The Ginger

The Ginger

Share

The forefront of everything that's making the headlines in Burma There’s a humorous side to every situation and our duty is to help you find it.

25/07/2020

နိုင်ငံကျော် အဆိုတော် သရုပ်ဆောင် စာရေးဆရာ ‌စောင်းစောင်းသည် ရှိသမျှ အနုပညာအကုန်လုပ်ပြီး တစ်ခုမှ အနုပညာမမြောက်သော်လည်း ဆန်းကြယ်စွာ အောင်မြင်လျက်ရှိသော စံချိန်ကို ထိန်းသိမ်းလျက် မြန်မာ့ရုပ်ရှင်တွင် စံချိန်သစ်တစ်ခုထပ်တင်ကာ သမိုင်းသစ်ရေးထိုးလိုက်ပြန်ကြောင်း

‌စောင်းစောင်း ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားသော ' အင်ဂျင်း ကတဲ့ဂီတ ' ဇာတ်ကားသည် မြန်မာ့ရုပ်ရှင်သမိုင်းတစ်လျောက် သမ္မတရုံတွင် အကြာဆုံး ဆိုင်းဘုတ်တင်နိုင်သော ဇာတ်ကားအဖြစ် စံချိန်သစ် ရေးထိုးလိုက်ပြီဖြစ်ကြောင်း သိရပါသည် ။ အဆိုပါ ' အင်ဂျင်း ကတဲ့ဂီတ ' ဇာတ်ကားကို မတ်လ ၅ ရက်နေ့က စတင်ပြီး သမ္မတရုံတွင် ရုံတင်ခဲ့ရာ တင်ပြီးမကြာသေးခင်မှာပင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ရုပ်ရှင်ရုံများ ပိတ်လိုက်ရသဖြင့် ယခုထက်ထိ ၅ လခန့်ကြာသည့်တိုင်အောင် သမ္မတရုံတွင် အဆိုပါဇာတ်ကားကို ဆိုင်းဘုတ်တင်ထားရသောကြောင့် အထက်ဖော်ပြပါ စံချိန်ကို တင်နိုင်ခဲ့ခြင်းဖြစ်သည် ။

ယခုကဲ့သို့ စံချိန်သစ်တင်နိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ စောင်းစောင်းအား ဂင်္ဂါသတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ ” အဓိကကတော့ ကြိုးစားမှုပေါ့နော် ၊ ကျွန်တော့်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ ' ကြိုးစားအားထုတ်မှုကောင်း ၊ အရည်အသွေး ညံ့ ' ဆိုတာကို လက်ကိုင်ထားပြီး ကြိုးစားခဲ့လို့ အခုလို စံချိန်သစ် တင်နိုင်ခဲ့တာပါ ။ ကျွန်တော်သရုပ်ဆောင်တာ လိုအပ်ချက်တွေ များတယ်ဆိုတဲ့ ဝေဖန်ချက်တွေကို ကျော်လွှားနိုင်ဖို့အတွက် ကြိုးစားခဲ့လို့သာ အခုလို စံချိန်သစ် တင်နိုင်ခဲ့တာပါဗျာ ။ စောင်းစောင်းဟာ အနုပညာမမျောက်ဘူး ဆိုတဲ့ အသံတွေမှားကြောင်း သက်သေပြနိုင်ခဲ့ပါပြီ ၊ အခုဆိုရင် စောင်းစောင်းဟာ အနုပညာ မျောက်မှမျောက်ဆိုတာကို လက်မခံချင်လို့ မရတော့ဘူးပေါ့ဗျာ ၊ အခုတင်ထားတဲ့ စံချိန်သစ်ကိုလည်း ' အင်ဂျင်းကတဲ့ ဂီတ ' ဇာတ်ကားက နောက်ထပ် ရက်သတ္တပတ် ၄၀ လောက် ဆက်ထိန်းနိုင်ဖို့ မျှော်လင့်ထားပါတယ် ” ဟု ဖြေကြားသွားခဲ့ပါသည် ။ ထို့အပြင် ၎င်းနှင့် ရွယ်တူများကို ဒုက္ခပေး ခြိမ်းခြောက်သော ဗိုင်းရပ်စ်ပိုးသည် မိမိအား ဤသို့ အောင်မြင်မှုမျိုးကို ဆောင်ကြဥ်းပေးလာသည့်အပေါ် ဝမ်းသာဝမ်းနည်း ဖြစ်ရကြောင်းလည်း ဆိုသည်။

