AyuZen

AyuZen

Share

Transform Your life with Reiki & Soul - Aligned coaching
💛 Your healing starts with one decision: to show up for yourself. Tony Robbins

28/03/2026

ရန်ကုန်ရဲ့ အပူရှိန်အောက်မှာ သင့်ရဲ့ "Inner Energy" ကို ဘယ်လို ထိန်းသိမ်းမလဲ? 🥵🔥

​ဒီရက်ပိုင်း ရန်ကုန်မြို့ရဲ့ အပူချိန်က စံချိန်တင်အောင် ပြင်းထန်နေပါတယ်။ လမ်းမပေါ်မှာတင်မကဘဲ ကားထဲမှာတင် အပူလျှပ်ပြီး အသက်ဆုံးရှုံးရတဲ့ သတင်းတွေကြားရတာ တကယ့်ကို စိတ်မကောင်းစရာပါ။

​ဒီလိုအခြေအနေမှာ ကျွန်တော်တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ (Physical Body) သာမက စိတ်ပိုင်းဆိုင်ရာ (Mental State) ကပါ နုံးချိပြီး "Burnout" ဖြစ်လွယ်ပါတယ်။ အပြင်က အပူဒဏ်ကို အန်တုဖို့ဆိုရင် အထဲက Energy ကို အရင်ဆုံး Balance ဖြစ်အောင် လုပ်ဖို့ လိုအပ်ပါတယ်။

​⚠️ Ayuzen မှ အကြံပြုလိုတဲ့ အရေးပေါ် သတိပြုစရာများ

​ကားထဲမှာ အကြာကြီး မနေပါနဲ့: အင်ဂျင်ပိတ်ထားတဲ့ ကားတစ်စီးဟာ မိနစ်ပိုင်းအတွင်း အလွန် ပူလာနိုင်ပါတယ်။ ခဏလေးပဲဆိုပြီး ကလေးတွေ၊ လူကြီးတွေကို ကားထဲမှာ ထားခဲ့တာမျိုး (လုံးဝ) မလုပ်ပါနဲ့။

​ခန္ဓာကိုယ်ရဲ့ အချက်ပေးသံကို နားထောင်ပါ: ခေါင်းအရမ်းကိုက်တာ၊ မူးဝေတာ၊ ရင်တုန်တာတွေ ဖြစ်လာရင် ဒါဟာ အပူလျှပ်ခြင်း (Heatstroke) ရဲ့ ရှေ့ပြေးနိမိတ်တွေပါ။ အလုပ်တွေကို ခဏနားပြီး အေးမြတဲ့နေရာမှာ အသက်ရှူလေ့ကျင့်ခန်း လုပ်ပေးပါ။

​Water is Life: ရေဓာတ်ခမ်းခြောက်တာက စိတ်တိုလွယ်ခြင်းနဲ့ ပင်ပန်းနွမ်းနယ်ခြင်းကို ဖြစ်စေပါတယ်။ ရေကို ပုံမှန်ထက် ပိုသောက်ပေးပါ။

​✨ Healing Tips: အပူဒဏ်ကြားမှာ စိတ်အေးချမ်းအောင် ဘယ်လိုနေမလဲ?

​Cooling Breath (Sitali Pranayama): လျှာကို လိပ်ပြီး ပါးစပ်ကနေ လေကို ခပ်ဖြည်းဖြည်း ရှူသွင်းပါ။ ဒါဟာ ခန္ဓာကိုယ်အပူချိန်ကို သဘာဝအတိုင်း လျော့ကျစေတဲ့ ရှေးဟောင်းနည်းလမ်းတစ်ခုပါ။

​Energy Shielding: အပြင်ထွက်တဲ့အခါ အပူဒဏ်နဲ့ စိတ်ရှုပ်ထွေးမှုတွေ သင့်ဆီမရောက်အောင် အဖြူရောင် ဒါမှမဟုတ် အပြာနုရောင် အလင်းတန်းတစ်ခုက သင့်ကို ကာကွယ်ထားတယ်လို့ စိတ်ကူး (Visualize) ယဉ်ကြည့်ပါ။

​Self-Care Moment: တစ်နေ့တာရဲ့ ပူပြင်းမှုတွေကို ကျော်ဖြတ်ပြီးရင် ညဘက်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ကုစားပေးပါ။ ခြေထောက်ကို ရေအေးအေးလေးထဲ ခဏစိမ်ထားတာမျိုးက Negative Energy တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

​"အပြင်က ကမ္ဘာကြီး ဘယ်လောက်ပဲ ပူလောင်ပါစေ၊ သင့်ရဲ့ Inner Peace ကိုတော့ အဆုံးရှုံးမခံပါနဲ့။"
​Ayuzen Healing and Coaching မှ လူသားအားလုံး ဒီနွေရာသီမှာ ဘေးကင်းကျန်းမာပြီး အေးချမ်းတဲ့ စိတ်နှလုံးကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ ❤️🙏
​💡 ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုနဲ့ စိတ်ခွန်အားအတွက် Ayuzen ကို Like & Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်။
​ #နွေရာသီကျန်းမာရေး
​✨

19/03/2026

“Your energy follows your daily actions—small habits create powerful shifts.”
“When your mind is calm, your decisions become clear.”

