All about my Rigel
Sharing about my essential things in daily life 💛🌻
02/06/2024
Page ကဝယ်တာမဟုတ်ပေမယ့် အသိညီမလေး page ဆိုတော့ ကိုယ် အဲ့ bra လေးဝယ်ဝတ်ဖူးတုန်းက အဆင်ပြေတယ်ဝင်ရေးလိုက်တာ order တွေတက်ကုန်တယ်ဆိုလို့
ဘဝမှာလေ ကိုယ်သိတဲ့အရာတစ်ခုခုဆို သူများလာမေးရင်ဖြစ်စေ သူတို့ဘာသာလုပ်နေရင်းအဆင်မပြေရင် အမြဲ sharing လုပ်ပေးချင်တာ လုပ်လဲလုပ်ပေးခဲ့တယ်
မစိမ့်ပြောတာဆိုဝယ်မယ်တို့ တစ်ခုခုဆို စိမ့်ကိုမေးလိုက်ဦးမယ်တို့တွေအမြဲကြုံနေကြ ဝါသနာအရကို ကူညီပေးချင်တာ အချိန်ကုန်ခံပြီးကို ရှင်းပြပေးချင်တာ
Health related education တွေပြောပေးပြီး online ကနေ ပိုက်ဆံဝင်နေမယ့်အလုပ်လာပြောလဲ ကျောင်းစာပဲအာရုံစိုက်ချင်လို့ဆိုပြီး သူများကိုပြန်ညွှန်းပေးလိုက်တာလဲရှိသေးတယ် volunteer အလုပ်တွေပဲလက်ခံတာမျိုး အပင်ပန်းခံ အချိန်ကုန်ခံလုပ်ပေးတာမျိုး 🤭
စိမ့်ရယ် နင် branding လုပ်လို့ရနေတာ passive incomeပဲဖြစ်ဖြစ်ရှာလို့ရနေတာ ဘာလို့မလုပ်လဲလို့ သူငယ်ချင်းအရင်းခေါက်ခေါက်တွေကပြောတာ ဒီအပတ်ထဲတင်နှစ်ယောက်ဆက်တိုက် အရင်ကလဲခဏခဏလာပြောတယ် လုပ်မှာပါဟဲ့လို့တော့ပြောထားတယ် တကယ်မလုပ်ရင်တုပ်ခံရတော့မှာသိတယ် 😅
Page မှာဘာမှမတင်ဖြစ်လို့ စိတ်ကူးပေါ်တာလေး လာရေးတာပါ
တို့ အလကားမတ်တင်း sharing လုပ်ပေးနေတုန်း ကိုက်ညီတယ်ဆို တန်ဖိုးထားဖတ်ကြပါနော် ဒါပါပဲ 😁
Thailand University ED visa ကို မြန်မာနိုင်ငံမှာရှိတဲ့ ထိုင်းသံရုံးကနေလျှောက်တဲ့အခါ ဘာတွေလိုလဲ information sharing လုပ်ထားတာပါ
own experience sharing ပါ 🍀
P.S စိမ့်လျှောက်တဲ့အချိန်နဲ့ နှစ်ကွာသွားပြီမို့ အပြောင်းအလဲရှိတဲ့အချက်လေးတွေလဲရှိနိုင်ပါတယ်
08/04/2024
Dry, Dull & fallen Hair treatment (personal review) 🍀
စိမ့် ဆံသားက hair type အရ 1a နဲ့ 1b အရောပါ အလွယ်ပြောရရင် ဆံသားပါးပါး ဆံလုံးသေးသေး အဖြောင့်နဲ့ wave နည်းနည်းအရောပေါ့။ အစထဲက ဆံလုံးသေးရတဲ့အထဲ နိုင်ငံရွှေ့နေပြီးတဲ့နောက်မှာ တစ်နှစ်နီးပါးလောက် treatment ဘာမှမလုပ်ဖြစ်တာရယ် ဒီက ရေက chlorine ပါတာရယ် နေပူထိတာရယ်နဲ့ ဘာ weight မှမရှိတော့ဘဲ dry and dull