28/01/2020

ပြည်တွင်းသို့ ဝင်လာနိုင်ခြေပြနေသော ဝူဟန်ဗိုင်းရပ်စ်အား ပင်တိုင်ခံပုဂ္ဂိုလ် ပြင်းပြင်းထန်ထန်ဝေဖန်
---------------------------------

နေပြည်တော် ဇန်နဝါရီ ၂၈

တရားဝင်နည်းလမ်းမဟုတ်သည့် လမ်းကြောင်းများမှတဆင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ရန် ဟန်ပြင်နေသော ဝူဟန်ပြင် ဗိုင်းရပ်စ်အား ပင်တိုင်ခံပုဂ္ဂိုလ်က ပြင်းထန်စွာ ဝေဖန်လိုက်သည်။ မြန်မာပြည်သူများအား စိုးရွံ့ထိတ်လန့်နေအောင် ခြောက်လှန့်နေခြင်းသည် အချည်းနှီးသာဖြစ်ကြောင်း ကြေငြာလိုက်ခြင်းဖြစ်သည်။

"ဗိုင်းရပ်စ်ဆိုတာ အမောက်ထောင်ပြရတာမဟုတ်ဘူး။ အေးဆေးဝင်လာဖို့ ညှိနှိုင်းတတ်ဖို့ပဲ။ အပြင်ဘက်မှာလေ အမောက်ထောင်ပြနေလို့ အလကားပဲ။ ဝူဟန်ပိုးမွှားကို မျက်လုံးနဲ့ မြင်ကို မမြင်ရဘူး။ ဒီတော့ ဘာမှ ဒါက ထိရောက်မှုရှိတာမဟုတ်ဘူး။" ဟု ပြောဆိုလိုက်သည်။ ဆက်လက်၍ ၎င်းက ကျင့်ဝတ်သိက္ခာကို မချိုးဖောက်ရန် ဝူဟန်ဗိုင်းရပ်စ်အား သတိပေးလိုက်ခြင်းလည်းဖြစ်သည်။

"နောက်ပြီးတော့လည်း ဒီလို ကျမတို့နိုင်ငံသားတွေကို ပိုးအတွက် ပိုးမွှားအုပ်စုအတွက် ကိုယ့်ဗိုင်းရပ်စ်တမျိုးတည်းရဲ့အတွက် အသုံးမချပါနဲ့။ ဒါက လုံးဝ ဖြစ်သင့်တဲ့ကိစ္စ
မဟုတ်ပါဘူး။ ပိုးတိုင်း ပိုးတိုင်းမှာ အခွင့်အရေးရှိသလို တာဝန်ရှိတယ်ဆိုတာလည်း သိရမှာဖြစ်ပါတယ်။ စည်းကမ်းဆိုတာကလည်း ကိုယ့်စည်းကို ကိုယ် ထိန်းရပါမယ်။" ဟု
သြဝါဒ ပေးခဲ့သည်။

"အပြင်ဘက်ကနေပြီး ဘယ်လိုပဲစွာပြ စွာပြ ဒီဘက်က ရောဂါပိုးကိုလည်း မမြင်ရဘူး။ မမြင်ရတော့ ဘာမှထူးမှာလည်း မဟုတ်ဘူး။ ဝင်လာချင်တယ်ဆိုရင်လည်း ပွင့်ပွင့်လင်းလင်း ကိုယ့်ရဲ့ လက္ခဏာတွေကိုပြပြီးတော့ ဝင်လာနိုင်ပါတယ်။"ဟု တိုက်တွန်းလိုက်သည်။ ထို့အပြင် ပြည်တွင်းဗိုင်းရပ်စ်လောကတွင် နှစ်ပေါင်းများစွာ ကြီးစိုးထားခဲ့ပြီး ဆက်လက်မင်းမူနေဆဲဖြစ်သော ခွေးရူးပိုး (rabies virus) ကို အတုယူသင့်ကြောင်းဖြင့် ၎င်း၏ အနာဂတ်ကို နားလည်လက်ခံပြီး လိမ္မာရန် ဆုံးမခဲ့သေးသည်။

