Kaung Thit Car Rental

Kaung Thit Car Rental

Share

Travel With Us,Whenever you go,go with our heart. Kaung Thit Car Rental & Travel Service was established in 2017. we give full service as long as the trip.

Photos from Kaung Thit Car Rental's post 21/01/2022

နိုင်ငံခြားမှာမဟုတ်ပါဘူး....🙅‍♂️

မြန်မာနိုင်ငံမှာရှိတာပါ...😍

✅ကချင်ပြည်နယ် ပန်ဝါမြို့

🌐 တည်နေရာ
==========
ဒီမြို့လေးရဲ့တည်နေရာကို google map မှာ
ခေါက်ကြည့်ရင် လတ္တီကျု (၂၅)ဒီဂရီ၊ (၅၉)မိနစ်၊ လောင်ဂျီကျု (၉၈)ဒီဂရီ၊ (၂၀)မိနစ်,မှာတည်ရှိပီး၊ မြန်မာနိုင်ငံ မြေပုံအရတော့ကချင်ပြည်နယ်၊မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ၊ ပန်ဝါမြို့လေးပါ။
ဒီပန်ဝါ မြို့လေးက ဧရိယာစတုရန်းမိုင် ၁၃၅၅ လောက် မိုင်ကျယ်ဝန်းပြီး အရှေ့မှာ
တရုတ်နိုင်ငံ၊ တောင်ဘက်မှာ ဝိုင်းမော်မြို့နယ် နဲ့ တရုတ်နိုင်ငံ၊ အနောက်ဘက် နဲ့ မြောက်ဘက်မှာတော့ ချီဖွေမြို့နယ် နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။မြင့်မားမတ်စောက်တဲ့ တောင်တန်းနှင့်တောင်စောင်းများ ဝန်းရံထားတာမို့ မြေပြန့်လွင်က မရှိသလောက် နည်းပါးလွန်းပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့က တစ်ဆင့် ကားနဲ့သွားလို့ရတဲ့ ပန်ဝါမြို့။ပန်ဝါကို လမ်းနစ်လမ်း ရှိပါတယ်။

#ပထမ - အလွယ်ကူဆုံးတစ်လမ်းက မြစ်ကြီးနား ကန်ပိုက်တီ တရုတ်ပြည်လမ်းကနေ မြန်မာပြည် ပြန်ဝင်တဲ့ လမ်းပါ ပထမ လမ်းအသုံးပြုမယ်ဆိုရင် တရုတ်ပြည် လမ်းက မြန်မာပြည်ပြန်ဝင်ရတဲ့ အတွက် တရုတ်ပတ်စပို့ လိုပါတယ်။

#ဒုတိယ- လမ်းက မြန်မာပြည်လမ်းပါ မြစ်ကြီးနား ချီဖွေ လမ်းကို အသုံးပြုမယ်ဆိုရင် လမ်းမှာ တစ်ညအိပ်နစ်ရက်ကြာပါမယ် လမ်းက မြေနီလမ်းများပါတယ် ပတ်စပို့ လုပ်စရာမလိုပါဘူး။

#ပထမလမ်း ရန်ကုန် မန်းလေးကလာမယ်ဆိုရင် လေယာဉ်နဲ့ မြစ်ကြီးနားကို ဆင်းရပါတယ် ၊ မြစ်ကြီးနားကနေ ကားငှားပြီး ဆက်သွားရပါတယ် ၊ ကန်ပိုက်တီ လမ်းကနေ တရုတ်ပြည် လမ်းသွားရင် ကားစီးချိန် ၅ နာရီပဲကြာပါတယ်။ ကိုယ်လမ်းသိစရာမလိုဘူး ကားသမားတွေ သိပါတယ် ကားစင်းလုံးငှားလို့ရသလို လိုင်းကားတွေလည်းရှိပါတယ်။

