို့ အခက်အခဲရှိသူများအတွက်
(၁) လှည်းတန်းစင်တာ ပထမထပ်မှာရှိတဲ့ Save The Library မှာ တာဝန်ယူပြီးဖွင့်လှစ်ထားတဲ့ Hledan Art Space က ဗဂျီအိမ် ရွှေ့လျားစာကြည့်တိုက် Reading Corner
(၂) ရေနီမြို့နဲ့ အနီးတဝိုက်မှ စာချစ်သူများအတွက် ရပ်ကွက်ကြီး ၃၊ ရေနီမြို့ရှိ ရေနီအလင်းတန်း စာဖတ်ခန်း
(၃) မြောက်ဒဂုံ ၄၇ ရပ်ကွက်ရှိ အောင်ဖောင်ဒေးရှင်းစာကြည့်တိုက် (Private Library)
(၄) ဓမ္မဇောတိ စာကြည့်တိုက်၊ ဖောင်းကတာ၊ မုံရွာ
တို့တွင် မည်သူမဆို အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ပါတယ် ခင်ဗျာ

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


147 Ground Floor, Zaya Thukha Street, Ka Ward, Thuwana
Yangon
11072