Sithu Zeya
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sithu Zeya, Photographer, Yangon.
23/11/2018
World AIDS Day အထိမ်းအမှတ် ဂီတဖော်ျဖြေပွဲနှင့် ဟောပြောပွဲကို ပြည်သူ့ရင်ပြင်တွင် ကျင်းပမည်
++++++++++++++++
ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကျရောက်သည့် World AIDS Day (ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့) အထိမ်းအမှတ် အဖြစ် ပြည်သူ့ရင်ပြင်(ရန်ကုန်)တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့်အတူ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများက ပူးပေါင်း၍ ကျင်းပပြုလုပ်သွားမည်။ အခန်းအနားတွင် နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်များနှင့် အဆိုတော်များမှ တင်ဆက်ဖျော်ဖြေသွားမည်ဖြစ်ပါသည်။
ပွဲအစီအစဉ်များ
၁။ ဗဟုသုတ ပြခန်းများ
၂။ ဟောပြောပွဲများ
၃။ ကျန်းမာရေးသံတမန်များ (အကယ်ဒမီ ပိုင်ဖြိုးသု၊ စိုးညီညီထွန်းနှင့် ဇွန်သံစဉ်) နှင့် ဆရာဝန်ကြီးများ ပါဝင်သော ဆွေးနွေးပွဲ
၎။ HIV နှင့် အဆုတ် TB ရောဂါ ရှိ မရှိ၊ စနစ်တကျ နှစ်သိမ့်ဆွေးနွေးပြီး အခမဲ့ စစ်ဆေးပေးခြင်း
၅။ ဂီတဖော်ျဖြေပွဲ
(ပါဝင်သည့်အဆိုတော်များ - ဖြိုးပြည့်စုံ၊ ဝိုင်းစုခိုင်သိန်း၊ အောင်ထက်၊ ချမ်းချမ်း၊ ဇွဲပြည့်၊ အေသင်ချိုဆွေ၊ ရဲနောင်၊ အမွန်း၊ မိုင်းမိုင်ဆိုင်းနှင့် အခြားအဆိုတော်များ)
ကျင်းပမည့်နေ့ရက် - ဒီဇင်ဘာလ (၁)၊ ၂၀၁၈
ကျင်းပမည့် အချိန် - နေ့လည် (၁၂) နာရီမှ ည (၁၀) နာရီအထိ
ကျင်းပမည့် နေရာ - ပြည်သူ့ရင်ပြင် (ရန်ကုန်)
ဝင်ပေါက် - ပြည်လမ်းဝင်ပေါက်မှ ဝင်ရောက်ရန်
လက်မှတ် - post တွင် ဖော်ပြထားသော ပုံအား လက်ကိုင်ဖုန်းများတွင် သိမ်းဆည်းထား၍ လာရောက်သည့်နေ့တွင် ဝင်ပေါက်၌ ပြသပြီး ဝင်ရောက်နိုင်ပါသည်။
၂၀၁၈ ခုနှင်တွင်ကျရောက်သော World AIDS Day၏ ဆောင်ပုဒ်မှာ "Know your Status" (အိပ်ခ်ျအိုင်ဗွီပိုး ရှိ မရှိ၊ မိမိကစ သွေးစစ်ကြည့်)
၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ၌ လူဦးရေ ၁၁၀၀၀ခန့် HIVပိုး ကူးစက်ပြန့်ပွားခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ခန့်မှန်း တွက်ချက်ထားသည်။ ထိုသူများထဲမှ ၃၀ ရာခိုင်နှုန်းသည် အမျိုသမီးများ ဖြစ်ကြသည်။
ကူးစက်မှု နှုန်း သည် ၂၀၁၀ ခုနှစ် နှင့် နှိုင်းယှဉ်ပါက ၂၉ ရာခိုင်နှုန်း ခန့် လျော့ကျ သွားခဲ့သည်။
HIV ကူးစက် မခံရအောင် သင့်ကိုသင် ကာကွယ်ရန်
၁။ ကွန်ဒုံးကို စနစ်တကျ သုံးစွဲပါ။
၂။ မူးယစ်ဆေး သုံးစွဲ ပါ က သန့်ရှင်းပြီး ပိုးသတ်ထားသော တခါ သုံး ဆေးထိုး အပ် အသစ် ကို သုံးပါ။
၃။ HIV ရှိသော ကိုယ်ဝန်ဆောင် မိခင်များသည် မွေးဖွားလာမည့် ကလေးနှင့် မိမိအတွက် ဆေးကုသမှု ခံယူပါ။
16/06/2016
https://www.youtube.com/watch?v=RcfcEgRI-Eg&feature=youtu.be
DVB Live - ရန်ကုန်တိုင်းထဲ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်း မြင့်တက်နေ ရန်ကုန်တိုင်း အတွင်းမှာ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်း မြင့်တက်နေပါတယ်။ ဒီအခြေအနေကို သွားရောက် သတင်းယူထားတဲ့ စည်သူဇေယျကို တိုက်ရိုက်မေးမြန်းထားပါတယ်။ ...
Click here to claim your Sponsored Listing.
Category
Website
Address
Yangon