BIT
Your Trusted Computer Training Center
01/11/2019
ကွန်ပျူတာက ဘာမှ မသုံးရသေးဘူး လေးနေတာမျိုး နည်းနည်းလေး သုံးလိုက်တာနဲ့ မလိုအပ်ပဲ အရမ်းလေးနေတာမျိုးဆို ဘယ်လိုလုပ်ကြမလည်း …. ကွန်ပျူတာနဲ့ ပတ်သတ်ပြီး အရမ်းမသိတဲ့ end user တွေဖို့ ရည်ရွယ်ရေးထားတာပါ …. Windows 10 နဲ့ ပြထားပါတယ် …. ကိုယ့်ဘာသာ လုပ်ကြည့်လို့ ရပါတယ်
၁. ကျွန်တော်တို့ ဝင်းဒိုးစတက်တာနဲ့ တစ်ချို့ application တွေက သူ့ ဘာသာ နောက်ကွယ်မှာ run နေပါပြီ …. သူတို့က အလုပ်လုပ်နေတဲ့ အတွက် ကွန်ပျူတာရဲ့ resource တွေ ram တွေ cpu တွေ စတာတွေကို သုံးစွဲနေတာမို့ မလိုအပ်ပဲ သူတို့ကို ပေးထားရပါတယ် …. အဲ့တော့ အဲ့လို application မျိုးတွေကို ကိုယ်မသိပဲ နောက်မှာ အလုပ်မလုပ်နေအောင် ပိတ်ထားတာကောင်းပါတယ် …. ဘယ်လိုလုပ်ရမလည်းဆိုရင် ကီးဘုတ်က Ctrl + Shift + Esc ကို ပြိုင်တူတွဲနှိပ်လိုက်ပါ task manager ပွင့်လာပါလိမ့်မယ် …. Startup ဆိုတဲ့ အောက်မှာ application name တွေတွေ့ရပါမယ် ….. အဲ့မှာ မလိုတဲ့ application တွေ right click > disable လုပ်ပြီး ပိတ်ထားပါ …. ကိုယ်သုံးချင်ရင် အချိန်မရွေးဖွင့်သုံးလို့ ရတာမို့ အဲ့မှာ ပိတ်ထားတာ ဘာမှ မဖြစ်ပါဘူး
၂. ခုနဖွင့်ထားတဲ့ task manager မှာပဲ Process ဆိုတဲ့ အောက်ကို သွားလိုက်ရင် ဘယ် application က ram ဘယ်လောက် cpu ဘယ်လောက် သုံးနေလည်း ဆိုတာ ကြည့်လို့ရပါတယ် …. မလိုအပ်တဲ့ ဟာတွေရှိပိတ်လို ့ရပါတယ် တစ်ခါတစ်လေ သုံးနေရင် browser တို့ excel တို့ဟန်းသွားရင်လည်း အဲ့ကနေ right click > end task ဆိုပြီး ပိတ်လို့ရပါတယ် …. ဟန်းနေတာကို click တွေ စွတ်နှိပ်ရင် ပိုဟန်းသွားတတ်ပါတယ် …. Cpu တို့ ram တို့ 80% ထက်ပိုမသုံးမိပါနဲ့ အဲ့လို ၈၀ ၉၀ ဖြစ်နေတာကို ဆက်သုံးရင် လေးနေတတ်ပါတယ် မလိုတာပိတ်ပြီး လိုတာပဲ သုံးတာ ပိုကောင်းပါတယ်
၃. ကွန်ပျူတာက အရမ်းလေးနေပြီဆို ထည့်စဉ်းစားသင့်တာ တစ်ခုကလည်း မလိုအပ်ပဲ သွင်းထားမိတဲ့ software တွေအရမ်းများနေပြီလား ဆိုတာပါ …. တစ်ခါတစ်လေကျ ကွန်ပျူတာဆိုင်တွေက ဆော့ဝဲလ်တွေ အများကြီး သွင်းပေးလိုက်တာမျိုး ရှိပါတယ် …. တစ်ချို့ဟာတွေကျတော့လည်း ကျွန်တော်တို့အတွက် မလိုပါဘူး ….အဲ့လို မလိုအပ်ပဲ သွင်းထားမိတာတွေ ရှိရင် uninstall လုပ်သင့်ပါတယ် …. Windows key နဲ့ R ကို တွဲနှိပ်လိုက်ပါ …. ပေါ်လာတဲ့ box ထဲမှာ appwiz.cpl လို့ ရိုက်ပြီး enter ခေါက်ပါ …. ဒါဆို ကွန်ပျူတာမှာ install လုပ်ထားသမျ ဆော့ဝဲလ်တွေ တွေ့ရပါလိမ့်မယ် …. မလိုအပ်ဖူးထင်တာတွေကို right click > uninstall ဆိိုပြီး လုပ်လိုက်ပါ