ကန်ပိုက်တီ ဂိတ်မှာ ပတ်စ်ပို့ ဝင်လုပ်ရပါမယ် ၊ မှတ်ပုံတင် မိတ္တူတစ်ခု လှိင်စင်ပုံ နစ်ပုံ ပေးလိုက်ရင် ပတ်စပို့ လုပ်ပေးပါတယ် အများဆုံး ၁၅ မိနစ်ပဲကြာပါတယ် လူများရင်တော့ တန်းစီစနစ်နဲ့ လုပ်ရပါမယ် ပတ်စ်ပို့က တရုတ်ပြည်မှာ ၁၄ ရက် သွားလာခွင့်ရှိပါတယ် ပန်ဝါ အဝင်ဂိတ်မှာ မှတ်ပုံတင် ပတ်စပို့ ပြန်ပြရပါတယ် ၊ပန်ဝါမှာ တည်းဖို့ဟိုတယ် တွေမသိရင် လဝက ဝန်ထမ်းတွေ ရဲတွေရှိပါတယ် အကူညီတောင်းရင် ကူညီကြပါတယ် တည်းခိုခန်း ဟိုတယ်တွေက ၃ သောင်းအထက်တွေရှိပါတယ် ပန်ဝါမှာ တရုတ် နဲ့ ကချင်များပါတယ် အားလုံးက ရိုးသားကြပါတယ် အကူညီတောင်းပြီးမြို့ကို လည်ပတ်လို့ရပါတယ် ဒါက အလွယ်ကူဆုံး လမ်းပါ။

#ဒုတိယလမ်း မြစ်ကြီးနားကနေ ချီဖွေမြို့လမ်းပါ မြစ်ကြီးနား ချီဖွေ ကားတစ်ရက် စီးရပါတယ် ချီဖွေမှာ တစ်ည အိပ်ရပါလိမ့်မယ် တည်းခိုခန်းတွေ အများကြီးရှိပါတယ် လမ်းခရီး မြေနီလမ်းဖြစ်ပြီး တောတောင် သဘာဝတွေအများကြီးရှိပါတယ်။

မေခမြစ်အတိုင်း တက်သွားရတာပါ၊နောက်နေ့မနက် ကားနဲ့ ထွက်လာရင် ညနေ ၂ နာရီလောက် ပန်ဝါ ရောက်ပါတယ် ပန်ဝါမြို့ ၁ ရက်လောက်လည်ပြီးရင် ကန်ပိုက်တီလမ်းလည်း ပြန်လို့ရပါတယ် ဆိုင်ကယ်စီးဝါသနာရှင်တွေကတော့ မြစ်ကြီးနား ချီဖွေ ပန်ဝါလမ်း ကို ဆိုင်ကယ် သွားလို့ရပါတယ်။

📛 မှတ်ချက်။ မြစ်ကြီးနားမှာ မိုးတွေအုံ့ပြီးမြူတွေ ကျနေရင်တော့ ပန်ဝါမှာ နှင်းကျတတ်ပါတယ် မြစ်ကြီးနားမြို့ရောက်ရင်ခန့်မှန်းနိင်ဖို့ပါ။



#ပန်ဝါမြို့

#မူရင်းပိုင်ရှင်အားခရက်ဒစ်ပေးပါတယ်။
fold

14/01/2022

ကားမူးမှာစိုးလို့ ခရီးမသွားရဲသူလေးတွေရှိလား

ရေးသားသူ Aye Thi Monဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ခရီးသွားတာက ဘဝအမောတွေကိုပြေစေပြီး အသစ်အဆန်းတွေကို ထိတွေ့ခံစားခွင့်ရနိုင်ပါတယ်။ ဒီအသစ်အဆန်းတွေကိုခံစားချင်ပေမယ့် ကားမူးမှာကြောက်လို့ ခရီးဝေးတွေ မပြောနဲ့၊ မြို့ပြင်ကို နည်းနည်းလောက်ပဲသွားလိုက်ရင်ကို မူးလို့ ဘယ်မှမသွားရဲဘဲ ဖြစ်နေတဲ့သူတွေများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင်စိတ်ရှုပ်နေရတဲ့ အခက်အခဲကို အကောင်းဆုံးဖြေရှင်းပေးနိုင်မှာပါ။

ကားမူးတယ်ဆိုတာ ဘာလဲ…….

