Amber Star

Amber Star

Share

Enjoy the Quality , Admire the Value , Our Customers are the Heart of Amber Star. You Measure Success By How Much
Good You Do For Other .

Photos from Amber Star's post 16/11/2017

............... Celebrity With Pearl ...................
ရတနာဗဟုသုတ အနေဖြင့် ဖော်ပြပေးမှာက ..ပုလဲ ဝယ်မယ် ဆိုလျှင်
===========
ပုလဲကို ရေငန်တွင်နေသော ကနုကမာ(မုတ်ကောင်) မှလည်းကောင်း ၊ ရေချိုတွင် နေသော ယောက်သွား (ဂုံးကောင်) မှလည်းကောင်း ထုတ်လုပ်ရရှိသည်။ ပုလဲဖြစ်ပေါ်လာပုံမှာ ကနုကမာကောင်၏ ကိုယ်တွင်းသို့ သဲစေ့ ၊ ကျောက်စလစ်ခဲလေးများ ဝင်ရောက်သွားရာမှ ကနုကမာကောင်များမှာ စလုံစခု ဖြစ်လာ၍ ခန္ဓာကိုယ်မှ အရည်ကြည်များထုတ်၍ ထိုသဲစေ့လေးများအား ဖုံလွှမ်းစေသည်။ အမတေပုလဲဖြစ်လာပြီး ၊ လူတို့၏ လက်ဝတ်ရတနာဖြစ်သော ပုလဲလုံးလေးများ ဖြစ်လာသည်။ သို့ဖြစ်၍ ပုလဲသည် တွင်ထွက်ကျောက်မျက် မဟုတ်ဘဲ ၊ သဘာဝ ပုလဲ ဖြစ်လာသည်။ ထိုသို့ ပုလဲလုံး တစ်လုံးဖြစ်လာရန်မှခြောက်လ မှ ခုနစ်နှစ် အတွင်း ကြာသည်။
မြန်မာနိုင်ငံ၏ မြိတ်ကျွန်းစုများတွင် မွေးပုလဲ လုပ်ငန်း အဓိက လုပ်ကိုင်ကြသည်။ ယခု ပုလဲ ကျွန်းဟုခေါ်သော ဆာဂျေမယ်လကွန်ကျွန်းပေါ်တွင် ကမ္ဘာပေါ်၌ သက်တမ်း အရင့်ဆုံးသော တောင်ပင်လယ် ပုလဲ လုပ်ငန်းရှိသည်။ ၁၉၅၄ ခုနှစ်တွင် ဂျပန်တို့က တည်ထောင်ခဲ့ပြီး ၊ ယခုအခါ သတ္တုတွင်း လုပ်ငန်းအောက်ရှိ မြန်မာ့ပုလဲ မွေးမြူရေးလုပ်ငန်းက ဆက်လက် လုပ်ကိုင်လျက်ရှိသည်။ အခြားပုလဲ အမျိုးအစားများကို မြန်မာ နိုင်ငံ အတွင်းသို့ တင်ပို့ကြသည်။
မီလို ပုလဲ (အုန်းပုလဲ)
မြန်မာနိုင်ငံတွင် အုန်းပုလဲဟု လူသိများသည်။ ကမ္ဘာပေါ်တွင် အရှားပါးဆုံး ပုလဲ ဖြစ်ပြီး မီလိုမီလို ပင်လယ်ခရုမှ ထုတ်လုပ်သည်။ ယင်းတို့သည် လိမ္မော်ရောင်မှ အညိုရောင်ဖျော့ဖျော့ အထိရှိသည်။ မီလို မီလို ခရုကို ရခိုင်ကမ်းခြေ ၊ ထားဝယ် ၊ မြိတ် ကျွန်းစုများနှင့် ယိုးဒယားကမ်းခြေဘက်အနီး ကော့သောင်းတွင် တွေ့ရှိရသည်။ လိမ္မော်ရောင် မီလိုပုလဲကို မီလို ခရုခွံ ထောင်ပေါင်းများစွာ ထဲတွင် တစ်ခုသာ တွေ့နိုင်ချေ ရှိသည်။
ပုလဲတု
