Trend MM
News & Media
14/01/2022
စစ်အကြမ်းဖက်နေတဲ့လေယာဉ် အချင်းချင်းမှားပစ်မိပြီးထိသွားလို့ စစ်ဘေးရှောင်တွေ ပျော်ပြီးအော်ဟစ်နေတဲ့ရုပ်သံဖိုင်
အပျော်တွေတောင်ကူးတယ် ကြည့်ရင်းနဲ့
စစ်အကြမ်းဖက်နေတဲ့လေယာဉ် အချင်းချင်းမှားပစ်မိပြီးထိသွားလို့ စစ်ဘေးရှောင်တွေ ပျော်ပြီးအ Myanmar Military Plane was shot by themselves from one to another
11/01/2022
စစ်အာဏာရှင်ရဲ့ အလှည့်
------------
လွိုင်ကော်မြို့ကို မြန်မာစစ်တပ်က ရဟတ်ယာဉ်တွေနဲ့ ပိတ်ဆို့တိုက်ခိုက်နေတာတွေ ရပ်တန့်ပေးဖို့ ကုလအထူးကိုယ်စားလှယ် တွမ်အင်ဒရူးက အသိပေးထားပါတယ် ။ မြန်မာစစ်တပ်ဟာ လွန်ခဲ့တဲ့ တစ်ပတ်အတွင်းကတည်းက လွိုင်ကော်ကို လေကြောင်းကနေ တိုက်ခိုက်နေတာပါ ။ ထွက်ပြေးဖို့ ကြိုးစားနေတဲ့ မြို့သူမြို့သားတွေကိုလည်း ပြေးလို့မရအောင် ပိတ်ထားပါတယ် ။
" လွိုင်ကော်မှာ စစ်အာဏာရှင်ရဲ့ လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှု့တွေ ချက်ချင်းရပ်ပေးပါ " လို့ တောင်းဆိုထားတာပါ ။
" သက်ကြီးရွယ်အိုတွေနဲ့ နာမကျမ်းဖြစ်နေသူတွေဟာ ဆိုင်ကယ်နဲ့ အလွယ်တကူ မလိုက်နိုင်ကြပါဘူး ။ မြို့အထွက်မှာ ဆိုင်ကယ်တွေ ၊ ကားတွေကိုလည်း ထွက်လို့မရအောင် စစ်တပ်က ပိတ်ထားပါတယ် ။ "
လို့ မြို့ခံတစ်ဦးက ပြောပါတယ် ။
လွိုင်ကော်တိုက်ပွဲမှာ မြို့ခံ ၄ ဦး သေဆုံးခဲ့ပါတယ် ။ ကရင်နီအမျိုးသားကာကွယ်ရေးတပ် ( KNDF ) က စစ်ရဟတ်ယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့ပြီး စစ်လက်နက်ကိုင် ၃၀ ခန့် သေဆုံးခဲ့ပါတယ် ။
လွိုင်ကော်တိုက်ပွဲနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်က ပြောရေးဆိုခွင့်ရှိသူကို ရိုက်တာက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ခဲ့ပါဘူး ။
သုံးသပ်ရရင် ...........၊
