End Game - Union Multiplayer

End Game - Union Multiplayer

แชร์

This game is developed as historical events happening in Myanmar. Let's come and join with us .In th

22/09/2025

မနက်က Tester ဖောင်ဖြည့်ထားတဲ့ သူတွေ
Game 6 ခု လျှောက်စမ်းပေးလို့ ရပါပြီဗျ။

ဒီ 6ရက်လောက်အတွင်း မကြာမကြာလေး ဝင်စမ်းပေးပါ။ ကျ‌‌နော်တို့ ဆက်လုပ်မဲ့ဟာတွေအတွက် အကောင့်သစ်တွေ လိုလို့ ကူပေးကြပါဦး။
ဂိမ်းက ကြငြရှင်အကြီးစား တစ်ဦးရဲ့ Reply ကို စောင့်နေရင်းဗွီပီအန် စစ်ပေးတဲ့ဟာလေးနဲ့
Ads control system လေး ထပ်လုပ်နေပါတယ်။

ဒီရက်ပိုင်း ကူပေးချင်ရင် Tester ကိစ္စလေး ပါဝင်ပေးကြပါဦးဗျ။ ဂိမ်းကို ဒီတိုင်းမထုတ်ပဲ လူများနေချိန် ကြော်ငြာနဲ့ ပလေယာတွေ ဝေဝေဆာဆာဖြစ်နေမှ ပင်ပန်းရကျိုးတန်အောင် ဆက်သွားနေပါတယ်ဗျ။

Install ဖို့ Scan မရရင် ကောမန့်ကနေ ယူပါ။

20/09/2025

" အရင်းအမြစ်များ "
ဒီရက်ပိုင်းနှစ်တွေက အစပိုင်းတွေထက် ပိုခက်လာတယ်။
ခက်ဆို အားလုံးမှာ Resource အရင်းအမြစ်တွေလည်း ကုန်ခမ်းလာကြတာလည်းအသိသာပါပဲ။

စစ်ဖြစ်လို့ တိုင်းပြည်နာတယ်။ စစ်ကြောင့် အရင်းအမြစ်တွေ ပြုန်းတီးနေရတာဆိုပြီး ပြောကြတဲ့ စကားတွေလည်း ရှိမှာပါ။

ကျနော်တို့ တလရဟာလည်း လူသား အရင်းအမြစ်တွေနဲ့ပဲ လည်ပတ်ရတာပါ။

Viva la Revolution ဖြစ်နေဖို့ဆိုရင် အဓိက အရင်းအမြစ်ကြီး ၃ ခု အနေနဲ့

နံပါတ်တစ် - စစ်နိုင်ဖို့ အထောက်အကူပြုမဲ့ လူသားအရင်းအမြစ် ရှိနေဖို့

နံပါတ်နှစ်က သူတို့ကို လည်ပတ်ကြီးထွားလာဖို့ Budget အရင်းအမြစ်

တတိယတစ်ခုကတော့ အပေါ်၂ ခုကို ဖန်တီးထောက်ခံပေးမဲ့ လူထုပေါ့။

အကြမ်းဖျင်းပြောရရင်

‌လုပ်မဲ့သူရှိလား
ကျွေးဖို့လည်ဖို့ ပိုက်ဆံရှိလား
ထောက်ခံအားပေးမဲ့သူရှိလား ပေါ့

အပေါ်၃ခုက တစ်ခုနဲ့ တစ်ခု မှီခိုနေကြတဲ့အရင်းအမြစ်တွေပါ။

တလရဟာ လူထုထောက်ခံမှုကြောင့်ပဲ ပြည်သူကနေ တလရ စစ်သား အသွင်း အားလုံး ပြောင်းခဲ့ကြတာပါ။

နောက်အရင်းအမြစ်တစ်ကဏ္ဍ ဖြစ်တဲ့ Budget ကဏ္ဍကလည်း ထောက်ခံသူ လူထုဆီကပဲ ဖြေရှင်းနေရတာပါပဲ။

လူထုဆိုတာမှာလည်း တလရ မရှိတော့ရင်
ဖိနှိပ်မှုတို့ကို လွန်ဆန်နိုင်‌မဲ့ အင်အား သူတို့ကို မပေးနိုင်တော့ရင် တစ်ဘက်ကို မပြောင်းတောင်