ခွေးရူးပိုးသည် နည်းမှန်လမ်းမှန် ပျံ့ပွားခြင်းကြောင့် နှိမ်နင်းမည့်သူမပေါ်နိုင်ပဲ ဤမျှအထိ အောင်မြင်နေရခြင်းဖြစ်သည်ဟု ပင်တိုင်ခံပုဂ္ဂိုလ်က ရှင်းပြသည်။

"ဝူဟန်ဗိုင်းရပ်စ်အဖို့ မြန်မာပြည်ကို ဝင်လာချင်လို့ရှိရင် ဝင်ရောက်နိုင်တဲ့အခွင့်အလမ်းတွေ အများကြီးရှိတယ်။ ဝင်ရောက်နိုင်တဲ့ ပုံစံတွေရှိတယ်။ သတ်မှတ်ပေးထားတဲ့ ဂိတ်တွေရှိပါတယ်။ သတ်မှတ်ပေးထားတဲ့ ဂိတ်က နေ ပဲ ပွင့်ပွင့်လင်းလင်း လာခဲ့ပါ။ ဗိုင်းရပ်စ်ကြီးသား မပီသတာတွေ မလုပ်ဖို့ပါပဲ။ ဒါကြောင့် ပွင့်ပွင့်လင်းလင်း ကိုယ့်လက္ခဏာ ကိုယ်ပြပြီးတော့ ကိုယ့်ရဲ့ ရောဂါကို ဖြန့်ဖြူးနိုင်ပါတယ်။ ဒီလို ခရီးသွားတွေကို အလွဲသုံးစားမလုပ်ပါနဲ့။ ပိုးတိုင်း ပိုးတိုင်းဟာ ကိုယ့်စည်းကိုယ်စောင့်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ကျမ ခဏခဏ ပြောပါတယ်။ အခွင့်အရေးရှိသလို ကိုယ့်မှာ တာဝန်ရှိပါတယ်။" ဟု ထပ်လောင်း ပြောကြားသွားခဲ့သည်။

09/05/2019

မြောက်​ဥက္ကလာ ​ဆေးရုံကြီးနှင့်​ ရန်​ကုန်​​ဆေးရုံကြီးမှ လူနာများအားလုံးကို ပိုမို​ကောင်းမွန်​​သော ​ဆေးကုသမှု ရရှိ​အောင်​ ဘန်​​ကောက်​ရှိ Bumungrad ​ဆေးရုံသို့ ​ပြောင်း​ရွှေ့မည်