လွိုင်ကော်တိုက်ပွဲမှာ မြို့ခံတွေ အတိဒုက္ခရောက်ခဲ့ပါတယ် ။ သို့ပေမယ့် လွိုင်ကော်တိုက်ပွဲဟာ မြို့ပြစစ်ပွဲအဖြစ်နဲ့ တရားဝင် နားရွက်တံတွေးစွတ်လိုက်တဲ့တိုက်ပွဲပါ ။ ဒီတိုက်ပွဲဟာ မြို့သူမြို့သားတွေ ဒုက္ခရောက်တာမှန်ပေမယ့် စစ်ကောင်စီဘက်က ဆုံးရှုံးမှု့ ကြီးမားခဲ့ပါတယ် ။ ရဟတ်ယာဉ်တစ်စီးကို ကမ္ဘာသိအောင် ပစ်ချနိုင်ခဲ့သလို တင့်ကားတစ်စီးလည်း သိက္ခာမဲ့စွာ ထွက်ပြေးခဲ့ရပါတယ် ။ ဒါဟာ စည်းလုံးမှု့ကို ဘယ်လိုလက်နက်သာသူကမှ မယှဉ်နိုင်ဘူးဆိုတာ ပြသနေတဲ့ သက်သေပါပဲ ။
ဆိုရရင် ........၊
လွိုင်ကော်လို မြို့ပြတိုက်ပွဲတွေ တစ်မြို့ပြီးတစ်မြို့ ဖြစ်လာနိုင်ပါတယ် ။ နေရာစုံမဟုတ်သေးတဲ့ ပြည်တွင်းတော်လှန်ရေး တိုက်ပွဲတွေဟာ ခုခံစစ်ကနေ တိုက်စစ်ဖွင့်လာခဲ့ပါပြီ ။ ခုခံစစ်မှာတင် ဆုံးရှုံးမှု့ကြီးမားနေတဲ့ စစ်ကောင်စီအတွင်းမှာ သဘောထားကွဲလွဲမှု့တွေလည်း ရှိနေခဲ့ပါပြီ ။ ကချင် ၊ ကရင် ၊ ကယား ၊ ချင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ တိုက်ပွဲတွေစိပ်နေပါတယ် ။ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း မနည်းလှပါဘူး ။
တစ်ဘူပေါ် နှစ်ဘူဆင့်သလို အာဏာရှင်ရဲ့ မြေးဖြစ်သူ သေဆုံးတယ်လို့ လူမှု့ကွန်ယက်မှာ ပျံ့နှံ့နေပါတယ် ။ " ဝဋ် " ရဲ့ သဘောသဘာဝကို အာဏာရှင်မိသားစု သဘောပေါက်နိုင်တဲ့တစ်နေ့မှာ လက်နက်ချ တောင်းပန်လာပါလိမ့်မယ် ။ ရှေ့ဆက်တိုးမယ်ဆိုရင်တော့ အာဏာရှင်အနေနဲ့ ပြေးပေါက်မရှိတော့ပါဘူး ။
မိုတီအရေးကောင်းတယ်လို့ ပြောလာကြတဲ့ မိတ်ဆွေအချို့ကို ပါးပါးလေး ရှင်းပြပါဦးမယ် ။
အာဏာရှင်အနေနဲ့ ပြေးပေါက်မရှိတော့ဘူးဆိုတာ မိုတီဗေးရှင်း လုပ်တာမဟုတ်ပါဘူး ။ ဘာ့ကြောင့်လဲဆိုတော့
- အာဏာရှင်ကို အစိုးရတစ်ရပ်အနေနဲ့ ကမ္ဘာကြီးက အသိအမှတ်မပြုပါဘူး ။
- အာဏာရှင်ရဲ့ လုပ်ခဲ့ပြီးတဲ့ သမိုင်းနဲ့ လက်ရှိကျူးလွန်နေတဲ့ ရာဇဝတ်မှု့တွေဟာ ဘယ်လိုမှ ရှောင်ပြေးလို့မလွတ်ပါဘူး ။
- တော်လှန်ရေးအစမှာ ကုလနဲ့ နိုင်ငံတကာ စစ်ရေးအကူအညီကို မျှော်လင့်ခဲ့ပေမယ့် တရုတ်နဲ့ရုရှားရဲ့ အခြေအနေကြောင့် ထင်သလို ဖြစ်မလာပါဘူး ။ သို့ပေမယ့် သံတမန်နည်းလမ်းအရတော့ ကူညီပေးနေပါတယ် ။
