New Step Foreign Language Centre
Education and languages
25/04/2026
”明日は日曜日ですから”(あしたにちようびですから)
=> デートလုပ်မယ့်သူတွေအတွက် ရွေးချယ်စရာ ၄ မျိုးပေးထားပါတယ်။
တစ်ခုခုတော့ ရွေးပေးကြနော် "FIrst date" မှာ အသဲမကွဲချင်ဘူး။
”最初のデートを最後のデートになりたくないです。”
24/04/2026
🌸ありがとう
🌸ありがとうございます
🌸ありがとうございました
ဒီတခါတော့ ကျေးဇူးတင်စကားပြောတဲ့အခါ သူ့နေရာနဲ့သူ သုံးတတ်အောင် လေ့ကျင့်ကြပါမယ်။
ဂျပန်ဘာသာစကားမှာ ကျေးဇူးတင်စကားပြောတဲ့အခါ အခြေအနေနဲ့ အချိန်ပေါ်မူတည်ပြီး အသုံးပြုပုံ ကွဲပြားပါတယ်။ အသုံးအများဆုံးဖြစ်တဲ့ ありがとう (Arigatou)၊ ありがとうございます (Arigatou Gozaimasu) နဲ့ ありがとうございました (Arigatou Gozaimash*ta) တို့ရဲ့ ကွဲပြားခြားနားပုံက
၁။ ありがとう (Arigatou)👫
•အဓိပ္ပာယ်: ကျေးဇူးတင်ပါတယ်။ (ရိုးရိုးစကား)
•အသုံးပြုပုံ: သူငယ်ချင်းများ၊ မိသားစုဝင်များ သို့မဟုတ် ရင်းနှီးသောသူများကြားတွင် အသုံးပြုသော ရိုးရှင်းသော ကျေးဇူးတင်စကား ဖြစ်သည်။ ပေါ့ပေါ့ပါးပါး အခြေအနေများတွင် သုံးသည်။
•ဥပမာ: သူငယ်ချင်းတစ်ယောက်က သင့်ကို ကူညီပေးတဲ့အခါ - 「ありがとう!」
၂။ ありがとうございます (Arigatou Gozaimasu)👨🏫
•အဓိပ္ပာယ်: ကျေးဇူးအများကြီးတင်ပါတယ်။ (ယဉ်ကျေးသောစကား)
•အသုံးပြုပုံ: ယဉ်ကျေးမှုရှိသော၊ ရိုသေလေးစားမှုပြသလိုသော အခြေအနေများတွင် အသုံးပြုသည်။ ဆရာများ၊ အကြီးအကဲများ၊ မသိသူများ သို့မဟုတ် လုပ်ငန်းခွင်သုံး စကားပြောဆိုရာတွင် သုံးသည်။ လက်ရှိဖြစ်ပျက်နေသော သို့မဟုတ် မကြာသေးမီက ပြီးဆုံးသွားသော အခြေအနေများအတွက် သုံးသည်။
•ဥပမာ: ဆရာတစ်ယောက်က သင့်ကို သင်ခန်းစာရှင်းပြပေးတဲ့အခါ - 「先生、ありがとうございます。」
၃။ ありがとうございました (Arigatou Gozaimash*ta)🧑✈️
•အဓိပ္ပာယ်: ကျေးဇူးအများကြီးတင်ခဲ့ပါတယ်။ (ယဉ်ကျေးသော၊ ပြီးခဲ့သော အခြေအနေအတွက်)
