Coach May live expert

Coach May live expert

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Coach May live expert, ครีเอเตอร์ดิจิทัล, Bang Rak.

23/04/2022

ဘ၀တွက် တန်ဖိုးရှိသောစကား(၂၃)
*********************************

၁။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေဖို့သာ -
အရေးကြီးပါတယ် !!

၂။ ရည်မှန်းချက် ကြီးကြီးထားပါ !!
ဒါပေမယ့် သေးသေးလေးကနေ စပြီး -
အကောင်အထည်ဖော်ပါ !!

၃။ စိတ်အားထက်သန်စွာ အလုပ်လုပ်ပါ !
တစ်နေ့မှာ အောင်မြင်ရမယ်လို့ ယုံကြည်ထားပါ !!

၎။ ဖန်တီးနိုင်စွမ်းတွေ တိုးတက်လာအောင် -
အမြဲကြိုးစားလေ့ကျင့် သင်ယူပါ !!

၅။ သင့်အတွက် အကျိုးရှိစေမယ့် -
စာအုပ်ကောင်းတွေကို ရှာဖွေဖတ်ရှုပါ !!

၆။ လက်တွေ့လုပ်ဆောင်ပါ !
အမှားတွေ လုပ်မိမှာကို မကြောက်ပါနဲ့ !!

၇။ နားထောင်သူတစ်ယောက် ဖြစ်အောင်နေပါ !
သူများစကားပြောတာကို -
ကောင်းကောင်း နားထောင်ပေးခြင်းက ၊
သင့်အတွက် အကျိုးရှိစေပါတယ် !!

၈။ အမှားတွေကနေ သင်ခန်းစာယူနိုင်အောင် ကြိုးစားပါ !အရင်က ဘာကြောင့်ကျရှုံးခဲ့တယ်ဆိုတာကိုလဲ -
သေချာသိအောင်လုပ်ပါ !!

၉။ ပေါင်းသင်းဆက်ဆံရေး ကောင်းပြီး၊
ဆွေးနွေးလုပ်ဆောင်တတ်အောင် ကြိုးစားတတ်ပါစေ !!

၁၀။ တတ်ထားတဲ့ အသိပညာတွေကို -
အခြားသူတွေဆီ မျှသေင်ကြားပေးပါ !
အခြားသူကို မျှဝေရင်း ကိုယ် ကိုယ်တိုင်ကလဲ -
ပြန်လည်လေ့လာပြီးသား ဖြစ်သွားပါတယ် !!!

၁၁။ ဘယ်သူတွေ ဘာပြောပြော
ကိုယ့်ဘဝကို ကိုယ့်လောက်ဘယ်သူမှနားမလည်ပါဘူး ----

၁၂။ ဒါကြောင့် ဘယ်အရာတွေ ဘယ်လိုပဲဖြစ်နေဖြစ်နေ
ဘယ်သူတွေ ဘာပဲပြောပြော ကိုယ်လုပ်ရမယ့်အလုပ်ကို
ပုံမှန်သာလုပ်ပါ ----

၁၃။ ကိုယ့်ဘဝကို တန်ဖိုးထားရင်
ကိုယ်လုပ်ချင်တာတွေကိုပဲ မလုပ်ပဲနဲ့
လုပ်သင့်လုပ်ထိုက်တာတွေကိုပဲ လုပ်ပါ ----

၁၄။ အောင်မြင်ချင်ရင် ကြိုးစား ထင်ပေါ်ချင်ရင် ရိုးသားပါ --

၁၅။ ကိုယ့်ကိုယ် သူများတွေက အလေးထားတာခံချင်ရင်ကိုယ်ကလဲ သူများတွေအပေါ်မှာ အလေးထားပါ
မလေးမစား မလုပ်ပါနဲ့ ----

၁၆။ အောင်မြင်သွားတဲ့ ပုဂ္ဂိုလ်တွေရဲ့
လျှောက်လှမ်းခဲ့တဲ့ လမ်းကြောင်းတွေဟာ
မဖြောင့်ဖြူးခဲ့ကြပါဘူး ----

၁၇။ အခက်ခဲ့တွေများစွာ ဒုက္ခတွေများစွားကို
ရင်ဆိုင်ကျော်ဖြတ်ပြီးမှာ အောင်မြင်မှုဆိုတဲ့ မှတ်တိုင်တစ်ခုကိုစိုက်ထူခဲ့ကြတာပါ ----