၄. ကျွန်တော်တို့ ကွန်ပျူတာတွေမှာ software တွေက auto update လုပ်နေတတ်ပါတယ် …. Windows ကလည်းလုပ်မယ် firefox တို့ chrome တို့ ဘာညာတွေကလည်း လုပ်မယ် ဒါဆို သူတို့ update လုပ်နေတဲ့ အတွက် ကွန်ပျူတာလည်း ပိုအလုပ်လုပ်ရသလို အင်တာနက်လိုင်းလည်း လေးနေတတ်ပါတယ် …. Ph bill နဲ့သာဆို bill လည်း ကုန်တာပေါ့ …. ကိုယ်လိုမှ ကိုယ့်ဘာသာ Update လုပ်တာကောင်းပါတယ် …. ဆော့ဝဲလ်တွေကတော့ တစ်ယောက်နဲ့ တစ်ယောက်မတူတာမို့ update ပိတ်တာတော့ setting ထဲမှာ ရှာကြည့်ကြပါ …. Windows update ပိတ်တာကို ကျွန်တော်တို့ page မှာ သပ်သပ်တင်ပေးပါမယ် …. Firefox က settings ထဲသွား search box မှာ update လို့ ရိုက်ရှာ ပေါ်လာရင် never check for updates လို့ ရွေးပေးထားပါ …. Chrome အတွက်က နောက်တစ်ဆင့်ကျ တစ်ခါတည်း ပေါင်းပြောပေးပါ့မယ် ….
၅. ကွန်ပျူတာမှာ အလုပ်လုပ်နေတဲ့ widows service application service လေးတွေ ရှိပါတယ် အဲ့ဒါလေးတွေကို မလိုအပ်ရင် ပိတ်ထားလို့ ရပါတယ် …. Windows key + R နှိပ် msconfig လို့ ရိုက်လိုက်ရင်ပေါ်လာတဲ့ box မှာ services အောက်ကို သွားပါ …. အဲ့ box ရဲ့ အောက်နားလေးမှာ hide all Microsoft services ဆိုတာလေးကို အမှန်ခြစ် လုပ်လိုက်ပါ ဒါဆို windows services တွေ ပျောက်ပြီး application service တွေပဲ ကျန်ခဲ့ပါလိမ့်မယ် …. Windows service တွေက မသိပဲ မပိတ်သင့်ပါဘူး ပိတ်မိရင် အယ်ရာတတ်တာတွေ အလုပ်မလုပ်တော့တာတွေ ရှိတတ်ပါတယ် …. ပိတ်သင့်တဲ့ windows service လေးတွေ နောက်တစ်ဆင့်မှာ ပြောပြပါ့မယ် …. အခုကျန်နေတဲ့ application service တွေထဲမှာ မလိုဘူးထင်တာတွေ အမှန်ခြစ် ဖြုတ်ပြီး Ok ပေးလိုက်ပါ …. အဲ့ဒီထဲမှာ google update service ဆိုပြီး ၂ကြောင်း ရှိနေပါ့မယ် ပိတ်လိုက်ရင် google chrome က update မလုပ်တော့ပါဘူး
