ReadMe
ထိုင်းနိုင်ငံအတွင်းခရီးသွားကားအငှား၀န်ဆောင်မှုနှင့် အပန်းဖြေလည်ပတ်စရာနေရာများသိရှိရန် 🚗🚙🚐🚌🛻🚚🍀
23/05/2026
ထိုင်းဘတ်ငွေ ၄၄ သန်းကျော်ကုန်ကျခံပြီး အဆင့်မြှင့်တင်မယ့် ဘန်ထာ့ချန်းစိမ့်စမ်းရဲ့ ဒီဇိုင်းပုံစံဖြစ်ပါတယ်။
Ban Tha Chang Spring ဟာ ထိုင်းနိုင်ငံ ခေါင်ရိုင်မြို့မှာ တည်ရှိတဲ့ သဘာ၀ရေစိမ့်စမ်းတခုဖြစ်ပါတယ်။ ပူပြင်းတဲ့ရာသီဥတုမှာ အပန်းဖြေခရီးသွားတွေအကြားနာမည်ကြီးတဲ့ အပန်းဖြေလည်ပတ်စရာ နေရာတခုဖြစ်ပါတယ်။
လာမယ့် ဇွန်လ ၈ ရက်နေ့ကနေစပြီး ခရီးသွားလည်ပတ်စရာနေရာတွေရဲ့ စံချိန်စံညွှန်းနဲ့အညီ အကြီးစား ပြင်ဆင်မှုတွေပြုလုပ်တော့မယ်လို့ဆိုပါတယ်။ ကြာမြင့်ချိန်က ရက်ပေါင်း ၆၆၀ ကြာမြင့်မှာဖြစ်လို့ (၂ နှစ်ခန့်) ကြာမြင့်မှာ ဖြစ်ပါတယ်။ စုစုပေါင်းဘတ်ဂျက် ဘတ် ၄၄,၅၄၀,၀၀၀ (ဘတ် လေးသန်းငါးသိန်းလေးသောင်း) အသုံးပြုထားပြီး ကန်ထရိုက်တာကတော့ 500 Mile Company Limited ဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို ခရီးသွားလည်ပတ်စရာနေရာတွေရဲ့ စံချိန်နဲ့အညီပုံစံပြောင်းပြင်ဆင်မယ့်အပေါ် ဒေသခံတွေရဲ့ အမြင်မှာ သဘာ၀ပတ်၀န်းကျင်ထိခိုက်မှုများ ဖြစ်ပေါ်လာမှာကို စိုးရိမ်မကင်းဖြစ်နေကြပါတယ်။
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ บุคคลสาธารณะ
เบอร์โทรศัพท์
ที่อยู่
Bangkok
10150