Zabu Futsal Courts
premium futsal courts in North Dagon
18/05/2022
ကျွန်တော့်တို့ Zabu Futsal Court မှ Futsal Chit Thu Company နှင့် ပူးပေါင်း၍ဖွင့်လှစ်မည့်⚽️အခြေခံဖူဆယ်ဘော့လုံးသင်တန်း⚽️
⚠️အခြေခံဘော့လုံးသင်တန်းမှသည် Professoinal Life အထိ သွားဖို့ အခြေခံ အုတ်မြစ်ℹ️
သင်တန်းပြီး ပြိုင်ပွဲ
👉အခြေခံ ဖူဆယ်သင်တန်းကို ဖူဆယ်ချစ်သူကကြီးမှူး၍ AFC လိုင်စင်ရ ဖူဆယ်နည်းပြများကနေ သင်ကြားပို့ချပေးပါမည်!
❗️မျိုးဆက်သစ်ကစားသမားများ ဖူဆယ်အခြေခံပိုင်နိုင်စေရန်
❗️မြန်မာ့ဖူဆယ်မျိုးဆက်သစ်များစွာ ပေါ်ထွက်လာစေရန်
❗️ဖူဆယ်ဥပဒေကို သေချာသဘောပေါက် နားလည်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါသည်
👉သင်တန်းကာလ : 4 ပါတ်
✍️တစ်ပါတ် ၃ ရက် တစ်ရက် ၂ နာရီ
✍️တနင်္လာ ဗုဒ္ဓဟူး သောကြာ 7:00 am to 9:00 am
👉သင်တန်းစမည့်ရက် ; 30/31-5-22
👉သင်တန်းပေးမည့်ကွင်း ; Zabu Futsal
👉သင်တန်းကြေး ; 45000 ကျပ်
အခွင့်အရေး ➡️Professoinal Futsal club နှင့် youth အသင်းတွေမှာ အရည်အချင်းပြည့်မှီရင် ရွေးချယ်ခံရနိုင်ပါသည်
မှတ်ချက် ; ဝတ်စုံ သင်တန်းဆင်းလက်မှတ် ပေးမည်
Zabu Futsal ကွင်းတွင် သင်တန်းအပ်နှံနိုင်ပါသည်!
30/08/2020
ဘောလုံးကန်တာ အမောမခံနိုင်လို့ပါ… လေ့ကျင့်ခန်းတွေလည်းလုပ်တယ် ဒါပေမယ့် အရမ်းမောတယ်ဆိုတဲ့ ဘောလုံးသမားတွေအတွက် အသက်ရှူနည်းလေးတစ်ခုပြောပြပါ့မယ်…
လှုပ်ရှားမှူများလာတဲ့အခါ ဘောလုံးသမားတွေမှာ မောပီး အသက်ရှူမြန်လာပါတယ်… နှာခေါင်းနဲ့အပြင် ပါးစပ်နဲ့ပါ အကူယူ အသက်ရှူရပါတယ်… ကြာတော့ အာခေါင်တွေခြောက်လာမယ်… ပျို့လာမယ်… လေအန်တာမျိုးဖြစ်တတ်ပါတယ်… အသက်ရှူမြန်လာလေလေ နှလုံးခုန်နှုန်းလည်းမြန်လာပါတယ်… ပုံမှန်လူတစ်ယောက်က 40-70bpm ပဲရှိပေမယ့် လေ့ကျင့်သားမပြည့်ဝသေးတဲ့အားကစားသမားတွေမှာ 80 bpm အထက် အရမ်းမောတတ်သူတွေဆို 150 bpm လောက်အထိ ခုန်ပါတယ်… ရင်တွေတုန်လာတာ… ခြေလက်တုန်လာတာတွေဖြစ်တတ်ပါတယ်… ဘောလုံးလောကမှာတော့ Leon Barnett ဟာ 300bpm လောက်ရှိလို့ ဘောလုံးလောက ကနေ အနားယူရတဲ့အထိဖြစ်ဖူးပါတယ်… 40bpm အောက်ရောက်ရင်လည်း မကောင်းပါဘူး… Heart Rate များလွန်းရင်လည်း အားကစားသမားတွေအတွက် မကောင်းပါဘူး…
အသက်ရှူတုဲ့နည်းတစ်ခုပြောပြပါ့မယ်… တစ်ပါတ်လောက်လေ့ကျင့်ရင်ပဲ အတော်ကို သိသာပါတယ်… လေအဝင် နဲ့ လေအထွက်ကို ကြာအောင် ဆွဲဆန့်လိုက်တာပါ… ဥပမာ လေအဝင်အထွက်တစ်စုံအတွက် 2 စက္ကန့်အချိန်ပေးရတဲ့သူဟာ လှုပ်ရှားလို့ မောလာတဲ့အခါ 0.5 စက္ကန့်လောက်ပဲ ကြာပါတော့တယ်… ဒီတော့ လေအဝင်အထွက်တစ်စံအြတွက် 4 စက္ကန့်အချိန်ပေးရအောင်လျှော့ချပါ့မယ်… လေအဝင်(ရှူတဲ့လေ) ကို 2 စက္ကန့်ရှူပါ… လေအထုတ်ကို 2 စက္ကန့်နဲ့ သက်ပြင်းချသလို ဟူးးး……ကနဲ ရှူထုတ်လိုက်ပါ… Pro team တွေမှာ ယောဂကျင့်စဉ်လိုမျိုး ဝင်လေထွက်လေမှတ်တဲ့ အရာတွေလုပ်ရပါတယ်… စိတ်တည်ငြိမ်မှုနဲ့ အသက်ရှူတာနှေးဖိုးအတွက်လုပ်ကြတာပါ… 