Su Mon Tha Zin Pann
Real Is Rare ,Rare is a Diamond
Your Online Jewelry Consultant about Diamonds, Color Stone and Jewelry
27/05/2025
စိန်တွေဟာ အဖြူရောင် တမျိုးတည်းပဲ ရှိကြတာလား။ တခြား အရောင်ကော မရှိဘူးလား
စိန်တွေမှာ အဖြူအပြင် တခြား အရောင်တွေလည်းရှိကြပါတယ်။ ကမ္ဘာပေါ်က တချို့သော တန်ဖိုးအကြီးဆုံး စိန်များ ဟာ Color Diamond များဖြစ်ကြပါတယ်။
ဒီနေ့မှာတော့ Titanic ဇာတ်ကားထဲက Rose (Kate Winslet) ဝတ်ဆင်ခဲ့ တဲ့ The Heart Of The Ocean ဆိုတဲ့ စိန်အကြောင်းကို ပြောပြချင်ပါတယ်။ စိန်ဟာ ခန့်မှန်းခြေ ၅၆ carats ခန့်ရှိနိုင်ပါတယ်။ အပြာရောင် ရှာပါးစိန်ဖြစ်ပြီး ယနေ့ပေါက်စျေးအရ ခန့်မှန်းခြေ ဒေါ်လာ သန်း၂၅၀ မှ သန်း၃၀၀ ဝန်းကျင်ရှိနိုင်ပါတယ်။ The heart of the Ocean ဟာ The Hope Diamond 💎 ကို Reference ယူရိုက်ကူးခဲ့တာဖြစ်ပါတယ်။
ဇာတ်လမ်းအဆုံးမှာ တော့ Rose ဟာ The Heart of the Ocean ကိုပင်လယ်ထဲလွှင့်ပစ်ခဲ့ပါတယ်။😭😭
Jewelry Professional Diploma (အွန်လိုင်း) သင်တန်းကို စာရင်းပေးသွင်းလို့ရပါပြီ။
ဒီနေ့မှာတော့ 4C အကြောင်းလေးပြောချင်ပါတယ်။💎
1. Color
2. Clarity
3. Cut
4.Carat
15/05/2025
Jewelry Professional Diploma (Online)
ဆရာမ စုမွန်ရဲ့ online course ကို စောင့်မျှော်နေသူများ အတွက် September မှာ စတင်ဖွင့်လှစ်မည့် Jewelry Professional Diploma (Online) သင်တန်းလေး ရှိပါတယ်ရှင်❤️❤️။
Class တွင် ဘာသာ သုံးခု ပါဝင်ပါမည်။
ကျောက်မျက်နှင့်လက်ဝတ်ရတနာပညာရှင်များအတွက် မဖြစ်မနေ သိရှိသင့်သည့် အကြောင်းအရာများ ဖြစ်သော စိန်၊ ပတ္တမြား၊ နီလာ၊ လက်ဝတ်ရတနာဒီဇိုင်း၊ ပုံစံဖန်တီးနည်းများ၊ နှင့် လက်ဝတ်ရတနာထိန်းသိမ်းနည်းတို့၏ အခြေခံဗဟုသုတကို အဓိက သင်ကြားပေးမှာဖြစ်ပါတယ်ရှင်💕။
သင်တန်းမှ သင်ယူရရှိသော အသိပညာများမှာ လုပ်ငန်းခွင်တွင် ချက်ချင်းအသုံးချနိုင်ပြီး customer များနှင့် ပိုမိုထိရောက်သော ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်ရှင်။
သင်ကြားပေးမည့် အကြောင်းအရာများ 👩🏫
- စိန်တပွင့်၏တန်ဖိုးကို သတ်မှတ်ပေးသည့် 4Cs (Cut, Color , Clarity, Carat) အကြောင်း။
- စိန်၏ အရွယ်အစားနှင့် အလေးချိန်အကြား ဆက်နွယ်မှု။
- ပြုပြင်ထားသော၊ ဓာတ်ခွဲခန်းတွင်ပြုလုပ်ထားသော စိန်၊ ကျောက်များ၏ ကွာခြားချက်များ။
- လက်ဝတ်ရတနာ ရောင်းချမှုလုပ်ငန်းစဉ်များကို အဆင့်လိုက်ရှင်းပြပေးပါမည်။