- တော်လှန်ရေးအချိန်ကာလ တစ်နှစ်နီးပါးမှာတော့ နိုင်ငံတကာ စစ်ရေးအကူအညီကို မျှော်လင့်စရာမလိုလောက်အောင်ကို ပြည်တွင်းတော်လှန်ရေးက အာဏာရှင်ရဲ့ တရားဝင်မှု့ ကြိူးပမ်းချက်တွေကို ခြိမ်းချောက်လာပါပြီ ။
- အာဏာရှင်ရဲ့ တပ်ဖွဲ့ဝင်တွေဟာ စိတ်ဓာတ်ရေးရာမှာ ကျဆင်းနေပါပြီ ။
- အင်အားချင်းယှဉ်မယ်ဆိုရင်လည်း အင်အား ၃ သိန်းနဲ့ သန်း ၄၀ ကျော် ဆိုတာ တကယ်တိုက်မယ်ဆိုရင် ဓားမတိုကိုင်ပြီး တိုက်လို့တောင်ရပါတယ် ။
- လက်နက်ရှိထားပြီးသား စစ်တပ်ကို လက်နက်မဲ့သူတွေက တစ်နှစ်အတွင်းမှာ အသာရလာတာဟာ တော်ရုံတန်ရုံ စကေလ်းမဟုတ်ပါဘူး ။
- မီဒီယာအပိုင်းမှာလည်း ချစ်နိုင် ( စိတ်ပညာ ) ထက်သာတဲ့ ရွက်ပုန်းသီးတွေ ပြည်သူတွေဘက်မှာ ရှိပါတယ် ။
- PDF လူငယ်တွေရဲ့ နည်းပညာ တီထွင်ကြံဆမှု့တွေက အချိန်တိုအတွင်းမှာ တိုးတက်လာပါတယ် ။
- နိုင်ငံတကာ ခုံးရုံးတင်ဖို့လည်း ကမ္ဘာကြီးက ပြင်ဆင်နေပါတယ် ။
ဆိုတော့ ........၊ အာဏာရှင်ဟာ ပြေးဖို့ လွတ်လမ်းမရှိတော့ဘူးဆိုတာ မိုတီပေးတာ မဟုတ်ပါဘူး ။ တိုင်းရင်းသားပြည်သူတွေ တောထဲ တောင်ထဲ အတိဒုက္ခရောက်စွာနဲ့ ထွက်ပြေးရသလို ၊ အာဏာရှင်ရဲ့ အလှည့် ရောက်လာတော့မယ်ဆိုတာ ဒီနေ့ပြသလိုက်တဲ့ " ဝဋ် " ဆိုတဲ့ စကားလုံးလေးတစ်လုံးက အာဏာရှင်ကို ကောင်းကောင်းကြီး အသိပေးလိုက်ပါပြီ ။ ကိုယ်တိုင်သုံးသပ်ကြည့်ကြပါ ။
ဘကြီးအောင် LA
10 January, 2022
05/01/2022
" GCR2P အဖွဲ့ရဲ့ စေခိုင်းချက်အရ မြန်မာနိုင်ငံကို လာဖို့ရှိနေတဲ့ ကုလကိုယ်စားလှယ်နဲ့ အာဆီယံကိုယ်စားလှယ် "
UNSC ဟာ မြန်မာနိုင်ငံအပေါ် ကျယ်ကျယ်ပြန့်ပြန့် လက်နက်ရောင်းချမှု့တားမြစ်ချက်ကို ချက်ချင်းချမှတ်ပြီး အခြေအနေကို ICC သို့ လွဲပြောင်းပေးရပါမယ် ။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းအားလုံးဟာ မြန်မာစစ်တပ်ရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့အပါအဝင် စီးပွားရေးလုပ်ငန်းအားလုံးကို