2 စက္ကန့်ရှူသွင်း 2 စက္ကန့်ပြန်ထုတ် 13 ကြိမ်လုပ်ပီးတိုင်း 8 စက္ကန့်အသက်အောင့်ပါ… 8 စက္ကန့်အသက်အောင့်ပီး ပြန်ရှူတဲ့ပထမဆုံးဝင်လေမှာ စလုပ်လုပ်ခြင်းတော့ အသက်ရှူမဝတာမျိုးဖြစ်တတ်ပါတယ်… ရအောင် လေ့ကျင့်ပါ… တစ်မိနစ် (60စက္ကန့်) ကို ဝင်လေထွက်လေ 13 ကြိမ်(52စက္ကန့်) နဲ့ အသက်အောင့်တစ်ကြိမ် (8 စက္ကန့်) ကွက်တိရရပါမယ်… တစ်နေ့ကို အချိန်ဘယ်လောက်လေ့ကျင့်ရမလဲဆိုရင် 10 မိနစ်ပါ… ဆယ်မိနစ်ကို ဆက်တိုက်လေ့ကျင့်ပါ… နားနားပီး မလုပ်ပါနဲ့… လုပ်တတ်သွားရင် သွားရင်း ထိုင်းရင်း စားရင်း သောက်ရင်းနဲ့တောင် လေ့ကျင့်လို့ရပါတယ်… 10 ရက်လေ့ကျင့်ပါ… ပထမသုံးရက်ပြီးရင် အသက်အောင့်တာကို 8 စက္ကန့်တိုးပီး 16 စက္ကန့်အောင့်ပါ… ဝင်လေထွက်လေကို 5 စက္ကန့်အထိ လျှော့ချပါ… ခြောက်ရက်မြောက်မှာ အသက်အောင့်တာကို နောက်ထပ် 8 စက္ကန့်ထပ်တိုးပါ… ဝင်လေထွက်လေကို 6 စက္ကန့်အထိ ရနိုင်သမျှလျှော့ချပါ… ဆယ်ရက်မြောက်မှာ 8 စက္ကန့်ထပ်တိုးပါ… ဝင်လေထွက်လေကတော့ 6 စက္ကန့်ထက် ပိုမလျော့နိုင်ပါဘူး…
ဆယ်ရက်တိတိလုပ်ကြည့်ပါ… တစ်ပါတ်လောက်နဲ့တင် သိသာပါတယ်… တစ်စပ်တည်းပြောချင်တာက တစ်ချို့လူတွေက ပွဲအစမှာ အရမ်းမောတတ်ပါတယ်… အမောစေ့သွားရင် အဆင်ပြေသွားပါတယ်… အရမ်းမောတဲ့အခါ အာခေါင်တွေပူလာတတ်ပါတယ်… ရေမသောက်ပါနဲ့… ခံနိုင်အောင် ခုခံပါ… ရေသောက်လေ့ရှိရင် အမြဲရေသောက်နေရပါလိမ့်မယ်… ကိုယ်တိုင်လည်းဖြစ်ဖူးလို့ပါ… အဲဒီအချိန်မှာ အမောသက်သာအောင် ကွင်းထဲမှာ ရသလို အသက်ရှူနည်းမှန်မှန်နဲ့ အနားယူပါ… အမောပြန်ပျောက်သွားတာနဲ့ ပုံမှန်အတိုင်း ကန်လို့ရပါပီ…
အသက်ရှူမမြန်တဲ့နည်းကို ဗဟုသုတပြောပြတာပါ… ဒီလိုလုပ်ရင် မမောတော့ဘူးလားဆိုတော့လည်းမဟုတ်ပါဘူး… ကိုယ်လုပ်နေကျပုံမှန်ပြေးတာ ကြိုးအမြန်ခုန်တာ Sprint လုပ်တာ စတာတွေက လေ့ကျင့်ရမှာပါပဲ… အသက်ရှူနည်းပဲလုပ်ပီး လေ့ကျင့်ခန်းမလုပ်ရင်လည်း မောတာက မောတာပါပဲ… လုပ်စရာရှိတဲ့ လေ့ကျင့်ခန်းတွေလည်း ပုံမှန်လုပ်မယ်… ဒီနည်းလမ်းလေးလည်း လုပ်ကြည့်မယ်ဆိုရင် ပိုကောင်းသွားမှာပါ… ပွဲရှိမှကန် ကျန်တဲ့အချိန်နေချင်သလိုနေရင်တော့ အဆင်မပြေပါဘူး… ဆေးလိပ် ကွမ်း အရက် အိပ်ရေးပျက်ခြင်း နဲ့ တစ်ခြား ခန္ဓာကိုယ်ခုခံစွမ်းအားကျဆင်းစေမယ့် အပြုအမူတွေလည်း ရှောင်စေချင်ပါတယ်…
Zabu Futsal Courts
အမှတ် ၇၊၉၊ ဦးဝိဇာရလမ်းမကြီး၊ ၄၁ ရပ်ကွက်၊ ဟောင်ကောင်မှတ်တိုင်အနီး မြောက်ဒဂုံမြို့နယ်
09-954278181(Courts)
09-954268181(Office)
09-954258181(Office)
ွင်း
Credit Soccer Guide Page
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
7, 9 U Wisara Road, Ward 41, North Dagon
Yangon
11421
Opening Hours
| Monday | 06:00 - 20:00 |
| Tuesday | 06:00 - 20:00 |
| Wednesday | 06:00 - 20:00 |
| Thursday | 06:00 - 20:00 |
| Friday | 06:00 - 20:00 |
| Saturday | 06:00 - 20:00 |
| Sunday | 06:00 - 20:00 |