NeoGlow

NeoGlow

Share

health/beauty We go ahead with our mission to provide safe & effective world class quality care at an affordable cost in a healthy environment .

08/11/2025

ဒီနောက်ပိုင်းမှာ မိန်းကလေးတွေသာမကပဲ ၊ ယောကျာ်းလေးတွေကြားထဲမှာပါ အသားအရေထိန်းသိမ်းမှုကို ပိုမိုဂရုစိုက်လာကြပြီးတော့ Skincare Products နဲ့ Cosmetic ပစ္စည်းတွေဆိုရင်လည်း စျေးကွက်ထဲမှာ Brands အမျိုးမျိုးနဲ့ ဝင်ရောက်လာကြပါတယ်။ Social Media ခေတ်ဖြစ်တဲ့အလျောက် Review အမျိုးမျိုးနဲ့ Brands အသစ်တွေဟာဆိုရင်လည်း မကြာခဏဆိုသလို တွေ့မြင်လာရပါတယ်။ ။ ဒီမှာသတိထားရမှာက Review ကောင်းတိုင်းလည်း ကိုယ့်အတွက် ကောင်းမယ်လို့တော့ မှတ်လို့မရဘူးဆိုတဲ့အချက်ပါ။

တစ်ယောက်နဲ့ တစ်ယောက် အသားအရည်၊ အသားအရောင် နဲ့ အသားရေအမျိုးအစား မတူညီတာကြောင့် ထုတ်ကုန်
တစ်ခုတည်းကို အသုံးပြုတိုင်းလည်း ရလဒ်မတူနိုင်ပါဘူး ။ ဥပမာအားဖြင့် သံပုရာသီးအဆီပါဝင်တဲ့ Serum ကိုသုံးမယ်ဆိုရင် အဆီပြန်အသားအရေရှိသူအတွက် ကောင်းမွန်စေနိုင်ပေမယ့် အသားအရေထိခိုက်မခံနိုင်သူ (Sensitive Skin) အတွက်ဆိုရင်တော့ ယားယံတာ (သို့) မျက်နှာနီမြန်းတာမျိုးတွေကို ဖြစ်စေနိုင်ပါတယ် ။ တချို့မှာဆိုရင်တော့ Steroid ပါတဲ့ ပစ္စည်းတွေကို သုံးမိတာကြောင့် မျက်နှာပျက်စီးသွားတာ / ပြန်လည်ကုသရခက်ခဲတာမျိုးတွေ ကြုံရတက်ပါတယ်။

ဒါကြောင့် Review တွေကို အကြံပြုချက်တွေအဖြစ်သာ သတ်မှတ်ပြီးတော့ ကိုယ့်အသားအရည်နှင့် ကိုက်ညီမှုရှိတဲ့ Skin Care ကို ရွေးချယ်အသုံးပြုဖို့က ပိုပြီးအရေးကြီးပါတယ် ။ အသုံးမပြုမီ Sample Size ငယ်လေးတွေကို စမ်းသပ်သုံးစွဲကြည့်တာ (သို့) ကိုယ့်ရဲ့အသားအရည်အမျိုးအစားကို အရေပြားဆရာဝန်နဲ့သေချာလေးတိုင်ပင်ဆွေးနွေးတာမျိုး လုပ်ဆောင်သင့်ပါတယ်။

NeoGlow မှာလည်း ကိုယ့်ရဲ့အလှအပရေးရာနဲ့ ပတ်သတ်ပြီးအသေးစိတ် ဆွေးနွေးတိုင်ပင်နိုင်သလို ၊ အခြားသော အရေပြားကျန်းမာရေး ကုထုံးများကိုလည်း စနစ်တကျကုသမှုခံယူနိုင်ပါတယ် ။ ။

Phone - 09253372238 ၊ 09264577022 ၊ 095059600

Address - 19/F , Mel Zi Gone Road , Hlaing Township

#ဝက်ခြံ #အမဲစက် #လှိုင်

20/08/2025

Chemical Peeling ဆိုတာကတော့ အသားအရည်အပေါ်ပိုင်းမှာရှိတဲ့ Dead Skin Cells တွေကို အက်စစ်ပါဝင်တဲ့ Solution(Chemical) တွေသုံးပြီး ဖယ်ရှားပေးတဲ့နည်းလမ်းပဲ ဖြစ်ပါတယ်။မျက်နှာအရေးကြောင်းတွေ ၊ ဝက်ခြံ နှင့် ဝက်ခြံရဲ့နောက်ဆက်တွဲ ပြဿနာတွေ ၊ တင်းတိတ်နဲ့ အသားအရေမညီမျှတာတွေအတွက် အထူးသင့်တော်ပါတယ် ။

Chemical Peeling ပြုလုပ်ခြင်းက ဘယ်လိုအာသားချက်တွေ ရှိလဲဆိုရင်တော့ - - -

- ဝက်ခြံကြောင့် ကျန်ခဲ့တဲ့အမဲစက် ၊ အမာရွတ်တွေကို သက်သာစေခြင်း ၊

- အသက်အရွယ်ကြောင့် ဖြစ်ပေါ်လာတဲ့ အရေးကြောင်းတွေကိုလျော့နည်းစေခြင်း ၊

- မျက်နှာ Skin Tone ကို ညီညာစေခြင်း ၊

- Skin Care Products မှားယွင်းမှုများကြောင့် ပျက်စီးသွားသော Skin Barrier ကိုပြန်လည်ကောင်းမွန်စေခြင်း ၊

- Peeling လုပ်ပြီးနောက် Skin Care Products များသုံးရာတွင် ပိုမိုထိရောက်စေခြင်း စတဲ့ အချက်တွေကို ရရှိမှာဖြစ်ပါတယ်။

Chemical Peeling အတွက်သုံးတဲ့ ဆေးရည်အမျိုးမျိုးရှိသလို ၊ Peeling ပြုလုပ်မယ်ဆိုရင်လည်း တက်ကျွမ်းနားလည်တဲ့ အရေပြားဆရာဝန်တွေနဲ့တိုင်ပင်ပြီး ကုသမှုခံယူတာကတော့ အကောင်းဆုံးပဲဖြစ်ပါတယ်။

NeoGlow မှာလည်း Chemical Peeling နဲ့ပတ်သတ်ပြီးအသေးစိတ် ဆွေးနွေးတိုင်ပင်နိုင်သလို ၊ အခြားသော အရေပြားကျန်းမာရေး ကုထုံးများကိုလည်း စနစ်တကျကုသမှုခံယူနိုင်ပါတယ် ။ ။

Phone - 09253372238 ၊ 09264577022 ၊ 095059600

Address - 19/F , Mel Zi Gone Road , Hlaing Township

#ဝက်ခြံ #အမဲစက်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


19(F), Mae Zi Gone Road, Hlaing Township
Yangon
11041

Opening Hours

Tuesday 12:00 - 18:00
Wednesday 12:00 - 18:00
Thursday 12:00 - 17:00
Friday 12:00 - 18:00
Saturday 12:00 - 18:00
Sunday 12:00 - 18:00