ဖြစ် အဖျားတွေခြောက်သွေ့ အားမရှိ ဆံပင်ကျွတ် အစုံကိုဖြစ်လာတာ။ ဦးရေပြားက အဆီပြန်တတ်တော့ ခေါင်းခဏခဏလျှော် အဲ့တော့ dry scalp ဖြစ် ဦးရေပြားမှာ အဖြူဖတ်တွေထတာလဲဖြစ် အဲ့တော့ ခေါင်းကို ရက်ဆက်တိုက်ပြန်လျှော် ပတ်လည်ကို ရိုက်နေတာ။ အရင်ကဆံပင်သားက ပျော့ပျော့လေးဆိုတော့ အခုကြဆံသားတွေခြောက်လာတော့ ဆံပင်ကိုကိုင်ကြည့်ပြီး ငိုလိုက်ရသေးတယ်။ spa treatment မယူဖြစ်ရင်တောင် home treatment လေးတော့သေချာလုပ်မှဆိုပြီး products ရွေးလိုက်တာ အရွေးမှန်တယ်ပေါ့နော် ကိုယ်နဲ့တော့ စျေးလဲ fair price, results လဲအဆင်ပြေလို့ sharing လုပ်လိုက်ပါတယ်။
Watsons treatment wax
ဒါကတော့ ကိုယ့်အနီးအနားတင်အလွယ်ဝယ်လို့ရတဲ့ထဲက reviewတွေဖတ်ကြည့်ပြီး သုံးလိုက်တာ။ ခေါင်းလျှော်ပြီး ဆံသားအပေါ် သူ့ကိုလိမ်းထားလိုက်တယ် ၃-၅မိနစ်လောက်ထားပြီး ရေပြောင်အောင်ဆေးချလိုက်တယ်။ ဦးရေပြားပေါ်တော့ မသုံးပါဘူး။ အဓိကက ဆံပင်အဖျားခြောက်သွေ့တာအတွက်သုံးကြည့်တာ။ တစ်လလောက်ပုံမှန်သုံးတော့ ဆံသားခြောက်တာ အဖျားတွေကွဲတာ တော်တော်သက်သာတယ်။ ဆံသားပြန်ပျော့လာတယ်။ ဦးရေပြား အဆီပြန် အဖြူဖတ်ကိစ္စနဲ့ ဆံပင်ကျွတ်တာတော့ မသက်သာဘူး (သူကလဲ အဲ့ဒါတွေအတွက်ထုတ်ထားတာမှမဟုတ်တာလေနော်)။ သူ့စျေးနဲ့ သူ့အညွှန်းအရတော့ တန်ပါတယ် ဘတ် ၁၀၀ကျော်လေးပဲရှိတယ် (စျေးချရင် ဘတ် ၈၀-၉၀ ကြားပဲရှိ)
နောက်တစ်ခုက မဖူး review ရေးထားတဲ့ Moremo ထဲက Miracle 100
သူက ပထမက Miracle 10 ဆိုလား ထွက်ထားသေးတယ် အဲ့ဒါက ဆံပင်ပေါ်ပဲသုံးလို့ရတယ် ဦးရေပြား မရ၊ အခုဟာက ဦးရေပြားက စသုံးလို့ရတယ်။ခေါင်းလျှော် ရေနည်းနည်းစင်အောင်ညှစ်ပြီးရင် ဘူးထိပ်မှာ ညှစ်ရလွယ်အောင် အချွန်လေးလုပ်ထားပြီးသား၊ ဦးရေပြားပေါ်ကို ညှစ်ချလိုက်ရုံပဲ အရည်ကြည်ကြည်လေး ပြီးရင် ဆံပင်အကုန်နှံ့သွားအောင် ဘီးနဲ့ဖြီးချလိုက် thermal treatment လိုမျိုးခံစားရတယ် ပူနွေးနွေးလေးဖြစ်လာတယ် ဦးရေပြားမှာလဲ ရှိန်းတိန်းတိန်းဖြစ်တယ် စိမ့်ကတော့ အဲ့ feeling ကြိုက်တော့အဆင်ပြေတယ် သူပြောထားသလိုပဲ 100 seconds ထားပြီးရင် ရေဆေးချလို့ရတယ်
