ThansinMoe
အေးချမ်းတိတ်ဆိတ်တဲ့နေရာမှာ
အသက်ရှင်ချင်တယ်။
12/05/2024
မကွေးသူ/သားနဲ့ ချစ်သူ ဖြစ်ရင်......
မြှူဆွယ်တာဟုတ်ဘူးနော် ပြောပြဒါ😁
- မနက်ခင်းကို (၁၄)လမ်းကနန်းကြီးသုပ်နဲ့ Cool palace မှာ ပဲပြုတ်ထမင်းကြော် စားမယ်.😉
- ရိုးရှင်းမှာ ကော်ဖီသောက်ပါ ☕☕
- ကန်သာကန်မှာ ငါးစာကျွေးရင်း ဓာတ်ဖမ်းမလား?📸
- မင်္ဂလာစံပြထဲ ဝင်ပြီး ရုပ်ရှင်ကြည့်အုန်းမလား?🤨
- ကောင်းမွန်က မုန့်တိုက်ထဲ သွားပြီး မုန့်တွေကို တူတူရွေးပြီး ဝယ်စားကြအုန်းမလား ✌️
- ရေစင်ကြီးနားက မအေးမာ အသုပ်ဆိုင်မှာ အသုပ်တွေစားကြမလား??
- ကမ်းနားလမ်းက The Buzz ဆိုင်အပေါ်ထပ်လေးမှာ ဘီယာလေးသောက်ပြီး ညနေခင်းရှုခင်းလေးကို ကြည့်ချင်သေးလား..?🙆
- ပညာရေး ကောလိပ်နားက အာပူလျှာပူဆိုင်လေးက မင်းအကြိုက်ပေါ့..
တစ်လက်စ ထဲ လေဆိပ်က လမ်းနှစ်သွယ်ကိုလည်း လိုက်ပို့မှာပေါ့ဗျာ.🙋♂️
- လမ်းငါးသွယ် အဝိုင်းပတ်နားက လက်ရွေးစင်မှာ အအေးလေးသောက်ပြီး ခဏနားကြမယ်🙇♀️
- ကမ်းနားလမ်းမှာ မင်းစိတ်ကြိုက် ဓာတ်ပုံရိုက်ပေးမယ်📸
- ညနေဖက်ဆို ရွှေလင်မျှော်သွားပြီး သဘာဝ ရှုခင်းလေးကို ခံစားကြမယ်.
ပြီးရင် မြသလွန်ကို အတူတူဖူးကြမယ်..🙏🙏
- ရတနာ က ဟော့ဒေါ့လေး ဝယ်စားမယ်
- Sweet & Stars မှာ ထမင်းကြော် မှာစားကြတာပေါ့🤨
-မေတ္တာလမ်းက ဝက်သားတုတ်ထိုးက မင်းအကြိုက်ဆုံးဖြစ်မှာပါကွာ😁
- ကန်သာကန်ရဲ့ ညနေဈေးမှာ မြန်မာမုန့်တွေဝယ်စားပြီး
ပင်လယ်ဓားပြ အတူတူစီးကြမယ်🙆🙆
- ဗာရာဏသီက ချာပါတီ စားမယ်
-ချမ်းမြေ့က ပြောင်းဖူးထမင်းကြော် မျိုကြမယ်
-မင်းပြောတယ့် ဗိုလ်ချုပ်ပန်းခြံ သွားချင်သေးလား?❣️
-နေပူပူကြီးထဲမှာ နန်းထိုက်သူရှေ့က ကျောက်ဆောင်ကြီး
မှာ ဓာတ်ပုံရိုက်အုန်းမှာဆို😝📸
-မူကထ သွားပြီး ဘူဖေးစားအုန်းမှာ မဟုတ်လား✌️😊
-တွတ်ပီက ထမင်းကြော်လေးလည်း တူတူစားကြမယ် 😁
-ရတနာ(၂) က မာလာရှမ်းကော က မင်းအကြိုက်ဖြစ်မှာပါ..🥰
(- တစ်နေ့ကုန်ရေးလို့ ကုန်မယ်မထင်ဘူး ကျန်တာလေးတွေ ရေးသွားကြပါအုန်း )😝
ဒါကြောင့် မကွေးသူ/သား ကို ချစ်ပါ🫢🙆❣️
10/05/2024
ဒါလေးတွေ ထွက်ဖို့ရှိပါတယ်
နားဆင်အားပေးကြပါအုံး 😍
28/03/2024
သမီးလေးတစ်ယောက် သားလေးတစ်ယောက်😫
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Muscat