LGTI - Life Guide Training Institute
Life Guide သည် သင့်ဘဝအောင်မြင်ဖို့အတွက် နှမ်းတစ်စေ့၊ လိုအပ်တဲ့အချိန် ကောက်ရိုးတစ်မျှင် ဖြစ်ပါလိမ့်မယ်
25/04/2026
လူအများစုဟာ ရွှေတက်ရင် ရွှေလိုက်ဝယ်ကြတယ်
မြေတက်ရင် မြေလိုက်ဝယ်ကြတယ်
စတော့တက်ရင် စတော့လိုက်ဝယ်ကြတယ်။
ဒါပေမယ့်…
ဘာကြောင့်တက်တာလဲ?
ဘယ်အချိန်မှာဝယ်သင့်တာလဲ?
ဘယ်အချိန်မှာ မဝယ်သင့်တာလဲ?
ဆိုတာကို မသိဘဲ ရင်းနှီးမြှုပ်နှံလိုက်တဲ့အခါ
အမြတ်မရဘဲ အရင်းပျောက်သွားတတ်ပါတယ်။
ဒီနေ့လို စီးပွားရေးမတည်ငြိမ်တဲ့ကာလမှာ
ရင်းနှီးမြှုပ်နှံမှုဆိုတာ အမြင်၊ အတွေ့အကြုံ၊
သုံးသပ်နိုင်စွမ်း မရှိဘဲ လုပ်လို့မရတော့ပါဘူး။
ရင်းနှီးမြှုပ်နှံမှုမလုပ်ခင် ဒီသင်တန်းတက်ပါ။
Think Right Before You Invest.
ဒါတွေကိုကျော်လွှားနိုင်ဖို့ LGTI က
Right Investment-RI Master Class ကို
ဖွင့်လှစ်ပေးတာဖြစ်ပါတယ်။
မိတ်ဆွေတို့
• ရင်းနှီးမြှုပ်နှံမှုကို ဘယ်လိုစဉ်းစားရမလဲ
• လုပ်ငန်းတစ်ခုကို ဘယ်လိုသုံးသပ်ရမလဲ
• ငွေကြေးဖောင်းပွမှုကို ဘယ်လိုတွက်ချက်သိနိုင်မလဲ
• စီးပွားရေးနှင့် Geopolitics က ရင်းနှီးမြှုပ်နှံမှုကို ဘယ်လိုသက်ရောက်သလဲ
• ဒီကာလမှာ ဘယ်နယ်ပယ်တွေမှာ အခွင့်အရေးရှိနိုင်လဲ ဒါတွေကို ရှုထောင့်ပေါင်းစုံကနေ နားလည်ဖို့အထူး အရေးကြီးပါတယ်။
RI Master Class မှာ မိတ်ဆွေတို့ ဘာတွေ လေ့လာရမလဲ?
✅ Investment mindset & principles
ရင်းနှီးမြှုပ်နှံမှုအခြေခံအယူအဆများ
✅ ရင်းနှီးမြှုပ်နှံမှုပုံစံများ
အမျိုးမျိုးသော investment models
✅ လုပ်ငန်းတစ်ခုကို လေ့လာသုံးသပ်တဲ့ Framework ဘယ်ရှုထောင့်တွေကနေ စိစစ်ကြည့်ရမလဲ
✅ ရင်းနှီးမြှုပ်နှံမှုသမိုင်းကြောင်းများကို လေ့လာခြင်း
✅ Geopolitics နှင့် Investment
ကမ္ဘာ့နိုင်ငံရေး၊ ပထဝီဝင်အခြေအနေများက
ရင်းနှီးမြှုပ်နှံမှုအပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်မလဲ
✅ Risk & Challenge Analysis
လုပ်ငန်းအတွင်း / အပြင် စိန်ခေါ်မှုများကို
ဘယ်လိုခွဲခြမ်းစိတ်ဖြာသုံးသပ်ရမလဲ
✅ မြန်မာ့စီးပွားရေးအခြေအနေကို စောင့်ကြည့်သုံးသပ်နည်း
