24 RC Myanmar
You can see my artwork of RC scale model car photos and videos . But they are not allowed to use other purposes.
08/06/2026
မနေ့က trail မှာ test run လုပ်နေရင်း
တခြား crawler တွေ ဆင်းလာတော့
အစ သတိမထားမိခင်
အော် တခြား ဝါသနာရှင်တွေပဲပေါ့။
ကျနော့် crawler နောက်မှာ
Line up လာလုပ်တဲ့အချိန်မှ
သိလိုက်ရတာ … ဟာ
ဒီ အရွယ် ကလေး လေးတွေ crawler
မောင်းလာတာ stability & controlled ပိုင်းမှာ
သိသိသာသာ control လုပ်နိုင်နေတာကိုကြည့်ပီး
ပီတိတော့ ဖြစ်မိတယ်… ဘာလို့လဲဆိုတော့
ဒီအရွယ်လေးတွေဆိုတာ
လက်ထဲ remote ထဲ့ပေးလိုက်ရင်
သူတို့စိတ်ထဲမှာ အရုပ်ကားဆိုပီး
တောင်စင်ရေမရ လျှောက်မောင်းတတ်ကြသကိုး။
Crawler တစ်စီးကို ဘယ်လိုမောင်းပီး
Obstacles တွေကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာ
အဖိုးဖြစ်သူက trail တစ်လျှောက်လုံး
သင်ပြပေးနေလေရဲ့။
ဟိုး အနောက်က အန်ကယ်ကြီး ရဲ့
သူ့မြေးတွေကို screen time လျှော့တဲ့အနေနဲ့
ထိန်းတဲ့ parenting technique ကို
သဘောတော့ကျမိသားဗျာ။
Axial SCX10III line up ထဲက Old school Jeep fan တွေ collect လုပ်သင့်တဲ့ CJ7 V2
BORN TO RACE
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
11421