Saga Travel Guide
🌟 Where adventure begins and memories never end. Let's Go together with Saga! ✈️🎉
Tiktok Link : https://www.tiktok.com/@saga_travelguide?_r=1&_t=ZS-91RIuiFgSd6
17/06/2026
🗓️ ဇွန်-ဇူလိုင်မှာ ဗီယက်နမ် အလယ်ပိုင်း သွားပြီးပြီလားရှင့် ❓
ဗီယက်နမ်အလယ်ပိုင်းကတော့ ဘယ်အချိန်သွားသွား လှနေမှာဆိုပေမဲ့ ဇွန်-ဇူလိုင်မှာတော့ တစ်မူထူးနေတာပါပဲ။ နေသာပြီး မိုးနည်းတဲ့ ဒေသမို့ ဒီလိုကာလတွေမှာဆို တခြား နေရာတွေထက်တော့ ရွေးသင့်တဲ့ထဲ ပါပါတယ်။
✈️ အခုအချိန်က ခရီးသွားလည်း ပါးလာပြီဆိုတော့ လေယာဉ်လက်မှတ်၊ ဟိုတယ်ခတွေ ဈေးတန်နေပါပြီ။ လူရှင်းရှင်းနဲ့ အေးအေးဆေးဆေး လည်ချင်သူတွေအတွက်တော့ ကွက်တိပဲရှင်။
⛰️ ဗီယက်နမ် အလယ်ပိုင်းမှာ တောင်တန်း၊ ပင်လယ်၊ ယဉ်ကျေးမှု၊ အစားအသောက်၊ ခေတ်မီတဲ့ ဆိုင်တွေ၊ shopping mall တွေ စုနေတာဖြစ်လို့ လည်ရတာ အတန်ဆုံးနေရာတစ်ခုလည်း ဖြစ်ဦးမှာပါ။
ဘယ်တွေ သွားသင့်တာလဲဆိုတော့
📍 Da Nang - မြို့ပြ၊ ပင်လယ်၊ တောင်တန်းနဲ့ modern lifestyle အပေါင်းအစပ်
📍 Hoi An - မီးပုံးနီနီလေးတွေ၊ ရှေးဟောင်း ရိုးရာအိမ်လေးတွေ၊ နံရံဝါဝါလေးတွေနဲ့ ပန်းချီဆန်တဲ့ မြို့လေး
📍 Hue - ဗီယက်နမ် ရှေးဟောင်း သမိုင်းနဲ့ ဗိသုကာလက်ရာတွေ စုထားတဲ့ မြို့ဟောင်း
📍 Quy Nhon - လူရှင်းရှင်းနဲ့ သန့်ရှင်းပြီး သဘာဝ အဆန်ဆုံး ကျွန်းကမ်းခြေလေး
📍 Phong Nha - UNESCO အမွေအနှစ်ဖြစ်တဲ့ Phong Nha-Ke Bang National Park ဆီ gateway တစ်ခုဖြစ်ပြီးတော့ သဘာဝ ထုံးကျောက်လိုဏ်ဂူကြီးတွေ မိုင် ၄၀၀ လောက် ရှိနေတဲ့ သဘာဝ hideout လေး
