Grape Vine F&B Distribution

Grape Vine F&B Distribution

Share

Grape Vine F&B Distribution Company is a Myanmar-based food company specializing in quality beef, value-added meat products, and imported wines.

26/03/2026

အသားတစ်လွှာချင်းစီရဲ့ တိကျတဲ့ ဖြတ်တောက်မှုတွေက Grape Vine ရဲ့ လက်ရာကို သက်သေထူနေသလို၊ စံချိန်စံညွှန်း ပြည့်မီဖို့အတွက် တိကျမှုနဲ့ အရည်အသွေးကို အမြဲတမ်း အရေးကြီးဆုံးအဖြစ် ထားရှိပါတယ်။

အသေးစိတ်ကအစ ဂရုစိုက်ထားတဲ့ အကောင်းဆုံးအရသာကို Grape Vine မှာ ခံစားကြည့်လိုက်ပါ။

“ Myanmar’s Trusted Source for Premium Beef ”

🚩 Grape Vine F&B Distribution

📍 No.4, Thu Datthana St 2, Yangon, Myanmar

☎️ +959 944 497 707

Photos from Grape Vine F&B Distribution's post 17/03/2026

အရသာထူးကဲတဲ့ ဟင်းပွဲတွေအတွက် စားဖိုမှူးတို့ရဲ့ အကောင်းဆုံး လက်တွဲဖော် - Grape Vine 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐭𝐲 𝐌𝐞𝐚𝐭 𝐂𝐮𝐭𝐬

ဟင်းပွဲတစ်ပွဲရဲ့ အဆင့်အတန်းဟာ ပါဝင်ပစ္စည်းတွေရဲ့ အရည်အသွေးအပေါ်မှာ အများကြီး မူတည်ပါတယ်။

ဒါကြောင့် Grape Vine F&B Distribution ကနေ စားဖိုမှူးတို့အတွက် အကောင်းဆုံးလက်တွဲဖော်အဖြစ် 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐭𝐲 𝐌𝐞𝐚𝐭 𝐂𝐮𝐭𝐬 တွေကို Ready to Cook အနေနဲ့ပြင်ဆင်ပေးထားပါတယ်။

Grape Vineရဲ့ 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐭𝐲 𝐌𝐞𝐚𝐭 𝐂𝐮𝐭𝐬 တွေဟာ-

🔸ဟင်းပွဲအမျိုးအစားအလိုက် ကိုက်ညီစေမဲ့ အပိုင်းအဖြတ်တွေမို့ အလေအလွင့် မရှိစေပါဘူး။

🔸 အရသာပိုင်းမှာလည်း စွဲမက်စရာ အသားရဲ့ လတ်ဆတ်မှုနဲ့ နူးညံ့မှုကို အပြည့်အဝပေးစွမ်းနိုင်ပါတယ်။

🔸အသားကို ပိုင်းဖြတ်ပြင်ဆင်ရတဲ့ အချိန် လျော့သွားတာကြောင့် အရသာ နဲ့ တီထွင်ဖန်တီးမှုအပိုင်းကို ပိုပြီး အာရုံစိုက်နိုင်မှာ ဖြစ်သလို ဟင်းပွဲအရေအတွက်လည်း အချိန်တိုအတွင်း တွက်ဆပြီး ချက်နိုင်ပါတယ်။

📌လေလွင့်မှုမရှိဘဲ အချိန်တိုအတွင်း ထူးကဲတဲ့ ဟင်းပွဲတွေ ဖန်တီးပေးစွမ်းနိုင်တာမို့ မိတ်ဆွေရဲ့ လုပ်ငန်းဂုဏ်သတင်းကို မြှင့်တင်ဖို့ Grape Vine ရဲ့ အမဲသားပုံစံ အမျိုးမျိုးကို ရွေးချယ်လိုက်ပါ။

Grape Vine F&B Distribution မှာ ရရှိနိုင်တဲ့ အမဲသားအမျိုးအစားတွေနဲ့ ဈေးနှုန်းအသေးစိတ်ကို သိရှိလိုပါက Message box မှာ မေးမြန်းနိုင်သလို ဖုန်းနံပါတ် [09 944 497 707] ကိုလည်း တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

“ Myanmar’s Trusted Source for Premium Beef ”