ပတ်ဆို့အရေးယူရမည် ။ စစ်အုပ်ချုပ်ရေး တည်ဆောက်ခွင့်မရအောင် မြန်မာစစ်တပ်အား သံတမန်နည်းလမ်းအရ အသိအမှတ်မပြုရပါ ။ နိုင်ငံခြားကုမ္မဏီအားလုံးဟာ စစ်တပ်နဲ့ပတ်သက်သမျှ လုပ်ငန်းအားလုံး ရပ်ဆိုင်းရမည် ။ မြန်မာနိုင်ငံဆိုင်ရာ ကုလကိုယ်စားလှယ် Noeleen Heyzer နဲ့ အာဆီယံကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံကို အမြန်ဆုံး သွားရောက်ရပါမယ် ။ နှစ်ဘက်စလုံးနဲ့ တွေ့ဆုံရပါမယ် ။
ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှု့တွေအတွက် တာဝန်ရှိတဲ့ အာဏာသိမ်းခေါင်းဆောင်နဲ့ ထိပ်တန်းအရာရှိတွေကို နိုင်ငံတကာ တရားရုံးကို ဆင့်ခေါ်ရပါမယ် ။ ICC နဲ့ အာဂျင်တီးနားတရားရုံးမှာ မြန်မာအာဏာသိမ်းခေါင်းဆောင်ကို တရားစွဲထားပါပြီ ။
ဒါကတော့ ဒီဇင်ဘာ ၁ ရက်နေ့က GLOBAL CENTRE FOR THE RESPONSIBILITY TO PROTECT ( GCR2P ) အဖွဲ့က ကြေငြာချက်ထုတ်ထားတာပါ ။ GCR2P ရဲ့ အသိပေးချက်အရ ကမ္ဘောဒီယားဝန်ကြီးနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလကိုယ်စားလှယ်တို့ဟာ မြန်မာနိုင်ငံကို လာဖို့ရှိနေပါတယ် ။ နှစ်ဘက်စလုံးနဲ့ တွေ့ရမှာပါ ။
ဘကြီးအောင် LA
4 January, 2022"
02/01/2022
ဤခရီး မဝေးတော့ပါ🇺🇸
ကြင်စိုးက ငြိမ်းချမ်းရေးအတွက်အဖွဲ့စုံနဲ့ဆွေးနွေးမယ်လို့ လေသံပစ်ပါတယ် သူဘယ်အဖွဲ့တွေနဲ့ဆွေး
နွေးမှာလဲ မြောက်ပိုင်းအဖွဲ့တွေလား MNDAA ကတော့အကြီးအကျယ်ချနေသလို ကျန်အဖွဲ့တွေက
လဲစောင့်ကြည့်နေကြပါတယ်
သေချာတာကတော့ အရူံးသေချာနေတဲ့ ကြင်စိုးနဲ့
ဘယ်သူမှစကားမပြောချင်ကြတော့တာပါပဲ KIO
ဥက္ကဌကြီး အင်ဘန်လကတော့ စကစကို တိုင်းရင်း
သားလက်နက်ကိုင်တွေ အကုန်စုဖွဲ့တိုက်ဖို့ တိုက်တွန်းထားသလို ကရင်ခေါင်းဆောင် စောမူတူး
ဆေးဖိုးက အချိန်တွေကုန် ငွေတွေကုန် လုပ်ဆောင်
ခဲ့တဲ့ငြိမ်းချမ်းရေးဟာ ပျက်သွားပြီလို့ပြောသလို
NCA ကိုလဲ စပြီးချိုးဖောက်တာ စကစပဲဖြစ်တာကြောင့် ကရင်တစ်မျိုးသားလုံးကျရာနေရာကနေ
