Bo Gee

Bo Gee

แชร์

စောက်ရူးတွေကို ချစ်ခြင်းမေတ္တာအကြောင်း
ဘယ်တော့မှရှင်းပြလို့မရ။

09/06/2022

ကျနော် နေနိုင်သွားပြီ

အရင်လို ခင်ဗျားဆီကို
ဂရုတစိုက်ဖုန်းတွေမဆက်တော့ဘူး
Message တွေလည်းမပို့တော့ဘူး
တစ်ဖက်သတ်ကြီး
စိတ်ပူနေတာတွေကိုလည်း
လျော့နိုင်သမျှ လျော့ပစ်တော့မယ်

လူမှန်ရင် နေရာမှန်ကိုနေတတ်ရမယ်လေ
ကိုယ့်ကိုမလိုအပ်တဲ့နေရာမှာနေပြီး
အဖိုးတန်ဆုံးအချစ်တွေကို
ယူပါ ယူပါဆိုပြီး
အတင်းထိုးမပေးတော့ဘူး

ကျွန်တော် တကယ်နေနိုင်သွားပြီ ...
ခင်ဗျားမရှိတဲ့အရပ်မှာ
ခင်ဗျားကိုလွမ်းတဲ့အလွမ်းတွေနဲ့
ကျွန်တော်တကယ်ကို
နေတတ်သွားပြီ

အရင်လို
ကျွန်တော်ဖုန်းဆက်မှာကိုကြောက်ပြီး
စက်ပိတ်ထားစရာမလိုတော့ဘူးနော်...
လိုင်းတက်ပြီဆိုတာနဲ့
Messenger ကိုလည်း
လွတ်လွတ်လပ်လပ်သုံးနိုင်ပါပြီ

တချိန်ကလူမှုရေးအရ
ဝတ်ကျေတန်းကျေ ကိုင်ပေးခဲ့တဲ့
ဖုန်း called တွေအတွက်ရော
စိတ်မပါပဲပြန်ပေးခဲ့တဲ့ Reply တွေအတွက်
အထူးပင်ကျေးဇူးတင်ပါတယ်

ခင်ဗျားကိုနှုတ်ဆက်ခဲ့ပါတယ်...
သေရွာကိုသွားတာမဟုတ်ပေမယ့်
ခင်ဗျားမမြင်နိုင်တဲ့အရပ်မှာ
မျက်ရည်တွေနဲ့အိမ်ဆောက်ပြီး
အခြေတကျနေထိုင်တော့မှာ

ခင်ဗျားလည်းစိတ်လွတ်လက်လွတ်ပျော်တော့နော်
ကျွန်တော်မရှိတော့မှ
ခင်ဗျားဘဝကြီးကပျော်စရာကောင်းမှာမလား
ဒီနေ့ကစပြီး အကြိုက်ပျော်တော့

ခင်ဗျားကိုသိပ်ချစ်ခဲ့တဲ့ကျွန်တော်
ခင်ဗျားမရှိတဲ့နေရာဒေသမှာ
တကယ်ကို နေနိုင်သွားပြီလေ ။

BoGyi

Bo Gee Send a message to learn more

ต้องการให้ธุรกิจของคุณ บุคคลสาธารณะ ขึ้นเป็นอันดับหนึ่ง บุคคลสาธารณะ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


MaeSot
Bangkok