ဇွန်-ဇူလိုင်လတွေမှာ နေပူပြီး စိုထိုင်းဆ များတာကြောင့် မိုးကာ၊ နေလောင်ကာ ခရင်မ်၊ ချည်ထည် စသည်ဖြင့် မျှမျှတတ ယူသွားဖို့ အကြံပေးပါရစေဦးရှင်။
ဒီခရီးပဲ… Saga နဲ့တော့ ပိုသာယာတယ်။ ✈️✨
=====================
ခရီးစဉ် အသေးစိတ်နဲ့ လေယာဉ်လက်မှတ်၊ လေဆိပ် အကြိုအပို့၊ ဟိုတယ်နဲ့ ဗီဇာကိစ္စတွေအတွက်
Messenger ကနေတစ်ဆင့်ပဲဖြစ်ဖြစ်
📍 066 1399 180 | 09 23699950 | +95 9428118013 ( Viber) ကို တိုက်ရိုက်ဆက်သွယ်ပြီးပဲဖြစ်ဖြစ် စုံစမ်းမေးမြန်းနိုင်ပါပြီ။
𝐷𝑖𝑠𝑐𝑙𝑎𝑖𝑚𝑒𝑟: 𝑃ℎ𝑜𝑡𝑜𝑠 𝑎𝑟𝑒 𝑠ℎ𝑎𝑟𝑒𝑑 𝑓𝑜𝑟 𝑒𝑑𝑢𝑐𝑎𝑡𝑖𝑜𝑛𝑎𝑙 𝑎𝑛𝑑 𝑒𝑛𝑡𝑒𝑟𝑡𝑎𝑖𝑛𝑚𝑒𝑛𝑡 𝑝𝑢𝑟𝑝𝑜𝑠𝑒𝑠 𝑜𝑛𝑙𝑦. 𝐴𝑙𝑙 𝑟𝑖𝑔ℎ𝑡𝑠 𝑏𝑒𝑙𝑜𝑛𝑔 𝑡𝑜 𝑡ℎ𝑒𝑖𝑟 𝑟𝑒𝑠𝑝𝑒𝑐𝑡𝑖𝑣𝑒 𝑜𝑤𝑛𝑒𝑟𝑠. 𝐼𝑓 𝑎𝑛𝑦 𝑐𝑜𝑛𝑡𝑒𝑛𝑡 𝑣𝑖𝑜𝑙𝑎𝑡𝑒𝑠 𝑐𝑜𝑝𝑦𝑟𝑖𝑔ℎ𝑡, 𝑝𝑙𝑒𝑎𝑠𝑒 𝑐𝑜𝑛𝑡𝑎𝑐𝑡 𝑢𝑠 𝑓𝑜𝑟 𝑖𝑚𝑚𝑒𝑑𝑖𝑎𝑡𝑒 𝑟𝑒𝑚𝑜𝑣𝑎𝑙.
10/06/2026
🇻🇳 ငွေဈေးကြောင့် “ဗီယက်နမ်ရောက် သူဌေးတစ်ယောက်” လို ခံစားရတဲ့သူတွေရှိလား ❓💰
Vietnam မှာ သမိုင်းကြောင်းအရ ငွေကြေးဖောင်းပွမှု (inflation) ဖြစ်ခဲ့တာကြောင့် D**g တန်ဖိုးကို ဂဏန်းကြီးကြီးနဲ့ သုံးရပါတယ်။ ဥပမာဆို ဗီယက်နမ် ငွေ 1,000 VND ကို မြန်မာငွေဆိုရင် ၁၀၀ ဝန်းကျင်လောက်နဲ့ အကြမ်းအားဖြင့် သွားတူတာမျိုးပေါ့။
💰 တကယ်တော့ 1,000 VND နဲ့ဆို ဒီနေ့ခေတ်မှာ ဘာမှ ဝယ်လို့ မရသလောက် ဖြစ်နေပါပြီ။ ဒီတော့ ကော်ဖီဝယ်တာ၊ ကားစီးတာ၊ အိမ်ငှားတာတို့ဆိုရင် သုညတွေ အများကြီးနဲ့ ဝယ်ရပါတယ်။ ဥပမာ ကော်ဖီတစ်ခွက်ဆိုရင် ယေဘုယျအားဖြင့် 30,000 VND လောက်ပေါ့။
ဆိုတော့ မြန်မာပြည်က အလည်သွားကြတဲ့ ခရီးသည်တွေဖြစ်ဖြစ် မြန်မာ့ ငွေကြေး စနစ်နဲ့ ရင်းနှီးပြီးသားဆိုရင်ဖြစ်ဖြစ်.. “ကော်ဖီတစ်ခွက်ကို ၃ သောင်း” ရယ်လို့ မြန်မာတွက် တွက်လေ့ရှိကြတယ်မဟုတ်လားရှင့်။ 🧐