ပုလဲတုကို ကနုကမာ ၊ ပင်လယ် ခရုကြီးမျိုး ၊ ဖန်ကဲ့သို့ အကြေးခွံ့များ ရှိသည့်ငါး (အစန် ဒီအိုးရီးယန့်- essence d’Orient) မှ ဖန်တီးနိုင်သည်။ ယင်းတို့သည် အလေးချိန်မတူညီ ကြပေ။ ပုလဲ အစစ်ကဲ့သို့လည်း ချောမွေ့မှု မရှိ။ အရောင်စို ခြင်းလည်း မရှိ။ ပုလဲ အတု နှင့် ပုလဲ အစစ် ခွဲခြားသိရှိရန် အကောင်းဆုံး စမ်းသပ်နည်းမှာ သွားဖြင့် ကိုက်ကြည့်ခြင်း ၊ ပုလဲကို ညင်သာစွာ သွားဖြင့် ကိုက်ကြည့်ပါ။ ချောမွေ့သည့် အထိအတွေ့ ခံစားရပါက အတုဖြစ်ပြီး ၊ ရှတတ ကြမ်းတမ်းတမ်း ခံစားရပါက အစစ်ဖြစ်သည်။
ရေချိုပုလဲ နှင့် ရေငန်ပုလဲ တို့ ကွာခြားခြင်း
ရေချိုပုလဲသည် အရောင်စိုပြေ နူးညံ့သည်။ ရေငန်ပုလဲသည် အရောင်တောက်ပ၍ မှန်ရောင်ကဲ့သို့ ဖြစ်နေသည်။ ရေငန်ပုလဲသည် ရေချိုပုလဲထက် ပိုမို လုံးဝိုင်းသည်။
တန်ဖိုး
ရေငန်ပုလဲများသည် ရေချိုပုလဲများထက် ပိုမို တန်ဖိုးရှိသည်။ အဘယ်ကြောင့်ဆိုသော် ယင်းတို့၏ အရောင်စိုပြေမှုနှင့် ပုံသဏ္ဍာန် လုံးဝန်ခြင်းကြောင့် ဖြစ်သည်။ ရေချိုပုလဲများကို အကြိမ်ပေါင်းများစွာ ထုတ်ယူနိုင်သော်လည်း ရေငန်ပုလဲ များမှာကား ရှားပါးသဖြင့်ပိုမို တန်ဖိုးကြီးသည်။ တောင်ပင်လယ် ပုလဲများသည် ဈေးပိုမို ကြီးသည်။ အဘယ်ကြောင့်ဆိုသော် ပိုမို မာကြော၍ အချိန်ကြာသောကြောင့်ဖြစ်သည်။
ပုံသဏ္ဍာန်
လုံးဝန်းသော ပုလဲများသည် ဈေးအမြင့်မားဆုံး ဖြစ်သည်။ သို့သော် ၁၇ ရာစု ဥရောပ လက်ထက်က ပုလဲမျိုး ကဲ့သို့သော ပုလဲများကိုမူ လုံးဝိုင်းခြင်း မရှိသော်လည်း ကြိုက်နှစ်သက်ကြသည်။
မျက်နှာပြင်
ပုလဲ၏ မျက်နှာပြင် ပိုမို ချောမွေ့ သန့်စင်လျှင် ပို၍ ကောင်းသည်။ ပုလဲသည် သဘာဝ ကျော်မျက် ရတနာ တစ်ပါးဖြစ်ပြီး တွင်းထွက် ကျောက်မျက်များကဲ့သို့ မြေမှထွက်ခြင်း မဟုတ်။ သို့သော် ပုလဲကို ရတနာ တစ်ပါးအဖြစ် ဝတ်ဆင်ရန်သတိပြုမိသည်မှာ မကြာလှသေးပေ။
အရောင်စိုပြေမှု
ညံ့ဖျင်းသော ပုလဲမျက်နှာပြင်သည် အရောင်စိုပြေခြင်း မရှိဘဲ အရောင်စိုပြေမှုအား ကောင်းလေ ဝယ်သူ မျက်စိကျလေ ဖြစ်သည်။ အရောင်စိုပြေမှု အကောင်းဆုံး အရည်အသွေးမှာ မှန်သားပြင် ကဲ့သို့ ချောမွေ့ကြည်လင်နေခြင်းဖြစ်သည်။
အရွယ်အစား
ပုလဲ၏ အရွယ်အစားကို ရွေးချယ်ရန် အကောင်းဆုံး ဥပဒေသ မှာ ၇မီလီမီတာ အရွယ်ဖြစ်ပြီး ၊ အမျိုးသမီးကြီးများ အတွက်ပိုမို ကြီးမားသည့် ပုလဲ ဝတ်ဆင်သင့်သည်။ အမျိုးသမီးငယ်များနှင့် ဆယ်ကျော်သက်များ အတွက်မူ အရွယ်အစား ပိုမို ငယ်သည့် ပုလဲမျိုးဝတ်ဆင်သင့်သည်။