၆. ကျွန်တော်တို့ ဝင်းဒိုးမှာ ဖိုင်တွေ ရှာတဲ့အခါ မြန်မြန် ပေါ်လာအောင် windows search index ဆိုတဲ့ service လေးက ကြိုပြီး file တွေကို လိုက်စုစည်း သိအောင် လုပ်ထားပါတယ် …. ရှာတဲ့အခါ ဘယ်နားမှာ ဘာရှိတယ် ဆိုတာ မြန်မြန်ဆန်ဆန် ထုတ်ပေးလို့ ရအောင်ပေါ့ …. ဒါပေမယ့် သူအ့လို အမြဲ ရှာဖွေ စုစည်းနေတာမို့ ကွန်ပျူတာကတော့ အလုပ်ပိုလုပ်ရပါတယ် …. သူကတော့ မလိုရင် ပိတ်သင့်ပါတယ် …. ကိုယ့်အတွက် လိုမလို စဉ်းစားပြီးလို့ မလိုဘူး ပိတ်ချင်တယ်ဆို အဆင့် (၅) က hide all Microsoft services ဆိုတာကို ဖြုတ်ပြီး windows search ဆိုတာကို အမှန်ခြစ်ဖြုတ် ပိတ်လိုက်ပါ
၇. ကျွန်တော်တို့ အသုံးပြုနေတဲ့ hardisk ကိုလည်း သန့်ရှင်းရေး လုပ်ပေးဖို့ လိုပါတယ် …. မလိုအပ်တဲ့ ဖိုင်တွေ ဖျက်ဖို့ windows key + R > temp, %temp%, recent တစ်ခုချင်းစီ ခေါ်ပြီး ပေါ်တဲ့ ဖိုင်တွေ ဖျက်ပေးလိုက်ပါ တော်တော်များများ သိပြီးသားဖြစ်မှာပါ …. Prefetch ဖိုဒါကိုတော့ မဖျက်သင့်ပါဘူး ခဏခဏ …. နောက်တစ်ခုအနေနဲ့ hardisk က ဖိုင်တွေ ဖတ်တဲ့အခါ မြန်အောင် ဖိုင်တွေ ပြန်စီပေးဖို့ လိုပါတယ် …. My compuer ကိုဖွင့် C: drive > right click > tools > optimize ကိုနှိပ်လိုက်ပါ …. ပြီးရင် C: drive ကို ရွေးပြီး optimize လုပ်ပေးလိုက်ပါ …. D: E: စတာတွေရှိလည်း လုပ်ပေးလိုက်ပါ …. ဒါက နေ့တိုင်း မလုပ်သင့်ပါဘူး တစ်လ တစ်ခါဆို ကောင်းကောင်း လုံလောက်ပါတယ် …. ဒါလုပ်ရင် နည်းနည်းကြာပါတယ် လုပ်နေတုန်း မသုံးတာပိုကောင်းပါတယ်
၈. တစ်ခါတစ်လေ သုံးနေရင် လေးလာရင် သုံးတာ နည်းနည်းကြာလာရင် restart လုပ်ပေးသင့်ပါတယ် …. ထမင်းစားဆင်းချိန်လောက် restart လုပ်တာမျိုးပဲ ဖြစ်ဖြစ်ပေါ့ ကွန်ပျူတာကို သိသိသာသာ ပေါ့စေပါတယ် အတိုင်းတာတစ်ခုအထိပေါ့
၉. အပေါ်ကဟာတွေလည်း လုပ်တယ် လေးနေတုန်းပဲ ဝယ်ကာစက သုံးခါစက မလေးဘူး နှစ်တွေကြာလာလို့ လေးတာမျိုးဆို windows ပြန်တင်တာလည်း ကောင်းပါတယ် …. Windows က သုံးတာများလာရင် လေးလာတတ်ပါတယ် …. စဝယ်တည်းက လေးနေတာမျိုးဆို task manager မှာ cpu usage ram usage ကို ကြည့်ပါ …. အမြဲပြည့်နေတယ်ဆို ယခုလက်ရှိ သုံးတာနဲ့ ကွန်ပျူတာနဲ့က မမျတာမို့ Upgrade လုပ်ဖို့ စဉ်းစားသင့်ပါတယ် …. သူလုပ်နိုင်တာထက် ပိုခိုင်းမယ် ဆိုရင်တော့ လေးမှာပါ
အားလုံးပဲ အဆင်ပြေကြပါစေ ကျန်ခဲ့တာလေးတွေ ရှိလည်း ထပ်ဖြည့်ပေးကြပါအုန်း ထပ်စဉ်းစားမိရင်လည်း ရေးပေးပါအုန်းမယ်
