Red Man U

Red Man U

แชร์

Sports

10/08/2024

ဒီလစ်နဲ့ရော မာဇာရာဝီနဲ့ပါ ဒဘလယ် Here We Go လိုက်တဲ့ မန်ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ် နောက်ခံကစားသမားတွေဖြစ်တဲ့ ဒီလစ်နဲ့ မာဇာရာဝီတို့ကို ခေါ်ယူဖို့ ဘိုင်ယန်နဲ့ သဘောတူညီသွားခဲ့တယ်လို့ ဗြိတိန် နာမည်ကြီး ဘောလုံးသတင်းထောက်ဖြစ်သူ ဒေးဗစ် အွန်စတိန်းက ဖော်ပြသွားခဲ့ပါတယ်။

ဒီလစ်အတွက် ပြောင်းရွှေ့ကြေး ယူရို (၄၅)သန်း + အပိုဆုကြေး ယူရို (၅)သန်း ၊ မာဇာရာဝီအတွက်ကတော့ ပြောင်းရွှေ့ကြေး (၁၅)သန်း + အပိုဆုကြေး ယူရို (၅)သန်းတို့နဲ့ သဘောတူညီနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဝမ်ဘစ်ဆာခါကိုလည်း ဝက်စ်ဟမ်းအသင်းဆီ ပြောင်းရွှေ့ကြေး ပေါင် (၁၅)သန်းနဲ့ ရောင်းချဖို့ သဘောတူညီခဲ့ပါသေးတယ်လို့ ဒေးဗစ် အွန်စတိန်းက ဖော်ပြထားပါတယ်။

30/07/2024

TEAM NEWS!

အကယ်လို့ အသင်းတာဝန်ရှိသူတွေက Old Trafford ကွင်းကို ဖျက်ကာ ကွင်းအသစ်ဆောက်လုပ်မည်ဟု အစီအစဥ်ချခဲ့ လျှင် ယူနိုက်တက်က လူဦးရေ(1)သိန်းခန့်တိိတိဝင်ဆံ့မည့် ကွင်းအသစ်ကိုဆောက်လုပ်ဖို့ လုပ်ဆောင်သွားမည်ဖြစ်သည်။ ပေးရမယ့်လက်မှတ်ဖိုးတွေအတွက် ကျေနပ်မှုရှိပြီး တန်လောက်သည့် ကွင်းအနေအထားမျိုးကိုဆောက်လုပ်သွားမည် ဖြစ်သည်။ အလုပ်လုပ်မည့်အဖွဲ့စည်းဘက်ကတော့ အရင် Old Trafford ကွင်းပုံစံမျိုးလည်းဖြစ်ပြီး ယူနိုက်တက်ရဲ့ သမိုင်း၊ မြို့ရဲ့အမိုးဒီဇိုင်းတွေပါ ပါရှိကာ ပေါင်းစပ်တည်ဆောက်ဖို့ သဘောတူထားသည်။ ဆောက်လုပ်မည့်ခန့်မှန်းချက်တွေအရ ဒီနှစ်ကုန်အတွင်းစတင်ဆောက်လုပ်မည်ဆို လျှင် (6)နှစ်ခန့် အချိန်ယူရဖို့ရှိသည်။ ကွင်းအသစ်ကိုလိုလား သည့် ပူတွဲပိုင်ရှင် Jim Ratcliffe က ယခုနှစ်အကုန်တွင်း ဆောက်လုပ်ဖို့ ပိုမို သဘောတွေ့နေသည်။
[The Athletic]

Telegraph သတင်းဌာန၏အဆိုရ ယူနိုက်တက်တာဝန်ရှိသူ များသည် ကွင်းအသစ်ကိုတည်ဆောက်ဖို့အတွက် နောက်ဆုံး ဆုံးဖြတ်ချက်ကို မချရသေးပေ။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

ประเภท

เว็บไซต์

ที่อยู่


Bangkok