ထိုင်းမှာဆိုရင်လည်း ထိုင်းငွေ ဘတ် ၅၀၀ ကို ရုတ်တရက် မြန်မာငွေ ၅၀၀ နဲ့ တူတယ်လို့ ထင်မိသလိုပေါ့နော်။
အိမ်လခလို ကြီးကြီးမားမား ကုန်ရတဲ့ နေရာတွေမှာဆို VND Million နဲ့ ကုန်တာမို့ မြန်မာငွေနဲ့ ယှဉ်မိရင် ပိုက်ဆံတွေ အရမ်းကုန်နေပြီလို့ ခံစားရတတ်သလို…
ကော်ဖီတစ်ခွက် ၃ သောင်းကျော် သောက်မိပြီးရင် အင်္ကျီတွေ သိန်းကျော်ဖိုး ဝယ်ပြီးရင်လည်း “ပိုက်ဆံ အရမ်းရှိသွားသလို” ခံစားရတယ်မဟုတ်လား။ 😜🛍️
Saga ရဲ့ ခရီးသွားတွေရော… ဗီယက်နမ် ငွေဈေးနဲ့ အသားမကျခင်မှာ “ပိုက်ဆံ အရမ်းရှိတဲ့” ခံစားချက်မျိုးတွေ ရဖူးကြလား ❓🤔
ရဖူးရင် Saga တို့ကိုလည်း ကောမန့်မှာ ပြောခဲ့ပါဦးရှင်။ 🎉
အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း Saga ရဲ့ “Have you ever…?” program လေးမှာ Vietnam နဲ့ ထိုင်းနိုင်ငံက စိတ်ဝင်စားစရာလေးတွေကို ဖော်ပြပေးသွားမှာမို့ ကြည့်ချင်ရင် follow လုပ်ပေးခဲ့ဦးနော်!
ဒီခရီးပဲ… Saga နဲ့တော့ ပိုသာယာတယ်။ ✈️✨
=====================
ခရီးစဉ် အသေးစိတ်နဲ့ လေယာဉ်လက်မှတ်၊ လေဆိပ် အကြိုအပို့၊ ဟိုတယ်နဲ့ ဗီဇာကိစ္စတွေအတွက်
Messenger ကနေတစ်ဆင့်ပဲဖြစ်ဖြစ်
📍 066 1399 180 | 09 23699950 | +95 9428118013 ( Viber) ကို တိုက်ရိုက်ဆက်သွယ်ပြီးပဲဖြစ်ဖြစ် စုံစမ်းမေးမြန်းနိုင်ပါပြီ။
𝐷𝑖𝑠𝑐𝑙𝑎𝑖𝑚𝑒𝑟: 𝑃ℎ𝑜𝑡𝑜𝑠 𝑎𝑟𝑒 𝑠ℎ𝑎𝑟𝑒𝑑 𝑓𝑜𝑟 𝑒𝑑𝑢𝑐𝑎𝑡𝑖𝑜𝑛𝑎𝑙 𝑎𝑛𝑑 𝑒𝑛𝑡𝑒𝑟𝑡𝑎𝑖𝑛𝑚𝑒𝑛𝑡 𝑝𝑢𝑟𝑝𝑜𝑠𝑒𝑠 𝑜𝑛𝑙𝑦. 𝐴𝑙𝑙 𝑟𝑖𝑔ℎ𝑡𝑠 𝑏𝑒𝑙𝑜𝑛𝑔 𝑡𝑜 𝑡ℎ𝑒𝑖𝑟 𝑟𝑒𝑠𝑝𝑒𝑐𝑡𝑖𝑣𝑒 𝑜𝑤𝑛𝑒𝑟𝑠. 𝐼𝑓 𝑎𝑛𝑦 𝑐𝑜𝑛𝑡𝑒𝑛𝑡 𝑣𝑖𝑜𝑙𝑎𝑡𝑒𝑠 𝑐𝑜𝑝𝑦𝑟𝑖𝑔ℎ𝑡, 𝑝𝑙𝑒𝑎𝑠𝑒 𝑐𝑜𝑛𝑡𝑎𝑐𝑡 𝑢𝑠 𝑓𝑜𝑟 𝑖𝑚𝑚𝑒𝑑𝑖𝑎𝑡𝑒 𝑟𝑒𝑚𝑜𝑣𝑎𝑙.
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ ธุรกิจของเรา
เว็บไซต์
ที่อยู่
Phechaburi
Bangkok
10400