စတာတွေအပြင် Gold (ရွှေ)၊ Crypto၊ Stock Market အတွက် အခြေခံ Data Analysis တွေအကြောင်း သိရှိနိုင်ဖို့အတွက် "SPECIAL BONUS DAY" တစ်ရက်ကိုလည်း ထည့်သွင်းထားပါတယ်။
ရွှေ၊ မြေ၊ ကား၊ စတော့ အပါအဝင်
ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ စိုက်ပျိုးမွေးမြူရေး၊ ရောင်းဝယ်ဖောက်ကားလုပ်ငန်းများအထိ မည်သည့်စီးပွားရေးနယ်ပယ်ကိုမဆို ဘယ်လိုလေ့လာပြီး ဘယ်လိုဆုံးဖြတ်ရမလဲဆိုတဲ့ Investment Thinking ကို ရရှိသွားမှာဖြစ်ပါတယ်။
ဒီ Training ကို စီးပွားရေးလုပ်ငန်းအတွေ့အကြုံများစွာရှိပြီး မြန်မာ့စီးပွားရေးနှင့် World Geopolitics ကို စောင့်ကြည့်လေ့လာသုံးသပ်နေသူ U Aung -LGTI ကိုယ်တိုင် Online Zoom ဖြင့် တိုက်ရိုက် Training ပေးသွားမှာဖြစ်ပါတယ်။
🗓️ 8/9/10+11(Bonus Day) May 2026
⏰ 7:00 PM to 9:00 PM
💲သင်တန်းကြေး ၁ သိန်းကျပ်
(အပ်နှံသူလူဦးရေအထူးများပြားတဲ့အတွက်
အမြန်အပ်နှံပါ)
📩 သင်တန်းအသေးစိတ်နှင့်အပ်နှံလိုပါက
"RI" လို့ မန့်ခဲ့ပါ။
LGTI ရဲ့ Admin team က ဆက်သွယ်ရှင်းပြ
ပေးသွားပါလိမ့်မယ်။
Admin Team LGTI
#သင်တန်းအပ်လို့ရပါပြီ
24/04/2026
အမှတ်တရနဲ့ အထိမ်းအမှတ်တွေ
များလာရင် Inflation က
သိကြားမင်းကျောက်ဖျာသွားလှုပ်လိမ့်မယ်🥲
စောင့်တော့ကြည့်နေတယ်၊ ခက်တာက ဘယ်လောက်ပမာဏရိုက်ထုတ်ထားတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်တောင် တရားဝင်ဖို့မနည်းလုပ်နေကြတဲ့ဒီကာလမှာ တရားဝင် ထုတ်ပြန်မပြောတာလည်း မထူးဆန်းပါဘူး။
ကျွန်တော်တို့အချင်းချင်းပဲ ၂ သောင်းတန်လေးတွေ ဈေးကွက်ထဲ ဘယ်လောက်များလာလဲဆိုတာပဲ
စောင့်ကြည့်ပြီး ခန့်မှန်းကြတာပေါ့😁
U Aung -LGTI
#ကုန်ဈေးနှုန်း
Photo credit
22/04/2026
ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက်တောင်ပံကျိုးများ•••
နိုင်ငံတစ်နိုင်ငံကို သေနတ်နဲ့တိုက်ပြီး ကျူးကျော်တဲ့ခေတ်ကုန်သွားပြီ။ 'ကြွေးမြီ' နဲ့ သိမ်းပိုက်လို့ရတယ်ဆိုတာ သတိပြုကြပါ။
အခုလို စီးပွားရေး မတည်ငြိမ်တဲ့ကာလမှာ တရုတ်နိုင်ငံတစ်ခုအပေါ် အလွန်အကျွံ မှီခိုလွန်းတာဟာ "ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက်တောင်ပံကျိုး" ဖြစ်ရသလိုပါပဲ။