ကြန္ပ်ဴတာက ဘာမွ မသံုးရေသးဘူး ေလးေနတာမ်ိဳး နည္းနည္းေလး သံုးလိုက္တာနဲ ့မလိုအပ္ပဲ အရမ္းေလးေနတာမ်ိဳးဆို ဘယ္လိုလုပ္ၾကမလည္း …. ကြန္ပ်ဴတာနဲ ့ပတ္သတ္ျပီး အရမ္းမသိတဲ့ end user ေတြဖို ့ရည္ရြယ္ေရးထားတာပါ …. Windows 10 နဲ ့ျပထားပါတယ္ …. ကိုယ့္ဘာသာ လုပ္ၾကည့္လို ့ရပါတယ္
၁. ကြ်န္ေတာ္တို ့၀င္းဒိုးစတက္တာနဲ ့တစ္ခ်ိဳ ့application ေတြက သူ ့ဘာသာ ေနာက္ကြယ္မွာ run ေနပါျပီ …. သူတို ့က အလုပ္လုပ္ေနတဲ ့အတြက္ ကြန္ပ်ဴတာရဲ ့resource ေတြ ram ေတြ cpu ေတြ စတာေတြကို သံုးစြဲေနတာမို ့မလိုအပ္ပဲ သူတို ့ကိုေပးထားရပါတယ္ …. အဲ့ေတာ့ အဲ့လို application မ်ိဳးေတြကို ကိုယ္မသိပဲ ေနာက္မွာ အလုပ္မလုပ္ေနေအာင္ ပိတ္ထားတာေကာင္းပါတယ္ …. ဘယ္လိုလုပ္ရမလည္းဆိုရင္ ကီးဘုတ္က Ctrl + Shift + Esc ကို ျပိဳင္တူတြဲနွိပ္လိုက္ပါ task manager ပြင့္လာပါလိမ့္မယ္ …. Startup ဆိုတဲ့ ေအာက္မွာ application name ေတြေတြ ့ရပါမယ္ ….. အဲ့မွာ မလိုတဲ့ application ေတြ right click > disable လုပ္ျပီး ပိတ္ထားပါ …. ကိုယ္သံုးခ်င္ရင္ အခ်ိန္မေရြးဖြင့္သံုးလို ့ရတာမို ့အဲ့မွာ ပိတ္ထားတာ ဘာမွ မျဖစ္ပါဘူး
၂. ခုနဖြင့္ထားတဲ့ task manager မွာပဲ Process ဆိုတဲ့ ေအာက္ကို သြားလိုက္ရင္ ဘယ္ application က ram ဘယ္ေလာက္ cpu ဘယ္ေလာက္ သံုးေနလည္း ဆိုတာ ၾကည့္လို ့ရပါတယ္ …. မလိုအပ္တဲ့ ဟာေတြရွိပိတ္လို ့ရပါတယ္ တစ္ခါတစ္ေလ သံုးေနရင္ browser တို ့ excel တို ့ဟန္းသြားရင္လည္း အဲ့ကေန right click > end task ဆိုျပီး ပိတ္လို ့ရပါတယ္ …. ဟန္းေနတာကို click ေတြ စြတ္နွိပ္ရင္ ပိုဟန္းသြားတတ္ပါတယ္ …. Cpu တို ့ ram တို ့80% ထက္ပိုမသံုးမိပါနဲ ့အဲ့လို ၈၀ ၉၀ ျဖစ္ေနတာကို ဆက္သံုးရင္ ေလးေနတတ္ပါတယ္ မလိုတာပိတ္ျပီး လိုတာပဲ သံုးတာ ပိုေကာင္းပါတယ္
၃. ကြန္ပ်ဴတာက အရမ္းေလးေနျပီဆို ထည့္စဥ္းစားသင့္တာ တစ္ခုကလည္း မလိုအပ္ပဲ သြင္းထားမိတဲ့ software ေတြအရမ္းမ်ားေနျပီလား ဆိုတာပါ …. တစ္ခါတစ္ေလက် ကြန္ပ်ဴတာဆုိင္ေတြက ေဆာ့၀ဲလ္ေတြ အမ်ားၾကီး သြင္းေပးလိုက္တာမ်ိဳး ရွိပါတယ္ …. တစ္ခ်ိဳ ့ဟာေတြက်ေတာ့လည္း ကြ်န္ေတာ္တို ့အတြက္ မလိုပါဘူး ….အဲ့လို မလိုအပ္ပဲ သြင္းထားမိတာေတြ ရွိရင္ uninstall လုပ္သင့္ပါတယ္ …. Windows key နဲ ့R ကို တြဲနွိပ္လိုက္ပါ …. ေပၚလာတဲ့ box ထဲမွာ appwiz.cpl လို ့ရိုက္ျပီး enter ေခါက္ပါ …. ဒါဆို ကြန္ပ်ဴတာမွာ install လုပ္ထားသမ် ေဆာ့၀ဲလ္ေတြ ေတြ ့ရပါလိမ့္မယ္ …. မလိုအပ္ဖူးထင္တာေတြကို right click > uninstall ဆိုိျပီး လုပ္လိုက္ပါ
