Good Vibes
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Good Vibes, Writer, 130 A, 20th Avenue, Cubao.
17/02/2026
ကြေလွင့်သွားသော ပုလဲတစ်ပွင့်
လွန်ခဲ့သော ငါးနှစ်ခန့်က ကနီနယ်ရဲ့ တောင်တန်းကြီးတွေကြားမှာ "ပုလဲ" လို့ အမည်ရတဲ့ ဆင်ကြီးဟာ အေးချမ်းတဲ့ ဘဝကို ပိုင်ဆိုင်ခဲ့ပါတယ်။ ပုလဲဟာ ဖြူယောင်ယောင် အသားအရောင်ရှိပြီး မျက်လုံးတွေက ကြည်လင်တဲ့ ကလေးတစ်ယောက်လို ရိုးသားလွန်းပါတယ်။
အဲ့ဒီအချိန်က ပုလဲရဲ့ ဦးစီးကတော့ "ဦးသာဒွန်း" ဆိုတဲ့ အဘိုးအိုပါ။ ဦးသာဒွန်းက ပုလဲကို သားအရင်းလို ချစ်တယ်။ မနက်တိုင်း ပုလဲအတွက် ငှက်ပျောဖူးတွေ၊ ကြံချောင်းတွေ ယူလာပေးတတ်ပြီး "သားကြီး... ဒီနေ့တော့ တို့တွေ သစ်လုံးနည်းနည်း ဆွဲရအောင်နော်" လို့ ခပ်တိုးတိုး ချော့မော့ပြောလေ့ရှိတယ်။ ပုလဲကလည်း နားလည်သလို နှာမောင်းကြီးကို မြှောက်ပြီး တအိအိနဲ့ ပြန်ထူးတတ်ပါတယ်။ အဲ့ဒီအချိန်က တောအုပ်လေးဟာ သူတို့နှစ်ယောက်ရဲ့ ပျော်ရွှင်စရာ ကမ္ဘာလေးပေါ့။
ဒါပေမဲ့ လောကကြီးက အမြဲတမ်း မသာယာခဲ့ပါဘူး။ ဦးသာဒွန်း အသက်ကြီးပြီး ကွယ်လွန်သွားတဲ့အခါ ပုလဲရဲ့ဘဝဟာ ငရဲခန်းကို ရောက်သွားပါတော့တယ်။ ပုလဲကို ထိန်းကျောင်းဖို့ "ဖိုးတုတ်" ဆိုတဲ့ လူငယ်တစ်ယောက် ရောက်လာခဲ့တယ်။ ဖိုးတုတ်က စိတ်ကြမ်းကိုယ်ကြမ်းရှိသလို လောင်းကစားနဲ့ အရက်ကိုလည်း စွဲလမ်းသူပါ။
သူ့အတွက် ဆင်ဆိုတာ စီးပွားရှာတဲ့ စက်ရုပ်တစ်ရုပ်ပဲ။ ပုလဲဟာ အစာရေစာ ဝဝလင်လင် မစားရတော့သလို၊ နေပူထဲမှာ အနားမရဘဲ သစ်လုံးတွေကို ဆွဲရပါတယ်။ ပုလဲ နွမ်းနယ်လို့ နှေးသွားတိုင်း ဖိုးတုတ်က ထိပ်ချွန်ပါတဲ့ သံချွန်နဲ့ ပုလဲရဲ့ နားနောက်တွေကို ထိုးဆွခဲ့တယ်။ ပုလဲရဲ့ အသားပေါ်မှာ သွေးတွေ စိမ့်ထွက်ခဲ့ရပေမဲ့ သူဟာ ဦးသာဒွန်း သင်ပေးခဲ့တဲ့ "လိမ္မာခြင်း" တွေနဲ့ပဲ အားလုံးကို မြိုသိပ်ခဲ့ပါတယ်။
တစ်နေ့မှာတော့... အမူးလွန်နေတဲ့ ဖိုးတုတ်က ပုလဲကို ပုံမှန်ထက် ပိုနှိပ်စက်ခဲ့ပါတယ်။ ပုလဲရဲ့ မျက်လုံးတွေထဲမှာ အရင်ကရှိခဲ့တဲ့ ကြည်လင်မှုတွေ ပျောက်ဆုံးသွားပြီး နီမြန်းတဲ့ အမျက်ဒေါသတွေ အစားထိုးလာခဲ့တယ်။
"ငါ့ရဲ့ သစ္စာတရားက နာကျင်မှုပဲ ရတာလား..."