🚩 Grape Vine F&B Distribution

📍 No.4, Thu Datthana St 2, Yangon, Myanmar

☎️ +959 944 497 707

02/03/2026

မင်္ဂလာရှိသော တောင်သူလယ်သမားနေ့ဖြစ်ပါစေခင်ဗျာ။

နိုင်ငံတစ်ဝန်းက စားနပ်ရိက္ခာတွေအတွက် မပင်မပန်း ကြိုးစားအားထုတ်နေကြတဲ့ ကျေးဇူးရှင်တောင်သူဦးကြီးများအားလုံးကို Grape Vine F&B Distribution မှ အလေးအမြတ်ထား ဂုဏ်ပြုလိုက်ပါတယ်။

17/02/2026

ပျော်ရွှင်ဖွယ်ရာ တရုတ်နှစ်သစ်ကူး အားလပ်ရက် ဖြစ်ပါစေကြောင်း Grape Vine F&B Distribution မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

12/02/2026

ယနေ့ ကျရောက်သော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို Grape Vine F&B Distribution မှ ဂုဏ်ယူစွာဖြင့် ကြိုဆိုအပ်ပါတယ်။

Photos from Grape Vine F&B Distribution's post 11/02/2026

ရာဇဝင်မသိတဲ့အသားတွေ သုံးနေတုန်းပဲလား ⁉️

ဟိုတယ်နဲ့ စားသောက်ကုန်လုပ်ငန်းရှင်တိုင်းအတွက် အရေးကြီးဆုံးက "ယုံကြည်စိတ်ချရမှု" ပါပဲ။

ကိုယ့်ရဲ့မီးဖိုချောင်ထဲကို ရောက်လာတဲ့အသားတွေ၊ ကုန်ကြမ်းတွေက ဘယ်ကလာသလဲ၊ ဘယ်လိုအဆင့်ဆင့် ဖြတ်သန်းလာသလဲဆိုတာ ရှင်းရှင်းလင်းလင်းသိထားမှသာ Customer တွေကို ယုံကြည်မှုအပြည့်နဲ့ အကောင်းဆုံးတည်ခင်းပေးနိုင်မှာဖြစ်ပါတယ်။

Grape Vine ရဲ့ Transparency System (ပွင့်လင်းမြင်သာမှုစနစ်) ဆိုတာ ...

🥩 တိကျသေချာတဲ့ အရည်အသွေးအဆင့်အတန်း သတ်မှတ်ချက်

အမဲသားတိုင်းကို (Receiving Stage) ကနေစပြီး တင်းကျပ်တဲ့စံချိန်စံညွှန်းတွေနဲ့အညီ အာရုံခံနိုင်တဲ့ Tool တွေ အသုံးပြုကာ ဘက်စုံကြည့်ရှုခြင်းဖြင့် စနစ်တကျရွေးချယ်စစ်ဆေးပါတယ်။ အစိတ်အပိုင်းတိုင်းမှာလည်း မှန်ကန်တဲ့ Code No. တွေနဲ့ သတ်မှတ်ထားတဲ့အတွက် Quality ပိုင်းမှာ တစ်သမတ်တည်းယုံကြည်စိတ်ချနိုင်ပါတယ်။

🥩 Cold-Chain စနစ်နဲ့ ပို့ဆောင်မှု

ဖြတ်တောက်ပြင်ဆင်ပြီးတာနဲ့ အသားတွေဟာ Cold-Chain System ထဲမှာ ထိန်းသိမ်းထားခြင်းခံရပါတယ်။

လတ်ဆတ်မှုလုံးဝလျော့ပါးမသွားစေဖို့ သတ်မှတ်အအေးချိန်နဲ့ စဉ်ဆက်မပြတ် စောင့်ကြည့်၊ မှတ်တမ်းတင်ပြီး စားဖိုဆောင်အရောက် အမြန်ဆုံးပို့ဆောင်ပေးပါတယ်။

🥩 စနစ်ကျတဲ့ ထုပ်ပိုးမှု
လုပ်ဆောင်မှုအဆင့်တိုင်းမှာ သန့်ရှင်း‌ရေး၊ ရောဂါပိုးမွှား ကင်းရှင်းရေးအပြင် ပြင်ပလေထုနဲ့တောင် ထိတွေ့ခွင့်မရှိစေရအောင် သေသေချာချာအလေးထားပြီး ထုပ်ပိုးပြင်ဆင်မှုတိုင်းကို ဂရုစိုက်ပါတယ်။

