Visual Learning Center

Visual Learning Center

Share

Center of English Language, Computer, Business and Social Studies, Ye Township, Mon State. Offline classes are provided to the students who are weak in English.

28/01/2026

နွေရာသီမှာ အင်္ဂလိပ်ဘာသာစကားသင်တန်းကို တစ်ပတ် (၅) ရက်၊ တ​စ်နေ့ တစ်နာရီခွဲ အချိန်ပေးတက်ရောက်ပြီး (၃) လအတွင်း ဘာသာစကားစွမ်းရည်ကို မြှင့်တင်လိုက်ပါတော့နော် 💪

Grade (1) အရွယ်မှစ၍ တက္ကသိုလ်တက်ဆဲ နှင့် ဘွဲ့ရများအထိ တက်ရောက်နိုင်ပါသည်။ (KG & Grade 1 များ ရေရှည် စနေ၊တနင်္ဂနွေ(ညနေ ၃ နာရီ) အတန်းလဲ ရွေးတက်နိုင်ပါသည်။)

အစိုးရကျောင်းတက်နေကြသော သူတွေအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ထားတာမို့ စိတ်ချပြီး တက်ရောက်နိုင်ပါတယ်။ အတန်းများအားလုံးကို Speaking နှင့် Listening အား အသားပေးသင်ကြားမည်ဖြစ်ပြီး Reading, Writing, Grammar & Vocabulary များကိုလည်း သင်ကြားပေးသွားမှာဖြစ်ပါတယ်။

အင်္ဂလိပ်စာအတန်းတက်ရောက်သူတို့၏ ကိုယ်ရည်ကိုယ်သွေး တိုးတက်စေဖို့ရန် အလို့ငှာ Social Studies အတန်း၌ လူမှုဆက်ဆံရေးကောင်းမွန်ဖို့၊ မိမိကိုကိုယ် ယုံကြည်မှုရှိလာဖို့၊ ပြင်ပဗဟုသုတရရှိဖို့၊ အဖွဲ့အလိုက် ပါဝင်ပူးပေါင်းအလုပ်လုပ်တတ်ဖို့ စသည့်အရည်အချင်းများရရှိအောင် စီစဥ်ထားပါသည်။ ဤအတန်းသည် ရေးမြို့တွင် ပထမဦးဆုံးသော Social Studies အပတ်စဥ် အခမဲ့တက်ရောက်နိုင်သော အတန်းဖြစ်ပါသည်။

သင်တန်းအပ်သည့်အခါ Placement Test ဖြေဆိုရ ပါမည်။ ရရှိသည့် အရည်အချင်းအပေါ်မူတည်၍ သက်ဆိုင်ရာ အတန်းတွင် တက်ရောက်ရပါမည်။

သင်တန်းအချိန်နှင့် အတန်းများ
သင်တန်းကြေးများ၊ သင်တန်းဖွင့်ရက်များသည် ကြော်ငြာ poster တွင် ပါဝင်ပြီးဖြစ်ပါသည်။

🏠🏠🏠🏠🏠🏠🏠🏠🏠🏠🏠🏠🏠🏠🏠🏠
နယ်ဝေးမှ တက်ရောက်လိုသူများအတွက် အဆောင် 🏠 စီစဥ်ထားပါသည်။ ✅

❗သင်တန်းအပ်မည့်သူများ သိရှိစေရန် ❗

🔰 သင်တန်းအပ်နှံမည့် မိဘများအနေဖြင့် တက် ရောက်မည့်သူနှင့်အတူ သင်တန်းသို့ လူကိုယ်တိုင် လာရောက် အပ်နှံပေးပါရန်။ (ကလေးစိတ်ဆန္ဒမပါ ပဲ အတင်းအကြပ်အပ်နှံခြင်း မပြုရ)။

🔰 သင်တန်းအပ်နှံပါက သင်တန်းကြေးအပြီး ပေးသွင်းပါရန်။ အခက်အခဲရှိပါက သင်တန်းကြေးများအား အရစ်ကျ နှစ်ကြိမ်ပေးသွင်းနိူင်သည်။ (ပေးသွင်းပြီးသော သင်တန်းကြေးများအား လုံးဝ ပြန်မအမ်းပါ။)