ထောက်ခံသူ အရင်းအမြစ်နေရာကနေ အင်အားလျော့လာကြပါတယ်။

ဆိုတော့

အပေါ်က ပြောတဲ့အတိုင်း စစ်ဖြစ်ရင် တိုင်းပြည် နာတယ် resource ကုန်တယ်ဆိုတာ မှန်တာပေါ့

ကုန်ထုတ်လုပ်မှု ပညာရေး စီးပွါးရေး ကျန်းမာရေး
လူမှုရေး စာရိတ္တ စသဖြင်် အစုံပေါ့။

ကုန်ထုတ်မှု တစ်ခုခုလုပ်နေရမဲ့ လူတွေက စစ်တိုက်နေတော့ တိုင်းပြည်က မတိုးတက်ဖူးပြောတာကျ
သူတို့ပြောမှတော့ ထူးဆန်းနေတာတော့ မဟုတ်ဖူးပေါ့။

ခုစစ်တပ်ဘက်က ခပ်စိပ်စိပ်လုပ်လာကြတဲ့ ဝါဒဖြန့်မှုကတော့ ဒီလို တိုင်းပြည် Resource တွေ ကဏ္ဍစုံ ပြုံးတီးနေရတာ တလရလုပ်ပါတဲ့ ဆိုတဲ့ကောင်တွေကြောင့် သူပုန်ကောင်တွေကြောင့်လို့ အဓိက ဝါဒဖြန့်တာများလာတာ တွေ့ရတယ်။

ပြီးတော့ တလရ အင်အားစုဘက်မှာလည်း
အရှေ့မှာလဲ ပွဲအလီလီနဲ့ အချင်းချင်း ပွတ်တိုက််မှုက ကိုယ့်ချင်း စိတ်ဓာတ်အင်အား ပြုန်းတီးစေပါတယ်။

ဒီနေရာမှာတင် တလရ အင်အားစုကမဟုတ်ပဲကို
ကြားနေနဲ့ ဘောမရပ်ကွက် ရပ်ကွက်က ဝင်လောင်းသွားကြတဲ့ ဆွမ်းကြီးတွေလည်း မြင်ရပါတယ်။

ဒီနေရာမှာ ပြောချင်တာက ကျနော်တို့ တလရမှာ ရှိတဲ့ အရင်းအမြစ်တွေက အကန့်အသတ်နဲ့ပါ။

ရှိတဲ့သူတွေ ရှိတဲ့အရာတွေနဲ့ပဲ ဖြစ်အောင်လုပ်ရတဲ့ အကန့်အသတ်ပေါ့။ အရင်းအမြစ်အချင်းချင်း
ပိုကောင်းအောင် ပြုပြင်နိုင်ပါတယ်။ အလုပ်ပိုဖြစ်အောင် ကြီးထွားအောင် လမ်းပြပေးနိုင်ပါတယ်။

အဲ့တာကြောင့် အဆိုးဘက်ကြီး မသွားနေသရွေ့
ကိုယ့်ရှိတဲ့ တလရ အသိုင်းအဝန်းက
လူသားအရင်းအမြစ် အချင်းချင်း တန်ဖိုးထားပြီး
အားပေး လက်တွဲကူပြီး ရှေ့ဆက်ကြမယ်လေနော် …

11/09/2025

အားလုံး အကူညီလေးတောင်းချင်ပါတယ်။
" နှောင်ကြိုးမှတပါး ဆုံးရှုံးစရာ မရှိ" ဆိုတဲ့
တံတားပေါ်ကနေ ထောင်လိုက် ချိတ်ထားတဲ့ ပုံလေးများ ဓာတ်ပုံလေးတွေ ရှိရင် မျှကြပါဦး။ အထဲမှာ Banner တွေ လိုက်ချိတ်ချင်လို့

10/09/2025

ဘာညာ အသစ်ပေါ့

05/09/2025

July လက 20-31 အတွင်း ရတဲ့SGD200 ဟာလေးတော့ ထုတ်လို့ရပါပြီဗျာ။

ကျနော်တို့ 70 % ထောက်ပို့ပြီး 30 % ကို ဂိမ်းလည်ပတ်ရေးအတွက် ပြန်ထည့်မယ်လို့ ထုတ်ပြန်ခဲ့ပေမဲ့ ခု အမောင့်က ပြန်ပို့လည်း သိပ်မထိရောက်နိုင်သေးတဲ့ amount မလို့ ကျနော်တို့ လည်ပတ်ရေးအတွက်ပဲ ဒီ SGD 200 လုံး ပြန်သုံးထားပါဦးမယ်။