မေ ၉ ရန်​ကုန်

ပြည်​သူလူထု၏ ကျန်းမာ​ရေး​စောင့်​​ရှောက်​မှုကို ပိုမိုတိုးတက်​​အောင်​ မြှင့်​တင်​​ပေးရန်​ ကြိုးစားသည့်​အ​နေဖြင့်​ အချိန်​အတိုဆုံးအတွင်း အမြန်​ဆုံးမြှင့်​တင်​ရန်​ ကြိုးစား​နေ​ကြောင်းသိရသည်​ ။ အဆိုပါ ကြိုးပမ်းမှု၏ ကနဦးအဆင့်​ အ​နေဖြင့်​ ယခု အစီအစဉ်​ကို အ​ကောင်​အထည်​​ဖော်​ခြင်းဖြစ်​​ကြောင်း သိရပြီး ဝံကြီးချုပ်​ ဦးဖြိုးဖြိုး​လေး၏ လမ်းညွှန်​မှုက အဓိက​နေရာမှ ပါဝင်​ခဲ့​ကြောင်း သိရသည်​ ။ အဆိုပါ ကိစ္စနှင့်​ စပ်​လျဉ်း၍ Ginger News မှ တာဝန်​ရှိသူများကို ဆက်​သွယ်​​မေးမြန်းခဲ့ရာတွင်​ ၎င်းတို့က ​အောက်​ပါအတိုင်း ရှင်းလင်း​ပြောကြားခဲ့ပါသည်​ ။
' ဒါက​တော့ ကျွန်​​တော်​တို့ ဝံကြီးချပ်​ရဲ့ အိုင်​ဒီယာ​ပေါ့​နော်​ ၊ သူက စဉ်းစားတာက ကျွန်​​တော်​တို့ နိုင်​ငံမှာကျန်းမာ​ရေးစနစ်​ အဆင့်​မြှင့်​မယ်​ ​ပြော​နေတာကြာလှပြီ ၊ လက်​​တွေ့မှာ ပြည်​သူလူထုကလည်း ထူးထူးခြားခြား ​ကျေနပ်​မှု ရှိမလာဘူး ၊ ကျန်းမာ​ရေးဝန်​ထမ်း​တွေလည်း အလုပ်​နဲ့လူအင်​အားက မမျှ​တော့ မ​ကျေနပ်​ကြဘူး​ပေါ့ ။ ဒီကိစ္စ​ကြီး တစ်​ခုလုံးကို အဆင်​​ပြေ​အောင်​ ရှင်းမယ်​ဆိုရင်​ အနှစ်​ ၃၀​လောက်​ အချိန်​​ပေးရမယ်​ ၊ အဲ့​လောက်​ထိ​တော့ မ​စောင့်​ချင်​ဘူး ၊ အဲ့ဒီမှာ ဘာကိုသွား​တွေ့လဲဆို​တော့ လူ​တွေက ဘန်​​ကောက်​မှာ ​ဆေးသွားကုကြတယ်​​ပေါ့​နော်​ ၊ အဲ့ဒီ​တော့ ​ဆေးရုံကလူနာ​တွေကိုသာ ဘန်​​ကောက်​ကို အကုန်​ပို့လိုက်​ရင်​ လူနာ​တွေလည်း ချက်​ချင်း​ကျေနပ်​မယ်​ ၊ ကျန်းမာ​ရေးဝန်​ထမ်း​တွေလည်း သက်​သာသွားမယ်​​ပေါ့ ။ ဒီလို ၂ဦး၂ဖက်​ အဆင်​​ပြေ​အောင်​လို့ အခုလို စီစဉ်​ရတာဖြစ်​ပါတယ်​ ။ အခု ကနဦးအ​နေနဲ့ ရန်​ကုန်​မှာ ရှိတဲ့ အကြီးဆုံး​ဆေးရုံကြီး ၂ခုက လူနာ​တွေကို ပို့တာဖြစ်​ပါတယ်​ ၊ ​အ​ခြေအ​နေ​ပေါ်မူတည်​ပြီး တစ်​နိုင်​ငံလုံးမှာ ရှိတဲ့လူနာ​တွေကိုပါ ပို့နိုင်​​အောင်​ ​ဆောင်​ရွက်​သွားမှာပါ ။ ဒီလိုကုသဖို့အတွက်​ လိုအပ်​တဲ့ ကုန်​ကျစရိတ်​က​တော့ များပါတယ်​ ၊ ဒီကုန်​ကျ စရိတ်​​တွေအတွက်​ အဆင်​​ပြေ​စေဖို့ အခုပဲ ဝံကြီးချုပ်​က ဆူး​လေဘိုးဘိုးကြီးဆီမှာ ကန်​​တော့ပွဲ​ပေးပြီး ဆု​တောင်း​နေပါပြီ ။ ကျန်းမာ​ရေးစနစ်​ကို ဒါမျိုး​ပြောင်းလဲဖို့ စဉ်းစားမိတာ ကမ္ဘာမှာ ဝံကြီးချုပ်​က ပထမဆုံးပါပဲ ၊ သူလိုလူမျိုး ရှားပါတယ်​ ' ဟု ​ပြောကြားသွားခဲ့ပါသည်​ ။