Ayuzen Healing and Coaching

16/03/2026

🌟 သင့်ဘဝရဲ့ လမ်းခုလတ်မှာ အဖော်မွန်ရှိပါစေ - အခမဲ့ Career & Life Coaching အစီအစဉ် 🌟

လူတိုင်းရဲ့ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးနေသလို ခံစားရတဲ့အချိန်၊ ရှေ့ဆက်ရမယ့်လမ်းက ဝေဝါးနေတဲ့အချိန် ဒါမှမဟုတ် အပြောင်းအလဲတစ်ခုခုကို လုပ်ချင်ပေမယ့် ဘယ်ကစရမှန်းမသိတဲ့ အချိန်တွေ ရှိတတ်ပါတယ်။

(Reiki Healer & Certified Career Coach) အနေနဲ့ ဒီလိုအခက်အခဲ ကြုံတွေ့နေရတဲ့သူတွေ၊ အထူးသဖြင့် အခွင့်အလမ်း နည်းပါးနေသူတွေအတွက် ကျွန်မ တတ်မြောက်ထားတဲ့ ပညာရပ်တွေနဲ့ ပြန်လည်မျှဝေ ပံ့ပိုးပေးချင်ပါတယ်။

ဘယ်သူတွေအတွက်လဲ?
Job Seekers: အလုပ်အကိုင် ရှာဖွေနေပြီး Career လမ်းကြောင်းအတွက် အကြံဉာဏ် လိုအပ်နေသူများ။
Career Break: အလုပ်ခေတ္တနားထားပြီး ပြန်လည်စတင်ဖို့ အားယူနေသူများ။
Lost in Life: ဘဝမှာ ရည်မှန်းချက် ပျောက်ဆုံးနေသလို ခံစားရပြီး စိတ်ဓာတ်ခွန်အား လိုအပ်နေသူများ။
🎓 လူငယ်များ: ၁၀ တန်း/၁၂ တန်း ဖြေဆိုပြီးစ သို့မဟုတ် GED ဖြေထားပြီး ရှေ့ဆက်ရမယ့် ပညာရေးနဲ့ Career အတွက် လမ်းစပျောက်နေသူများ။

👩‍👧‍👦 Single Moms: မိသားစုအတွက်ရော ကိုယ့်ကိုယ်ကိုယ်အတွက်ပါ ရုန်းကန်နေရပြီး လုပ်ငန်းသစ်တစ်ခု ပြန်စဖို့ အားယူနေတဲ့ ရဲရင့်သော မေမေများ။

💼 Entrepreneurs: လုပ်ငန်းစတင်ဖို့ အခက်အခဲရှိနေသူများ

Session အသေးစိတ်
📌 အရေအတွက်: စုစုပေါင်း (၁၁) ဦးသာ ကန့်သတ်ထားပါသည်။

📌 ကြာချိန်: ၄၅ မိနစ် မှ ၁ နာရီ အထိ။
📌 ပုံစံ: တစ်ဦးချင်း (Individual) သို့မဟုတ် အဖွဲ့လိုက် (Group 4-8 persons)။

📌 ရည်ရွယ်ချက်: သင့်ရဲ့ စွမ်းအင်တွေကို ပြန်လည်ညီညွတ်စေဖို့၊ ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့နဲ့ လက်တွေ့ကျတဲ့ လမ်းပြမြေပုံတစ်ခု ရရှိစေဖို့။

"ကျွန်မရဲ့ ရည်မှန်းချက်က သင့်ကို အလုပ်ရစေဖို့တင် မဟုတ်ဘဲ၊ သင့်ရဲ့ အတွင်းစိတ် ငြိမ်းချမ်းမှုနဲ့အတူ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ပြန်ရောက်လာစေဖို့ ဖြစ်ပါတယ်။"