၁၈။ လောကမှာ ဖြစ်သလိုနေလို့ နေသလိုဖြစ်ပြီး
ဘဝကို လွယ်လွယ်နဲ့အရှုံးပေးနေတဲ့
အရှုံးသမားတွေထက်စာရင်

၁၉။ ရည်မှန်းချက်ရှိရှိနဲ့ အောင်မြင်ဖို့ ကြိုးစားနေသူတွက်
ကြိုးစားနေတဲ့ နေ့ရက်တိုင်းဟာ သူတွက်
အဓိပ္ပါယ်ရှိနေမှာပဲ ---

၂၀။ သင်ချစ်တဲ့သူတွေတွက် သင်ဟာ ခွန်အားတွေရှိနေဖို့ လိုတယ် အရာရာအသင့်ဖြစ်နေဖို့ အတွက် သင်ဟာ အသင့်ရှိနေဖို့လိုတယ် ----

၂၁။ ဒါကြောင့် သင်ချစ်တဲ့သူတွေအတွက် ဆိုရင်
သင့်ကိုသင် အရင်ကောင်းအောင်ကြိုးစားပါ
အောင်မြင်အောင်ကြိုးစားပါ
ကြီးပွားတိုးတတ်အောင် ကြိုးစားပါ ---

၂၂။ ယခုအချိန်မှာ ကိုယ့်အတွက် ကြိုးစားနေချင်းဟာ
နောင်ချိန် သင်ချစ်တဲ့သူတွေအတွက်
ကြိုးစားနေချင်းဖြစ်သည် ---

၂၃။ သစ်တစ်ပင်ကောင်းက ငှတ်တစ်သောင်းနားနိုင်သည်ကိုရင်မှာ အမြဲမှတ်သားထားပါ ----

" ကြိုးစားသူတိုင်း အောင်မြင်ကြပါစေ။
ကိုကိုယ်ချစ်ရင်အချိန်ပေးများများလေ့လာသင်စာဖက်ပါနော်💎💎🎄ချစ်မိတ်ဆွေအားလုံးကျေးဇူးအထူးတင်ပါတယ်ရှင်ကျေးဇူးပြုအကြိုးရှိရင်လိုင်းရှင်ပေးပါနော်ပို့aye💪

______________________________

21/04/2022

လဲကျတိုင်း တွဲထူရမယ့်အရွယ်တွေ ကျော်လွန်လာတဲ့အခါ ကိုယ်ထူကိုယ်ထ နဲ့ ရပ်တည်နိုင်ဖို့ ကိုယ့်အားကိုယ်ကိုးရတော့တယ်။

ဘဝဆိုတာက အနိမ့်အမြင့်ရှိတယ်လေ
တစ်ခါတစ်ရံ ပျော်စရာတွေ ကောင်းနေသလောက် တစ်ခါတလေ ဝမ်းနည်းစရာတွေနဲ့ပြည့်နေတတ်တယ်။

နေ့တဒူဝလုပ်ငန်းခွင်မှာအဆင်ပြေတာတွေ ရှိချင်ရှိမယ် မိသားစုတွေနဲ့ အတူ ပျော်ရတာလည်းရှိတယ်...အချစ်ရေးတွေ အဆင်ပြေတာတွေရှိမယ် တစ်ခါတစ်ရံမှာ တော့ ဒီအရာတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတတ်ပြန်တယ်။

ဘဝဆိုတာ ကိုယ်ဖြစ်ချင်တာ တွေ ဖြစ်ခွင့်ရချင်ရချင်ရလိမ့်မယ်ဒါပေမယ့် ကိုယ်မဖြစ်ချင်တာတွေကိုလည်း လက်ခံလိုက်ရတာပါပဲ။ဒီလိုနဲ့ လဲကျလိုက်ပြန်ထလိုက် ရှင်သန် ရင်းနဲ့ ပဲ လောကဓံကြားမှာ ငိုရက်နဲ့ ပြုံးတတ်အောင် သင်ယူခဲ့ပါတယ် ။

လေးစားစွာဖြင့်
ပို့ayeချစ်မိတ်ဆွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ရှင်🥰🥰🥰

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Bang Rak?
คลิกที่นี่เพื่อเป็นสมาชิก?

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Bang Rak