OLDFLAME
Travel & Lifestyle
📍 ဂျပန်နိုင်ငံ 🇯🇵 Gunma ပြည်နယ် Takasaki မြို့ရှိ Jigen-in Temple (慈眼院) Takasaki Byakue Dai-Kannon (高崎白衣大観音)
09/06/2026
📍 ဂျပန်နိုင်ငံ 🇯🇵 Gunma ပြည်နယ် Takasaki မြို့ရှိ Jigen-in Temple (慈眼院) Takasaki Byakue Dai-Kannon (高崎白衣大観音)
Jigen-in Temple သည် Koyasan Shingon ဗုဒ္ဓဘာသာဂိုဏ်း၏ သမိုင်းဝင်ဘုန်းတော်ကြီးကျောင်းတစ်ခုဖြစ်ပြီး Takasaki မြို့၏ အထင်ကရ သင်္ကေတဖြစ်သော Takasaki Byakue Dai-Kannon ကို ထိန်းသိမ်းထားသော နေရာဖြစ်သည်။
တောင်ပေါ်တွင် တည်ရှိသည့် အမြင့် 41.8 မီတာရှိသော အဖြူရောင် Kannon ရုပ်တုကြီးကို 1936 ခုနှစ်တွင် Takasaki မြို့၏ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့် စစ်ပွဲတွင် ကျဆုံးခဲ့သူများအတွက် ဆုတောင်းရည်ရွယ်ချက်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ယနေ့အချိန်တွင် ၎င်းသည် Takasaki မြို့၏ အထင်ရှားဆုံး Landmark တစ်ခုအဖြစ် ရပ်တည်နေပြီး ဂျပန်နိုင်ငံ၏ Registered Tangible Cultural Property အဖြစ်လည်း သတ်မှတ်ခံထားရသည်။
Kannon ရုပ်တု၏ အတွင်းပိုင်းတွင် အဆင့် ၉ ထပ်ပါရှိပြီး ဗုဒ္ဓရုပ်ပွားတော် ၂၀ ကို ပူဇော်ထားသည်။ လာရောက်ဖူးမြော်သူများသည် အတွင်းလှေကား ၁၄၆ ဆင့်ကို တက်ရောက်ကာ Takasaki မြို့တစ်မြို့လုံးကို အပေါ်စီးမှ ကြည့်ရှုနိုင်သည်။
နွေဦးရာသီတွင် Sakura ပန်းပေါင်း ၃,၀၀၀ ခန့် ပွင့်လန်းနေသော ရှုခင်းများနှင့် ဆောင်းဦးရာသီ၏ ရောင်စုံသစ်ရွက်များကြားမှ Kannon ရုပ်တုကြီးကို မြင်တွေ့ရသည့် မြင်ကွင်းများမှာ အလွန်လှပပြီး ခရီးသွားများအတွက် အမှတ်တရဖြစ်စေသော နေရာတစ်ခုလည်း ဖြစ်ပါသည်။
🙏 ငြိမ်းချမ်းမှု၊ ကရုဏာနှင့် မေတ္တာတရားကို ကိုယ်စားပြုသည့် Takasaki Byakue Dai-Kannon သည် Takasaki မြို့ကို တိတ်ဆိတ်စွာ စောင့်ရှောက်နေသည့် အုပ်ထိန်းသူတစ်ပါးကဲ့သို့ယနေ့တိုင် ရပ်တည်နေဆဲဖြစ်သည်။
30/05/2026
📍Gyodosan (行道山) – တောင်တန်းတွေထဲက တိတ်ဆိတ်သမိုင်းတစ်ခု ⛰️
ဂျပန်နိုင်ငံ Tochigi Prefecture, Ashikaga မြို့အနီးမှာရှိတဲ့ Gyodosan (行道山) က သဘာဝအလှနဲ့ သမိုင်းတန်ဖိုး နှစ်ခုလုံးရှိတဲ့ နေရာတစ်ခုပါ။ ဒီတောင်ပေါ်မှာရှိတဲ့ Jōinji Temple (浄因寺) ကို ခန့်မှန်းအားဖြင့် အေဒီ 713–714 ခုနှစ် ဝန်းကျင်မှာ ဂျပန်ဘုန်းတော်ကြီး Gyōki (行基) က တည်ထောင်ခဲ့တယ်လို့ ပြောကြပါတယ်။ တောင်တန်းကြား၊ ကျောက်တောင်အမြင့်ကြီးတွေအောက်မှာ တည်ရှိတာကြောင့် “Kanto ရဲ့ Koyasan” လို့တောင် ခေါ်ကြပါတယ်။
ဒီနေရာရဲ့ထူးခြားချက်က တိတ်ဆိတ်ငြိမ်သက်တဲ့ forest vibe နဲ့ cliff view ပါ။ တောင်ပေါ်က Seishintei (清心亭) viewpoint ကနေ မြင်ရတဲ့ scenery ကို Edo ခေတ်ရဲ့ နာမည်ကြီး artist Katsushika Hokusai တောင် woodblock art ထဲမှာ ရေးဆွဲခဲ့ဖူးတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် nature spot တစ်ခုထက် ပိုပြီး culture & history ပါဝင်တဲ့ နေရာတစ်ခုလို့ ပြောလို့ရပါတယ်။
တစ်ခါတလေ လူတွေ ခရီးသွားတာ scenery ကြည့်ဖို့တင် မဟုတ်ဘဲ… စိတ်ငြိမ်ဖို့၊ history ကို ခံစားဖို့လည်း ဖြစ်တတ်တယ်။ Gyodosan ကတော့ အဲဒီ feeling ကို ပေးနိုင်တဲ့ နေရာတစ်ခု 🌿⛰️ ✨
📍https://maps.app.goo.gl/a6MXN4d23ybsMEX76?g_st=ic
#行道山
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ บุคคลสาธารณะ
เว็บไซต์
ที่อยู่
Onioshidashi Park
Bangkok