📩 ဘယ်လိုပါဝင်ရမလဲ?
စိတ်ပါဝင်စားသူများအနေနဲ့ ဒီ Post ရဲ့ Comment မှာ "Interested" လို့ ရေးခဲ့ပေးပါ (သို့မဟုတ်) Messenger မှာ မိမိ ကြုံတွေ့နေရတဲ့ အခက်အခဲကို အကျဉ်းချုပ် ရေးသားပြီး Message ပို့ပေးနိုင်ပါတယ်။
ကျွန်မတို့ ကောင်းမွန်တဲ့ အပြောင်းအလဲတခုကို အခုဘဲ စတင်လိုက်ရအောင်✨

Ana, Reiki Master Healer, Certified Life and Career coach

Photos from AyuZen's post 09/07/2025

☀ 🙏🏻ခင်ပွန်းကြီး(၁၀) ပါး
ကန်တော့နည်း 🌼

ခင်ပွန်းကြီး (၁၀)ပါးဆိုသည်မှာ🌺

(၁) ဗုဒ္ဓဘုရားရှင်🙏🏻
(၂) ပစ္စေကဗုဒ္ဓါ🙏🏻
(၃) ရဟန်တာ🙏🏻
(၄) ရှင်သာရိပုတ္တရာ🙏🏻
(၅) ရှင်မဟာမောဂ္ဂလန်🙏🏻
(၆) မိခင်🙏🏻
(၇) ဖခင်🙏🏻
(၈) ဆရာသမား🙏🏻
(၉) ပေးကမ်းထောက်ပံ့ဖူးသူ🙏🏻
(၁၀) တရားဓမ်မဆုံးမသူ🙏🏻

🌸ကျွန်ုပ်တို့ ဘဝ သံသရာ
တစ်လျှောက်လုံးမှာ တစ်ကွေ့
မဟုတ် တစ်ကွေ့ တော့ အကြောင်း
မတိုက်ဆိုင်လို့ ကာယကံနဲ့ဖြစ်စေ၊ ၀ဇီကံနဲ့ဖြစ်စေ၊ မနောကံနဲ့ပဲ ဖြစ်စေ
အဲဒီအထဲက ပုဂ္ဂိုလ်တစ်ပါး
မဟုတ် တစ်ပါး တော့
ပြစ်မှားကောင်း
ပြစ်မှားမိခဲ့ တတ်ပါတယ်။ 😔

🌼အဲဒီလို
အနန္တကျေးဇူးရှင် ကြီးတွေကို
စနစ်တကျ၀တ်ပြု မယ်၊
ကန်တော့မယ်၊ ရှိခိုးမယ်၊
ပြီးတော့ တောင်းပန်မယ်
ဆိုရင်လည်း အဲဒါဟာ အင်မတန်မှ သန့်စင်မွန်မြတ်တဲ့
ဗုဒ္ဓဘာသာ၀င်တို့ရဲ့
အစဉ်အလာ အလေ့အထ
ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ 😊🙏🏻

🌼အဲဒါကြောင့် ခင်ပွန်းကြီးဆယ်ပါး ကန်တော့နည်း၊ တောင်းပန်နည်းတို့ကို ဖော်ပြပေးလိုက်ပါတယ်။🙏🏻

🌸လိုအပ်သော ပစ္စည်းများ🌸

☀ ဦးစွာ နံနက် အရုဏ်တက်ချိန်
တွင် ခင်ပွန်းကြီး ဆယ်ပါး
၀န်ချ မတောင်းပန်ခင်
ဆွမ်းပွဲ(၁၀)ပွဲစာ
ကန်တော့ပွဲ တင်ထားရပါမယ်နော်😊

အောက်ပါ ပစ္စည်း (၁၀ )မျိူး
လိုအပ်ပါတယ်ရှင် 🌷

⭐ ၁။ အုန်းသီး ၁လုံး
⭐ ၂။ ငှက်ပျောသီး ၃ ဖီး
⭐ ၃။ သစ်သီး ၁၀ လုံး
⭐ ၄။ ကွမ်းယာ ၃ ယာ
⭐ ၅။ လက်ဖက် ၃ ထုပ်
⭐ ၆။ ဖယောင်းတိုင် ၁၀ တိုင်
⭐ ၇။ အမွှေးတိုင် ၁၀ တိုင်
⭐ ၈။ သောက်တော်ရေ ၁၀ ခွက်
⭐ ၉။ ထီး၊ တံခွန် ၊ ကုက္ကား ၁ စုံ
⭐ ၁၀။ သပြေပန်း ၁၀ ညွှန့်

🌸အလုံးစုံပြီးသွားသောအခါ
ဘုရား၀တ်ပြု ငါးပါးသီလခံယူ၍
စိတ်ထဲတွင် “အစမထင်တဲ့
သံသရာတစ်လျှောက်
ဘ၀တစ်ကွေ့ကွေ့မှာ
ခင်ပွန်းကြီး(၁၀)ပါး ကို
ပြစ်မှားမိခဲ့ရင်
ထိုအပြစ်က ပြေစေကြောင်း
လေးလေးနက်နက် တောင်းပန်ရမည်။😊