တစ်လလောက်သုံးကြည့်ပြီးတော့ ဘာသိသာလဲဆို ဆံပင်က weight ပြန်ရှိလာတာ ဆံသားမှာ protective coating ဖြစ်တဲ့ feeling ခံစားရတယ် ဆံပင်ကျွတ်တာ တော်တော်နည်းသွားတယ်၊ ဆံပင်အရှည်လဲ အတော်မြန်လာတာ။ အသိသာဆုံးကတော့ scalp problem ပဲ လုံးဝသက်သာ အခုတအားပူနေတာတောင် ခေါင်းလျှော်ပြီး ၄ရက်လောက်အထိ အဆီမပြန် အဖြူဖတ်တွေလဲ မရှိတော့ဘူး။ စျေးကတော့ 200ml ဘူးကို 40,000 MMK (Myanmar official distributor Libra က မှာတာပါ) Miracle 2x shampoo အထုပ်တွေ လက်ဆောင်ထည့်ပေးလိုက်သေးတယ် တွဲသုံးရင် result ပိုကောင်းတယ်ပြောတယ် မစမ်းကြည့်ရသေးဘူး (ကြိုက်သွားရင် shampoo ဖိုးပါ ထပ်ကုန်နေမှာစိုးလို့ 😅)
Watsons ကတော့ အရင်သုံးတာ သူ့သုံးပြီး လဝက်လောက်မှာ Moremo ရောက်လာတော့ တစ်လှည့်စီ သုံးတယ်၊ Watsons က ၁လခွဲ၊ Moremo က ၁လအကြာ results ပါ။
07/04/2024
Bangkok ရထားလမ်းကြောင်းများ 🍀
Traffic နဲ့နာမည်ကျော်တဲ့ ဘန်ကောက်မှာ လမ်းပေါ်မှာကားပိတ်ရင်းအချိန်မကုန်ချင်ဘူးဆို public transport သာရွေးကြပါနော်။
ဘန်ကောက်ရဲ့public transport မှာ bus၊ ရထား၊ လှေ ferry boat ဆိုပြီး အမျိုးမျိုးရှိပါတယ်။ အဲ့ထဲက ရထားနဲ့ပတ်သတ်တာလေးတွေ သိသလောက်မျှဝေပေးပါမယ်။
ဘန်ကောက်က ရထားနဲ့သွားလာလို့ရတဲ့အထဲမှာမှ အမျိုးအစားတွေတော့ပြန်ကွဲပါသေးတယ်။ အဓိကအားဖြင့်တော့ BTS, MRT, SRT နဲ့ ARL တွေရှိပါတယ်။ BTS, MRT နဲ့ SRT တို့က အရောင်တွေနဲ့ပြန်ကွဲပါသေးတယ်။ ဥပမာ နာမည်ကျော် BTS အစိမ်းရောင်လိုင်း၊ MRT အပြာလိုင်း၊ MRT အဝါလိုင်းတို့က မြို့ရဲ့အချက်အချာနေရာတွေက ပတ်သွားတာမို့ လူပိုသိကြပါတယ်။
ARL airport railway link ကတော့ Suvarnabhumi Airport ကနေ မြို့ထဲကိုဆက်သွယ်ထားတဲ့ ရထားလိုင်းပါ။ Phayathai station မှာဂိတ်ဆုံးပြီး BTS အစိမ်းလိုင်းနဲ့သွားဆုံပါတယ်။ ARL တစ်လျှောက်မှာ MRT အပြာလိုင်း၊ အဝါလိုင်းနဲ့ interchange ဖြစ်တဲ့ဘူတာတွေလဲရှိပါတယ်။ ပေါ့ပေါ့ပါးပါး luggage ၁လုံးလောက်နဲ့ပဲ လေယာဉ်စီးမယ်ဆိုရင်တော့ ARL နဲ့သာသွားပါ။ ဘတ် ၁၀၀ အောက်သာကုန်ကျမှာဖြစ်ပြီး Suvarnabhumi airport အောက်တည့်တည့်အထိရောက်ပါတယ်။ လမ်းပိတ်မှာလဲစိတ်ပူစရာမလိုပါဘူး။
BTS လို့ခေါ်တဲ့ Sky Train မှာ Silom အစိမ်းရင့်နှင့် Sukhumvit အစိမ်းနုလိုင်းဆိုပြီးနှစ်ခုရှိပါတယ်။