ကားမူးတယ်ဆိုတာက မျက်လုံးကမြင်နေရတဲ့အရာနဲ့ နားကကြားနေရတဲ့ အရာကို ဦးနှောက်ကကောင်းကောင်းမချိတ်ဆက်မိတဲ့အခြေအနေတစ်ရပ်ပါ။ အကြားအာရုံကရရှိနေတဲ့ အချက်အလက်တွေနဲ့ အမြင်အာရုံကနေရရှိနေတဲ့ အချက်အလက်တွေကဟန်ချက်မညီဘဲ ဗဟိုအာရုံကြောစနစ်မှာ ကမောက်ကမဖြစ်ရာကနေစလာတဲ့ ခံစားချက်တစ်ခုပေါ့။

ကားမူးတာကို အဓိကခံစားတဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေက မျက်လုံး၊ အတွင်းနား၊အရေပြားမျက်နှာပြင်ပေါ်က တစ်ရှုးတွေပါ။ မြင်တာကို မျက်လုံးကခံစားမယ်။ ခန္ဓာကိုယ်အနေအထားနဲ့ ပတ်ဝန်းကျင်ကရာသီဥတုအခြေအနေကို အရေပြားတစ်ရှုးတွေကခံစားမယ်။ ကြားနေရတာကို အတွင်းနာကခံစားပါတယ်။ ဒီ ၃ ခုဟန်ချက်ညီနေရင် ကားမမူးနိုင်ပေမယ့် တစ်ခုခုက ဟန်ချက်ပျက်သွားပြီဆိုရင်တော့ ရင်ထဲမကောင်းဘူး၊ ခေါင်းထဲကမူးတယ်၊ အန်ချင်တယ်ဆိုတဲ့ ကားမူးတဲ့ လက္ခဏာတွေကို စခံစားရတော့ပါပဲ။

ကားမူးနေပြီလား…….

ကားမူးတဲ့အခါ အခုလက္ခဏာတွေခံစားရနိုင်ပါတယ်။

ခေါင်းမူးမယ်

သန်းမယ်

ညီးစီစီဖြစ်မယ်

ချွေးထွက်မယ်

မအီမသာဖြစ်မယ်

ခေါင်းထဲမှာ မူးဝေနေမယ်

အော့အန်မယ်

ဖြူဖပ်ဖြူရော်ဖြစ်မယ်

ရင်ထဲမှာ တလှပ်လှပ်ဖြစ်မယ်

အသက်ရှုရတာ ပြတ်တောင်းတောင်းဖြစ်လာမယ်

ခြေကုန်လက်ပမ်းကျမယ် စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။

ကားမူးတာက ကာကွယ်လို့ရလား………

ကားမူးတာက မဖြစ်အောင်ကာကွယ်လို့ရပါတယ်။ ကားနဲ့ပဲဖြစ်ဖြစ်၊ ရထားနဲ့ပဲဖြစ်ဖြစ်၊ သင်္ဘောနဲ့ပဲဖြစ်ဖြစ်၊ လေယာဉ်နဲ့ပဲဖြစ်ဖြစ် ခရီးသွားရင် ကားမူးတယ်၊လို့ အလွယ်ခေါ်တတ်တဲ့ မအီမသာဖြစ်တဲ့ အခြေအနေမျိုးကို ခံစားရနိုင်ပါတယ်။ ဒီခံစားချက်က ခံစားရအတော်ခက်သလို ပျော်ချင်လို့ ခရီးသွားပါတယ်ဆိုမှ ကားကမူးနေတော့ ပတ်ဝန်းကျင် အလှအပတွေကို ခံစားဖို့ တော်တေ်ာလေးခက်ပြီပေါ့။ ဒီတော့ ပျော်ရွှင်စရာခရီးစဉ်ဖြစ်ဖို့က ခက်ပြီလေ။ ဒီပြဿနာကို အခုပြောပြမယ့်နည်းလေးတွေသုံးပြီး ကာကွယ်လို့ရပါတယ်။

အိပ်ရေးဝအောင်အိပ်ပါ

ခရီးမသွားခင်မှာ အိပ်ရေးဝအောင်အိပ်တာကလည်း ကားမူးတာကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ခရီးမသွားခင်မှာ အိပ်ရေးလေးဝဝအိပ်ပေးပါ။

အများကြီးမစားပါနဲ့

ခရီးမသွားခင်မှာ အစာအများကြီးစားတာက ကားမူးစေနိုင်တဲ့အချက်တွေထဲကတစ်ခုပါ။ ဒါကြောင့် ခရီးမသွားခင်မှာ အများကြီးစားတာ၊ အဆီများတာတွေစားတာ၊ အပူအစပ်တွေစားတာမျိုးမလုပ်သင့်ပါဘူး။