သတင်းကောင်းလေးနဲ့ သတင်းမဆိုးတ‌ဆိုးလေးတော့ ရှိပါတယ်။

သတင်းကောင်းလေးကတော့ ‌ဂူဂူစိတ်ဆိုး ပြန်ပြေကာ လစ်မစ် လုပ်ထားတာလေးတွေ ပြန်ဖြုတ်ပေးလိုက်ပါပြီဆိုတာလေးပါ။

( တကယ်က ရှေ့လ ၁၉ ရက်နေ့လောက်ကစပြီး
ဂူဂူကြငြ traffic လုံးလုံး မပေးတဲ့နည်းလေး စမ်းကြည့်တာ မနေ့ကတင် ‌အကောင့်လေးက လစ်မစ်ထိတာ ပြန်ပျောက်ပြီး ပြန်စိမ်းသွားပါပြီ။)

Aug လမှာလည်း ကြငြက အကန့်သတ်နဲ့ လစ်မစ်ထိတယ်သာဆိုပေမဲ့ လုံးဝ ‌ကြငြ မပြတာမျိုးကြီးတော့ မဟုတ်ပဲ (၁ ရက်နေ့ကနေ ၁၈ ရက်နေ့ထိ) 80 SGD လောက်တော့ ဝင်နေခဲ့ပါသေးတယ်။

ခုလာမဲ့ Update မှာတော့
နောက်ခါ ခုလို ထပ်မဖြစ်အောင် ဂူဂူတမျိုးတည်းမဟုတ်ပဲ တခြားပန်းပွင့်စေမဲ့ လုပ်ငန်းရှင်များနဲ့ ဆက်လက်ချိတ်ဆက်ထားပြီး ဖြစ်ပါတယ်။

( ဒါမဲ့ Update လေး Play Store App Store တက်တာ စောင့်ဖို့လိုပါသေးတယ်။ ခု store မှာတက်နေတဲ့version မှာတော့ အကုန် ခဏဖြုတ်ထားတာမို့ ကြငြ မတက်နေ‌သေးတာပါဖူး။)

သတင်းဆိုးလေးကတော့ အက်မင့်ရဲ့ ၃ နှစ်ခွဲတာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲဘော် မက်ဘုတ်‌‌လေးဟာဆိုရင်ဖြင့် Display ရော Jack port ရော ထိနေတာကြောင့် ခုဆိုရင် တာဝန်မထမ်းဆောင်နိုင်‌တော့တဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။

ဒီရက်ပိုင်းထဲ ပစ္စည်းလေး ရောက်ဖို့ရှိလို့ ဖြုတ်လဲတာလေးပြီးရင်တော့ပြန်ကောင်းမကောင်းသိရမှာပါ။

ဒါကြားထဲ Studio ရဲ့ တိုးတက်မှု အနေနဲ့တော့
ကျနော်တို့ ပလေယာ game data တွေအတွက် host ဖို့ Server/ Cloud Resource တော်တော်များများကို
Program တခုက ရထားတာ ရှိပါတယ်။
( အတိကျတော့ လုံခြုံရေးအရ ထုတ်မပြောတော့ပါ။)

ကျနော်တို့ခု အစမ်း Launch တဲ့ ကာလမှာတော့ လိုအပ်တာတွေ ထပ်ဖြည့်တာရော ဆောင်ရန် ရှောင်ရန်လေးတွေရော ထပ်သိခဲ့ရပါတယ်။ ဆက်သွားဖို့ အများကြီး လုံလောက်ပါတယ်။

နောက် Update တွေမှာတော့ ဒီထက် အငြိမ် ပို farm နိုင်အောင် လုပ်ပြီး ပြန်ဝိုက်ကြပါမယ်ဗျာ။

ต้องการให้ธุรกิจของคุณ องค์กร ขึ้นเป็นอันดับหนึ่ง องค์กรไม่แสวงหาผลกำไร ใน Bangkok Noi?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Bangkok Noi