✅ Grape Vine ရဲ့ စနစ်တကျခြေရာခံနိုင်တဲ့ လုပ်ငန်းစဉ်တွေကြောင့် ဘယ်အသားက ဘယ်ကလာလဲ၊ ဘယ်လောက်လတ်ဆတ်သလဲဆိုတာ အတိအကျသိနိုင်ပါတယ်။ ဒါဟာ Grape Vine ရဲ့အမဲသားတိုင်းအတွက် ယုံကြည်စိတ်ချနိုင်တဲ့ အာမခံချက်တစ်ခုပါပဲ။

Grape Vine နဲ့သာဆိုရင် ... စားဖိုဆောင်မှာပြင်ဆင်တဲ့ အမဲသားတစ်တုံးချင်းစီမှာ ယုံကြည်စိတ်ချရမှု၊ သန့်ရှင်းလတ်ဆတ်မှုနဲ့ အရည်အသွေးကောင်းမွန်ခြင်းတွေကို သယ်ဆောင်လာပါတယ်။

💯 ဒါကြောင့် Grape Vine F&B Distribution နဲ့အတူ အကောင်းဆုံးသော စံချိန်မီတဲ့ Beef တွေနဲ့ အကောင်းဆုံးသော Transparency System ကို ယုံကြည်စွာ အပ်နှံလိုက်ပါ။

“Myanmar’s Trusted Source for Premium Beef”

🚩 Grape Vine F&B Distribution

📍 No.4, Thu Datthana St 2, Yangon, Myanmar

☎ +959 944 497 707

09/02/2026

Premium Beef ကိုမှ ကြိုက်သူတိုင်းအတွက် အသန့်ရှင်းဆုံး၊ အလတ်ဆတ်ဆုံးနဲ့ စိတ်အချရဆုံး... 𝐆𝐫𝐚𝐩𝐞 𝐕𝐢𝐧𝐞 ရဲ့ 𝐓𝐫𝐚𝐧𝐬𝐩𝐚𝐫𝐞𝐧𝐜𝐲 𝐒𝐲𝐬𝐭𝐞𝐦 ✨🥩

အမဲသားဆို လတ်ဆတ်မှ၊ အရသာရှိမှ... ကြိုက်တတ်တဲ့ Foodies တို့အတွက် Grape Vineရဲ့ ထုတ်လုပ်မှု အဆင့်တိုင်းမှာ သန့်ရှင်းလတ်ဆတ်မှုကို အာမခံထားပါတယ်။

စက်ရုံကနေ အိမ်အရောက် ဘယ်လို စနစ်တကျ ပြင်ဆင်ကြလဲဆိုတော့...

✨ 100% Hygiene
အသားတွေကို ကိုင်တွယ်တဲ့နေရာမှာ ဖိနပ်လဲ၊ ပိုးသတ်၊ ဝတ်စုံပြည့်ဝတ်ခြင်းဖြင့် သန့်ရှင်းမှုကို အဓိကထားပြီးမှ ကိုင်တွယ်ပါတယ်။

✨ Vacuum Sealed
အသားတွေကို Cutting ကျကျ ကျွမ်းကျင်စွာ ဖြတ်ပြီး Vacuum စက်ကြီးတွေနဲ့ လေလုံအောင် စနစ်တကျ ထုပ်ပိုးတာကြောင့် ပိုးမွှားဝင်မှာလည်း လုံးဝ(လုံးဝ) စိတ်ပူစရာမလိုပါဘူး။

✨ Cold Chain Management
အသားရဲ့အရသာ ပေါ်လွင်အောင်၊ လတ်ဆတ်မှုလည်း လျော့မသွားအောင် သတ်မှတ်ထားတဲ့ အအေးနှုန်းအတိုင်း စနစ်တကျ သိမ်းဆည်းထားပါတယ်။

✨ Precision Cutting
အသားတွေကို ခေတ်မီစက်ကြီးတွေနဲ့ Cutting ဖြတ်တာကြောင့်လည်း အသားလွှာလေးတွေနဲ့ Steak တုံးလေးတွေက ညီညာလှပနေပါတယ်။

