Sa Sa

Sa Sa

Share

Fashion items & Cafe

12/10/2020

မြန်မာ့ပထမဆုံး ငွေစက္ကူဆိုတာ..📖

🔵 မြန်မာကျပ်ငွေကို ၁၉၅၂ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ စတင်အသုံးပြုခဲ့ပါသတဲ့။

🔵 မင်းတုန်းမင်းလက်ထက်မှာ ထုတ်ဝေခဲ့တဲ့ မြန်မာ့ ဒေါင်းဒင်္ဂါး၊

🔵 လွတ်လပ်ရေးမရမီကာလများမှာ အသုံးပြုခဲ့ကြတဲ့ အိန္ဒိယဒင်္ဂါးနဲ့ ငွေစက္ကူ၊

🔵 ဂျပန်ခေတ်မှာ သုံးစွဲခဲ့တဲ့ ထောင်မလဲသဲကော် ဂျပန်ငွေစက္ကူ၊

🔵 မြန်မာပြည်၌သာ တရားဝင်သည်- စာတမ်းပါရှိတဲ့ သီးသန့်ငွေစက္ကူ၊
စတဲ့စတဲ့ ငွေကြေးသမိုင်းကြောင်းတွေကို ကျော်လွန်လာခဲ့တဲ့ မြန်မာ့ပထမဆုံး ငွေစက္ကူလို့ ဆိုနိုင်ပါတယ်။

ပထမဆုံး ငွေစက္ကူတွေပေါ်က အမှတ်လက္ခဏာ..

🌟 ငွေစက္ကူမှာ ဥဒေါင်းပုံ ရေစာပါရှိပါတယ်။

🌟 ဒုတိယအကြိမ်အဖြစ် ၁၉၅၈ ခုနှစ်မှာ ထုတ်ဝေတဲ့ ငွေစက္ကူမှာတော့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံ (ဦးထုပ်ပါစစ်ဝတ်စုံဖြင့်) ပါရှိလာပါတယ်။

အမြင့်ဆုံးတန်ဖိုးရှိ ငွေစက္ကူတွေ ဘယ်အချိန်မှာ ထုတ်ဝေခဲ့သလဲ။ ❓

💰 ၅၀၀၀ ကျပ်တန်ကို
၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်၊

💰၁၀၀၀၀ ကျပ်တန်ကိုတော့
၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှာ ထုတ်ဝေခဲ့တာပါ။

၂၀၂၀ ငွေစက္ကူအသစ် အမှတ်လက္ခဏာအသစ် ✨

🔴 မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါရှိတဲ့ ၁၀၀၀ ကျပ်တန် ငွေစက္ကူအသစ်ကို ၂၀၂၀ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၊

🔴 ၅၀၀ ကျပ်တန် ငွေစက္ကူအသစ်ကို ၂၀၂၀ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့မှာ အသီးသီး ထုတ်ဝေခဲ့ပါတယ်။

တစ်ကျပ်မှာ ပြား ၁၀၀ ရှိတယ်ရယ်လို့ စိတ်ပိုင်းထားတဲ့ မြန်မာ့ငွေကြေး၊

ငွေ၊ ပိုက်ဆံ၊ ပိုက်ဆပ် စသဖြင့် အခေါ်အဝေါ် အမျိုးမျိုး ရှိနေတဲ့ မြန်မာ့ငွေကြေးဟာ..✌️

အခုအခါမှာဆိုရင် ငွေသားအသွင် အသုံးပြုမှု၊ ဘဏ်ကဒ်များဖြင့် ပေးချေမှု၊ Mobile Banking (mBanking)၊ Internet Banking (iBanking) ဖြင့် ချိတ်ဆက်အသုံးပြုမှု စသဖြင့် အစားစား ရှိနေပြီး ဘဏ်ဝန်ဆောင်မှုလုပ်ငန်းဆိုတာ ငွေကြေးလည်ပတ်စီးဆင်းမှု၊ တိုင်းပြည်ရဲ့ စီးပွားရေးနယ်ပယ်မှာ မရှိမဖြစ် အနေအထားကို ရောက်ရှိနေပါပြီ။

အကယ်၍များ မိတ်ဆွေဟာ
စိတ်ချလုံခြုံမှု အပြည့်အဝ ရှိပြီး လွယ်ကူချောမွေ့တဲ့ ဘဏ်ဝန်ဆောင်လုပ်ငန်းတွေ ဆောင်ရွက်ပေးနိုင်တဲ့ ဘဏ်တစ်ခုနဲ့ ချိတ်ဆက်ချင်တယ်ဆိုရင်တော့
Naypyitaw Development Bank (NDB) က အသင့်ရှိနေပါတယ်ခင်ဗျာ။ 🙏

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Shwe Nyar Maung Bus Stop . Danuphyu Streer, Shwe Pyi Thar Town Ship. Yangon
Yangon
11411