၄. ကြ်န္ေတာ္တို ့ကြန္ပ်ဴတာေတြမွာ software ေတြက auto update လုပ္ေနတတ္ပါတယ္ …. Windows ကလည္းလုပ္မယ္ firefox တို ့ chrome တို ့ဘာညာေတြကလည္း လုပ္မယ္ ဒါဆို သူတို ့update လုပ္ေနတဲ့ အတြက္ ကြန္ပ်ဴတာလည္း ပိုအလုပ္လုပ္ရသလို အင္တာနက္လိုင္းလည္း ေလးေနတတ္ပါတယ္ …. Ph bill နဲ ့သာဆို bill လည္း ကုန္တာေပါ့ …. ကိုယ္လိုမွ ကိုယ့္ဘာသာ Update လုပ္တာေကာင္းပါတယ္ …. ေဆာ့၀ဲလ္ေတြကေတာ့ တစ္ေယာက္နဲ ့တစ္ေယာက္မတူတာမို ့update ပိတ္တာေတာ့ setting ထဲမွာ ရွာၾကည့္ၾကပါ …. Windows update ပိတ္တာကို ကြ်န္ေတာ္တို ့ page မွာ တင္ဖူးပါတယ္ …. Firefox က settings ထဲသြား search box မွာ update လို ့ရိုက္ရွာ ေပၚလာရင္ never check for updates လို ့ေရြးေပးထားပါ …. Chrome အတြက္က ေနာက္တစ္ဆင့္က် တစ္ခါတည္း ေပါင္းေျပာေပးပါ့မယ္ ….
၅. ကြန္ပ်ဴတာမွာ အလုပ္လုပ္ေနတဲ့ widows service application service ေလးေတြ ရွိပါတယ္ အဲ့ဒါေလးေတြကို မလိုအပ္ရင္ ပိတ္ထားလို ့ရပါတယ္ …. Windows key + R နွိပ္ msconfig လို ့ရိုက္လိုက္ရင္ေပၚလာတဲ့ box မွာ services ေအာက္ကို သြားပါ …. အဲ့ box ရဲ့ ေအာက္နားေလးမွာ hide all Microsoft services ဆိုတာေလးကို အမွန္ျခစ္ လုပ္လိုက္ပါ ဒါဆို windows services ေတြ ေပ်ာက္ျပီး application service ေတြပဲ က်န္ခဲ့ပါလိမ့္မယ္ …. Windows service ေတြက မသိပဲ မပိတ္သင့္ပါဘူး ပိတ္မိရင္ အယ္ရာတတ္တာေတြ အလုပ္မလုပ္ေတာ့တာေတြ ရွိတတ္ပါတယ္ …. ပိတ္သင့္တဲ့ windows service ေလးေတြ ေနာက္တစ္ဆင့္မွာ ေျပာျပပါ့မယ္ …. အခုက်န္ေနတဲ့ application service ေတြထဲမွာ မလိုဘူးထင္တာေတြ အမွန္ျခစ္ ျဖဳတ္ျပီး Ok ေပးလုိက္ပါ …. အဲ့ဒီထဲမွာ google update service ဆိုျပီး ၂ေၾကာင္း ရွိေနပါ့မယ္ ပိတ္လိုက္ရင္ google chrome က update မလုပ္ေတာ့ပါဘူး