ရေသောက်ပါ

ခရီးသွားတဲ့အခါ ဆီးသွားချင်မှာကို စိုးပြီး ရေမသောက်ဘဲ နေတာမျိုးမလုပ်ပါနဲ့။ ရေကို လိုအပ်သလောက်တော့ သောက်ပါ။ ခရီးသွားရင်လည်း အလွယ်တကူရေသောက်ဖို့ ရေဗူးလေးအဆင်သင့်ယူသွားပါ။ ကားမူးလာပြီဆိုရင် ရေနည်းနည်းသောက်လိုက်ပါ။ သက်သာသွားပါလိမ့်မယ်။

ချင်း (ဂျင်း) စားပါ

ကားမူးတတ်တယ်ဆိုရင် ကားစမစီးခင် ၁၅ မိနစ် အလိုလောက်မှာ လက်တစ်ဆစ်စာ ချင်း (ဂျင်း) ပြားလေးကို ဝါးစားပေးပါ။ ဒီလိုလုပ်တာက ခရီးစဉ်တလျှောက်ကားမူးတာကို သက်သာစေမှာပါ။

လေရှုပါ

ပြင်ပလေကို ရှုရှိုက်တာကလည်း ကားမူးသက်သာစေနိုင်ပါတယ်။ ကားစီးရင်း ကားမူးတဲ့ လက္ခဏာတွေခံစားလာရပြီဆိုရင် ပြတင်းပေါက်ကို ဖွင့်ပြီး လေရှုတာမျိုးလုပ်ပေးပါ။

ပီကေဝါးပါ

ခရီးသွားရင် ကားမူးမှာကြောက်တတ်သူတွေ ဆောင်သွားသင့်တဲ့ စားစရာတစ်ခုကတော့ ပီကေပါ။ ကားစီးနေချိန်မှာ ပီကေဝါးပေးတာက ကားမူးတာကို မဖြစ်အောင်ကာကွယ်ပေးသလို ကားမူးနေရင်လည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ကားမူးတတ်ရင် ပီကေဝါးပါ။

တရားမှတ်ပါ

ဝင်လေထွက်လေမှတ်တာကလည်း ကားမူးတာကို သက်သာစေမယ့် နည်းလမ်းတွေထဲကတစ်ခုပါ။ ဒါကြောင့် ကားစီးနေရင်းတရားမှတ်တာကလည်း ကားမူးမှာကြောက်သူတွေအတွက် အသုံးတည့်မယ့်နည်းလမ်းတစ်ခုပါ။

သီချင်းနားထောင်ပါ

ခရီးသွားရင်း နားကြပ်လေးတပ်ပြီး သီချင်းနားထောင်ရတာက ခံစားချက်ကောင်းသလိုကားမူးတာကိုလည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့် ကားမူးတတ်တယ်ဆိုရင် ခရီးသွားတဲ့အခါ ဖုန်းလေးနဲ့ နားကြပ်လေးပါအောင်ယူလို့ သီချင်းနားထောင်ပါ။

ကားမူးလို့ စိတ်ညစ်မနေပါနဲ့။ အခုပြောခဲ့တဲ့နည်းလမ်းလေးတွေသုံးပြီး ကားမူးတာကို ကာကွယ်လို့ ပျော်ရွှင်စရာခရီးစဉ်လေးတွေကို ဖန်တီးလိုက်ပါ။

Photos from Kaung Thit Car Rental's post 01/05/2021

🛑 သွားလာရေးအဆင်ပြေစေရန် အတွက် 🛑

ယခု အချိန်တွင် အကြောင်းကိစ္စအမျိုးမျိုးဖြင့် သွားလာရန် အဆင်ပြေစေရန်အတွက်
Suzuki Ciaz , Alphard & Hyundai Grand Starex, ၁၅ယောက်စီး Toyota Hiace

ကားများကို စျေးနှုန်းသက်သာစွာဖြင့်
ငှားရမ်းပေးနေပါပြီ။

နယ်ကနေ ရန်ကုန် လာလိုသူများလည်း
လာကြိုပေးပါတယ်ဗျ

ဆက်သွယ်ရန် 09250416464

Want your business to be the top-listed Autos & Automotive Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


No. 157, Innwa 1st Street, 122 Ward, East Dagon Tsp
Yangon
11421