Photo Credit
www.emerald-star.com

Photos 07/03/2017

#ရတနာဗဟုသုတအနေဖြင့်ဖော်ပြပေးချင်တာကတော့ပတ္တမြားအကြောင်းပါ ။

ပတ္တမြား ဟူသော အမည်သည် လက်တင်ဝေါဟာရမှ ဆင်းသက်လာပြီး ရူးဘီရပ်(RUBEUS)အနီ(RED)ဟူအဓိပ္ပါယ်ရပါတယ်။ ပတ္တမြားသည် ဓါတုဖွဲ့စည်းပုံအရ အလူမီနီယမ် အောက်ဆိုဒ်ဖြစ်ပြီး မာဆင့် (၉) ၊သိပ်သည်းဆ ၃.၉မှ ၄.၁ အထိရှိပြီး ၊အလင်းယိုင်ကိန်း ၁.၇၆ မှ ၁.၇၇၊အလင်းကွဲယိုင်ကိန်း ၀.၀၀၈ ရှိသည့် ကျောက်အမျိုးအစားဖြစ်ပါတယ် ။

ပတ္တမြားကိုရှားပါးသော ကျောက်မျက်အမျိုးအစား အဖြစ်ထည့်သွင်းထားခြင်းမှာ ကျောက်မျက်တန်းဝင်လှပပြီး ကြီးမားသော ပတ္တမြားကို တွေ့ရနည်းသောကြောင့်ဟုဆိုပါသည်။ ပတ္တမြားကိုလွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်ကပင် သီရိလင်္ကာနိင်ငံတွင် တူးဖော် ထုတ်လုပ်ခဲ့ ကြပါသည်။မြန်မာနိင်ငံတွင်မှု အေဒီ ၆ရာစုမှစပြီးမိုးကုတ်ဒေသတွင် စတင်တူးဖော် ထုတ်လုပ်ခဲ့သည်ဟုသိရှိရပါသည်။ မြန်မာလူမျိုးတို့သည် ပတ္တမြားကို ဖျားနာခြင်း ၊ ကံမကောင်းခြင်း တို့မှ တားဆီးကာကွယ်နိင်ရန် အဆောင်လက်ဖွဲ့အဖြစ် တူးဖော် ၀တ်ဆင်ခဲ့ကြပါသည် ။ အနောက်တိုင်းနက္ခတ်ပညာတွင်ပတ္တမြားမှာ ဇူလိုင်လမွေးဖွားသူများ ၏ အဆောင်ကျောက်ဖြစ်သလို အနှစ် (40)မြောက်လက်ထပ်မင်္ဂလာ ပွဲ၏သင်္ကေတ လက်ဝတ်ရတနာဖြစ်သည်ဟုမှတ်သားရပါသည်။

အောင်းဝင်များကိုကြည့်ရှုခြင်းဖြင့် ပတ္တမြား ထွက်ရှိရာဒေသကို ဆုံးဖြတ်နိင်ပြီး မိုးကုတ်၊အာဖရိကစသည့် ထွက်ရှိရာဒေသအလိုက်ဈေးနှုန်းမှာလည်း အပြောင်းအလဲရှိနိင်ပါသည်။ပတ္တမြားတွင်ရူတိုင်းအောင်းဝင်အချောင်းများပါရှိနေကာ လုံးချော သွေးပါက ဂေါ် ကြိုးများကို အလွယ်တကူမြင်တွေ့နိင်ပြီး ၄င်းကိုပင် STAR RUBY ဟု ခေါ်ဆိုကြ ပြီး အရောင် အရွယ်အစား ဂေါ်ကြိုး လှပပါက ဈေးနှုန်းမှာလည်းခေါင်ခိုက်တတ်သည်။ပတ္တမြားထွက်ရှိရာ ဒေသများ ကတော့ မိုးကုတ် ၊မိုင်းရှုး ၊ကမ္ဘောဒီးယားအနောက်ဘက် ပိုင်လင်းဒေသ၊ ကင်ညာ၊ထိုင်း ၊သြစတေးလျ ၊တာဂျစ်ကစ်စတိုင် ၊ဗီယက်နမ် နိင်ငံ လူစီယမ်ဒေသ၊ အာဖရိက ၊အိန္ဒိယ အနောက်တောင်ပိုင်း ကာနာတာက ဒေသနှင့် သီရိလင်္ကာ နိင်ငံတို့တွင် ထွက်ရှိပြီး ကမ္ဘာမြေကြီး၏သွေးစက်ဟူတင်စားရသော ပတ္တမြားများကို မြန်မာနိင်ငံမိုးကုတ်ဒေသတွင်သာ တွေ့ရှိရပါသည်။