•အသုံးပြုပုံ: ပြီးဆုံးသွားပြီဖြစ်သော အခြေအနေတစ်ခု သို့မဟုတ် ဝန်ဆောင်မှုတစ်ခုအတွက် ကျေးဇူးတင်စကားပြောလိုသောအခါ အသုံးပြုသည်။ ဥပမာအားဖြင့်၊ ဆိုင်မှထွက်ခွာတော့မည့်အခါ သို့မဟုတ် သင်ခန်းစာပြီးဆုံးသွားသောအခါမျိုးတွင် သုံးသည်။
•ဥပမာ: စားသောက်ဆိုင်မှ ပြန်တော့မည့်အခါ - 「ありがとうございました。」
21/04/2026
おはようございます。
အားလုံးပဲ မင်္ဂလာပါ။
ဂျပန်စာ ဂျပန်စကားသင်ယူလေ့လာနေသူအားလုံး ဂျပန်နိုင်ငံကိုသွားပြီး ကျောင်းတက်တဲ့အခါ သို့ အလုပ်သွားလုပ်တဲ့အခါမှာ マナー လို့ခေါ်တဲ့ အခြေခံအပြုအမူလေးတွေက အရေးကြီးပါတယ်။ဒါကြောင့် ဒီနေ့ကစပြီး အခြေခံကျတဲ့ マナー လေးတွေ လေ့ကျင့်ကြရအောင်။
🌸နှုတ်ဆက်ခြင်း အမူအကျင့်
အရေးကြီးဆုံးကိစ္စပါ။ ဂျပန်မှာက လုပ်ငန်းခွင် マナー တစ်ခုလိုဖြစ်နေတာပါ။ ကိုယ်ကစပြီးနှုတ်ဆက်တတ်တဲ့ အလေ့အကျင့်မျိုး လေ့ကျင့်ထားပါ။ လုပ်ငန်းခွင်မှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရရှိစေနိုင်ပါတယ်။
おはようございます。ကို
၁။ မနက်ခင်း အတူနေမိသားစုဝင်တွေကို တွေ့တွေ့ချင်း နှုတ်ဆက်စကားအနေနဲ့သုံးပါတယ်။
၂။ လုပ်ငန်းခွင် ရောက်ပြီး လုပ်ဖော်ကိုင်ဖက်တွေ အထက်လူကြီးတွေနဲ့ တွေ့ရင် နှုတ်ဆက်စကားအနေနဲ့ သုံးပါတယ်။
၃။မနက်ခင်း လမ်းသွားလမ်းလာ မသိတဲ့သူကိုလည်းပဲ နှုတ်ဆက်စကားအနေနဲ့သုံးကြပါတယ်။
(မသိတဲ့သူဆိုရင်တောင် ကိုယ်ကစပြီးနှုတ်ဆက်ရင် သေချာပြန်နှုတ်ဆက်ကြပါတယ်။)
おはようございます လို့နှုတ်ဆက်တာကို လက်ရှိကာလမှာ မနက် ၁၀ နာရီ ၁၁ နာရီအထိအသုံးပြုကြပြီး အခုနောက်ပိုင်း အချိန်ပိုင်းအလုပ်ဝင်တဲ့သူတွေလည်းပဲ ညနေပဲဖြစ်ဖြစ် ညဘက်ပဲဖြစ်ဖြစ် おはようございます သုံးပြီးနှုတ်ဆက်တဲ့ ဓလေ့ဖြစ်လာနေပါတယ်။
🤔おはようございます လို့ကိုယ်ကို နှုတ်ဆက်စကားပြောလာရင် ဘာပြန်ပြောရမလဲ?