ပုလဲဟာ တစ်ချက်တည်းပဲ အော်ဟစ်လိုက်ပြီး သူကို နှိပ်စက်နေတဲ့ ဖိုးတုတ်ကို နှာမောင်းနဲ့ ရစ်ပတ်ကာ မြှောက်တင်လိုက်ပါတယ်။ ဖိုးတုတ်ရဲ့ ကြောက်လန့်တကြား အော်ဟစ်သံဟာ တောအုပ်ထဲမှာ ပျံ့လွင့်သွားပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ ငြိမ်သက်သွားခဲ့တယ်။ ပုလဲဟာ ဆင်လိမ္မာဘဝကနေ "ဆင်ဆိုးကြီး" အဖြစ် လူသတ်မှုတစ်ခုနဲ့ စတင် ကမ္ဘာခြားသွားခဲ့ပါပြီ။
ပုလဲဟာ တောနက်ထဲကို ထွက်ပြေးခဲ့ပါတယ်။ ဒါပေမဲ့ သူမဟာ ပျော်မနေပါဘူး။ ညဦးပိုင်းတွေမှာ ဦးသာဒွန်း ပေးခဲ့ဖူးတဲ့ ကြံချောင်းလေးတွေကို သတိရရင်း၊ တစ်ခါတစ်ရံ ဆင်စခန်းက ခေါင်းလောင်းသံလေးတွေကို အဝေးက ကြားရတဲ့အခါ ပုလဲဟာ တောနက်ထဲမှာ တစ်ယောက်တည်း မျက်ရည်ကျခဲ့ရပါတယ်။
သူဟာ လူတွေကို ရန်မူချင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ လူသားတွေဟာ သူကို မြင်တာနဲ့ သေနတ်တွေ၊ လှံတွေနဲ့ လိုက်လံ ဖမ်းဆီးကြပါတယ်။ သူရဲ့ စိတ်ထဲမှာ "လူသားဆိုတာ ရန်သူ" လို့ မှတ်သားသွားခဲ့ရတယ်။ ဒီလိုနဲ့ အေးချမ်းခဲ့တဲ့ ပုလဲဟာ ကြောက်စရာကောင်းတဲ့ တောဘုရင် ဆင်ဆိုးကြီးအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားလာခဲ့ပါတယ်။
နောက်ဆုံးမှာတော့ အစိုးရက ပုလဲကို ပစ်သတ်ဖို့ အမိန့်ထုတ်လိုက်ပါတယ်။ အမဲလိုက်သမားတွေနဲ့ ဝိုင်းထားတဲ့ ချောက်ကမ်းပါး အစွန်းမှာ ပုလဲဟာ ဒဏ်ရာတွေနဲ့ ယိုင်နဲ့နေပါပြီ။ မျက်လုံးတွေက မှုန်ရီနေတဲ့ကြားက ပုလဲဟာ ကောင်းကင်ကြီးကို မော့ကြည့်လိုက်တယ်။
သေနတ်သံ တစ်ချက်... နှစ်ချက်...။
ပုလဲ လဲကျသွားတဲ့အချိန်မှာ သူရဲ့ စိတ်အာရုံထဲမှာ မြင်ယောင်လိုက်တာက သေနတ်ကိုင်ထားတဲ့ လူတွေ မဟုတ်ပါဘူး။ ငှက်ပျောဖူးလေးကို ကိုင်ပြီး ပြုံးနေတဲ့ "ဦးသာဒွန်း" ရဲ့ ပုံရိပ်လေးပါ။ သူဟာ နာကျင်မှုတွေကနေ လွတ်မြောက်သွားတဲ့ အေးချမ်းတဲ့ သက်ပြင်းတစ်ချက်ကို ချလိုက်ပြီး ထာဝရ အိပ်စက်သွားပါတော့တယ်။
05/02/2026
#ဆင်သမားစစ်စစ်
အာဂယောက်ျား ဆင်သမား
ဆင်တွေထိန်းတဲ့ လူသား။
ဆင်နဲ့ဆင်သမား အသားကျတဲ့အခါ
ဆင်တွေကို သား,မယားလို ချစ်တဲ့လူသား။
ဓားသွားထက်က ဒေါသတွေ ချွန်းဖျားမှာ
ခိုးမနားဖို့ မေတ္တာရှေ့ ထားတဲ့ လူးသား။
ဘွဲ့ရတွေမဟုတ်သလို ရာထူးတွေမပါတဲ့
ဝါသနာစစ်စစ်ကို ထမ်းပိုးတဲ့လူသား။
အသပြာကို ကမ္ဘာလိုထင်နေတဲ့ခေတ်ထဲ
ဆင်ရတနာကို အရှင်ပမာ
ကြင်မယ့်လူသားစစ်စစ်။
#အသက်ရှင်သန်ဖို့ကျေးဇူးတစုံတစ်ရာရှိတဲ့သူအပေါ်ကျေးဇူးမကန်းပါနဲ့။
ပီယဆေး ဖော်မလို့ပါ
လိုချင်တဲ့သူတွေ အတွက်
vibes
12/12/2025
🙏🙏🙏🙏🙏
17/11/2025
သားသား
ဘယ်လိုဆင်းမလဲ မေမေ။
#ကျန်းမာပျော်ရွှင်ကြပါစေ
Click here to claim your Sponsored Listing.
Category
Website
Address
130 A, 20th Avenue
Cubao
1109
Opening Hours
| Monday | 8am - 5pm |
| Tuesday | 8am - 5pm |
| Wednesday | 8am - 5pm |
| Thursday | 8am - 5pm |
| Friday | 8am - 5pm |