ပြီးလျှင် အောက်ပါ ဂါထာကို
ရွတ်ဆိုရပါမယ်ရှင် 🌼🌸

🙏🏻ခင်ပွန်းကြီး၁ဝပါး
ကန်တော့နည်း🙏🏻

🙏🏻ဗုဒ္ဓေါ ၊ ပစ္စေကဗုဒ္ဓေါစ ၊ အရဟာ ၊ အဂ္ဂသာဝကာ၊မာတာ ၊ ပိတု ၊ ဂုရု ၊ သတ္ထာ၊ဓမ္မဒေသကာစ ၊ ဒါယကာ ၊
ဣမဒေသ မဟာဂုဏေ အဟံ ဝန်ဒာမိ သဗ်ဗဒါ။🙏🏻

🙏🏻၁။ ဗုဒ္ဓါ - တရားသိမြင်သဗ္ဗညုတပိုင်ရှင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးအားလည်းကောင်း၊😊

🙏🏻၂။ ပစ္စေကဗုဒ္ဓါစ - သစ္စာလေးပါးသိပြီးပါလည်း၊ဉာဏ်တော်ဆယ်ပါးအားတော်ဆယ်တန် မရကြပဲ သစ္စာလေးပါး ဆရာမကူ သီးခြားရသော ပစ္စေကဗုဒ္ဓ္ဓါတို့အား
လည်းကောင်း၊😊

🙏🏻၃။ အရဟာ - အာသဝေါကုန်ခမ်း၊ ရဟန်းတာ အရှင်မြတ်တို့သည်လည်းကောင်း၊😊

🙏🏻၄။ အဂ္ဂသာဝက - လက်ဝဲ လက်ယာ ခြံရံကာဖြင့် ပညာတန်ခိုး စိုးမိုးထက်လှ အဂ္ဂသာဝကတို့အား လည်းကောင်း၊😊

🙏🏻၅။ မာတာစ - ကိုးလလွယ်၍ ဆယ်လဖွားကာ အစာ စိမ့်ဆေး နို့ချိုပေးသည့်မွေးသမိခင်
ကျေးဇူးရှင်အားလည်းကောင်း၊😊

🙏🏻၆။ ပိတုစ - လူလားမြောက်အောင် လုပ်ဆောင်ကျွေးမွေး ပညာပေးသည့်မွေးသဖခင်
ကျေးဇူးရှင်အားလည်းကောင်း၊😊

🙏🏻၇။ ဂုရုစ - တရားသိရန် ဆုံးမပေးသဖြင့် အလေးအမြတ်ပြုအပ်သော ဆရာမြတ်တို့အားလည်းကောင်း၊😊

🙏🏻၈။ သတ္ထာစ - လိမ္မာစေကြ ကျိုးကြောင်းပြလျှက် ဆုံးမပေးတတ်သော ဆရာသခင်တို့အားလည်းကောင်း၊😊

🙏🏻၉။ ဓမ္မဒေသကာစ - သံသရာစခန်း သွားရာလမ်း၌ ပင်ပန်းကင်းရန် ရည်သန်ညွန်ကြား မမှောက်မှားရအောင် ဆုံးမပေးတတ်သော တရားဟောဖော် မြတ်သူတော်တို့အားလည်းကောင်း၊😊

🙏🏻၁ဝ။ ဒါယကာစ - စားဝတ်နေရေး မနှောင့်နှေးအောင် ပေးကမ်းစွန့်ကြဲတတ်သူတို့အားလည်းကောင်း
ဣမေဒါသမဟာဂုနေစ - ကျေးဇူးစုပုံ ဆပ်မကုန်သည့် ဂုဏပင်မြင့်ကြူး ဤ(၁ဝ)ဦးသောသူတို့ကို😊

အဟံ - ကျွန်ုပ်သည်
သဗ္ဗဒါ - အခါးခပ်သိမ်း
ဝန္ဒာမိ - ရှိခိုးပါ၏ဘုရား။🙏🏻🙏🏻🙏🏻

☀☀☀ ☀☀☀
☀ ဗုဒ္ဓဘာသာ၀င်
သူတော်ကောင်းအပေါင်းတို့
ခင်ပွန်းကြီး(၁၀) ပါးအပေါ်
အပြစ်ကြီးငယ်များ
ရှိပါက အမြန်ဆုံး ကျေကြ
ပါစေသား🙏🏻🙏🏻🙏🏻🙏🏻🙏🏻

🙏🏻 မူရင်းရေးသားသူ
credit ပါ🙏🏻

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Yangon