Any Trade
တောတွင်းသုံးပစ္စည်း
စက်ဘီးပစ္စည်း
ငါ?
17/02/2025
ဒီရက်ပိုင်း မျှင်ငပိတွေ လေးထပ်ထောင်းလုပ်နေရတာနဲ့ ပို့စ်တောင်မတင်ဖြစ်ဘူး။
နှစ်ထပ်ထောင်း အလုံးလိုက်တွေကတော့ ဒီတခေါက်ရောင်းပြီးရင်ကုန်ပါပြီ။
ဘူးသွပ်ထားတာတွေတော့ရှိပါသေးတယ်။
လောလောဆယ်နှစ်ထပ်ထောင်း အလုံးလိုက် တပိသာ ၂၀၀၀၀ ပါ။
ဘူးနဲ့ကတော့ တပိသာဘူး ၂၂၀၀၀
ငါးဆယ်သားဘူး ၁၂၀၀၀ ပါ။
လေးထပ်ထောင်းကတော့ ငါးဆယ်သားဘူး ၁၅၅၀၀ ပါဗျ။
အစိတ်သားဘူးတွေ ကုန်နေပါတယ်။
ဟိုရက်က ပစ္စည်းပြတ်နေတဲ့ ရွှေပုဇွန်ခြောက်လေးတွေလည်း ပြန်ရပါပြီ။
စျေးကတော့ ၂၅၀၀ တက်သွားပါတယ်။
အစိတ်သားတစ်ထုတ်ကို ၃၅၀၀၀ ပါ။
ရိုးရိုးပုဇွန်ခြောက်ကတော့ အစိတ်သားတစ်ထုတ်ကို ၃၀၀၀၀ ပါပဲ။
သူကတော့ အကောင်လေးနည်းနည်းပိုကြီးပါတယ်။
ပုဇွန်ခြောက်တွေ အကုန်လုံးကတော့ ဆားမပါပါဘူး။
အချိုတွေပါပဲ။ အကုန်ခြောက်အားကောင်းပြီး ကြွပ်ရွနေပါတယ်။
မျှင်ငပိကတော့ သဲမပါဆားပေါ့အရောအနှော ဘာမှမရှိပါဘူး။
လောလောဆယ်တော့ မျှင်ငပိနဲ့ ပုဇွန်ခြောက်ရပါတယ်။
မှာမယ်ဆိုရင် လိပ်စာနဲ့ ဖုန်းနံပါတ်လေးပေးထားပါဗျ။
မျှင်ငပိ တစ်ပိသာနဲ့ အထက်မှာသူတိုင်းကို ငရုတ်ကောင်းဒေသထွက် ငရုတ်ကောင်းစေ့တစ်ဘူးစီလက်ဆောင်ပေးပါမယ်ဗျ။
26/10/2024
လောလောဆယ် ကျနော့်ဆီမှာ ရတဲ့ ပစ္စည်းတွေလေးတွေကတော့
မျှင်ငပိလေးထပ်ထောင်း တစ်ပိဿာ ၂၆၀၀၀
ငပိရေကျိုတစ်ဘူး တစ်ပိဿာခွဲ ၂၂၀၀၀
ငပိထောင်း ၂၀ သားတစ်ဘူး ၈၀၀၀
မကျီးသီးစိမ်းငပိကြော် ၂၂ ကျပ်သားတစ်ထုတ် ၈၀၀၀
မျှင်ငပိကြော် ၂၂ ကျပ်သား တစ်ထုတ် ၁၁၀၀၀
ပုဇွန်ခြောက်တို့ ငါးခြောက်တို့ကတော့ တခေါက်နဲ့ တခေါက် ကွာလတီမတူ စျေးမတူတာကြောင့်
ရတဲ့အခါကြမှပဲ စျေးနှုန်းနဲ့တကွတင်ပေးပါမယ်။
မျှင်ငပိကရခိုင်မျှင်ငပိပါ။ ပင်လယ်ရေအနက်မှာဖမ်းပြီး ချက်ချင်းနေလှန်း ချက်ချင်းထောင်းတာမို့ ရခိုင်မျှင်ငပိက စျေးကောင်းပါတယ်။
ဗူးနဲ့ တံဆိပ်နဲ့ သေချာလေးလုပ်ထားပြီး ပါဝင်ပစ္စည်းလည်းထည့်ပေးထားတာမို့ နိုင်ငံရပ်ခြားသယ်သွားမယ်ဆိုရင် အဆင်ပြေပါတယ်။
လောလောဆယ်အများဆုံးပို့ဖြစ်တာကတော့ စင်္ကာပူကိုပါပဲ။