- လက်ဝတ်ရတနာ ဒီဇိုင်း၊ ပုံစံနှင့် ထုတ်လုပ်မှုဆိုင်ရာ အင်္ဂါရပ်များကို ကျွမ်းကျင်စွာ လေ့လာနိုင်မည်။
- လူကြိုက်အများဆုံး Color Stones များ၏ စိတ်ဝင်စားဖွယ် အချက်အလက်များကို ပြောကြား သင်ကြားပေးမည် ဖြစ်သည်။
တက်ရောက်သင့်သူများ
- စိန်၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာအရောင်းကျွမ်းကျင်လိုသူများ
- စိန်၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာအကြံပေးပညာရှင်
- လက်ဝတ်ရတနာဝန်ဆောင်မှုအကြံပေး
- လက်ဝတ်ရတနာနှင့်ပတ်သတ်သည့် ဆိုင်နှင့် စာရင်းများကိုစီမံခန့်ခွဲလိုသူများ
- ရတနာဆိုင်ဖွင့်လှစ်လိုသူများ၊ ဖွင့်လှစ်ထားသူများ
(Applied Jewelry Professional™ Professional Development Diploma တက်ရောက်ရယူလိုပါက တိုက်ရိုက်ကျောင်းအပ်ပေးပါသည်။)
သင်တန်း စတင်ရက် September 3 - November 28
Location - Online
သင်တန်းရက်များ - Wednesday/Thursday/Friday
သင်တန်းအချိန် - 7PM - 9PM Myanmar Time
Language - Myanmar
Course Fee - 2,000,000 MMK
https://sumonthazinpann.com/custom_course/jewelry-professional-diploma-online/
ဒီ website လေးကနေတဆင့် စာရင်းပေးသွင်းလို့ရပါပြီ
(သင်တန်းကြေး ပေးသွင်းပြီးမှသာ သင်တန်းအပ်နှံမှု အတည်ဖြစ်ပါတယ်ရှင်။)
11/05/2025
ယနေ့ကျရောက်သော ဗုဒ္ဓနေ့ (ကဆုန်လပြည့်နေ့) တွင် ကမ္ဘာသူ၊ ကမ္ဘာသား အားလုံး ကျန်းမာ ချမ်းသာကြပါစေကြောင်း Su Mon Thazinpann မိသားစုမှ ဆုတောင်းမေတ္တာပို့သ အပ်ပါသည် 🙏 🙏 🙏
11/05/2025
Happy Mother Day 💎💎💎
မေလ ၁၁ ရက်နေ့တွင် ကျရောက်သော အမေများနေ့ကို Su Mon Tha Zin Pann Page မှ ဂုဏ်ပြု ကြိုဆိုပါသည်။
အမေများအားလုံး သက်ရှည်ကျန်းမာပြီး စိန်ရွှေ ရတနာများဆင်မြန်းနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါသည်ရှင်။🙏
11/05/2025
ဘန်ကောက်မှာ Gems နဲ့ပတ်သတ်ပြီး International သင်တန်း တက်ရောက်ဖို့ ရှာဖွေနေသူများ အတွက် The Gem and Jewelry Institute of Thailand (Public Organization) နဲ့ Su Mon Tha Zin Pann Company ပူးပေါင်း ဖွင့်လှစ်တဲ့ Foundation Of Gemology သင်တန်း ကို ဘန်ကောက် မြို့ ကျောက် မျက်ရတနာ စျေးကွက် ရဲ့ အချက်အချာ ကျတဲ့ နေရာ ဖြစ် တဲ့ Silom area မှာ ဖွင့် လှစ် မှာ ဖြစ်ပါတယ်❣️
အဓိက သင်ကြားမည့် ဆရာကတော့ Bangkok GIT ရဲ့ ကျောင်း မှာ လက်ရှိ သင်ကြားနေတဲ့ ဆရာပါ ။ GIA ( GG) ပြီး ထားပြီးတဲ့ အပြင် FGA ပါပြီး ထားပြီး အလုပ် အတွေ့အကြုံ နှစ် ၂၀ ကျော် သက်တမ်း ရှိ ဆရာ ဖြစ်ပါတယ်။ ဘန်ကောက်မှ ဆရာ အပြင် မစုမွန်မှ သင်ရိုး များကို ပူးတွဲ သင်ကြားပေးမည်ဖြစ်ပါသည်။
