CSS Thrift Store

CSS Thrift Store

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก CSS Thrift Store, การช้อปปิ้งและค้าปลีก, Din Daeng, Bangkok.

31/01/2026

ထိုင်းနိုင်ငံတွင်း
နေထိုင်နေတဲ့ မြန်မာအပါအဝင် ရွှေ့ပြောင်းအခြေချသူတွေအတွက်၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ထိုင်းအစိုးရရဲ့ Royal Gazette ကနေ ပညာရေးဥပဒေအသစ်တစ်ခုကို အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။ အခုဥပဒေသစ်အရ ထိုင်းနိုင်ငံထဲမှာ ရောက်ရှိနေထိုင်နေတဲ့ ကလေးငယ်မှန်သမျှ အိမ်ထောင်စုစာရင်း အထောက်အထား ရှိရှိမရှိရှိ၊ ထိုင်းနိုင်ငံသား ဖြစ်ဖြစ်မဖြစ်ဖြစ် ဘယ်သူမဆို ပညာသင်ကြားခွင့် ရရှိမှာ ဖြစ်ကြောင်း......

အရင်က ကန့်သတ်ချက်တချို့ ရှိခဲ့ပေမဲ့ အခုဥပဒေသစ်အရတော့ ပညာရေးအဆင့်အတန်း၊ အမျိုးအစား ဒါမှမဟုတ် နယ်မြေဒေသ ခွဲခြားမှုမရှိဘဲ လူတိုင်းကို တန်းတူအခွင့်အရေး ပေးလိုက်တာပါ။
ကျောင်းအပ်နှံတဲ့အခါမှာလည်း အကယ်၍ ကလေးမှာ ထိုင်းမှတ်ပုံတင်နံပါတ် (၁၃) လုံး မရှိသေးဘူးဆိုရင် ကျောင်းကနေ ငြင်းပယ်လို့ မရတော့ပါဘူး။ ကျောင်းသားမှာ အထောက်အထားမရှိရင် ကျောင်းကနေ G Code လို့ခေါ်တဲ့ အက္ခရာ G ပါတဲ့ ဂဏန်း ၁၃ လုံးပါ ကိုယ်ပိုင်နံပါတ်တစ်ခုကို ထုတ်ပေးပြီး လက်ခံရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်းတွေအနေနဲ့ မိဘတွေနဲ့ ပူးပေါင်းပြီး ဒီကလေးငယ်ကို တရားဝင်အထောက်အထားတွေ ရရှိလာအောင် သက်ဆိုင်ရာ မြို့နယ်ရုံးတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးဖို့လည်း တာဝန်ရှိလာပါတယ်။

အကယ်၍ ဥပဒေအရ တရားဝင် ၁၃ လုံးပါ နံပါတ် မကျသေးရင်တောင်မှ အဲဒီကလေးဟာ ကျောင်းကပေးထားတဲ့ G Code နဲ့ပဲ ကျောင်းပြီးဆုံးတဲ့အထိ ဆက်လက်ပညာသင်ကြားခွင့် ရရှိမှာပါ။
ဒီလိုအခွင့်အရေးပေးရတာဟာ ကမ္ဘာ့ကလေးသူငယ်အခွင့်အရေးကို လေးစားရုံတင်မကဘဲ ထိုင်းနိုင်ငံမှာ ကြီးပြင်းလာမယ့် ကလေးတွေအနေနဲ့ ပညာတတ်ပြီး တိုင်းပြည်အပေါ် ကောင်းမွန်တဲ့ အမြင်တွေရှိလာအောင်၊ ရေရှည်မှာ နိုင်ငံတော်အတွက် အကျိုးပြုမယ့်သူတွေ ဖြစ်လာအောင် ရည်ရွယ်ပြီး ပြင်ဆင်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဥပဒေဟာ အခုလာမယ့် ပညာသင်နှစ်ကစပြီး ပညာရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ ကျောင်းအားလုံးမှာ အကျိုးသက်ရောက်သွားမှာ ဖြစ်တယ်လို့ matichon သတင်းအရ သိရှိရပါသည်။

#ထိုင်းရောက်မြန်မာ
#ပညာရေး
#သတင်း
30/01/2026
Credit to owner

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านขายของ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

ทีมทำอาหาร

เสื้อผ้า

เว็บไซต์

ที่อยู่


Din Daeng
Bangkok