အေးဂျင့်တွေကတဆင့်ပို့ဖြစ်ပါတယ်။
ငပိရေကျိုကတော့ ခရမ်းသုံးခွဘက်ကပါ။ လယ်ထဲချောင်းထဲကရတဲ့ ငါးတွေနဲ့ လုပ်ထားတာပါ။
ငါးနဲ့ ဆားနဲ့ပဲလုပ်ထားတဲ့အတွက် ကျိုပြီးရင်လည်း တာရှည်ခံပါတယ်။
အနံ့လည်းမွှေးပြီး စားမယ်ဆိုရင် ငရုတ်သီးမှုန့်တမျိုးထဲထည့်စားရုံနဲ့ အဆင်ပြေပါတယ်။
ငပိရည်ကို ကျိုမယ်ဆိုရင်တော့ အားလုံးသိတဲ့အတိုင်း အပေါ်မှာတက်လာတဲ့ အမြှုပ်တွေတွေကို ဖယ်ထုတ်ပေးပို့တော့လိုပါမယ်။
အဲ့အမြှုပ်တွေက ခါးတတ်လို့ပါ။
ကျနော်ကတော့ ငပိရည်ကျိုရင် ဆနွင်းမှုန့်၊ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းလေး နည်းနည်းစီထည့်ပြီး ကျိုပါတယ်။ အနံ့ပိုမွှေးအောင်ပါ။
ငပိထောင်းကတော့ ရခိုင်မျှင်ငပိကိုပဲ မွန်နည်းအတိုင်းထောင်းထားတာပါ။
ကြက်သွန်ဖြူကို ကြက်အောင်လှော်၊ ငရုတ်သီးမှုန့်၊ ပုဇွန်ခြောက်နဲ့ ငပိကိုခြောက်နေအောင်ကင်ပြီးထောင်းထားတာမို့ တာရှည်ခံပါတယ်။
မျှင်ငပိကြော်တို့ မကျီးသီးစိမ်းငပိကြော်တို့ကတော့ မျှင်ငပိနည်းနည်း၊ ပုဇွန်ခြောက်များများ၊ ကြက်သွန်များများနဲ့ ကြော်ထားတာမို့ စားဖူးသူတိုင်းကြိုက်တယ်ပြောကြတာပဲ။
စားဖူးသူတွေပဲ ခဏခဏမှာကြတာကိုတွေ့ရပါတယ်။
သူကတော့ သိပ်တာရှည်မခံပါဘူး။ ဒီအကြော်တွေက အမှာပြည့်မှ ကြော်တာဖြစ်လို့ ရက်ကလေးနည်းနည်းတော့ စောင့်ရပါတယ်။
လောလောဆယ်တော့ အဲ့ဒါတွေပါပဲ။
မှာမယ်ဆိုရင် လိပ်စာနဲ့ ဖုန်းနံပါတ်လေးသာ မက်ဆင်ဂျာမှာပို့ထားလိုက်ပါ။
ရန်ကုန်ဆို အိမ်အရောက် ဒယ်လီနဲ့ ပို့ပေးပါတယ်။
အခြားမြို့တွေဆိုရင်တော့ ကားဂိတ်က တင်ပေးပါတယ်။ ဂိတ်ချခပေးစရာမလိုပါဘူး။ ဒါပေမဲ့ တချို့မြို့တွေအတွက်ကတော့ ခေါက်တိုခ ၁၀၀၀ ပေးရပါတယ်။
ကေပေး ဝေ့ပေး စီဘီပေး နဲ့လည်း ရှင်းလို့ရပါတယ်။
ငါးပိဿာနဲ့အထက်ဝယ်သူတိုင်းကိုလည်း ပို့ခ အခမဲ့နဲ့ ပို့ဆောင်ပေးပါတယ်။
ရောင်းသူကတော့ အကောင်းပဲပြောမှာပေါ့လေ။
ကောင်းမကောင်းကတော့ သင်ကိုယ်တိုင် မှာစားရမယ့်အချိန် ရောက်ရှိလို့လာပါပြီ။
31/08/2024
အရာရာစျေးတက်လိုက်ကျလိုက်ဖြစ်နေပေမဲ့ ကျနော့်ရဲ့ မျှင်ငပိကတော့ စျေးပုံမှန်ပါပဲ။