၁ ) ဘန်ကောက် ကျောက် မျက် ရတနာ လောက ကို လေ့လာလိုသူများ ( First week of June မှာ Silom ကျောက်မျက် စျေး ကို လေ့လာ လို့ရပါတယ် )
၂ ) ကျောက် မျက် ဓာတ်ခွဲခန်း အတွင်း ပြုလုပ်ရပုံအဆင့်ဆင့် လေ့လာလိုသူများ ကျောက်မျက် ပညာရှင် အလုပ် ကို စိတ်ဝင်စားသူများ ( ကျောက် မျက် ရတနာ များကို ခွဲခြားပုံ အဆင့်ဆင့် လက်တွေ့ သီး သန့် သင်တန်း ဖြစ် ပါတယ် )
၃) ကိုယ် ပိုင် ကျောက် မျက်ရတနာ ဆိုင် ဖွင့် လှစ် လိုသူများ
အထူး တက်ရောက် သင့်ပြီး ကျောက် မျက် ရတနာ လုပ်ငန်း လုပ်ကိုင်ရန် လေ့လာ လိုသူများ မဖြစ် မနေ တက်ရောက်သင့်သည့် သင်တန်း ဖြစ်ပါတယ် 💕💕💕
01/05/2025
စုမွန် စီစဉ် တဲ့ ကျောက် မျက်ပညာအခြေခံ သင်တန်း ပါ
💐💐💐May လ ၈ ရက်နေ့ နောက်ဆုံး ထား စာရင်းပေးပါရန် မေတ္တာ ရပ်ခံအပ်ပါတယ်ရှင့် 💎💎💎
The Gem and Jewelry Institute of Thailand (Public Organization) နဲ့ Su Mon Tha Zin Pann Company ပူးပေါင်း ဖွင့်လှစ်တဲ့ သင်တန်း ကို ဘန်ကောက် မြို့ ကျောက် မျက်ရတနာ စျေးကွက် ရဲ့ အချက်အချာ ကျတဲ့ နေရာ ဖြစ် တဲ့ Silom area မှာ ဖွင့် လှစ် မှာ ဖြစ်ပါတယ်ရှင့်
အဓိက သင်ကြားမည့် ဆရာကတော့ Bangkok GIT ရဲ့ ကျောင်း မှာ လက်ရှိ သင်ကြားနေတဲ့ ဆရာပါ GIA ( GG) ပြီး ထားပြီးတဲ့ အပြင် FGA ပါပြီး ထားပြီး အလုပ် အတွေ့အကြုံ နှစ် ၂၀ ကျော် သက်တမ်း ရှိ ဆရာ တစ်ဦး ကို ရွေးချယ် ထားပါတယ် စုမွန် အစစ အတူ ပူပေါင်း သင်ရိုး တစ်ခုလုံး ပြင်ဆင် ပေးထားပါတယ် ရှေ့မှာ Foundation class 3 တန်း နဲ့ အတူ Professional Gemologist တန်း စုမွန် စီစဉ် ဖွင့် ဖူးတဲ့ အတန်း သင် ဖူးလို့ အတွေ့အကြုံရှိလို့ စိတ်ချ ရပါတယ်
၁ ) ဘန်ကောက် ကျောက် မျက် ရတနာ လောက ကို လေ့လာလိုသူများ ( First week of June မှာ Silom ကျောက်မျက် စျေး ကို လေ့လာ လို့ရပါတယ် )
၂ ) ကျောက် မျက် ဓာတ်ခွဲခန်း အတွင်း ပြုလုပ်ရပုံအဆင့်ဆင့် လေ့လာလိုသူများ ကျောက်မျက် ပညာရှင် အလုပ် ကို စိတ်ဝင်စားသူများ ( ကျောက် မျက် ရတနာ များကို ခွဲခြားပုံ အဆင့်ဆင့် လက်တွေ့ သီး သန့် သင်တန်း ဖြစ် ပါတယ် )
၃) ကိုယ် ပိုင် ကျောက် မျက်ရတနာ ဆိုင် ဖွင့် လှစ် လိုသူများ အထူး တက်ရောက် သင့်ပြီး ကျောက် မျက် ရတနာ လုပ်ငန်း လုပ်ကိုင်ရန် လေ့လာ လိုသူများ မဖြစ် မနေ တက်ရောက်ရမည့် သင်တန်း ဖြစ်ပါတယ်ရှင့်
01/05/2025
Happy Labor Day!