တိုက်ပွဲဝင်ပေးဖို့ ပြောဆိုလာပါတယ်
စကစဟာ အဘက်ဘက်မှာကျရူံးနေပါတယ် နိုင်ငံရေးမှာလဲ ကမ္ဘာကအသိအမှတ်အပြုမခံရသလို သူအားကိုးအားထားပြုနေတဲ့ တရုတ်ကလဲတကယ်တမ်းရူံးရိပ်မြင်တော့ ခွာလာတာကြောင့်
ကြင်စိုးလဲ ဘာလုပ်ရမှန်းမသိ မဲမဲမြင်ရာလိုက်ပစ်
နေပါတော့တယ်
NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေထဲမှာ CNF နဲ့
KNU ကတော့စထဲကတိုက်နေပါတယ် ကျန်အဖွဲ့တွေ
ကတော့ NCA အကြောင်းပြ ကြင်စိုးဆီကဘာရမလဲ
မျှော်လင့်သလို NUG ဘာပေးမလဲ လက်ဖြန့်ရင်း ခွ
ထိုင်လာတာ ဒီနေ့ထိပါပဲ စကစအခြေအနေမဟန်တာ ရိပ်စားမိလာရင် NUG ဘက်ပြေးကပ်ဖို့ လုပ်နေ
သူတွေလဲဖြစ်ပါတယ်
အသေအချာကိုယ့်တိုင်းရင်းသားအရေးအတွက်
လုပ်မယ်ဆိုရင် စကစနဲ့လုပ်မရဘူးဆိုတာ PPST
အဖွဲ့တွေလဲသိပါတယ် ကိုယ့်အရေးကိုယ်လုပ်မယ်
ဆိုရင် စကစဘက်ယိမ်းပါလိမ့်မယ်
တကယ်တော့လဲ
ကြင်စိုးအာဏာသိမ်းမူ့ဟာ မအောင်မြင်ပါဘူး
ဘယ်သူမှသူ့အသိအမှတ်မပြုတဲ့အပြင် မအောင်မြင်ခြင်းရဲ့နောက်ကွယ်မှာ အာဏာရှင်ဟောင်းတစ်စုနဲ့ ခရိုနီတွေက အခုဆိုအတော့်ကိုစိုး
ရိမ်လာပါပြီ ကြင်စိုးအပေါ်ယုံကြည်မူ့မဲ့လာသလို
၁၁ လကြာသည်ထိ ထိန်းမနိုင်တဲ့ အခြေအနေကြောင့် သူတို့ကိုယ်တိုင်ဘယ်လို ဇယားရွေ့မလဲဆိုတာ
မေးခွန်းထုတ်စရာဖြစ်လာပါတယ်
အတွင်းစည်းဖြစ်တဲ့ မြို့ကြီးတွေမှာတောင်တိုက်ခိုက်ခံနေရတာဟာ လုံခြုံရေးအတွက်ရော
အုပ်ချုပ်ရေးအတွက်ပါ မအောင်မြင်တာကိုတွေ့ရ
ပြန်တယ် တစ်နိုင်ငံလုံးနီးပါးစစ်မျက်နှာဖွင့်နေရတဲ့
အခြေအနေမှာ နောက်ထပ် EAOs တွေပါမလာစေဖို့
ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုတဲ့ လေသံပစ်လာပါ
တယ်
ဒါဟာတကယ်အလုပ်ဖြစ်နိုင်လား
စကစဟာသူအကျပ်အတည်းဖြစ်တိုင်း တစ်ဖက်ကို
ကျောသပ်ပြီးကျန်တစ်ဖက်ကို တိုက်နေတဲ့ အစဥ်အ
လာကို တိုင်းရင်းသားတွေကပိုသိပါတယ်
စကစနဲ့ဆွေးနွေးလို့ အမှန်တကယ်ကိုယ်လိုချင်တာ
ရခဲ့ပါသလားဆိုတာ ပြန်သုံးသပ်သင့်ပါတယ်
ကြင်စိုးကိုယ်တိုင်ကကို စကားကိုအမျိုးမျိုးပြောသူ
တစ်ယောက်ဆိုတာ မှတ်တမ်းတွေပြန်ကြည့်ရင်သိ
နိုင်ပါတယ် အခုချိန်ဟာ တစ်မျိုးသားလုံးရဲ့ ဘုံရန်သူဆိုတာ ဘယ်သူလဲသိသင့်ပြီး စုစည်းညီညွှတ်
စွာနဲ့ တိုက်သင့်ပါတယ်
လက်ရှိအခြေအနေမှာ LDF တွေနဲ့တင် ပြူးပြာနေတဲ့
စကစဟာ EAOs တွေနဲ့ထပ်ရင်ဆိုင်ဖို့ ကြောက်ရွံနေ
တယ်ဆိုတာ KNLA တပ်မဟာ ၁ ကိုအသနားခံစာ
ပို့တာနဲ့သိသာနေပါတယ်
နိုင်ငံတကာ ဖိအားတွေနဲ့အတူ အမေရိကန်ရဲ့ ဖိဖိစီးစီးလုပ်လာမယ့် အရေးယူမူ့တွေကို ကြင်စိုး
ဆက်ခံနိုင်ဖွယ်မရှိပါဘူး သူမဲမှာက ပြည်တွင်းကိုပါပဲ ဖမ်းလိုက်သတ်လိုက် လုပ်ချင်တိုင်းဆက်လုပ်နေ
အုံးမှာပါ ပါးစပ်ကတော့ ငြိမ်းချမ်းရေးဆိုတာ
ဂါထာရွတ်သလိုအဆက်မပြတ်ရွတ်နေပါလိမ့်မယ်
PDF တွေကတော့ အနယ်နယ်အရပ်ရပ်မှာ အင်အား
ပိုပိုကောင်းလာသလို တိုက်ပွဲအတွေ့အကြုံတွေလဲ
ပိုမိုရင့်ကျက်လာပါတယ် လက်နက်အင်အားလဲမကြာခင်ပြည့်စုံလာတော့မှာပါ စခတပ်လဲတကယ့်တကယ်မှာ လူအင်အားကမရှိသလို များပြားလှတဲ့
စစ်မျက်နှာတွေကို ရင်ဆိုင်ဖို့ခက်ခဲသွားပါပြီ
လေကြောင်းအားသာချက်ရှိတယ်ဆိုပေမယ့်လဲ ပြည်တွင်းစစ်မှာ အကန့်အသတ်ရှိပါတယ် မြို့ပြ
တိုက်ပွဲတွေမှာ လေကြောင်းကသိပ်အသုံးမတည့်ပါ
ဘူး စကစ စခတွေမကြာခင် ရင်ဆိုင်ရမှာက Civil
War တွေပါ မြို့ပေါ်တွေမှာ ရှိနေတဲ့ PDF အင်အား
ဘယ်လောက်လဲဆိုတာ ခန့်မှန်းလို့မရသလို တကယ်
ဖြစ်လာရင် ပါဝင်တိုက်ကြမယ့် ပြည်သူကလဲ မနည်းပါဘူး
ပြည်သူဟာ ၁၁ လလုံးလုံးတောင့်လာခဲ့ပြီးပါပြီ
အဆုံးလဲသတ်ချင်နေပါပြီ အဆုံးသတ်ဖို့လဲ အင်အားအပြည့်ရှိနေပါတယ်
ဒါကြောင့်
ဒီတစ်ကြိမ်ဟာ စစ်အာဏာရှင်တွေကို အမြစ်ဖြတ်ဖို့
နောက်ဆုံးအခွင့်အရေးဖြစ်တာကြောင့် တော်လှန်ရေးနိဂုံးမှာ အာလုံးပါဝင်ဖို့ အဆင်သင့်ဖြစ်
ပေးပါ ဤ ခရီးမဝေးတော့ပါဘူးလို့ ပြောပရစေဗျာ
မုဆိုး လက် 🇺🇸
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ ธุรกิจของเรา
เว็บไซต์
ที่อยู่
Bangkok
10110