၆. ကြ်န္ေတာ္တို ့၀င္းဒိုးမွာ ဖိုင္ေတြ ရွာတဲ့အခါ ျမန္ျမန္ ေပၚလာေအာင္ windows search index ဆိုတဲ့ service ေလးက ၾကိဳျပီး file ေတြကို လိုက္စုစည္း သိေအာင္ လုပ္ထားပါတယ္ …. ရွာတဲ့အခါ ဘယ္နားမွာ ဘာရွိတယ္ ဆိုတာ ျမန္ျမန္ဆန္ဆန္ ထုတ္ေပးလို ့ရေအာင္ေပါ့ …. ဒါေပမယ့္ သူအ့လို အျမဲ ရွာေဖြ စုစည္းေနတာမို ့ ကြန္ပ်ဴတာကေတာ့ အလုပ္ပိုလုပ္ရပါတယ္ …. သူကေတာ့ မလိုရင္ ပိတ္သင့္ပါတယ္ …. ကိုယ့္အတြက္ လိုမလို စဥ္းစားျပီးလို ့မလိုဘူး ပိတ္ခ်င္တယ္ဆို အဆင့္ (၅) က hide all Microsoft services ဆိုတာကို ျဖဳတ္ျပီး windows search ဆိုတာကို အမွန္ျခစ္ျဖဳတ္ ပိတ္လုိက္ပါ
၇. ကြ်န္ေတာ္တို ့အသံုးျပဳေနတဲ့ hardisk ကိုလည္း သန္ ့ရွင္းေရး လုပ္ေပးဖို ့လိုပါတယ္ …. မလိုအပ္တဲ့ ဖိုင္ေတြ ဖ်က္ဖို ့windows key + R > temp, %temp%, recent တစ္ခုခ်င္းစီ ေခၚျပီး ေပၚတဲ့ ဖိုင္ေတြ ဖ်က္ေပးလိုက္ပါ ေတာ္ေတာ္မ်ားမ်ား သိျပီးသားျဖစ္မွာပါ …. Prefetch ဖိုဒါကိုေတာ့ မဖ်က္သင့္ပါဘူး ခဏခဏ …. ေနာက္တစ္ခုအေနနဲ့ hardisk က ဖိုင္ေတြ ဖတ္တဲ့အခါ ျမန္ေအာင္ ဖိုင္ေတြ ျပန္စီေပးဖို့ လိုပါတယ္ …. My compuer ကိုဖြင့္ C: drive > right click > tools > optimize ကိုနွိပ္လိုက္ပါ …. ျပီးရင္ C: drive ကို ေရြးျပီး optimize လုပ္ေပးလိုက္ပါ …. D: E: စတာေတြရွိလည္း လုပ္ေပးလိုက္ပါ …. ဒါက ေန ့တိုင္း မလုပ္သင့္ပါဘူး တစ္လ တစ္ခါဆို ေကာင္းေကာင္း လံုေလာက္ပါတယ္ …. ဒါလုပ္ရင္ နည္းနည္းၾကာပါတယ္ လုပ္ေနတုန္း မသံုးတာပိုေကာင္းပါတယ္
၈. တစ္ခါတစ္ေလ သံုးေနရင္ ေလးလာရင္ သံုးတာ နည္းနည္းၾကာလာရင္ restart လုပ္ေပးသင့္ပါတယ္ …. ထမင္းစားဆင္းခ်ိန္ေလာက္ restart လုပ္တာမ်ိဳးပဲ ျဖစ္ျဖစ္ေပါ့ ကြန္ပ်ဴတာကို သိသိသာသာ ေပါ့ေစပါတယ္ အတိုင္းတာတစ္ခုအထိေပါ့
၉. အေပၚကဟာေတြလည္း လုပ္တယ္ ေလးေနတုန္းပဲ ၀ယ္ကာစက သံုးခါစက မေလးဘူး နွစ္ေတြၾကာလာလို ့ေလးတာမ်ိဳးဆို windows ျပန္တင္တာလည္း ေကာင္းပါတယ္ …. Windows က သံုးတာမ်ားလာရင္ ေလးလာတတ္ပါတယ္ …. စ၀ယ္တည္းက ေလးေနတာမ်ိဳးဆို task manager မွာ cpu usage ram usage ကို ၾကည့္ပါ …. အျမဲျပည့္ေနတယ္ဆို ယခုလက္ရွိ သံုးတာနဲ ့ကြန္ပ်ဴတာနဲ ့က မမ်တာမို ့Upgrade လုပ္ဖို ့စဥ္းစားသင့္ပါတယ္ …. သူလုပ္နိုင္တာထက္ ပိုခိုင္းမယ္ ဆုိရင္ေတာ့ ေလးမွာပါ
အားလံုးပဲ အဆင္ေျပၾကပါေစ က်န္ခဲ့တာေလးေတြ ရွိလည္း ထပ္ျဖည့္ေပးၾကပါအုန္း ထပ္စဥ္းစားမိရင္လည္း ေရးေပးပါအုန္းမယ္
Click here to claim your Sponsored Listing.
Category
Website
Address
Near Anawar Monastery, Anawar Ward
Ye