အဆိုပါ အစီအစဉ်​ကို ကန့်​ကွက်​သူများလည်း ရှိ​နေပြီး ၊ အထူးကုဆရာဝန်​ကြီးများမှ အချို့လူနာများသည်​ ​လေယာဉ်​စီးရန်​ မသင့်​​တော်​​ကြောင်း​ဝေဖန်​ခဲ့ပြီး နှင့်​ တချို့လူနာများမှလည်း ​လေယာဉ်​စီးရန်​ ငြင်းဆန်​ခဲ့​ကြောင်း သိရသည်​ ။ သို့​သော်​လည်း ယခု အစီအစဉ်​ကို မဖြစ်​မ​နေအ​ကောင်​အထည်​ ​ဖော်​သွားမည်​ဖြစ်​ပြီး ၊ ကွင်းဆင်း​လေ့လာမှု အဖြစ်​ ဝံကြီးချုပ်​ကိုယ်​တိုင်​ ​အစိုးရ​ဆေးရုံကြီးများသို့ လှည့်​လည်​ကြည့်​ရှုခဲ့ရာတွင်​ ဝံကြီးချုပ်​နှင့်​အတူ လိုက်​ပါလာ​သော ဓာတ်​ပုံဆရာများမှ ခွဲစိတ်​ခန်းထဲအထိ ဓာတ်​ပုံဝင်​ရိုက်​ခဲ့​သော​ကြောင့်​ ကျန်းမာ​ရေးဝန်​ထမ်းများနှင့်​ က​တောက်​ကဆဖြစ်​ခဲ့​ကြောင်း သိရသည်​ ။ ဝံကြီးချုပ်​ ရုံးမှ သတင်းထုတ်​ပြန်​ချက်​အရ ထိုသို့ ခွဲစိတ်​ခန်းထဲအထိ ဓာတ်​ပုံဝင်​ရိုက်​ရခြင်းမှာ ဘန်​​ကောက်​သွားရန်​အတွက်​ နိုင်​ငံကူးလက်​မှတ်​မရှိ​သော လူနာများကို နိုင်​ငံကူးလက်​မှတ်​ လုပ်​​ပေးရန်​အတွက်​ ပတ်​စပို့ဓာတ်​ပုံရိုက်​ကူးခြင်းသာ ဖြစ်​​ကြောင်း နှင့်​ ဝံကြီးချုပ်​ကိုယ်​တိုင်​ပင်​ ဓာတ်​မှန်​ဌာနသို့ အ​ရောက်​တွင်​ လူနာများအား ဓာတ်​မှန်​မရိုက်​ကူးရ​သေးခင်​ ဓာတ်​မှန်​ရိုက်​စက်​ကို အသုံးပြုကာ selfie နှင့်​ သတင်းဓာတ်​ပုံများ ရိုက်​ကူးခဲ့​သည့်​အပြင်​ "ဒီလိုနေရာမှာ ဘာမှမရှိဘူး ၊ စက်လည်းမပြည့်စုံ ၊ နေရာကလည်းစုတ် ၊ ဘာ facility မှ မရှိ ၊ သည်လူတွေအကုန် အခုပဲ Bumungrad ​ဆေးရုံကြီးကိုရွှေ့ အခုရွှေ့" ဟု လမ်းညွန်​မှု​ပေးခဲ့​ကြောင်း ထုတ်​ပြန်​ထားပါသည်​ ။ ယခုအစီအစဉ်​ကို ဘန်​​ကောက်​ရှိ Bumungrad ​ဆေးရုံဘက်​က လက်​ခံမည်​လားဆိုသည်​မှာ မ​ရေရာ​သေးပဲ ၊ အဆိုပါ​ဆေးရုံရှိ ပ​ရော်​ဖက်​ဆာ​ဒေါက်​တာထုံချိုင်းမှ ' ငါတို့ဆီ ဒီလူနာ​တွေလွှဲရ​အောင်​ ၊ ဒီဝံကြီးချုပ်​က ဘာအဆင့်​ရှိလို့လဲ 'ဟု လူမှုကွန်​ယက်​တွင်​ ​​မေးခွန်းထုတ်​ခဲ့ပါသည်​ ။

Want your business to be the top-listed Media Company in Newi?
Click here to claim your Sponsored Listing.

Website

Address


Newi
09374