အကာအကွယ်မဲ့နေတဲ့ ဆက်ရက်ကလေးကို အစာငတ်နေတဲ့ ကြောင်ကြီးက ချောင်းနေသလိုမျိုး... ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ တကွ ကမ္ဘာ့နိုင်ငံအချို့ဟာ "တရုတ်ရဲ့ ကြွေးမြီထောင်ချောက် (Debt-Trap Diplomacy)" ထဲမှာ အတောင်ပံကျိုးနေကြပါပြီ။
ပွင့်ပွင့်လင်းလင်း ပြောရရင် အရှေ့တောင်အာရှမှာ တရုတ်ကြောင့် တိုးတက်သွားတဲ့နိုင်ငံထက်၊ အကြွေးပတ်လည်ဝိုင်းပြီး အချုပ်အခြာအာဏာပါ အထိပါးခံနေရတဲ့ နိုင်ငံတွေကိုပဲ တွေ့ရပါလိမ့်မယ်။
တရုတ်ရဲ့ စီးပွားရေး ကျူးကျော်မှု" ၂၀၂၅-၂၀၂၆ အချက်အလက်များကိုလေ့လာကြည့်ရင်
၁။ လာအို (Laos) - နိုင်ငံပါ အပေါင်ဆုံးရတော့မယ့် အခြေအနေ
တရုတ်-လာအို ရထားလမ်းနဲ့ လျှပ်စစ်စီမံကိန်းတွေအတွက် ချေးထားတဲ့ငွေဟာ ပြည်ပအကြွေးရဲ့ ၅၀% နီးပါး ရှိနေပြီလို့သိရပါတယ်။ ရလဒ်ကတော့... အကြွေးမဆပ်နိုင်လို့ လာအိုရဲ့ အမျိုးသားလျှပ်စစ်ကုမ္ပဏီ (EDL) ရဲ့ အစုရှယ်ယာအများစုကို တရုတ်လက်ထဲ ထိုးအပ်လိုက်ရပါတယ်။ ဒါဟာ စီးပွားရေးကျူးကျော်မှုရဲ့ အထင်ရှားဆုံး သာဓကပါပဲ။
၂။ သီရိလင်္ကာ (Sri Lanka) - ဆိပ်ကမ်းကို ၉၉ နှစ် ငှားလိုက်ရခြင်း
ဗျူဟာမြောက်လှတဲ့ Hambantota ဆိပ်ကမ်းကို အကြွေးနဲ့လဲပြီး ၉၉ နှစ် သိမ်းပိုက်ခံလိုက်ရတာဟာ စာအုပ်ကြီးအတိုင်း ကျူးကျော်ခံရတာပါ။ အခုထိလည်း အကြွေးနွံထဲက မရုန်းနိုင်သေးပါဘူး။
၃။ ပါကစ္စတန် (Pakistan) - စီးပွားရေးအရ မလွန်ဆန်နိုင်ခြင်း
CPEC စီမံကိန်းတွေကြောင့် ဒေါ်လာ ဘီလီယံ ၃၀ ကျော် အကြွေးတင်နေပြီး တရုတ်ရဲ့ အလိုကျအတိုင်း နိုင်ငံရေး၊ စီးပွားရေး ဆုံးဖြတ်ချက်တွေ ချနေရတဲ့ အဆင့်ကို ရောက်သွားပါပြီ။
🔸ဒါဆို ဖြစ်နိုင်ချေရှိတဲ့ တရုတ်ရဲ့ ဗျူဟာကို ခန့်မှန်းကြည့်ရအောင်
တရုတ်ဟာ အကြွေးကို အပြည့်အဝ ဘယ်တော့မှ လက်လွှတ်မခံပါဘူး။ အကြွေးမဆပ်နိုင်တဲ့နိုင်ငံတွေရဲ့ ဆိပ်ကမ်း၊ လေဆိပ်၊ လျှပ်စစ်စက်ရုံတွေကို ထိန်းချုပ်တာမျိုး၊ နိုင်ငံတကာရေးရာတွေမှာ တရုတ်ဘက်က ရပ်တည်ပေးဖို့ ဖိအားပေးတာမျိုး၊ သယံဇာတတွေကို ဈေးပေါပေါနဲ့ ရယူတာမျိုး လုပ်တဲ့ပုံစံယူဆရပါတယ်။
၂၀၂၅ အချက်အလက်တွေအရ ဆင်းရဲတဲ့ ၇၅ နိုင်ငံက တရုတ်ကို ပြန်ဆပ်ရမယ့်ငွေဟာ ဒေါ်လာ ၂၂ ဘီလီယံ အထိ ရှိနေပါတယ်။ ဒါဟာ အဲဒီနိုင်ငံတွေရဲ့ ကျန်းမာရေးနဲ့ ပညာရေးအသုံးစရိတ်တွေကို ဝါးမြိုနေတာတွေ့ရပါတယ်။
