Shwe Goal
Sports News Reporting
Join More @https://t.me/unitednewsmm
17/11/2021
Premier league chairman ဖြစ်တဲ့ Gary Hoffman ဟာသူ့ရဲ့လက်ရှိရာထူးနေရာကိုရယူအပြီး ၁၈လအကြ လာမယ့်January တွင်ရာထူးမှအနားယူတော့မယ်လို့သိရပါတယ်။
ဒီနှုတ်ထွက်မှုဟာ Newcastle အသင်းကိုဆော်ဒီမင်းသား ဝယ်ယူမှုအပြီးမရှေးမနှောင့်ထွက်ပေါ်လာတာဖြစ်ပြီးသတင်းတွေအရ English clubတွေရဲ့ ပြင်းထန်စွာကန့်ကွက်မှုကြောင့်နှုတ်ထွက်တာလို့လဲဆိုပါတယ်။
Garyကတော့ " ကျနော့်အတွက် ဒီရာထူးနဲ့ဖြတ်သန်းခဲ့တဲ့အချိန်နှစ်နှစ်တာဟာ ဂုဏ်ယူစရာအပြည့်နဲ့ပါ။အခုအချိန်ဟာ Premier League ကိုနောက်ထပ်အဆင့်မြင့်တဲ့နေရာခေါ်သွားနိုင်တဲ့ဦးဆောင်မှုကိုပေးနိုင်တဲ့လူတွေအတွက်ကျနော်နေရာဖ
ယ်ပေးဖို့အသင့်ဖြစ်နေပါပြီ"လို့ပြောကြားခဲ့ပါတယ်။
Hoffman ဟာ စီးပွားရေးသမားတစ်ယောက်ဖြစ်ပြီး သူ့နဲ့ Newcastle အသင်းကြားမှာဆက်ဆံရေးကောင်းတွေရှိပါတယ်။
Premier League ရဲ့ထုတ်ပြန်ချက်မှာတော့" ဒီနှစ်နှစ်အတွင်းGaryရဲ့ကြိုးစားမှုကြောင့် Premier League သမိုင်းကြောင်းတစ်လျှောက်ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးနဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးပြိုင်ပွဲအဖြစ် တည်ရှိနေပါတယ်။Gary ရဲ့ကြိုးစားအားထုတ်မှုအတွက် Premier League အနေနဲ့ကျေးဇူးတင်ပါတယ်။ သူ့နေရာမှာအစားထိုးဖို့ကိုလည်းအလျင်အမြန်ကြိုးစားသွားမှာပါ"
၂၀၀၈ ခုနှစ် Newcastle အသင်းဘဏ္ဉာရေးပြသာနာကြုံစဉ်အခါကလည်း သူ့အနေနဲ့ Newcastle အသင်းကို ဆက်လည်ရပ်တည်နိုင်အောင်ကူညီပေးသူတစ်ယောက်ဖြစ်ပါတယ်။
✨✨
မိုဗစ်တစ်ကွက်ပြလိုက်တယ်😂😂
14/11/2021
သင်ဒါကိုသိပါသလား🤔💫
Click here to claim your Sponsored Listing.
Category
Website
Address
Yangon