ဒေါ်လာစျေးတက်တိုင်း တက်ရအောင်လည်း နိုင်ငံခြားကနေ သွင်းရတာမှမဟုတ်တာ။
(အခုမဟုတ်ဘူးပြောတာ၊ နောင်ဆိုရင်တော့ မျှင်ငပိလည်း အင်ပို့ဖြစ်ချင်ဖြစ်သွားမှာ၊ အင်ဒိုနဲ့မလေးမှာလည်း မျှင်တွေရတာကိုး)
သူများတွေစျေးတက်တော့ ကိုယ်လည်းတက်ချင်တာပေါ့ဗျာ။ ခေတ်မီအောင်ပေါ့။
ကိုယ်ကလည်း ငပိချည်းပဲ စားလို့ရတာမှမဟုတ်တာ။ ဆန်တွေဆီတွေဝယ်ရသေးတယ်။
ဆန်ကလည်း ဆန်ကြမ်းကို တသိန်းကျော်တယ်။
ဆီကလည်း ဝယ်ရမလွယ်ဘူး။
ကျနော်တို့ဘက်မှာတော့ အုန်းနို့နဲ့ ဟင်းချက်စားကြတယ်။
အုန်းသီးမှာလည်း ဆီပါတာကိုး။ ချဥ်ပေါင်းဟင်းတောင် အုန်းနို့လေးနဲ့ ချက်ကြတယ်။
အရင်ကပါ အခုတော့ အုန်းသီးလည်းစျေးကောင်းတော့ ရောင်းစားတာက ပိုကောင်းတယ်။
ထားပါတော့လေ။
လေးထပ်ထောင်းဆို တပိဿာ ၂၆၀၀၀၊
နှစ်ထပ်ထောင်းက တပိဿာ ၂၀၀၀၀၊
မျှင်ငပိပုဇွန်ခြောက်ထောင်းကြော်က ၂၂ ကျပ်သား တဘူးကို ၁၁၅၀၀၊
မကျီးသီးမျှင်ငပိကြော်က ၂၂ သားတထုတ်ကို ၈၀၀၀။
ပုဇွန်ခြောက်ကတော့ နောက်တပတ်လောက်မှပဲ ပြန်ရပါတော့မယ်။
အရင်မှာထားသူတောင်ပို့ဖို့ ကျန်နေလို့ပါ။
အရင်ပုဇွန်ခြောက်မှာထားသူတွေ ဒီရက်ထဲ ပို့ပေးပါမယ်ဗျ။
လောလောဆယ် ရှိတာလေးတွေ မှာမယ်ဆိုရင် မက်ဆင်ဂျာမှာ လိပ်စာနဲ့ ဖုန်းနံပါတ်လေးပေးထားပါခင်ဗျ။
မက်ဆင်ဂျာမှာကြတော့ စာရင်းလုပ်ရင်တွေ့ရတယ်။ ကွန်မန့်မှာကြတော့ ကျန်ကျန်သွားတတ်လို့ပါ။
မျှင်ငပိပဲ မှာသူတွေကိုတာ့ အမြန်ဆုံး ပို့ဆောင်ပေးပါမယ်။ (စတော့အသင့်ရှိလို့ပါ၊ ဒယ်လီလည်းအသင့်ပါ)
အကြော်တို့ ငါးခြောက်တို့ ပုဇွန်ခြောက်တို့ကြတော့ ကြော်ရတာနဲ့ ပစ္စည်းမလောက်တာနဲ့ဆိုရင် နည်းနည်းလေးကြာသွားတတ်ပါတယ်။
သီးခံစောင့်ဆိုင်းမှာယူပေးသူတိုင်းကို တကယ်ကျေးဇူးတင်ပါတယ်။
နွေကြမှပဲ ရွာကို အလည်ခေါ်တော့မယ်။
ဟိုရက်က ပုံထဲက ချောင်းထဲကို ငပိတပုံးကျသွားတာ လိုက်ဆယ်တာမရတော့ဘူး။ ၆ သိန်းကျော်ပလုံပဲ။
Click here to claim your Sponsored Listing.
တခုခုတော့ လိုမှာပါ
ငါးမျှားပစ္စည်း
တောတွင်းသုံးပစ္စည်း
သူများထက်ဈေးသက်သာစေရမည်
Category
Contact the business
Telephone
Address
Pathein Nyunt 7th Street
Yangon
11221