📌ဒါကြောင့် သန့်ရှင်းလတ်ဆတ်ပြီး အရသာရှိရုံတင်မကဘဲ ကျန်းမာရေးနဲ့ညီညွတ်တဲ့ Premium Beef ကို ရှာနေတယ်ဆိုရင်တော့ 𝐆𝐫𝐚𝐩𝐞 𝐕𝐢𝐧𝐞 𝐅&𝐁 𝐃𝐢𝐬𝐭𝐫𝐢𝐛𝐮𝐭𝐢𝐨𝐧 ရှိပါတယ်။

“Myanmar’s Trusted Source for Premium Beef”

🚩 Grape Vine F&B Distribution

📍 No.4, Thu Datthana St 2, Yangon, Myanmar

☎ +959 944 497 707

23/01/2026

✴️ Safe Handling Delivery အတွက် ဦးစားပေးတဲ့ Beef Supply Partner ဆိုရင် Grape Vine F&B Distribution ပါပဲ...

စားသောက်ကုန်လုပ်ငန်းတွေမှာ အရည်အသွေးမြင့် အစားအစာတွေ ဖန်တီးဖို့ ကုန်ကြမ်းပစ္စည်းကို စနစ်တကျ ကိုင်တွယ် သယ်ယူရာကနေ အစပြုပါတယ်။

Grape Vine F&B Distribution အနေနဲ့ ကုန်ပစ္စည်းတွေကို ပို့ဆောင်ရာမှာ သမားရိုးကျ ချပေးခဲ့တာမျိုး မဟုတ်ဘဲ ယုံကြည်မှုမြင့်မားစေတဲ့ "Safe Handling" လုပ်ငန်းစဉ်ကို အဓိကသော့ချက်အဖြစ် လက်ကိုင်ထားပြီး ဝန်ဆောင်မှုပေးပါတယ်...

✅ အမဲသားရဲ့ လတ်ဆတ်မှု၊ အနံ့၊အရသာ နဲ့ အရောင်...စတဲ့ အရည်အသွေးတွေ မပြောင်းလဲသွားအောင် သတ်မှတ်အအေးချိန် ထိန်းညှိထားပြီးသား ယာဉ်များနဲ့သာ ပို့ဆောင်ပါတယ်။

✅ အမဲသားတွေ စံချိန်မှီသန့်ရှင်းနေစေဖို့ အမှားအယွင်းမရှိအောင် ဂရုတစိုက် ကိုင်တွယ်နေရာချ အပ်နှံပေးပါတယ်။

✅ ပမာဏများပြားတဲ့ အမှာစာ(Order)တွေ ဖြစ်နေစေကာမူ အရည်အသွေးလုံးဝ မကျစေဘဲ အချိန်မှန်မှန်၊ အရောက်ပို့ပေးပါတယ်။

ဒီလို စနစ်တကျ ကိုင်တွယ်ပြီး ဝန်ဆောင်မှုပေးခြင်းက အမဲသားနဲ့ ပတ်သက်ပြီးဖြစ်စေ၊ ထုတ်လုပ်တဲ့ ပို့ကုန်ပစ္စည်းများနဲ့ ပတ်သက်ပြီးဖြစ်စေ... လူကြီးမင်းရဲ့ စားသောက်ကုန်လုပ်ငန်း အဆင့်အတန်းကို ပိုမိုမြင့်မားစေဖို့ အထောက်အကူ ဖြစ်စေမှာပါ။ ဒါကလည်း Grape Vine F&B Distributionရဲ့ ရည်မှန်းထားတဲ့ပန်းတိုင်တခု ဖြစ်ပါတယ််။

လူကြီးမင်းတို့ လုပ်ငန်းရဲ့ အောင်မြင်မှုနောက်ကွယ်မှာ "အရည်အသွေးရဲ့ယုံကြည်မှု" ကို အာမခံပေးမဲ့ Beef-Supplier အဖြစ် Grape Vine F&B Distribution က အဆင်သင့် ရှိနေပါတယ်။

ပို့ဆောင်မှု အဆင့်ဆင့်မှ အစပြုပြီး မိတ်ဆွေတို့ရဲ့ Kitchen အထိ အမဲသားရဲ့ စံချိန်မှီသန့်ရှင်းနေမှုအတွက် Grape Vine F&B Distribution မှ တာဝန်ယူပါရစေ။

“Myanmar’s Trusted Source for Premium Beef”