ပတ္တမြားတွင်အပြစ်အနာ စင်သောပတ္တမြား မှာ အလွန်ရှားလှပါသည်။ ပတ္တမြားမှန်လျှင် အပြစ်ရှိရမည် ။ယင်းအပြစ်များမှာ ကျောက်သားတွင် အက်ကြောင်း ၊ အပေါက် ၊အစိုင်အခဲ ၊မှဲ့စက် ၊အမည်းစက် ၊အနာအပဲ့ပေါ်နေခြင်းဖြစ်သည့် ။ ပတ္တမြား၏အပြစ်များမှာ အလွန်ပင်အမျိုးစုံလှပါသည် ။ ယခု အခါတိုးတက်လာသော နည်းပညာများဖြင့် အပြစ်များလှသော ပတ္တမြား များကို လူတို့၏နည်းပညာများဖြင့် မီးအပူပေးပြီး ပြုပြင်ခြင်းဖြင့် အပြစ်အနာ အဆာများကို ဖယ်ရှားထားသော ပတ္တမြားအများအပြားကို ဈေးကွက် ထဲတွင် အများအပြားမြင်တွေ့ရပါသည် ။ ဈေးနှူန်းတွင်မှူ သဘာဝ ပတ္တမြားနဲ့အတန့်အသင့်ကွာခြား လှပါသည်။ တချို့ သော ကုန်သည်များ ၏ မတော်တရာ လောဘကြောင့်မီးထိပြု ပြင်ထားသော (Heated Ruby ) များကို သဘာဝ ပတ္တမြား လိုလို ရောင်းချခြင်းကြောင့်နှစ်နာသော ၀ယ်သူအများအပြားကိုလည်း မြင်တွေ့ ရပါသည်။ ရတနာ ၀ယ်ယူမည်ဆိုပါက တိကျသော ကျောက်မျက်စစ်ဆေး ခန်းများ သို့ သွားရောက်စစ်ဆေးပြီးမှ ၀ယ်ယူသင့်ပါသည်။ကျောက်တန်ဖိုးနည်းလျှင်မသိသာပေမဲ့ တန်ဖိုးများရင်များသလို ရောင်းချသူမှ ထုတ်ပေးသောCertificates များ ကို ပင် ထပ်မံပြီး ကျောက်မျက်စစ်ဆေးခန်းနဲ့ချိတ်ဆက်ပြီး စစ်မှန်ကြောင်းကိုအတည်ပြုသင့်ပါသည်။ လူတို့၏မတော်လောဘကြောင့် ကျောက်စစ်ချက်လက်မှတ်အတုများသည်ပင်ဈေးကွက်ထဲတွင် ပျံနှံလျက်ရှိပါသည်။

ပတ္တမြားနှင့်ပတ်သတ်ပြီးအတိုချုံး ဖော်ပြထားခြင်းကြောင့်လိုအပ်ချက်များ ရှိပါက ပညာရှင်များအနေဖြင့် ဖြည့်စွက်ပေးပါဦးလို့မေတ္တာရပ်ခံအပ်ပါသည် ။

ဆရာကျောက်ရိုင်း (ဘူမိ) ကျောက်မျက်လမ်းညွန်စာအုပ်မှ အချက်အလက်
တချို့ ကိုကောက်နှုတ်ဖော်ပြပေးထားပါသည် ။



Nyi Nyi Zin
Emerald Star
Amber Star
Royal Star

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Yangon
1101