Silomလိုင်းကတော့ National Stadium နဲ့ Bangwa ကြားကိုဆက်သွယ်ထားပြီး BTS အစိမ်းနု Sukhumvit လိုင်း၊ MRT အပြာလိုင်း၊ golden line တို့နဲ့ interchange တွေရှိပါတယ်။ မြန်မာသံရုံးကိုသွားချင်ရင်တော့ Silom လိုင်းပေါ်က S4 Saint Louis station မှာဆင်းလိုက်ရင် သံရုံးနားကိုကွက်တိရောက်ပါတယ်နော်။
Sukhumvit လိုင်းကတော့ နာမည်ကျော်လိုင်းပါ။ Khut Kot မှ Kheha အထိ ဆက်သွယ်ထားပြီး မြန်မာလူမျိုးတွေအကြားနာမည်ကျော် Siam, Central World, Pratunum, Sukhumvit, On Nut, Chatuchak တို့က ဒီလိုင်းတစ်လျှောက်မှာရှိတာမို့ပါ။ လိုင်းတစ်လျှောက်လုံးမှာလဲ တခြားရထားလိုင်းမျိုးစုံနဲ့ interchange လုပ်လို့ရတဲ့ မှတ်တိုင်တွေအတော်များပါတယ်။
MRT လိုင်းတွေထဲမှာတော့ အပြာလိုင်းနဲ့ အဝါလိုင်းက မြန်မာလူမျိုးတွေကြား ပိုအသိများပါတယ်။ China Town သွားချင်ရင် MRT အပြာလိုင်းပေါ်က Wat Mangkon station မှာသာဆင်းလိုက်ပါ။ အဲ့ကနေကပ်ရပ် Hua Lamphong station ကတော့ ဘန်ကောက်ရဲ့ မူလလက်ဟောင်း ဘူတာရုံအကြီးဖြစ်ပြီး ခရီးဝေးရထားလက်မှတ်တွေ tourist train ticketတွေပါဝယ်လို့ရပါတယ်။ ချင်းမိုင်တို့ ဖူးခက်တို့ဖက် ရထားတွေဆိုရင်တော့ အပြာလိုင်းပေါ်က Bangsue station နဲ့ကပ်ရပ် Krung Thep Aphiwat station မှာလက်မှတ်ဝယ်ပြီး စီးလို့ရပါတယ်။
MRT အဝါလိုင်းကတော့ မြန်မာလူမျိုးတွေအသိများတဲ့ Huamak, Lat Phrao, Bang Kapi တို့လိုနေရာတွေကိုဖြတ်သွားတာပါ။
တခြား အနီလိုင်းတွေ၊ ပန်းရောင်လိုင်းတွေ၊ ခရမ်းရောင်လိုင်းတွေ ကာလာစုံရှိပါတယ်။ ပုံထည့်ပေးထားပါတယ်။ အဲ့ဒါတွေကတော့ မစီးဖူးလို့အကျယ်ချဲ့မရေးတော့ပါဘူး 😅
ရထားလက်မှတ်ဝယ်တဲ့အခါ ဘူတာကလက်မှတ်ကောင်တာမှာ ဝယ်ယူနိုင်သလို ticket machine စက်တွေမှာ ငွေသားထည့်ပြီးဖြစ်စေ mobile banking or QR payment တွေနဲ့လဲ ကိုယ့်ဘာသာရွေးချယ်ဝယ်ယူနိုင်ပါတယ်။ လက်မှတ်ဝယ်ရင် token အဝိုင်း ဒါမှမဟုတ် လေးထောင့်ကတ်ပြားလေးရလာမှာဖြစ်ပြီး ဂိတ်အဝင်မှာ touch scan ထိပြီး ဝင်ရပါမယ်။ ဂိတ်ကပြန်အထွက်မှာဆိုရင်တော့ စက်က အပေါက်ထဲကို token ပြားပြန်ထည့်ပေးခဲ့ရပါမယ်။ ရထားလပေးကတ်လိုမျိုး package နဲ့ဝယ်ယူထားသူတွေကတော့ အဝင်ရော အထွက်ရော touch scan လုပ်ရုံပါပဲ။