အရှင်းဆုံးကတော့ おはようございます လို့ပြန်နှုတ်ဆက်တာပါပဲ။
ဒါပေမယ့် အထက်လူကြီးတွေနဲ့ ခင်မင်ရင်းနှီးသူတွေကတော့ おはよう ပဲပြောပြီးနှုတ်ဆက်တာမျိုးရှိပါတယ်။
おはようございます လို့အပြည့်အစုံနှုတ်ဆက်တာက ယဉ်ကျေးမှုအမူအရာတစ်ခုဖြစ်ပြီး ခင်မင်ရင်နှီးသူတွေကိုတော့ おはよう、おっはよー、おう!、おつかれー、おー、やあ、おっす、ういっす လို့လည်းနှုတ်ဆက်ပြောပြီးနှုတ်ဆက်တတ်ကြပါတယ်။
おっす、ういっす ကတော့(男性がよく使う)ယောကျ်ားလေးအသုံးများတဲ့အသုံးနှုန်းပါ။
အားလုံးပဲ おはよう 🙋♂️
19/04/2026
🌸 New Step ဂျပန်စာသင်တန်းကျောင်း - သင်တန်းသစ်များ ဖွင့်လှစ်ခြင်း 🌸
ဂျပန်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ခိုင်မာတဲ့ ခြေလှမ်းသစ်တစ်ခုကို New Step နဲ့အတူ စတင်လိုက်ပါ။
၅ လပိုင်းမှာ စတင်မယ့် ၁၂ လပိုင်း JLPT Target အတန်းတွေနဲ့ Speaking အတန်းတွေအတွက် အခုပဲ စာရင်းပေးသွင်းနိုင်ပါပြီ။
📅 သင်တန်းစတင်မည့်ရက်: ၂၀၂၆၊ မေလ (၄) ရက်နေ့
📚 ဖွင့်လှစ်မည့် သင်တန်းများ
၁။ N5 + N4 Special Class (1 & 2)
(၁၂ လပိုင်း JLPT N4 အောင်မြင်ရန် အထူးရည်ရွယ်သည်)
ကြာချိန်: ၇ လ (၁ ပတ် ၅ ရက် / ၁ ရက် ၃ နာရီ)
📌(မေးခွန်းဟောင်းလေ့ကျင့်ချိန် (၁) လ အပါ)
သင်တန်းကြေး: ၅ သိန်းခွဲ (၂ ခါခွဲပေးသွင်းနိုင်သည် - ၃ သိန်း + ၂ သိန်းခွဲ)
(သင်ခန်းစာ စာအုပ်ဖိုးအပါ + Uniform (၁) ထည်။)
၂။ N4 Day Class (1)
ကြာချိန်: ၄ လ (၁ ပတ် ၅ ရက် / ၁ ရက် ၃ နာရီ)
📌မေးခွန်းဟောင်းလေ့ကျင့်ချိန် (၁) လ အပါဝင်။
သင်တန်းကြေး: ၃ သိန်း
(စာအုပ်ဖိုးအပါ + Uniform (၁) ထည်။)
၃။ N3 Day Class (1)
ကြာချိန်: ၆ လ (၁ ပတ် ၅ ရက် / ၁ ရက် ၃ နာရီ)
📌( မေးခွန်းဟောင်းလေ့ကျင့်ချိန် (၁) လ အပါဝင်။)
သင်တန်းကြေး: ၃ သိန်းခွဲ
( စာအုပ်ဖိုးအပြီး + Uniform (၁) ထည်။)
၄။ N5 (Sat Sun Class)
ကြာချိန်: ၅ လ (၁ ပတ် ၂ ရက် / ၁ ရက် ၃ နာရီ)
သင်တန်းကြေး: ၂ သိန်း ခွဲ
(စာအုပ်ဖိုးအပါ + Uniform (၁) ထည်။)
🔥 အထူးအစီအစဉ် - Speaking Class (1 & 2)
(N4 တက်ရောက်ပြီးသူတိုင်းအတွက် အထူးသီးသန့်စကားပြောအတန်း)
ဆရာများ: ဂျပန်လူမျိုးဆရာကိုယ်တိုင် သင်ကြားပေးမည့်အပြင် (၁၀) နှစ်အထက် စကားပြန်အတွေ့အကြုံရှိ ဆရာမှပါ ပူးတွဲလေ့ကျင့်ပေးမည်။
ရလဒ်: ၂ လအတွင်း စကားရဲရဲပြောနိုင်ဖို့ တာဝန်ယူပါတယ်။
ကြာချိန်: ၂ လ (၁ ပတ် ၅ ရက် / ၁ ရက် ၂ နာရီ)
ဗဟုသုတ: ဂျပန်ယဉ်ကျေးမှု၊ အခြေခံစည်းမျဉ်းစည်းကမ်းနှင့် နေထိုင်မှုဗဟုသုတများကိုပါ တစ်ပါတည်းသင်ကြားပေးမည်။
⚠️ တစ်တန်းလျှင် (၁၅) ယောက်သာ ကန့်သတ်လက်ခံပါမည်။
📩 အသေးစိတ်စုံစမ်းရန်နှင့် စာရင်းပေးသွင်းရန်
ကျောင်းသားဦးရေ ကန့်သတ်ထားတာမို့ အမြန်ဆုံး ဆက်သွယ်လိုက်ပါနော်!