🚩 Grape Vine F&B Distribution

📍 No.4, Thu Datthana St 2, Yangon, Myanmar

☎ +959 944 497 707

13/01/2026

📢 Grape Vine F&B Distribution ရဲ့ 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐍𝐞𝐰 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 ဖြစ်ကြောင်း အသိပေးကြေငြာခြင်း

Grape Vine F&B Distribution ရဲ့ ယခင် page ဟာ Technical issue ကြောင့် အသုံးပြုလို့ မရတော့တာမို့ ယခု Page လေးကိုတော့ 𝐆𝐫𝐚𝐩𝐞 𝐕𝐢𝐧𝐞 𝐅&𝐁 𝐃𝐢𝐬𝐭𝐫𝐢𝐛𝐮𝐭𝐢𝐨𝐧 ရဲ့ 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐏𝐚𝐠𝐞 အဖြစ်အသုံးပြုသွားမှာဖြစ်ပါတယ်။

Grape Vine F&B Distribution ရဲ့ ဝန်ဆောင်မှုများ၊ ကုန်ပစ္စည်းဖြန့်ချီမှုသတင်းများနဲ့ အရေးကြီးကြေညာချက်များကို လက်လွတ်မသွားစေဖို့အတွက် ယခု Page လေးကို Like & Follow လုပ်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျာ။

“Myanmar’s Trusted Source for Premium Beef”

🚩 Grape Vine F&B Distribution

📍 No.4, Thu Datthana St 2, Yangon, Myanmar

☎ +959 944 497 707

10/01/2026

“အမဲသားကိုသေချာအရသာခံရတာကြိုက်တယ်ဆိုရင် Dry Aging အကြောင်း မကြာခဏကြားဖူးမယ်ထင်ပါတယ်”

ဒါဆိုရင် Dry Aging ဆိုတာဘာလဲ၊ ဘယ်လိုနည်းနဲ့ပိုကောင်းအောင်လုပ်ပေးတာလဲ၊ ဘယ်အစိတ်အပိုင်းတွေမှာ အများဆုံးပြုလုပ်ကြသလဲဆိုတာ အနည်းငယ်ရှင်းပြပေးပါရစေ။

✅ Dry Aging ဆိုတာက အမဲသားကို ဘယ်ဓာတုပစ္စည်းနဲ့မှ ရောနှောထားခြင်းမရှိဘဲ၊

အပူချိန်နဲ့စိုထိုင်းဆကို ထိန်းညှိပေးနိုင်တဲ့ Aging Fridge ကြီးတွေထဲမှာ (၂၈) ရက်တိတိ ထည့်သွင်းသိုလှောင်ပြီး အသားရဲ့ မူလအရသာကို ပိုပြီး ထူးခြားလေးနက်အောင် ပြုလုပ်ပေးတဲ့ နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။

ဒီနည်းက အသားထဲမှာရှိနေတဲ့ ပင်ကိုယ်အစိုဓာတ်ကို ဖြည်းဖြည်းချင်း Moisture Loss ဖြစ်သွားစေတာကြောင့်… Protein ထဲမှာရှိနေတဲ့ Molecules တွေ ပိုလေးပင်ပြီး အရသာလည်းပိုမိုလေးနက်သွားသလို၊ Muscle Fiber တွေကိုစုစည်းပေးထားတဲ့ Collagen Enzyme တွေကလည်း
Breakdown ဖြစ်သွားတဲ့အတွက် အသားအရသာက ပိုပြီးနူးညံ့ပျော့ပျောင်းသွားတာ ဖြစ်ပါတယ်။

ဒါကြောင့် Dry Aging လုပ်လိုက်တဲ့အခါ ရလာတဲ့ထူခြားချက်တွေကတော့

အရသာလေးလေးပင်ပင်နဲ့ အမဲနံ့၊ညှီနံ့လုံးဝမရှိဘဲ နူးညံ့လွန်းလို့ ပါးစပ်ထဲမှာတင် ပျော်ဝင်သွာတဲ့ Premium Quality ကိုခံစားမိစေတာပါပဲ

ဒီလိုမျိုး အစိုဓာတ်လျော့သွားအောင်လုပ်လိုက်ခြင်းကြောင့်လည်း သိုလှောင်ထားတဲ့အချိန်ပေါ်မူတည်ပြီး နဂိုအသားအလေးချိန်ထက် ပိုလျော့နည်းသွားလို့ ပုံမှန်အသားတွေထက် ပိုပြီး ဈေးကြီးနေရတာပါ။