Let’s celebrate the hard work and dedication of our workers – you make the world stronger! 🎉"
16/04/2025
နှစ်ဆန်းတရက်နေ့မှစ၍ နေ့ရက်တိုင်း ဘေးဘယာ များကင်းဝေးပြီး ၊ စိတ်သစ်လူသစ်နှင့် နှစ်သစ်ကိုစတင်နိုင်ကြပါစေလို့ Su Mon Thazinpann မိသားစု မှဆုတောင်းပေးလိုက်ပါတယ် ရှင် 🙏🙏🙏
22/03/2025
စိန်တွေကို ဘယ်လိုစစ်ဆေးကြမလဲ
စိန်ဟာ တန်ဖိုးကြီးတဲ့ ရတနာတစ်မျိုးဖြစ်ပြီး၊ အတုတွေလည်း အများကြီးရှိနေပါတယ်။ စိန်ဝယ်တဲ့အခါ ဒါမှမဟုတ် ကိုယ့်မှာရှိတဲ့စိန်က အစစ်လားဆိုတာ သိချင်ရင် ဒီနည်းလမ်းတွေနဲ့ စမ်းသပ်ကြည့်လို့ရပါတယ်။
၁။ **မှန်ဘီလူးနဲ့ ကြည့်ပါ**
တွင်းထွက်စိန်တွေမှာ သဘာဝအတိုင်း အနည်းငယ်ချို့ယွင်းချက်တွေ ပါတတ်ပါတယ်။ မှန်ဘီလူးနဲ့ကြည့်ရင် အတွင်းမှာ အစက်အပြောက်လေးတွေ ဒါမှမဟုတ် မပြည့်စုံတဲ့အရာလေးတွေ တွေ့နိုင်ပါတယ်။ အတုစိန်တွေကတော့ အလွန်ချောမွေ့ပြီး ပြည့်စုံနေတတ်ပါတယ်။
၂။ **အလင်းယိုင်ခြင်းကို စစ်ဆေးပါ**
သဘာဝစိန်ဟာ အလင်းကို ကောင်းကောင်းယိုင်စေပြီး၊ စိန်ကိုကြည့်လိုက်ရင် စူးရှတဲ့အလင်းတွေ ပြန်ထွက်တာကို တွေ့ရပါမယ်။ အတုစိန်တွေကတော့ အလင်းယိုင်မှုနည်းပြီး အရောင်တွေ မှိန်တတ်ပါတယ်။
၃။ **ဖော့ပေါ်မှာ စမ်းကြည့်ပါ**
သဘာဝစိန်ဟာ သိပ်သည်းဆမြင့်မားတာကြောင့် ဖော့ပေါ်မှာ မှောက်ထားရင် လှုပ်မသွားပါဘူး။ အတုစိန်တွေကတော့ ဖော့ပေါ်မှာ လှုပ်နေတတ်ပါတယ်။
၄။ **အပူခံနိုင်ရည်ကို စမ်းသပ်ပါ**
သဘာဝစိန်ဟာ အပူဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။ စိန်ကို မီးနဲ့ခဏလောက်တို့ကြည့်ရင် စစ်စစ်စိန်ဟာ ဘာမှမဖြစ်ပေမယ့်၊ အတုစိန်တွေကတော့ အရည်ပျော်သွားတတ်ပါတယ်။
ဒီနည်းလမ်းလေးကိုတော့ အိမ်မှာ မစမ်းသပ်ကြည့် ကြပါနဲ့နော်
၅။ **ရေထဲမှာ စမ်းကြည့်ပါ**
စစ်စစ်စိန်ဟာ သိပ်သည်းဆများတာကြောင့် ရေထဲမှာ ထည့်လိုက်ရင် အမြန်ဆုံး နစ်မြုပ်သွားပါတယ်။ အတုစိန်တွေကတော့ ရေပေါ်မှာ ပေါလောပေါ်နေတတ်ပါတယ်။
၆။ **ဖန်ကို ခြစ်ကြည့်ပါ**
စစ်စစ်စိန်ဟာ ကမ္ဘာပေါ်မှာ အမာဆုံးပစ္စည်းဖြစ်တာကြောင့် ဖန်ကို လွယ်လွယ်ကူကူ ခြစ်မိနိုင်ပါတယ်။ အတုစိန်တွေကတော့ ဖန်ကို မခြစ်မိနိုင်ဘူး သို့မဟုတ် ခြစ်ရာ မထင်ပါဘူး။
၇။ **ကျောက်မျက်ရတနာဆိုင်မှာ စစ်ဆေးပါ**
အကောင်းဆုံးနည်းလမ်းကတော့ ကျောက်မျက်ရတနာဆိုင်မှာ ကျွမ်းကျင်သူတွေနဲ့ စစ်ဆေးကြည့်ဖို့ပါ။ သူတို့မှာ စိန်အစစ်အမှန်ကို တိကျစွာ စစ်ဆေးနိုင်တဲ့ ကိရိယာတွေရှိပါတယ်။
စိန်အစစ်နဲ့အတု ခွဲခြားတတ်ဖို့ဆိုရင် စိန်အကြောင်းကို နားလည်ဖို့လိုပါတယ်။ စိန်အကြောင်းသိချင်တာပဲဖြစ်ဖြစ် ၊ စိန်ဝယ်ချင်တာ ဆိုရင် Page Messenger မှာလာရောက်မေးမြန်း လို့ရပါတယ်
စိန်တွေတောင် လောင်ကျွမ်း နိုင်တာပဲကွာ။ ကိုယ့်နလုံးသားလေး မင်းကြောင့် အရည်ပျော်တာ ဘာဆန်းလဲ အချစ်ရာ 😝
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ ธุรกิจของเรา
เว็บไซต์
ที่อยู่
Gem Tower, G Floor , 1249/21, 1249 Charoen Krung Road, Suriya Wong
Bang Rak