Myanmar & National Daily New
Arkar Co.Ltd
မွန်ပြည်နယ် ဝန်ကြီးချုပ်အပါအဝင် ပြည်နယ်ဝန်ကြီးအားလုံးနီးပါး ရွေးကောက်ပွဲ ထပ်ဝင်မည်
By DVB 17 June 2020 Print Email
မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအေးဇံ အပါအဝင် အစိုးရအဖွဲ့ ဝန်ကြီးတွေ အားလုံးနီပါး လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ထပ်မံဝင်ရောက်ယှဉ်ပြိုင်ဖို့ အဆိုပြုလွှာ လျှောက်တင်ထားပါတယ်။
မွန်ပြည်နယ်မှာတော့ ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီး ၁၂ ယောက် တာဝန်ထမ်းဆောင်နေတဲ့အထဲမှာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက ဝန်ကြီး ၁၀ ယောက်အထိ ပါဝင်နေတာပါ။
လာမယ့် ရွေးကောက်ပွဲမှာတော့ စိုက်ပျိုး၊မွေးမြူရေးနဲ့ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက လွဲပြီး ကျန်ဝန်ကြီး ၉ ယောက်စလုံး ရွေးကောက်ပွဲ ထပ်ဝင်ဖို့ အဆိုပြုလွှာ လျှောက်တင်ထားတယ်လို့ အန်အယ်လ်ဒီပါတီ မွန်ပြည်နယ်ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင်က ပြောပါတယ်။
အဆိုပြုလွှာ လျှောက်တင်ထားတဲ့ ဝန်ကြီးအားလုံးဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက အနိုင်ရထားတဲ့ မြို့နယ်တွေမှာသာ ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ ရှိနေတာပါ။
ဝန်ကြီး ၁၂ ယောက်ထဲမှာ မွန်ညီညွတ်ရေးပါတီက သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းကတော့ ပါတီရဲ့ ရွေးချယ်မှုအပေါ် မူတည်ပြီး ရွေးကောက်ပွဲ ဝင် မဝင်ကို ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ နိုင်ငံရေး လုပ်စားတဲ့ ပုံစံမျိုးမဖြစ်ရဘဲ ကိုယ့်အကျိုးထက် ပြည်နယ်အကျိုးကို ကြည့်တဲ့သူတွေ ဖြစ်ဖို့ လိုတယ်လို့ မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ ကိုယ်စားလှယ်လောင်းတွေကို ပါတီအသီးသီးက စတင်ရွေးချယ်နေတာ ဖြစ်ပြီး အင်အားကြီးပါတီတွေ ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကတော့ ကိုယ်စားလှယ်လောင်းတွေကို အခုလအတွင်း အပြီးရွေးချယ်သွားဖို့ ရှိနေတာပါ။
မွန်ညီညွတ်ရေးပါတီကတော့ ကိုယ်စားလှယ်လောင်းတွေကို ဇူလိုင်လကုန်မှာ အပြီးရွေးချယ်သွားမယ်လို့ ဆိုထားပါတယ်။
Credi - DVB
11/01/2020
အမေရိကန်သည် နောက်ထပ် အီရန်စစ်ခေါင်းဆောင်တစ်ဦးကို သတ်ဖြတ်ရန် မအောင်မြင်
အမေရိကန်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွင် အီရန်စစ်ခေါင်းဆောင် Soleimani နှင့်အတူ အီရန်အစောင့်တပ်ဖွဲ့၏အဆင့်မြင့်တပ်မှုးတစ်ဦးဖြစ်သည့် Shahlai အား စစ်ရေးသတ်ဖြတ်မှုတွင် မအောင်မြင်ကြောင်း လျို့ဝှက်မစ်ရှင်အရာရှိတစ်ဦးကထုတ်ဖော်ပြောကြားလိုက်သည်။
အီရန်ဗိုလ်ချုပ်ကြီး Soleimani နှင့် Shahlai တို့ နှစ်ဦးစလုံးကို အမေရိကန်က အကြမ်းဖက်သမားအဖြစ်သတ်မှတ်ထားခြင်းဖြစ်သည်။
အမေရိကန်သည် ယီမင်တွင်ရှိသော Shahlai ကို ဒရုန်းဖြင့်လုပ်ကြံရာတွင် မအောင်မြင်သောကျဆုံးမှုဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကိုးကား- AP ဘာသာပြန်- AK
11/01/2020
ရှရှားစစ်သင်္ဘောနှင့် အမေရိကန်စစ်သင်္ဘော အာရေဘီယမ်ရေပြင်တွင်တိုက်မိသလိုဖြစ်မိ
ယူအက်စ်ရေတပ်ကရုရှားရေတပ်သင်္ဘောသည်ပုံမှန်အားဖြင့်စစ်ဆင်ရေးများပြုလုပ်နေစဉ်အာရေဘီယန်ပင်လယ်၌၎င်း၏ဖျက်သင်္ဘောအားတက်ကြွစွာချဉ်းကပ်ခဲ့သည်ဟုဆိုသည်။
USS Farragut သည်ရုရှားစစ်သင်္ဘောများလမ်းကြောင်းမပြောင်းလဲမီသတိပေးဗုံးခွဲမှုငါးခုပြုလုပ်ခဲ့သည်။
ရုရှားကာကွယ်ရေး ၀ န်ကြီးဌာနကအမှားပြုခြင်းကိုငြင်းဆိုခဲ့ပြီးအမေရိကန်ရေတပ်သည်အပြည်ပြည်ဆိုင်ရာစည်းမျဉ်းများကိုအကြီးအကျယ်ချိုးဖောက်ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
ရုရှားစစ်သင်္ဘောသားများသည်ပညာရှင်ဆန်စွာပြုမူခဲ့ပြီးကျူးကျော်သူသင်္ဘောနှင့်တိုက်မိမှုကိုတားဆီးနိုင်သည့်စီမံမှုတစ်ခုပြုလုပ်ခဲ့သည်ဟုဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ကိုးကား- BBC
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ ธุรกิจของเรา
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
Bang Kapi