🔰 သင်တန်းတက်ရောက်သူတိုင်း အပေါင်ကြေး 15000 ထပ်သွင်းရပါမည်။ ၃ လ အပြီးတက်ရောက်သူများကို ပြန်ထုတ်ပေးပါမည်။

🔰Grades များဖြင့် ကြော်ငြာတွင် ဖော်ပြထား သော်လည်း သင်တန်းအပ်နှံသည့်ရက်တွင် ကလေး များ၏ Placement test အရည်အချင်းကို စိစစ်ပြီး မှသာ သက်ဆိုင်ရာ အတန်းတွင် တက်ရောက်ခွင့်ပြု ပါ မည်။

🔰သင်တန်းအား မပျက်မကွက်ပဲ ၃ လပြီးသည့် အထိ တက်နိုင်မှသာ အပ်ပေးကြပါရန်။ အပျော်လာတက်တာ လက်မခံပါ။

🔰ဘာသာစကားသင်တန်းဖြစ်သောကြောင့် ပြင်ပ သင်ရိုးစာအုပ်ကိုသုံးပြီး သင်ရိုးပြီးအောင်ကိုသာသင်ပေးမည့်သင်တန်းမဟုတ်ပါ။ VLC မှ ကိုယ်ပိုင်သင်ရိုးများဖြင့် လက်တွေ့အသုံးချကာ လှုပ်ရှားမှုအမျိုးမျိုးဖြင့် သင်ယူရပါမည်။ အတန်းအတွင်း အမှန်တကယ်လိုက်ပြောပြီး တက်ကြွစွာ အသေချာကြိုးစားပါက လိုချင်သော ရလဒ်ကိုရနိုင်ပါသည်။

🔰 အစိုးရကျောင်းစာများနှင့် မသက်ဆိုင်ပါသဖြင့် ကျောင်း အက်ဆေးဖြေပြိုင်ပွဲနှင့်လဲ မသက်ဆိုင်ပါ။ သို့သော် ကျောင်းစာသင်ရိုးအပေါ် အားနည်းနေသူနှင့် ဘာသာစကား၏ အနှစ်သာရအခြေခံကို သိ​လိုသူများအတွက် အထောက်အကူပြုပါသည်။

🔰 ကျောင်းကျူရှင်များနှင့်တိုက်နေလျှင်လဲ အချိန်ညှိပေးမည်မဟုတ်ပါ။

🔰သင်တန်းနှင့်ပတ်သတ်ပြီး ပြဿနာ တစုံတရာ ရှိလာပါက VLC ဘက်ကသာ အတည်ဖြစ်ပါသည်။

🚫Feburary 28 ရက်နေ့ ဖောင်ပိတ်ပါမည်။ လူဦးရေ ကန့်သတ်ထားပါဖြင့် ရက်လွန်ပါက လက်မခံတော့ ပါ။

ယခု အင်္ဂလိပ်စာ အတန်းများအားလုံးအားကို သင်တန်း Founder ကိုယ်တိုင် သင်ကြားပါမည်ဖြစ်ပြီး၊ Social Studies အား ဆရာ သုဝေကို မှ သင်ကြားပါမည်။ အတန်းအတွင်း သင်တန်းသားတွေအတွက် Personal Coach လဲ ထပ်မံထားရှိသွားပါမည်။

🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓
Tr. Abel (Founder of VLC) Profile

MBA (Candidate), မုံရွာစီးပွားရေး တက္ကသိုလ်
B.A(History), မော်လမြိုင်တက္ကသိုလ်
Diploma in English (Wall Street English)
Diploma in Educational Technology, Pedagogy, and Leadership (University of Taxila)
Diploma in Teaching of English as a Foreign Language (စေပညာရေးဖွံဖြိုးမှုတက္ကသိုလ်) Executive Diploma in Global English for Creative Teaching (ABE, UK)
🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓

သင်တန်းနေရာ 🏡

အမှတ် (၁၃)၊ ( ၂ လမ်း၊ ရန်းကြီးအောင်ရပ်ကွက်၊ (ကျုံးပတ်လမ်းရှိ မေသျှမ်း ၂ တည်းခိုခန်း အနီး၊ ရွှေ ဆံတော်ဘုရားအနောက်ဘက်မုဒ် ဖုန်း 09963677733 (အချိန်မရွေး ဆက်သွယ်နိုင် ပါသည်။)

သင်တန်းနှင့်ပတ်သတ်၍ အသေးစိတ်ထပ်မံသိရှိလို ပါက အချိန်မရွေးဖုန်းဆက်နိုင်ပါသည်။ သင်တန်း အား လူကိုယ်တိုင် လာရောက်အပ်နှံရပါမည်။

24/01/2026

နွေရာသီ အင်္ဂလိပ်ဘာသာစကားသင်တန်းကို
တစ်ပတ် (၅) ရက်အပြည့် တက်လိုပါသလား။

Grade 1 မှစ၍ Visual Learning Center မှ အတန်းတိုး၍ ဖွင့်လှစ်သင်ကြားပါမည်။

သင်တန်းအသေးစိတ်ကို အောက်ပါ ယခု page မှ တဆင့် မကြာမီ ကြေငြာသွားပါမည်။

စုံစမ်းမေးမြန်းရန် - 09963677733

⏭⏭⏭⏭⏭⏭⏭⏭⏭⏭⏭⏭⏭⏭⏭⏭
👶👶👶👶👶👶👶👶👶👶👶👶👶👶👶👶

Weekend Class (တစ်ပတ်နှစ်ရက် ရေရှည်အတန်း)

တစ်ပတ်နှစ်ရက် (စနေ၊ တနင်္ဂနွေ) ရေရှည်တက်ရောက်လိုသူ သားသားမီးမီးတွေအတွက် Foundation အတန်းအသစ်ကို ထပ်မံ ဖွင့်လှစ်ပါမည်။ ညနေ ၃ နာရီအချိန် တက်ရပါမည်။ အသက် ၅ နှစ်နှင့် ၆ နှစ်အရွယ် ကိုသာ လက်ခံပါမည်။ (ယခု အတန်းသည် ၂ နှစ် (သို့) ၃ နှစ် မှ တကြိမ် ဖွင့်လှစ်သည့်အတန်းဖြစ်တာကြောင့် လူပြည့်မြန်ပါသည်။)

(အသက်အရွယ်နဲ့ Level ကိုက်မှသာ၊ လိုအပ်ချက်နှင့်ကိုက်ညီမှသာ၊ မိမိရဲ့ကလေးကို ညွှန်ကြားချက်အတိုင်း အမှန်တကယ်ပြုစုပျိုးထောင်ပေးနိုင်မှသာ သင်တန်းလာအပ်ပေးပါ။ အသက် ကန့်သတ်ချက်ရှိသောကြောင့် အတင်းအကြပ် အပ်နှံမှုမျိုးကို လက်ခံမည်မဟုတ်ပါ။)

လက်ခံမည့် ကလေးဦးရေ - (၁၀ မှ ၁၄) ယောက်
အချိန် - ညနေ ၃ နာရီ
အသက် - ၅ နှစ် မှ ၆ နှစ်
ကာလ - (၁၈) လ
သင်တန်းတန်ဖိုးအပြီးစီး - ၅၅၀၀၀၀ ကျပ်

သင်တန်းစည်းကမ်း၊ သင်တန်းမအပ်မီ သိထားရမည့်အချက်များ၊ သင်တန်းကြေးများနှင့် ပတ်သတ်၍ သိရှိလိုပါက ဖုန်းဆက်မေးမြန်းနိုင်ပါသည်။

စုံစမ်းမေးမြန်းရန် - 09963677733

Want your school to be the top-listed School/college in Ye?
Click here to claim your Sponsored Listing.

Category

Telephone

Address


Ye
12101