ရထားစီးမယ်ဆိုရင်တော့ platform မမှားစေဖို့ ကိုယ်သွားမယ့် direction ဖက်ခြမ်း ဂိတ်ဆုံးမှတ်တိုင်ကို ကြည့်ထားဖို့လိုပါတယ်။ ဥပမာ Siam ကနေ On Nut ကိုစီးမယ်ဆို Kheha ဖက်သို့ဆိုတဲ့ platform ဖက်ကနေစီးရမှာဖြစ်ပြီး On Nut ကနေ Siam ကိုပြန်စီးရင်တော့ Khu Khot လို့ညွှန်ထားတဲ့ platform ဖက်ကနေစီးရပါမယ်။ ရထားပေါ်မှာတော့ ရောက်ခါနီးရယ် ရောက်တဲ့အခါရယ် မှတ်တိုင်နာမည်ကို ထိုင်းလိုရော English လိုရော ကြော်ငြာပေးပါတယ်။
မြေပုံလမ်းညွှန်တွေအတွက် free application အမျိုးမျိုးရှိပါတယ်။ သက်ဆိုင်ရာ application store တွေမှာ download လုပ်ထားလို့ရပါတယ်။
ဘန်ကောက်မှာ နေပူ ကားကြပ်တဲ့ဒဏ်ကိုရှောင်ချင်ရင်တော့ ရထားနဲ့သာသွားကြပါ။ လမ်းပိတ်တာမျိုးမရှိလို့ ကြာချိန်လဲကွက်တိတွက်လို့ရပါတယ်။
အားနည်းချက်ကတော့ လိုင်းအမျိုးအစားမတူရင် လက်မှတ်ကတစ်ဆက်တည်းဝယ်လို့မရတာပါ။ interchange နေရာတွေမှာ တချို့နေရာတွေက station တစ်ခုထဲမှာပဲ ကူးလို့ရပေမယ့် လိုင်းအရောင်မတူရင် အတော်လှမ်းလှမ်းအထိလမ်းထပ်လျှောက်ရတာမျိုးရှိပါတယ်။ နေပူ မိုးရွာချိန်အထုပ်တွေနဲ့ဆိုသိပ်အဆင်မပြေပါဘူး။
စျေးကလဲ တစ်ယောက်တည်းဆို grab taxi သီးသန့်ဌားတာမျိုးထက်တော့သက်သာပေမယ့် လူများရင်တော့ထွေထူးပြီးမသက်သာပါဘူး။ ဥပမာ taxi ဌားရင် ဘတ် ၂၅၀ လောက်ကျမယ့်ခရီးကို တစ်ယောက်တည်းမို့ ရထားနဲ့ဘတ် ၅၀လောက်ပဲကျတာက တန်ပေမယ့် ၄ယောက်ဆို ဘတ် ၂၀၀ဖြစ်နေပါပြီ။ လူလဲများတယ် အထုပ်တွေလဲပါတယ် ဘူတာနဲ့သွားမယ့်နေရာနဲ့ကွက်တိမဟုတ်ဘူးဆိုရင်တော့ taxi စျေးနဲ့ပြန်ယှဉ်ကြည့်သင့်ပါတယ်။
ဒီနေရာမှာတော့ အရာရာစျေးကြီးတဲ့Singapore ကို public transport ရထား system မှာဘန်ကောက်ထက် ပိုအဆင်ပြေတယ်ခံစားရပါတယ်။ interchange link တွေရော လက်မှတ်ဝယ်ရတာရော စျေးရော ပိုအဆင်ပြေပါတယ်။ (personal review ပါ)
ဘန်ကောက် ရထားလမ်းကြောင်းတွေ မှတ်တိုင်တွေ
interchange တွေအတွက် ပုံတွေထည့်ပေးထားပါတယ်။
คลิกที่นี่เพื่อเป็นสมาชิก?
เว็บไซต์
ที่อยู่
Bangkok