🇲🇲 မြန်မာMCITP နဲ့ တရုတ်BRI စီမံကိန်း
ကို ဆက်လေ့လာကြည့်ရအောင်
ကျွန်တော်တို့ဆီမှာလည်း ကျောက်ဖြူရေနက်ဆိပ်ကမ်းလို BRI စီမံကိန်းတွေ ရှိနေပါတယ်။ အရှေ့တောင်အာရှမှာ လာအိုနဲ့ ကမ္ဘောဒီးယားတို့လို အဖြစ်မျိုး အလွန်စိုးရိမ်စရာရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တစ်နိုင်ငံတည်းကို မှီခိုနေရတဲ့ "Strategic Dependency" ကနေ ရုန်းထွက်ဖို့ အချိန်တန်(အချိန်လွန်) နေပါပြီ။
အခုနောက်ပိုင်း ထပ်ပေါ်ပေါက်လာတဲ့ Myanmar-China Investment and Trade Promotion (MCITP) လို အသင်းအဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို ကြည့်ပြန်ရင် ကုန်သွယ်မှု မြှင့်တင်ရေး ဆိုတာထက် တရုတ်ရဲ့ စီးပွားရေးဩဇာကို မြန်မာ့မြေပေါ်မှာ အမြစ်တွယ်ဖို့ ခင်းကျင်းနေတဲ့ လမ်းကြောင်းတွေလို့ ဆိုနိုင်ပါတယ်။
MCITP လို အဖွဲ့အစည်းတွေရဲ့ အန္တရာယ်
ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ
- ဗျူဟာမြောက် စီမံကိန်းတွေကို တရုတ်ကုမ္ပဏီတွေက လက်ဝါးကြီးအုပ်လာခြင်း၊
- ပြည်တွင်းလုပ်ငန်းရှင်ငယ်များ ယှဉ်ပြိုင်နိုင်စွမ်းမရှိဘဲ ပျောက်ကွယ်သွားခြင်း၊
- အကြွေးဝန်ထုပ်ဝန်ပိုးကြောင့် နိုင်ငံရေးအရ တရုတ်အလိုကျ ဆုံးဖြတ်ချက်တွေ ချလာရခြင်း ဒါတွေဟာ MCITP လို လမ်းကြောင်းတွေကတစ်ဆင့် ဝင်ရောက်လာမယ့် နောက်ဆက်တွဲ အန္တရာယ်တွေပဲ ဖြစ်ပါတယ်။
ဒီကိစ္စတွေက တရုတ်နိုင်ငံတစ်ဖက်တည်းကိုလည်း အပြစ်တင်လို့ မရပါဘူး။ ကိုယ့်နိုင်ငံရဲ့ စီမံခန့်ခွဲမှု အားနည်းချက်နဲ့ ဗျူဟာမဲ့ ချေးယူမှုတွေကပဲ ထောင်ချောက်ထဲကို တွန်းပို့နေတာဖြစ်လို့ မြန်မာနိုင်ငံအနေနဲ့ တရုတ်ကြွေးမြီထောင်ချောက်မရောက်ဖို့ ••••
ဘာလုပ်ရမယ် ဆက်သာရေးလိုက်ကြပါခင်ဗျာ။
U Aung -LGTI
#တရုတ်ကြွေးမြီ
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ โรงเรียนนี้
เบอร์โทรศัพท์
ที่อยู่
Bangkok
เวลาทำการ
| จันทร์ | 08:00 - 17:00 |
| อังคาร | 08:00 - 17:00 |
| พุธ | 08:00 - 17:00 |
| พฤหัสบดี | 08:00 - 17:00 |
| ศุกร์ | 08:00 - 17:00 |
| เสาร์ | 09:00 - 21:00 |
| อาทิตย์ | 09:00 - 21:00 |