အခုလို အမဲသားကို Dry Aging လုပ်မယ်ဆိုရင် အကောင်းဆုံးအစိတ်အပိုင်းတွေကတော့

✔ Rich & Juicy ဖြစ်ပြီး Steak လုပ်ဖို့ အဆီအနှစ်ပြည့်ဝတဲ့ Ribeye (အမဲနံ‌ကပ်လိုင်းသား) နဲ့

✔ အမဲသားရဲ့ အနံ့ရော အရသာပါ ပိုမိုပေါ်လွင်စေတဲ့ Striploin (အမဲခါးဆစ်လိုင်းသား) ပါ။

ဒါကြောင့် အမဲသားကိုပုံမှန်ထက် ပိုမိုလေးနက်ပြီး အနံ့အရသာ ထူးခြားပြည့်စုံစွာမြည်းစမ်းချင်တယ်ဆိုရင် အကောင်းဆုံး Premium Quality Dry Aging Beef တွေကို 𝐆𝐫𝐚𝐩𝐞 𝐕𝐢𝐧𝐞 𝐅&𝐁 𝐃𝐢𝐬𝐭𝐫𝐢𝐛𝐮𝐭𝐢𝐨𝐧 မှာ စိတ်တိုင်းကျရွေးချယ်နိုင်ကြောင်းလည်း မိတ်ဆက်ရင်းအသိပေးလိုက်ရပါတယ်။

“Myanmar’s Trusted Source for Premium Beef”

🚩 Grape Vine F&B Distribution

📍 No.4, Thu Datthana St 2, Yangon, Myanmar

☎ +959 944 497 707

06/01/2026

“ဟင်းပွဲတစ်ပွဲရဲ့ အရသာပေါ်လွင်သွားစေတဲ့အဓိကအချက်က ပါဝင်ပစ္စည်းရဲ့ အရည်အသွေးပါ”

အထူးသဖြင့် စိတ်ချရတဲ့ Beef Quality က Chef တွေအတွက် အရေးကြီးဆုံးအချက်ဖြစ်ပါတယ်။

ဒါကြောင့် Grape Vine F&B Distribution မှာ Local Quality Beef တွေကို စနစ်တကျ ရွေးချယ်ပြီး Premium Quality စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီအောင် ထိန်းသိမ်းထားတဲ့အပြင် ထုတ်လုပ်မှုအဆင့်တိုင်းမှာလည်း အရည်အသွေးကို တစ်သမတ်တည်း ထိန်းထားပေးနိုင်ဖို့ စနစ်ကျတဲ့ Quality Control လုပ်ငန်းစဉ်တွေ အသုံးပြုပေးထားပါတယ်။

Grape Vine F&B Distribution ရဲ့ Beef တွေက 100% Halal ဖြစ်ပြီး သန့်ရှင်းလတ်ဆတ်မှုကို အထူးအလေးထားထားတာကြောင့် Chef တွေအနေနဲ့ Beef အရည်အသွေးအတွက် စိုးရိမ်စရာမလိုဘဲ ဟင်းပွဲအရသာကို ပိုမိုကောင်းမွန်အောင် ဖန်တီးကာ ဧည့်သည်တွေရဲ့ စိတ်ကျေနပ်မှုကိုသာ အပြည့်အဝ အာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် Quality Beef ကို အလျင်မီမီနဲ့ ပမာဏအကန့်အသတ်မရှိ လိုအပ်တယ်ဆိုရင် ယုံကြည်စိတ်ချရတဲ့ Grape Vine F&B Distribution နဲ့ လက်တွဲပြီး လူကြီးမင်းတို့ရဲ့ လုပ်ငန်းအရည်အသွေးကို မြှင့်တင်လိုက်ပါခင်ဗျာ ..

“Myanmar’s Trusted Source for Premium Beef”

🚩 Grape Vine F&B Distribution
📍 No.4, Thu Datthana St 2, Yangon, Myanmar
☎️ +959 944 497 707

Want your business to be the top-listed Food & Beverage Service in Yangon?
Click here to claim your Sponsored Listing.

Website

Address


No. 4 Thu Datthana Street 2
Yangon