📍 လိပ်စာ: အမှတ်(၂)၊ (စ) ရပ်ကွက်၊ မေဓါဝီလမ်းမကြီး၊ မြောက်ဥက္ကလာပမြို့နယ်။
📞 ဖုန်း: 09 454 824 209
New Step - Step your way to a bright future! 🇯🇵✨
03/04/2026
Edited : Interview ပြီးသွားပါပြီ။
⛩️🌸ဂျပန်စာသင်ကြားရေး ဆရာ ဆရာမ လုပ်ရန်စိတ်ဝင်စားသူများအတွက် 📢
စာသင်ဝါသနာပါပြီး ရေရှည်လက်တွဲလုပ်နိုင်သော ဆရာဆရာမများ နှင့် လက်တွဲအလုပ်လုပ်ချင်ပါတယ်။
စိတ်ဝင်စားသူများ အောက်ပါအချက်များနှင့်ကိုက်ညီပါက
Japan cv form နှင့် အောင်လက်မှတ်များကို
📩 [email protected] (သို့)
📲09421104423 viber no သို့ပေးပို့လျှောက်ထားလို့ရပါတယ်။
👩🏫ဂျပန်ဘာသာသင်ကြားရေး ဆရာ 3 ဦး ကျား၊မ ရ
📌Position 1 N3 နှင့် Tokutei ဘာသာရပ်အနည်းဆုံးတစ်မျိုးသင်ပေးနိုင်သူ
N2 passed စာသင်အတွေ့ကြုံရှိ
လစာ ညှိနှိုင်း (အတွေ့ကြုံပေါ်မူတည်ပြီး 10 သိန်းအထက်)
📌Position 2 N5 နှင့် N4 သင်ပေးနိုင်သူ
N3 passed စာသင်အတွေ့ကြုံရှိ
လစာ ညှိနှိုင်း (အတွေ့ကြုံပေါ်မူတည်ပြီး 5 သိန်းအထက်)
🎗️Tokutei ဘာသာရပ်တစ်မျိုးသင်ပေးနိုင်ပါက +
🏢အလုပ်နေရာ ☞ မြောက်ဥက္ကလာ ၊ မေဓါဝီလမ်းနှင့် သုနန္ဒ လမ်း ဆုံ ၊ လကမ္ဘာဆေးရုံအနီး၊
အလုပ်ချိန် ☞ တနင်္လာမှ သောကြာထိ မနက် ၈ ခွဲမှ ညနေ ၄ ခွဲ (နေ့လည် နားချိန် တစ်နာရီ)
စနေနေ့ (မနက် ၈ ခွဲမှ ၁၂ နာရီအထိ)
ပိတ်ရက် ☞ အပတ်စဉ်တနင်္ဂနွေနေ့နှင့် အစိုးရရုံးပိတ်ရက်များ
※( ၂၀၂၆ ခုနှစ် ၅ လပိုင်းတွင် အလုပ်စဝင်နိုင်ရပါမည်။)
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
No(2), 3rd Floor, May Dharwi Street, Sa Ward, North-Okkalapa Township
Yangon
11031
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |