Sport world Insight

Sport world Insight

แชร์

Any matches is unforeseen but predictable

👉 Viber - +66 949126303
👉Telegram Link - t.me/Win666YGM

04/07/2026

ပင်နယ်တီအဆုံးအဖြတ်မှာ ဩစတြေးလျကို ကျော်ဖြတ်ပြီး ၁၆ သင်းအဆင့် တက်လှမ်းသွားတဲ့ အီဂျစ်
===============================
အီဂျစ်အသင်းဟာ ဩစတြေးလျအသင်းနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား အဆင့် ၃၂ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ပွဲကစားချိန် မိနစ် ၁၂၀ အတွင်း ၁ ဂိုး ၁ ဂိုးနဲ့ သရေကျနေခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရပြီး၊ ပင်နယ်တီမှာတော့ ၄-၂ ရလဒ်နဲ့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အနိုင်ရရှိကာ ၁၆ သင်းအဆင့်ဆီ တက်လှမ်းသွားခဲ့ပါတယ်။ အီဂျစ်အသင်းဟာ ကမ္ဘာ့ဖလားသမိုင်းမှာ ပင်နယ်တီအဆုံးအဖြတ်ကို မော်ရိုကိုအသင်းပြီးရင် ဒုတိယမြောက် အနိုင်ရရှိတဲ့ အာဖရိကနိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့သလို၊ ယခုပွဲမှာ အီဂျစ်တို့ ပင်နယ်တီ ၄ ကြိမ်စလုံးကို ဘာအမှားအယွင်းမှမရှိ ပိုင်ပိုင်နိုင်နိုင် ကန်သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပွဲအစ ၁၃ မိနစ်မှာတင် အီဂျစ်အသင်းအတွက် အီမန် အာရှောက အဖွင့်ခေါင်းတိုက်ဂိုး သွင်းယူပေးခဲ့လို့ အီဂျစ်တို့ အစောကြီး ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်း ၅၅ မိနစ်မှာတော့ ဩစတြေးလျအသင်းရဲ့ ဟန့်တားရခက်တဲ့ ဖြတ်တင်ဘောကို ဖျက်ထုတ်ဖို့ ကြိုးစားရင်း အီဂျစ်နောက်ခံလူ မိုဟာမက် ဟာနီက ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့လို့ ၁-၁ ဖြစ်သွားခဲ့ပါတယ်။ ဟာနီဟာ ယခုကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းမှာတင် ကိုယ့်ဂိုးကိုယ် ၂ ကြိမ်အထိ သွင်းမိတဲ့ ဒုတိယမြောက် ကစားသမားအဖြစ် မှတ်တမ်းဆိုး ဝင်ခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာ အီဂျစ်အသင်းကပဲ ပွဲကို ပိုမိုဖိအားပေး ကစားနိုင်ခဲ့ပြီး မိုဟာမက် ဆာလာရဲ့ အခွင့်အရေးတွေအပါအဝင် ရာမီ ရာဘီယာရဲ့ ခေါင်းတိုက်ချက်တွေကို ဩစတြေးလျဂိုးသမား ပက်ထရစ် ဘိချ်က လက်စွမ်းပြ ကာကွယ်သွားခဲ့လို့ မိနစ် ၁၂၀ အထိ ဂိုးထပ်မတိုးဘဲ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရတာပါ။

ဩစတြေးလျအသင်းဟာ ပင်နယ်တီ အဆုံးအဖြတ်အတွက် ဂိုးသမား မတ်သရူး ရိုင်ယန်ကို လူစားလဲ ထည့်သွင်းခဲ့သော်လည်း အီဂျစ်ရဲ့ ကန်ချက်တွေကို တစ်လုံးမှ မကာကွယ်နိုင်ခဲ့ပါဘူး။ ဩစတြေးလျဘက်ကတော့ နာမည်ကြီး နောက်ခံလူ ဟာရီ ဆူတာရဲ့ ပထမဆုံး ကန်ချက်က ဂိုးဘားအပေါ် ကျော်သွားခဲ့သလို၊ လူငယ်ကစားသမား လူးကပ်စ် ဟာရင်တန်ရဲ့ ကန်ချက်ကလည်း ဂိုးဘားတန်း ထိမှန်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အီဂျစ်နောက်ခံလူ အာဘဒယ်လ်မာဂွတ်က အဆုံးအဖြတ် ပင်နယ်တီကို အေးအေးဆေးဆေး ကန်သွင်းယူပြီး အီဂျစ်အသင်းကို သမိုင်းဝင် နောက်တစ်ဆင့်ဆီ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ၁၆ သင်းအဆင့်မှာတော့ အာဂျင်နဲ့ ဆုံတွေ့ရမှာ ဖြစ်ပါတယ်။

04/07/2026

ကိတ်ဗာဒီရဲ့ သူရဲကောင်းဆန်တဲ့ တုံ့ပြန်မှုကြောင့် မနည်း ရုန်းကန်ပြီးမှ ကံကောင်းစွာ အနိုင်ရခဲ့တဲ့ အာဂျင်တီးနား
====================================
ပွဲမစခင်ကတော့ အားလုံးက ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားအသင်းပဲ သက်တောင့်သက်သာနဲ့ ဂိုးပြတ်နိုင်သွားလိမ့်မယ်လို့ တစ်ထေရာတည်း တွက်ထားခဲ့ကြတာပါ။ ဒါပေမဲ့ ကွင်းထဲရောက်တဲ့အခါမှာတော့ ဗိုဇင်ညာ၊ ဒီရွိုင်းဒူအာတေ၊ ဆစ်ဒ်နီလိုပက်စ်တို့ ဦးဆောင်တဲ့ ကိတ်ဗာဒီအသင်းဟာ အာဂျင်တီးနားကို အကောင်းဆုံး ဒုက္ခပေးပြီး ပွဲအခြေအနေကို ပြောင်းလဲပစ်ခဲ့ပါတယ်။ အမှန်တော့ အာဂျင်တီးနားဟာ ပေါ့ဆမှုလေး တချို့ရှိခဲ့တာကလွဲရင် သိပ်ပြီး ညံ့ဖျင်းခဲ့တာမျိုး မဟုတ်ပါဘူး။

ဒီပွဲမှာ အာဂျင်တီးနားဘက်က အထူးခြားဆုံး ခြေစွမ်းပြခဲ့သူကတော့ နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် ဖြစ်ပါတယ်။ သူဟာ မက်ဆီရဲ့ အဖွင့်ဂိုးအတွက် ကမ္ဘာ့အဆင့်မီ ပေးပို့မှုနဲ့ ဖန်တီးပေးခဲ့သလို၊ အသင်းအတွက် ဒုတိယဂိုးကိုလည်း ကိုယ်တိုင်တက်ရောက် သွင်းယူပေးခဲ့ပါတယ်။ ဒါပေမဲ့ အာဂျင်တီးနားရဲ့ အားသာချက်တွေထက် ကိတ်ဗာဒီအသင်းရဲ့ အသင်းလိုက် စုစည်းမှုနဲ့ စိတ်ဓာတ်ပိုင်းက ပိုပြီး ရင်သပ်ရှုမောစရာ ကောင်းခဲ့ပါတယ်။ တစ်သင်းလုံး ဖိအားကင်းကင်း တုံ့ပြန်သွားတာကြောင့် သူတို့ရဲ့ ကြိုးစားအားထုတ်မှုဟာ လေးစားစရာ အပြည့်ပါပဲ။

နောက်ဆုံးမှာတော့ ကိတ်ဗာဒီအသင်းဟာ ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ အမှားကြောင့်သာ နာကျင်စွာ အရေးနိမ့်ခဲ့ရတာဖြစ်ပြီး မိနစ် ၁၂၀ စာ သူတို့ရဲ့ ကစားပုံကတော့ ပရိသတ်တွေကို အကြွင်းမဲ့ သိမ်းပိုက်သွားနိုင်ခဲ့ပါတယ်။ အာဂျင်တီးနားဟာ ပွဲကောင်းတစ်ပွဲကို ကစားခဲ့ပေမဲ့ ဒီပွဲမှာ အနိုင်သုံးမှတ်ရဖို့အတွက်ကမ္ဘာ့ ဖလား ဖိုင်နယ်မှာ ရုန်းကန်ခဲ့ရတာထက်မနည်း အစွမ်းကုန် အားထုတ်ခဲ့ရတာကြောင့် ကိတ်ဗာဒီအသင်းရဲ့ သူရဲကောင်းဆန်မှုကိုတော့ လူတိုင်းက ချီးကျူးနေကြရမှာ ဖြစ်ပါတယ်။

02/07/2026

ဗင်နီဇွဲလား ပြည်သူများအတွက် ဆုတောင်းစကားဆိုကာ စာနာမှုပြသခဲ့သည့် ဂျူဒ် ဘယ်လင်ဟမ်
===========================
အင်္ဂလန်အသင်းက ကွန်ဂိုအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ယူပြီးနောက် ကွင်းလယ်လူ ဂျူဒ် ဘယ်လင်ဟမ်ဟာ မီဒီယာများနှင့် တွေ့ဆုံမေးမြန်းရသည့်နေရာကနေ ထွက်ခွာလာစဉ် "ဗင်နီဇွဲလား" ဆိုသည့် စကားလုံးကို ကြားလိုက်ရသဖြင့် ချက်ချင်း ရပ်တန့်ကာ သတင်းထောက် မာနု ဂူတီရက်ဇ်နှင့် စကားပြောခဲ့ပါတယ်။ သတင်းထောက်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကမှ အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အအုံများ ပျက်စီးကာ ထိတ်လန့်စိုးရိမ်မှုများနှင့် ရင်ဆိုင်ဖြတ်သန်းနေရသည့် ဗင်နီဇွဲလား ပြည်သူများအတွက် အားပေးစကား ပြောကြားပေးဖို့ တောင်းဆိုခဲ့ရာတွင် ဘယ်လင်ဟမ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းတွင် ကစားရင်း တတ်မြောက်ထားသည့် စပိန်ဘာသာစကားဖြင့် စာနာထောက်ထားစွာ ပြန်လည်ဖြေကြားပေးခဲ့တာ ဖြစ်ပါတယ်။ သူက "ဗင်နီဇွဲလား ပြည်သူပြည်သားအားလုံး အားလုံးပဲ ကံကောင်းကြပါစေ၊ အများကြီး ချစ်ပါတယ်" ဟု ရိုးသားစွာ ဆုတောင်းအားပေးခဲ့ပါတယ်။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


22/41​ Lumpinitown Residence, Ladprao 21, Chomphon, Chatuchak
Bangkok
10900